← Chapters

သေသည့်အထိ တုန်လှုပ်သွားခြင်း

Vol. 204 Ch. 3051

သေသည့်အထိ တုန်လှုပ်သွားခြင်း

Vol. 204 Ch. 3051

အန္တိမသူတော်စင်ခန္ဓာကို ခရမ်းရောင်အလင်းက လွှမ်းခြုံထားပြီး လက်ပေါင်းတစ်ထောင်အဖြစ် အသွင်ပြောင်းလဲသွား၏။

လက်တစ်ဖက်ချင်းစီက ဆေဘာ၊ လှံ၊ ဓား၊ ပုဆိန်၊ ခရင်း၊ ခေါင်းလောင်း၊ ဒယ်စောက်၊ စေတီ စသော နတ်ဘုရားလက်နက်နှင့် စိတ်ဝိညာဉ်ရတနာတစ်ခုစီကို ကိုင်ဆွဲထားကြ၏။

ဤမျှများပြားသော နတ်ဘုရားလက်နက်နှင့် စိတ်ဝိညာဉ်များစွာနှင့်အတူ အန္တိမသူတော်စင်ခန္ဓာက တဖျတ်ဖျတ်တလက်လက်တောက်ပနေ၏။

အန္တိမသူတော်စင်ခန္ဓာသည် စိတ်ဝိညာဉ်ရတနာခန္ဓာဟုလည်း ကျော်ကြားလေသည်။

အန္တိမသူတော်စင်ကျောက်စိမ်းကျမ်းသည် တက္ကသိုလ်ဂိုဏ်းချုပ်ထံကနေ သူလုယူလာခဲ့သော လျှို့ဝှက်ကျမ်းဖြစ်လေသည်။ တက္ကသိုလ်ဂိုဏ်းချုပ်သည် တစ်ခါက ၎င်းကို အသုံးပြုပြီး တက္ကသိုလ်၏ အကြီးအကဲရှစ်အဖြစ် အသွင်ပြောင်းလဲထားခဲ့လေသည်။

ရတနာသူတော်စင်ခန္ဓာကို အစိမ်းရောင်အလင်းက လွှမ်းခြုံထားပြီး ၎င်းသည် ကမ္ဘာဦးခန္ဓာအဖြစ် ကျော်ကြားလေသည်။ ၎င်းသည် ခန္ဓာသန့်စင်ခြင်းအတွက် အန္တိမလျှို့ဝှက်အတတ်တစ်ခုဖြစ်၏။

ဆူဇီမို၏ စိတ်ဖြင့်စေညွှန်မှုအောက်မှာ ရတနာသူတော်စင်ခန္ဓာသည် တဗူးနဂါးဖီးနစ်တစ်ကောင်၏ အသွင်သဏ္ဍာန်အဖြစ် ပြောင်းလဲသွားပြီး လူအုပ်ကြားထဲ ပစ်ဝင်ကာ နဂါးဖီးနစ်၏ တိုက်ခိုက်ရေးနည်းစနစ်များကို သူတို့၏ အကန့်အသတ်အထိ ထုတ်ဖော်နေ၏။

မဟာသူတော်စင်ခန္ဓာကို အနီရောင်အလင်းက လွှမ်းခြုံထားလေသည်။

အန္တိမသူတော်စင်ခန္ဓာနှင့် ရတနာသူတော်စင်ခန္ဓာနှင့်ယှဉ်လျှင် မဟာသူတော်စင်ခန္ဓာမှာ စိတ်ဝိညာဉ်ရတနာများ သို့မဟုတ် သန်မာသော ကိုယ်ကာယမရှိပေ။ သို့သော်လည်း မဟာသူတော်စင်ခန္ဓာ တစ်ကြိမ်တိုက်ခိုက်လိုက်တိုင်း ပကတိစိတ်ဝိညာဉ်ပညာရှင်တစ်ဦးက သေဆုံးသွားရပေလိမ့်မည်။

