ကျိန်စာ
Vol. 204 Ch. 3056
ဆူဇီမိုက အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များစွာကို ထိန်းချုပ်ထားသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ မီးပဒေသာနဂါးမင်း၏ ဘက်ပြန်ကြေးခွံနှင့် ရင်ဆိုင်ရာမှာ အခြားသော အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များအနေဖြင့် အသာစီးရရှိနိုင်ဖို့ မလွယ်ကူပေ။
ထွက်ရပ်လမ်းငြိမ်သက်ခြင်းကသာ နဂါးဘုရင်မီးပဒေသာ၏ ဘက်ပြန်ကြေးခွံကို ဖိနှိမ်နိုင်မည်ဖြစ်သည်။ ဓမ္မချိပ်စည်းက ထွက်ပေါ်လာသည့်အခါ ၎င်းသည် တစ်ဖက်သူ၏ အမြုတေစိတ်ဝိညာဉ်ကို ကျော်လွန်ပြီး အရာရာတိုင်းကို တိတ်ဆိတ်ငြိမ်သက်သွားစေ၏။
အသက်ဓာတ်အားနှင့် မျိုးဆက်သွေးအပါအဝင် အရာရာတိုင်းက ဖျက်ဆီးခံရပေလိမ့်မည်။
ရွှေရောင်ဓမ္မချိပ်စည်းတစ်ခုက ဆူဇီမို၏ နှာရောင်ကနေ တိတ်တဆိတ် ထွက်ပေါ်လာ၏။
၎င်းဖြတ်သွားရာနေရာတိုင်းမှာ အရာရာတိုင်းက တိတ်ဆိတ်ငြိမ်သက်မှုအဖြစ် ပြောင်းလဲသွား၏။
တစ်ခဏချင်းမှာပင် ဓမ္မချိပ်စည်းသည် ဘက်ပြန်ကြေးခွံနှင့် ထိခတ်မိသွား၏။
“ဟမ်…”
ထိုသည်ကို တွေ့မြင်သောအခါ နဂါးဘုရင်မီးပဒေသာက လှောင်ရယ်လိုက်၏။
ပြီးသွားလေပြီ။ နဂါးတစ်ကောင်၏ ဘက်ပြန်ကြေးခွံကို ထိတွေ့မိသူ မည်သူမဆို သေချာပေါက် သေရပေလိမ့်မည်။
သူတို့က တူညီသော ကျင့်ကြံမှုနယ်ပယ်မှာ ရှိနေမည်ဆိုလျှင်တောင် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုသည် သူ၏ ဘက်ပြန်ကြေးခွံနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မိပါက သူတို့က မသေဘူးဆိုလျှင်တောင် ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။
သို့သော်လည်း သိပ်မကြာခင် နဂါးဘုရင်မီးပဒေသာ၏ မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားပြီး အံ့အားသင့်မှုအကြည့်တစ်ခုက အစားထိုးဝင်ရောက်လာ၏။
အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှစ်ခု၏ ထိတွေ့ရိုက်ခတ်မှုက မည်သည့်အသံကိုမှ ထွက်ပေါ်မလာစေပေ။
သို့သော်လည်း ၎င်းသည် အလွန်တရာ အန္တရာယ်များပြီး ဘေးပတ်ဝန်းကျင်လေဟာနယ်က ကြေမွသွား၏။
ခဏတာ ရပ်တန့်ပြီးနောက် ဘက်ပြန်ကြေးခွံ၏ အလင်းရောင်က တဖြည်းဖြည်း မှေးမှိန်သွား၏။