မဟာသူတော်စင်ကျောက်စိမ်းကျမ်းသည် စိတ်ဝိညာဉ်သန့်စင်နည်းစနစ်တစ်ခုဖြစ်သည်။

မဟာသူတော်စင်ခန္ဓာ၏ တိုက်ခိုက်မှုတစ်ရပ်ချင်းစီက အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ဖြစ်လေသည်။

ကိုယ်ပွားသုံးခုမှာ အမြုတေစိတ်ဝိညာဉ်၊ အသားနှင့် သွေးတို့မပါရှိပေ။ သူတို့၏ အခြေခံအုတ်မြစ်သည် သူတို့၏ ခန္ဓာကိုယ်များထဲရှိ သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းဖြစ်လေသည်။

အန္တိမသူတော်စင်ခန္ဓာစုဖွဲ့ထားသော စိတ်ဝိညာဉ်ရတနာများနှင့် နတ်ဘုရားလက်နက်များဖြစ်စေ၊ မဟာသူတော်စင်ခန္ဓာ၏ အမြုတေစိတ်ဝိညာဉ်တိုက်ခိုက်မှုများဖြစ်စေ၊ သူတို့အားလုံးသည် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်း၏ အသက်ဝင်မှုကနေ ထွက်ပေါ်လာသော စွမ်းအားများဖြစ်လေသည်။

သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းသည် တဗူးဂမ္ဘီရကျင့်စဉ်များအားလုံးထဲမှာ အထူးခြားဆုံးဖြစ်သည်။

၎င်းသည် ကျင့်ကြံရေးနည်းစနစ်တစ်ခု ဖြစ်ရုံသာမက လက်နက်တစ်ခုလည်းဖြစ်နေ၏။

ထို့ကြောင့် တစ်ယောက်ယောက်သည် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်း၏ ကျင့်ကြံရေးနည်းစနစ်များကို ရရှိထားမည်ဆိုလျှင်တောင် သူတို့မှာ သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းများမရှိလျှင် သူတို့သည် ကိုယ်ပွားသုံးခုကို စုဖွဲ့နိုင်မည်မဟုတ်ဘဲ စွမ်းအားကြီးမားသော တိုက်ခိုက်ရည်ခွန်အားများကိုလည်း ထုတ်ဖော်နိုင်မည် မဟုတ်ပေ။

ကိုယ်ပွားသုံးခုက တိုက်ပွဲမြေသို့ ဝင်ရောက်လာပြီး ဖုန့်မြို့တော်၏ အခြေအနေကို လုံးဝပြောင်းလဲပစ်လိုက်၏။

ကိုယ်ပွားသုံးခုနှင့် မျောက်သည် ဖုန့်မြို့တော်ထဲသို့ ဝင်ရောက်လာသော စစ်သည်ပေါင်း ဆယ်သန်းကို နယ်မြေဒေသလေးခု ခွဲထုတ်ပြီး သူတို့က တစ်သီးတစ်ခြားစီ ခုခံနေကြရ၏။

ပို၍ အရေးပါသည်မှာ ဖုန့်မြို့တော်၏ တိုက်ပွဲနယ်မြေမှာ မည်သည့်ပကတိစိတ်ဝိညာဉ်ပညာရှင်ကမှ မျောက်နှင့် ကိုယ်ပွားသုံးခု၏ တိုက်ခိုက်မှုကို မခုခံနိုင်ကြပေ။

လုံလီက ထိုသည်ကိုတွေ့မြင်သောအခါ သူမက စိတ်အားမာန်တက်ကြွလာ၏။

သူမသည် သူမ၏ မျိုးဆက်သွေးကို လှည့်ပတ်ပြီး နဂါးဦးချိုကို မှုတ်ကာ တန်ပြန်တိုက်ခိုက်ရန်အတွက် ဖုန့်မြို့တော်၏ ပကတိနဂါးများကို စုစည်းလိုက်၏။

နဂါးပေါင်းများစွာသည် ဖုန့်မြို့တော်၏ နေရာအနှံ့ပြန့်ကျဲနေပြီး သူတို့ကလည်း အခြေအနေအပြောင်းအလဲကို အာရုံခံမိသွားကာ လုံလီရှိရာဘက်သို့ စတင်၍စုစည်းရောက်ရှိလာကြ၏။

တကယ်တမ်းမှာ အုတ်ဂူကမ္ဘာ၏ ပကတိစိတ်ဝိညာဥ်များသည် နောက်ဆုတ်ဖို့စဥ်းစားနေကြပြီဖြစ်သည်။

သူတို့တောင့်ခံထားသည်မှာ အကြောင်းအရင်းတစ်ခုတည်းသာရှိလေသည်။

မည်သို့ပင်ဆိုစေ သူတို့သည် ဘုရင်များ၏ တိုက်ပွဲနယ်မြေမှာ ပကတိအသာစီးရရှိထားသည်။

ဖုန့်မြို့တော်၏ မြို့တော်အရှင်သေဆုံးသွားပြီး ဘုရင်ဆယ်ဦးကျော်ဆင်းသက်ရောက်ရှိလာသည်နှင့် မျောက်နှင့်ထိုအန္တိမပကတိစိတ်ဝိညာဥ်များအားလုံးက သေဆုံးရပေလိမ့်မည်။

“အခြေအနေမကောင်းတော့ဘူး... ငါတို့ဆက်ပြီးတောင့်ခံနိုင်မှာမဟုတ်တော့ဘူး”

“ဘာများကြောက်နေရမှာလဲ... ဘုရင်ရှစ်ယွမ်က လုံဖုန့်ကို သတ်ဖြတ်ပြီးတာနဲ့ ဒီနေရာမှာရှိတဲ့ တိုက်ပွဲနယ်မြေက မြန်မြန်ဆန်ဆန်ငြိမ်သက်သွားလိမ့်မယ်”

“ဒါပေမဲ့ ဟိုအစိမ်းရောင်ဝတ်ဘုရင်က လုံဖုန့်ကို ကူညီဖို့သွားပြီပဲ”

“အဲဒီလူက သာမန်ဘုရင်တစ်ဦးပဲ... အခြေအနေတစ်ရပ်လုံးအပေါ် သက်ရောက်စေနိုင်မှာမဟုတ်ဘူး”

ကြယ်တာရာကောင်းကင်တိုက်ပွဲနယ်မြေမှာ။

လုံဖုန့်၏ နဂါးခန္ဓာသည် တစ်ဘက်အဖွဲ့၏ တိုက်ပွဲဝင်အလောင်းများကြောင့် ဒဏ်ရာများဖြင့် ပြည့်နှက်လာခဲ့ပြီဖြစ်၏။

သူ့ကို ပျက်စီးထိခိုက်မှုဖြစ်စေသည်မှာ အထူးသဖြင့် နဂါးအလောင်းဖြစ်လေသည်။

နဂါးအလောင်းကို ဦးချိုနဂါးမျိုးရိုးမှ ဘုရင်တစ်ဦးကို အသုံးချကာ သန့်စင်မွန်းမံထားလေသည်။ နဂါးမျိုးရိုးငါးခုကြားမှာ ဦးချိုနဂါးမျိုးရိုးသည် အသန်မာဆုံးကိုယ်ကာယနှင့် မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသည်။

ဘုရင်ရှစ်ယွမ်၏ အုတ်ဂူကမ္ဘာလျှို့ဝှက်အတတ်ဖြင့် သန့်စင်ခံရပြီးနောက် ဤနဂါးအလောင်းသည် ပို၍ပင်သန်မာလာခဲ့၏။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ အလောင်းချီနှင့်အဆိပ်နှင့်အတူ လုံဖုန့်သည် ၎င်းကို လုံးဝမခုခံနိုင်ပေ။

သူ့ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လာသော ဒဏ်ရာတချို့ကို မကုသနိုင်ရုံသာမက သူတို့သည် နဂါးအလောင်း၏ တိုက်စားမှုဖြင့် စတင်၍ပင်ဆွေးရိလာခဲ့လေသည်။