ဘက်ပြန်ကြေးခွံပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာလေသည်။
ရွှေရောင်ဓမ္မချိပ်စည်းကလည်း အဆက်မပြတ် ယိမ်းထိုးပြီး ၎င်းအပေါ်ရှိ ရွှေရောင်အလင်းက မှေးမှိန်လာခဲ့၏။
သို့သော်လည်း ၎င်းက ကျန်ရှိနေဆဲဖြစ်၏။
ထိုစဉ်မှာပင် နဂါးဘုရင်မီးပဒေသာသည် သူ၏ အမြုတေစိတ်ဝိညာဉ်မှာ ကြီးမားသော ထိခတ်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ နားထင်စပ်က ပွင့်ထွက်လုနီးပါးပင်။
ဤကဲ့သို့သော ရိုက်ခတ်မှုမှာ နဂါးဘုရင်မီးပဒေသာ ယခုတင် စုဖွဲ့ထားသော ကောင်းကင်လိုဏ်ဂူက လဲပြိုကျတော့မည့် လက္ခဏာများ ပြသလာ၏။
ထိုစဉ်မှာပင် ဆူဇီမို၏ ပုံရိပ်က ဖျပ်ခနဲလက်ပြီး သူက အနားကို ချဉ်းကပ်လာခဲ့ပြီဖြစ်၏။
နဂါးဘုရင်မီးပဒေသာ၏ အမြုတေစိတ်ဝိညာဉ်က စွမ်းအားကြီးမားလေသည်။
ထွက်ရပ်လမ်းငြိမ်သက်ခြင်းက အသာစီးရရှိထားလျှင်တောင် ဆူဇီမိုက ထိုသူကို မသတ်ဖြတ်နိုင်သေးပေ။
ထို့သို့ဆိုလျှင်တောင် နဂါးဘုရင်မီးပဒေသာသည် ကြီးမားသော ဟာကွက်တစ်ခုကို ထုတ်ဖော်သွားမိသွားပြီဖြစ်၏။
ထွက်ရပ်လမ်းငြိမ်သက်ခြင်း ချိပ်စည်း၏ ရိုက်ခတ်မှုမှာ သူ၏ အမူအရာက ငေးငိုင်သွားပြီး သူ၏ ပကတိကောင်းကင်လိုဏ်ဂူက ပျက်ပြယ်လုနီးပါး ဖြစ်လာ၏။
ဆူဇီမို အနားကို ချဉ်းကပ်လာသည့်အခါ ချင်းဖျင်ဓားက ဖျပ်ခနဲလက်ပြီး နဂါးဘုရင်မီးပဒေသာ၏ နှာရောင်ဆီသို့ ထိုးစိုက်လိုက်၏။
ထိုဓားချက်တစ်ချက်က နဂါးဘုရင်မီးပဒေသာကို နေရာမှာတင် သတ်ဖြတ်ပစ်ဖို့ လုံလောက်လေသည်။
သို့သော်လည်း ချင်းဖျင်ဓား၏ ဓားအလင်းက နဂါးဘုရင်မီးပဒေသာ၏ နှာရောင်ကို လုံးလုံးလျားလျား ထိုးဖောက်တော့မည်အချိန်မှာ ဆူဇီမိုက တစ်စုံတစ်ရာကို တွေးမိသွားပြီး နောက်ဆုံးအခိုက်အတန့်မှာ သူ၏ စိတ်ကို ပြောင်းလဲကာ ချင်းဖျင်ဓားကို ပြန်လည်ရုပ်သိမ်းလိုက်၏။
ထို့နောက် ချက်ချင်းပင် သူက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး နဂါးဘုရင်မီးပဒေသာ၏ ကောင်းကင်လိုဏ်ဂူပြိုကျခြင်းကြောင့် ထွက်ပေါ်လာသော ဟာကွက်ကို အမိဖမ်းလိုက်လေသည်။ သူက သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး နဂါးဘုရင်မီးပဒေသာ၏ ဦးခေါင်းကို အုပ်ကိုင်ကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဖမ်းဆီးလိုက်၏။