လုံဖုန့်သည် သူ၏ မျိုးဆက်သွေးနယ်မြေနှင့် ပကတိကောင်းကင်လိုဏ်ဂူကို ဆင့်ခေါ်ထားခြင်းကြောင့်မဟုတ်လျှင် သူသည် ရှုံးနိမ့်သွားသည်မှာ ကြာနေလောက်လေပြီ။

သို့သော်လည်း ဘုရင်ဆယ်ဦးကျော်၏ အဆက်မပြတ်တိုက်ခိုက်မှုအောက်မှာ အထူးသဖြင့် အထွတ်အထိပ်ဘုရင်လေးဦးကြောင့် သူ၏ ပကတိကောင်းကင်လိုဏ်ဂူက လဲပြိုကျတော့မည့်လက္ခဏာများ ပြသလာနေပြီဖြစ်သည်။

သူက ဆက်လက်၍တောင့်မခံနိုင်တော့ပေ။

“ဂါး...”

လုံဖုန့်က ပူဆွေးဝမ်းနည်းသောအမူအရာနှင့်အတူ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။

သူက မကျေမချမ်းဖြစ်နေ၏။

သူက နားမလည်နိုင်ပေ။

ဘုရင်ဆယ်ဦးကျော်ကျော်နှင့် စစ်သည်ပေါင်းဆယ်သန်းသည် ဖုန့်မြို့တော်သို့ ဘာ့ကြောင့်တိတ်တဆိတ်ဝင်ရောက်လာရတာလဲ။

သူက မီးပဒေသာနဂါးကြယ်သို့ သတင်းစကားပေးပို့ထားသော်လည်း စစ်ကူပေးဖို့ ဘာ့ကြောင့်မည်သည့်မျိုးနွယ်ဝင်ကမှ ရောက်ရှိမလာတာလဲ။

မီးပဒေသာနဂါးကြယ်ကလည်း တိုက်ခိုက်ခံနေရပြီလား။

“ဂါး...”

ထိုစဥ်မှာပင် နောက်ထပ်နဂါးဟိန်းသံက ထွက်ပေါ်လာပြီး အဆုံးမဲ့စွမ်းပကားကို ထုတ်ဖော်ကာ သူ၏ အသံကိုပင် ဖုံးအုပ်သွားလေသည်။ အတိအကျဆိုရလျှင် ထိုအသံက သူ့ထက်ပင် နဂါးတစ်ကောင်၏ ဟိန်းသံနှင့် ပို၍တူလေသည်။

နဂါးမျိုးနွယ်မှ စစ်ကူများက နောက်ဆုံးတော့ ဒီနေရာကို ရောက်လာကြပြီလား။

လုံဖုန့်က စိတ်အားမာန်တက်ကြွလာပြီး သူ့ရင်ထဲမှာ မျှော်လင့်ချက်ရောင်ခြည်သန်းလာ၏။ သူက အသံထွက်ပေါ်လာရာဘက်သို့ အလိုလိုလှည့်ကြည့်ပြီးနောက် သူ၏ မျက်လုံးထဲရှိ တွေဝေရှုပ်ထွေးမှုအကြည့်နှင့်အတူ အနည်းငယ်မှင်တက်သွားလေသည်။

ထို့နောက် ချက်ချင်းပင် သူက အတော်လေးစိတ်ပျက်လက်ပျက်ဖြစ်သွားပြီး သူ၏ မျက်လုံးအရောင်းက မှေးမှိန်သွား၏။

နဂါးဟိန်းသံကို ထုတ်ဖော်လိုက်သူက မကြာသေးခင် ရက်အနည်းငယ်က အလည်အပတ်ရောက်ရှိလာသော လူသားဘုရင်ဖြစ်လေသည်။

သူက သာမန်ဘုရင်တစ်ဦးသာဖြစ်၏။

ဤသာမန်ဘုရင်က အုတ်ဂူကမ္ဘာ၏ အန္တိမဘုရင်တစ်ဦးကို ယခုတင်သတ်ဖြတ်ထားသော်လည်း သူကတိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာမည်ဆိိုလျှင်တောင် သက်ရောက်မှုရှိလိမ့်မည်မဟုတ်ပေ။ နောက်ထပ်အသက်တစ်သက် ထပ်မံ၍ ဆုံးရှုံးရရုံသာရှိပေလိမ့်မည်။

“အာ...”

သူက လေးတွဲစွာသက်ပြင်းချလိုက်၏။

“ဘာတတ်နိုင်မလဲ... ကံစီမံရာအတိုင်းပေါ့..”

သူသည် သူ၏ မျှော်လင့်ချက်ကို ရရှိလာစဥ်မှာပင် ၎င်းက ချက်ချင်းကြေမွပျက်စီးသွား၏။ ဤကဲ့သို့သောဝမ်းသာမှုနှင့် ဝမ်းနည်းမှုသည် သူ၏ နောက်ဆုံးစိတ်ပိုင်းဆိုင်ရာခံစစ်ကို လုံးလုံးလျားလျားကြေမွသွားစေ၏။

လဲပြိုကျတော့မည့်ဆဲဆဲ ကောင်းကင်လိုဏ်ဂူပေါ်မှာ အက်ကွဲကြောင်းများပေါ်ထွက်လာ၏။

သို့သော်လည်း နောက်ခဏ၌ လုံဖုန့်က တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည်။

ရုတ်တရက် သူ၏ ဘေးပတ်လည်မှာရှိသောဖိအားက ကြီးမားစွာလျော့ကျသွားသည်ဟု ခံစားလိုက်ရ၏။

ဘုရင်ရှစ်ယွမ်နှင့် အခြားသူများ၏ တိုက်ခိုက်မှုများက အားပျော့သွားပုံရလေသည်။

“ငါ မသေခင် ထင်ယောင်ထင်မှားမြင်နေတာလား”

လုံဖုန့်က သူ့ဘာသာသူခါးသီးစွာဖြင့် ပြောလိုက်၏။

ထိုစဥ်မှာပင် အုတ်ဂူကမ္ဘာမှ ဘုရင်တစ်ဦးက ရုတ်တရက်ခေါင်းငိုက်စိုက်ကျသွားသည်ကို သူ၏ မျက်ဝန်းထောင့်ကနေ တွေ့မြင်လိုက်ရ၏။ သူ၏ ဘေးပတ်လည်မှ ကောင်းကင်လိုဏ်ဂူက ပျက်ပြယ်သွားပြီး သူက ကြယ်တာရာကောင်းကင်ထဲကနေ ဖုန့်မြို့တော်ရှိရာသို့ ကျဆင်းသွား၏။

“ဟမ်...”

လုံဖုန့်က ရင်တစ်ချက်ထိတ်သွားပြီး အာရုံစိုက်၍ကြည့်ရှုလိုက်၏။

အုတ်ဂူကမ္ဘာ၏ ဘုရင်မှာ ငေးငိုင်နေသောအကြည့်ရှိပြီး သူ့မျက်နှာပေါ်မှာ ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခုက ယခုတင်ပေါ်ထွက်လာပုံရလေသည်။ သို့သော်လည်း သူ၏ အသက်ဓာတ်အားက ဖြတ်တောက်ခံလိုက်ရပြီး သူက သေဆုံးသွားပြီဖြစ်၏။

အုတ်ဂူကမ္ဘာ၏ ဘုရင်ပေါ်မှာ ဒဏ်ရာများမရှိသလောက်နီးပါးပင်။ သို့သော်လည်း သူ၏ အသိစိတ်ထဲမှာရှိသော သူ၏ အမြုတေစိတ်ဝိညာဥ်က ကြေမွပျက်စီးသွားပြီဖြစ်သည်။

အုတ်ဂူကမ္ဘာမှ ဤဘုရင်က သေဆုံးသွားပြီလား။

ဘာတွေဖြစ်ကုန်တာလဲ။

လုံဖုန့်မတုံ့ပြန်နိုင်ခင် ကြယ်တာရာကောင်းကင်ထဲကနေ ပုံရိပ်များက တစ်ခုပြီးတစ်ခုကျဆင်းလာလေသည်။ ထိုသူများသည် သူ့ကိုဝိုင်းပတ်ထားသော ဘုရင်ဆယ်ဦးကျော်ကျော်ထဲမှဖြစ်လေသည်။