တစ်ဖက်မှာတော့ နဂါးဘုရင်မီးပဒေသာသည် နဂါးမျိုးနွယ်မှာ မြင့်မား၍ ထူးခြားသော အဆင့်အတန်းတစ်ခု ရှိထားပြီး မီးပဒေသာနဂါး ပိုင်နက်နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ထားလေသည်။
သူ၏ သစ္စာဖောက်မှုသည် နဂါးမျိုးနွယ်အတွက် အလွန်တရာ အန္တရာယ်များပြီး လွှမ်းမိုးနိုင်စွမ်း ကြီးမားလေသည်။
သူ၏ မှတ်ဉာဏ်များထဲမှာ ဖုံးကွယ်ထားသော အလွန်တရာ အရေးကြီးသည့် လျှို့ဝှက်ချက်တစ်ခု သေချာပေါက် ရှိနေပေမည်။
တစ်ဖက်မှာတော့ နဂါးဘုရင်မီးပဒေသာသည် နဂါးမျိုးနွယ်ကို ဘာကြောင့် သစ္စာဖောက်ရသလဲ သူက သိမြင်လိုနေ၏။
တကယ်တော့ အထွတ်အထိပ်ဘုရင်တစ်ပါးအပေါ် ဝိညာဉ်ရှာဖွေခြင်း၏ အောင်မြင်နိုင်ခြေက အလွန်တရာ နိမ့်ကျလေသည်။
လုံလီနှင့် လုံရန်က ကြက်သေသေနေကြ၏။
သူတို့၏ ဦးနှောက်များက ခဏကြာသည်အထိ လိုက်မမီနိုင်ပေ။
ဖျတ်ခနဲဆို နဂါးဘုရင်မီးပဒေသာသည် ဆူဇီမို၏ အသက်ရှင်လျက် ဖမ်းဆီးခြင်းခံရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က အကျဉ်းချခံထားရ၏။
“အပြင်လူ…. မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
နဂါးဘုရင်မီးပဒေသာ၏ အမြုတေစိတ်ဝိညာဉ်က ဆူဇီမို၏ လက်ဖဝါးထဲမှာ အကျဉ်းချခံထားရပြီး ကြမ်းတမ်းစွာဖြင့် အော်ပြောလိုက်၏။
ဆူဇီမိုက နဂါးဘုရင်မီးပဒေသာကို တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ဝိညာဉ်ရှာဖွေခြင်းအတတ်ကို ချက်ချင်းပင် အသုံးပြုလိုက်၏။
ရုတ်တရက်ဆိုသလို….
ဆူဇီမိုသည် တစ်စုံတစ်ရာ လွဲမှားနေသည်ကို အာရုံခံမိသွားပြီး မမှိတ်မသုန် အာရုံစိုက်ကာ ကြည့်လိုက်၏။
နဂါးဘုရင်မီးပဒေသာ၏ အမြုတေစိတ်ဝိညာဉ်ကနေ နောက်ထပ် စွမ်းအားကြီးမား၍ ဆိုးယုတ်သော စွမ်းအားတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။
နဂါးဘုရင်မီးပဒေသာ၏ အမြုတေစိတ်ဝိညာဉ်ပေါ်မှာ စိမ်းညို့ရောင်အလင်းတစ်ခုက တောက်ပလာခဲ့လေသည်။
“ဒါက ကျိန်စာတစ်ခုလား”
ဆူဇီမိုက ထိုသည်ကို တွေ့မြင်သောအခါ ရင်တစ်ချက်ထိတ်သွားပြီး အခြားတစ်စုံတစ်ရာကို ချက်ချင်းပင် တွေးမိသွား၏။
သိုင်းတာအိုပင်မခန္ဓာလက်ထဲမှာ သေဆုံးခဲ့ရသော မြင်းမျောက်ဧကရာဇ်နှစ်ဦး၏ အမြုတေစိတ်ဝိညာဉ်မှာလည်း ဆင်တူသော အခြေအနေတစ်ရပ် ဖြစ်ပွားခဲ့လေသည်။ တစ်ဖက်မှာတော့ လုံလီကလည်း ထိုသည်ကို သတိထားမိသွားပြီး မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်၏။
“နဂါးဘုရင်မီးပဒေသာက ကျိန်စာမိထားတာလား… အဲဒါက ဘယ်တုန်းက ဖြစ်သွားခဲ့တာလဲ”
ကျိန်စာစွမ်းအား ပေါ်ထွက်လာပြီးနောက် ဆူဇီမိုက ဝိညာဉ်ရှာဖွေခြင်းကို မစတင်နိုင်ခင်မှာပင် နဂါးဘုရင်မီးပဒေသာ၏ အမြုတေစိတ်ဝိညာဉ်က ပေါက်ကွဲထွက်ပြီး နေရာမှာတင် ဖျက်ဆီးခံလိုက်ရ၏။
သေဆုံးသွားလေပြီ။
မဟာနဂါးဘုရင်ငါးပါးထဲမှ တစ်ပါးဖြစ်သော နဂါးဘုရင်မီးပဒေသာက ဤကဲ့သို့ပင် သေဆုံးသွား၏။
ဆူဇီမို၏ အမူအရာက သုန်မှုန်သွားပြီး အလေးအနက် စဉ်းစားတွေးတောနေ၏။
သူသည် နဂါးဘုရင်မီးပဒေသာထံမှ မှတ်ဉာဏ်တစ်စုံတစ်ရာကို မရရှိသော်လည်း စောစောက ကျိန်စာစွမ်းအား ပေါ်ထွက်လာမှုသည် ကိစ္စတချို့ကို အတည်ပြုပေးနိုင်လေသည်။
နဂါးဘုရင်မီးပဒေသာ၏ သစ္စာဖောက်မှုသည် သူ၏ သဘောဆန္ဒအရ မဟုတ်လောက်ဘဲ သူသည် ကျိန်စာဖြင့် ခြိမ်းခြောက်ခံထားရသောကြောင့် ဖြစ်နိုင်လေသည်။
သူ၏ ဝိညာဉ်ကို ရှာဖွေခြင်းကနေ တားဆီးရန် ကျိန်စာသည် နဂါးဘုရင်မီးပဒေသာ၏ အမြုတေစိတ်ဝိညာဉ်ကို ပေါက်ကွဲထွက်သွားစေ၏။
“အဲဒါက မူမမှန်ဘူး”
လုံလီက သူမ၏ ခေါင်းကို ထပ်တလဲလဲခါယမ်းပြီး တီးတိုးရေရွတ်လိုက်၏။
“နဂါးဘုရင်မီးပဒေသာက ကျိန်စာမိထားမယ်ဆိုရင်တောင် သူက နဂါးမျိုးနွယ်ကို သစ္စာဖောက်မှာ မဟုတ်လောက်ဘူး”
“သူမပြောနဲ့… သာမန်နဂါးတွေတောင် အကျပ်ကိုင်ခံရပြီး သူတို့က သေရမယ်ဆိုရင်တောင်မှ နဂါးမျိုးနွယ်ကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး… နောက်ပြီး နဂါးဘုရင်မီးပဒေသာမှာ ခိုင်မာတဲ့ တာအိုနှလုံးသားတစ်ခု ရှိတယ်”
“နဂါးဘုရင်မီးပဒေသာသည် တစ်ခါတုန်းက နဂါးမျိုးနွယ်အပေါ် မရေမတွက်နိုင်တဲ့ အကျိုးဆောင်မှုတွေ ပြုလုပ်ခဲ့ဖူးတယ်… သူက ကျိန်စာတစ်ခုမှာ ဘယ်လိုလုပ် အလွယ်တကူ အညံ့ခံမှာလဲ”
ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် နဂါးဘုရင်မီးပဒေသာရဲ့ သစ္စာဖောက်မှုက စုန်းမျိုးနွယ်နဲ့ ပတ်သက်ဆက်စပ်နေရမယ်”