ကျဆင်းလာသော ဘုရင်များအားလုံးက ချွင်းချက်မရှိသေဆုံးကုန်ကြ၏။

သေဆုံးသွားသောသူများက သာမန်ဘုရင်များသာဖြစ်သော်လည်း ဤကဲ့သို့သောမြင်ကွင်းက တုန်လှုပ်စရာကောင်းနေဆဲဖြစ်သည်။

အစက ရှိခဲ့သော ဘုရင်ဆယ်ဦးကျော်ကျော်ထဲ ထက်ဝက်က ချက်ချင်းပင်သေဆုံးသွားလေသည်။

ရှစ်ဟွမ်နှင့် အခြားသောအထွတ်အထိပ်ဘုရင်သုံးဦးအပြင် ကြယ်တာရာကောင်းကင်ထဲမှာ အန္တိမပကတိငါးဦးသာ ကျန်ရှိတော့လေသည်။

ထိုအန္တိမဘုရင်ငါးဦးကတော့ သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူတို့၏ ဒွာရခုနှစ်ပေါက်ကနေ သွေးများက စီးကျလာ၏။ သူတို့သည် ကြီးမားသော ထိတွေ့ရိုက်ခတ်မှုတစ်ခုကို တွေ့ကြုံခံစားထားရသည့်အလားပင်။ သူတို့၏ နောက်ဘက်မှာရှိသော ကောင်းကင်လိုဏ်ဂူများက အဆက်မပြတ်ယိမ်းထိုးပြီး အချိန်မရွေးလဲပြိုသွားနိုင်သည်။

သေသေချာချာအကဲခတ်ကြည့်မည်ဆိုလျှင် အထွတ်အထိပ်လေးဦးမှာ တုန်လှုပ်ချောက်ချားနေသောအမူအရာများရှိနေသည်ကို တွေ့မြင်ရပေလိမ့်မည်။

သာမန်ဘုရင်များအားလုံးက သေဆုံးသွားပြီး အန္တိမဘုရင်ငါးဦးက ဒဏ်ရာအပြင်းအထန်ရရှိသွားလေသည်။ ထို့ကြောင့် သူတို့က လုံဖုန့်ကိုဆက်လက်၍ မတိုက်ခိုက်နိုင်တော့ပေ။ ထို့ကြောင့်ပင် သူ့အပေါ်ဖိအားက ရုတ်တရက်ကြီးမားစွာလျော့ကျသွားသည်ဟု သူက ခံစားလိုက်ရခြင်းပင်။ ဤသည်က ထင်ယောင်ထင်မှား ခံစားချက်တစ်ခု မဟုတ်ပေ။

သူ့ကိုစစ်ကူပေးဖို့အတွက် သူတို့၏ မျိုးနွယ်ဝင်များ ရောက်ရှိလာပြီလား။

လုံဖုန့်သည် လှည့်ပတ်၍ ကြည့်ရှုလိုက်သော်လည်း နဂါးမျိုးနွယ်၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့မြင်ရပေ။

တိုက်ပွဲနယ်မြေမှာ အနည်းငယ် နုနယ်ပုံရသော အစိမ်းရောင်ဝတ်အမျိုးသားတစ်ဦးကသာ လျှောက်လှမ်းလာနေ၏။

ထူးဆန်းသောအရာမှာ ကျန်ရှိနေသော အန္တိမဘုရင်ငါးဦးသည် အစိမ်းရောင်ဝတ်အမျိုးသားကို သူတို့၏ မျက်လုံးထဲရှိ အကြောက်တရားနှင့်အတူ ငေးကြည့်နေကြခြင်းဖြစ်လေသည်။

တကယ်ဆို ရှစ်ဟွမ်နှင့် အခြားသော အထွတ်အထိပ်ဘုရင်သုံးဦး၏ စိတ်အာရုံကပင် ဤလူ့အပေါ်သို့ တဖြည်းဖြည်းရောက်ရှိသွားပြီဖြစ်လေသည်။

All Chapters