စုန်းမျိုးနွယ်၏ အဖွဲ့ဝင်များသာ ဤကဲ့သို့ ဆိုးယုတ်၍ စွမ်းအားကြီးမားသော ကျိန်စာတစ်ခုကို ထုတ်ဖော်နိုင်လေသည်။ ဒါ့အပြင် သူ၏ အဆင့်-၁၂ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကပင် ထိုကျိန်စာထွက်ပေါ်လာသောအခါ အကြောက်တရားအငွေ့အသက်တစ်ခုကို ခံစားခဲ့ရ၏။
ဆူဇီမိုက ဆက်ပြောလိုက်သည်။
“ဒီလိုဆိုရင် ဖုန့်မြို့တော်မှာ အုတ်ဂူကမ္ဘာက စစ်တပ် ရုတ်တရက်ပေါ်ထွက်လာတာက သူတို့ကို နဂါးဘုရင်မီးပဒေသာက ကူညီပေးခဲ့လို့ပဲ ဖြစ်ရမယ်”
နဂါးဘုရင်မီးပဒေသာက မီးပဒေသာနဂါးပိုင်နက်နယ်မြေကို တာဝန်ယူထားပြီး ဤနေရာမှာရှိသော အရာရာတိုင်းနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလေသည်။
သူ့အနေဖြင့် အုတ်ဂူကမ္ဘာစစ်တပ်ကို တိတ်တဆိတ်ခေါ်သွင်းဖို့က အခက်အခဲရှိလိမ့်မည် မဟုတ်ပေ။
လုံလီက ခေါင်းညိတ်ပြလိုက်၏။
“အုတ်ဂူဘုရင်ဆယ်ဦးကျော်က အကြောက်အလန့်မရှိဘဲ ဖုန့်မြို့တော်ကို တိုက်ခိုက်ရဲခဲ့တယ်ဆိုတာ မီးပဒေသာနဂါးကြယ်က စစ်ကူမပေးဘူးဆိုတာ သူတို့က ကြိုသိထားလို့ပဲ”
“အစ်ကိုဆူ… ရှင် ဒီကို ရောက်လာတာ ကံကောင်းတယ်… မဟုတ်ရင် ဖုန့်မြို့တော်ကတော့ သွားပြီ”
ဆူဇီမိုက ခဏမျှတွေးတောပြီး ပြောလိုက်၏။
“အခုချိန်မှာ မေးရမှာက မီးပဒေသာနဂါးကြယ်ပေါ်မှာ နဂါးဘုရင်မီးပဒေသာအပြင် တခြားနဂါးဘုရင် ဒါမှမဟုတ် တခြားနဂါးတွေ ဘယ်လောက်များများက ကျိန်စာမိထားပြီး နဂါးမျိုးနွယ်ကို သစ္စာဖောက်နေပြီလဲဆိုတာပဲ”
“နဂါးဘုရင်မီးတောက်ကလည်း နဂါးမျိုးနွယ်ကို သစ္စာဖောက်ထားလောက်ပြီ”
လုံရန်က ပြောလိုက်၏။
“နဂါးဘုရင်မီးတောက် ဘယ်မှာလဲ”
ရုတ်တရက် မျောက်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
စောစောက သူတို့၏ စိတ်အာရုံသည် နဂါးဘုရင်မီးပဒေသာအပေါ် ကျရောက်နေခဲ့၏။ မသိလိုက်မသိဘာသာနှင့်ပင် နဂါးဘုရင်မီးတောက်က ထွက်ခွာသွားခဲ့ပြီ ဖြစ်လေသည်။
“အဲဒါတော့ ဆိုးပြီ”
လုံလီက အခြားတစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး အံ့အားတသင့် ရေရွတ်လိုက်၏။ ထို့နောက် ချက်ချင်းပင် နဂါးဘုရင်မီးပဒေသာ၏ နန်းတော်အပြင်ဘက်မှာ နဂါးဟိန်းသံများ ထွက်ပေါ်လာလေသည်။ သူတို့က အမျက်ဒေါသနှင့် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။
ကြောက်စရာကောင်းသော နဂါးဘုရင်အော်ရာများက မီးပဒေသာနဂါးကြယ်ပေါ်မှာ ပေါက်ကွဲထွက်ပေါ်လာပြီး နဂါးဘုရင်မီးပဒေသာ၏ နန်းတော်ဘေးပတ်လည်ကို တစ်ခဏချင်းမှာပင် ဆင်းသက်ကာ နန်းတော်ကို တင်းကျပ်စွာ ဝိုင်းပတ်လိုက်ကြ၏။
နဂါးဘုရင်များစွာက သတ်လိုဖြတ်လိုသော အော်ရာများနှင့်အတူ ခန်းမထဲသို့ ဝင်ရောက်လာကြ၏။
နဂါးဘုရင်မီးတောက်ကလည်း သူတို့ကြားမှာ ပါဝင်ပြီး ဆူဇီမိုနှင့် အခြားသူများကို သရော်တော်တော် ကြည့်နေ၏။
ဆူဇီမိုက နောက်တစ်ဖန်ပြန်တွေးရင်း နားလည်သဘောပေါက်သွား၏။
နဂါးဘုရင်မီးတောက်သည် နဂါးဘုရင်မီးပဒေသာ အသတ်ခံရသည်ကို တွေ့မြင်သောအခါ သူက လက်စားချေဖို့အတွက် ရှေ့သို့ တက်လှမ်းလာခဲ့ခြင်းမရှိပေ။ ထိုအစား သူက ချက်ချင်းပင် ထွက်ခွာပြီး သတင်းကို ဖြန့်ဝေပေးခဲ့၏။
နဂါးဘုရင်မီးပဒေသာသည် အပြင်လူတစ်ယောက်၏ လက်ထဲမှာ သေခဲ့ရသည်။ ထိုစကားတစ်ခွန်းမျှနှင့်ပင် နဂါးဘုရင်များအားလုံး၏ အမျက်ဒေါသကို နှိုးဆွပေးဖို့ ကောင်းကောင်းလုံလောက်နေ၏။
ကိုယ်တိုင်တိုက်ခိုက်စရာမလိုဘဲ နဂါးဘုရင်မီးတောက်သည် ဆူဇီမိုကို သတ်ဖြတ်ရန် မီးပဒေသာနဂါးကြယ်ပေါ်ရှိ အခြားနဂါးဘုရင်များ၏ စွမ်းအားကို ငှားရမ်းအသုံးချနိုင်လေသည်။
ဒါ့အပြင် ဆူဇီမိုအနေဖြင့် ဤကိစ္စကို ရှင်းပြဖို့ကလည်း မလွယ်ကူတော့ပေ။
နဂါးဘုရင်မီးပဒေသာက သေဆုံးသွားပြီဖြစ်ပြီး သူ၏ လက်ဖဝါးထဲမှာ ထိုသူ၏ အမြုတေစိတ်ဝိညာဉ်အော်ရာက ကျန်ရှိနေဆဲဖြစ်၏။ နဂါးဘုရင် သုံးလေးဆယ်က အဲဒါကို ရှင်းရှင်းလင်းလင်း အာရုံခံမိလိုက်၏။ နဂါးဘုရင်များက ဆူဇီမိုကို အပိုင်းပိုင်းဆုတ်ဖြဲပစ်တော့မည့်အလား သူ့ကို ရန်လိုခက်ထန်စွာဖြင့် ကြည့်နေကြ၏။
“နဂါးဘုရင်တို့… ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါ… ဒါက နားလည်မှုလွဲသွားတာပါ”
လုံလီက ထိုသည်ကို တွေ့မြင်သောအခါ ရှေ့သို့ အလောတကြီးတက်လှမ်းပြီး ဆူဇီမို၏ ရှေ့မှာ မတ်တတ်ရပ်ကာ အော်ပြောလိုက်၏။
“လုံလီ… နင်က ဝံပုလွေကို အိမ်ထဲခေါ်လာပြီး နဂါးဘုရင်မီးပဒေသာကို သေဆုံးစေခဲ့တယ်… အခု နင်က ဒီလူသားကို ခုခံကာကွယ်ပေးဖို့တောင် ကြိုးစားနေရသေးတာလား… နင့်ရဲ့ပြစ်မှုက ဘယ်လောက်တောင် ကြီးလေးလဲဆိုတာ သိလား”
လုံလီက စကားမပြောနိုင်ခင် နဂါးဘုရင်မီးတောက်က သူမကို ဖြတ်အော်ပြောလိုက်၏။