အခန်း (၁၃၆)
Vol. 10 Ch. 136
ထို့နောက် မိုဝူကွေ့သည် ပထမဆုံး ဝမ်ပန်ဇီ၏ လျှာ ၊ မျက်ခွံများနှင့် အခြားပြင်ပ လဏ္ခာများကို စစ်ဆေးခဲ့သည်။
အသားအရေ အစိမ်းရောင်သန်းနေသည်မှလွဲ၍ ထူးခြားသော လက္ခဏာများကို မမြင်တွေ့ခဲ့ပေ။
ထို့နောက် သူသည် ဝမ်ပန်ဇီ၏ သွေးခုန်နှုန်းကို စတင် စစ်ဆေးခဲ့ပြီး ဘာရောဂါ လက္ခဏာများကိုမှ ရှာမတွေ့ခဲ့ပေ။ ထို့ပြင်ဝမ်ပန်ဇီ၏ ကျန်းမာေရးကလည်းအတော်လေး ကောင်းသည်။
" ဒါက အမှန်တကယ်ကို ထူးဆန်းလွန်းတယ်။ မင်းရဲ့ လက္ခဏာတွေ အကုန်လုံးက ပုံမှန်ပဲ။ ပြီးတော့ မင်းရဲ့ ကျန်းမာရေးက ပုံမှန်လူတွေထက်တောင် ပိုကောင်းနေသေးတယ်။ ဒါပေမဲ့ မင်းပုံစံကို တချက်ကြည့်လိုက်တာနဲ့ ပုံမှန်ပုံ မပေါက်တာ အသိသာကြီးပဲ။ ငါ ဆေးကုနေတာ နှစ်အများကြီးရှိနေပြီ။ မင်းလိုမျိုး ရောဂါလက္ခဏာကို ငါ တခါမှ မမြင်ဖူးဘူး။ " မိုဝူကွေ့သည် မျက်မှောင်ကြုတ်ပြီး အတွေးနက်သွားခဲ့သည်။
" မင်း နေမကောင်းတဲ့နေရာ တစ်နေရာရာများရှိလား။ " မိုဝူကွေ့က မေးခဲ့သည်။
" ကျွန်တော့်ရဲ့ အသားအရေ အစိမ်းရောင်သန်းပြီးတော့ နည်းနည်းခေါင်းမူးနေသလိုပဲ ရှိတယ်။ " ဝမ်ပန်ဇီက မိန်းမောတွေဝေစွာဖြင့် ပြန်ဖြေခဲ့သည်။
" ဒါက တကယ့်ကို ထူးဆန်းတယ်။ မင်းရဲ့ အခြေအနေက အရမ်းရှားပါးတဲ့ အဆိပ်တစ်မျိုးမျိုး ခပ်ခံရပုံ ပေါ်တယ်။ ပြီးတော့ အဲ့ဒီအဆိပ်က အရေပြားကို အဓိက ထိခိုက်စေတဲ့ အဆိပ်ဖြစ်ရမယ်။ နောက်ပြီး ခေါင်းမူးတာကလည်း အဲ့ဒီအဆိပ်ရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်လိမ့်မယ်။ " မိုဝူကွေ့က ရှင်းပြခဲ့သည်။
" အာ... "
ဝမ်ပန်ဇီ အံ့အားသင့်သွားခဲ့သည်။
' ဒီဆရာက အတော်လေးအရည်အချင်းရှိပုံရတယ်။သူက ငါမိတဲ့ အဆိပ်ကိုတောင် ဖော်ထုတ်နိုင်တယ်။ '
" ဆရာ ကျွန်တော့်အဆိပ်က ဖြေလို့ ရနိုင်သေးလား။" ဝမ်ပန်ဇီက မေးမြန်းခဲ့သည်။
" မင်းရဲ့ ခန္ဓာကိုယ်ကတော့ လုံးဝ ပုံမှန်ပဲ။ ဒါကြောင့်မိုလို့ အဲ့ဒီအဆိပ်က မင်းရဲ့ အသက်အန္တရာယ်ကို မထိခိုက်စေနိုင်ဘူး။ " မိုဝူကွေ့က ပြောလိုက်သည်။
ထို့နောက်မိုဝူကွေ့က အလေးအနက်တွေးပြီး ထ်ပြောခဲ့သည်။
" ငါ အပ်စိုက်ပြီးတော့ မင်းရဲ့ အဆိပ်ကို ထုတ်ဖို့ ကြိုးစားကြည့်မယ်။ အကယ်၍ အဲ့ဒါ အလုပ်ဖြစ်ရင် မင်းရဲ့ အခြေအနေက သက်သာလာလိမ့်မယ်။ နောက်ပြီး ငါ့ကုသတဲ့ နည်းလမ်း မှန်တယ်ဆိုတာ သက်သေပြပြီးသားဖြစ်သွားလိမ့်မယ်။ အဲ့ဒါဆိုရင် ဒီနည်းအတိုင်း ငါတို့ ဆက်ကုလို့ရပြီ။ အကယ်၍ အပ်စိုက်တာ အလုပ်မဖြစ်ရင် ငါတို့ နောက်နည်းလမ်း ပြောင်းကုရလိမ့်မယ်။ "
" ကျေးဇူးတင်ပါတယ် ဆရာမို။ " ဝမ်ပန်ဇီက ပြောခဲ့သည်။
ထို့နောက် မိုဝူကွေ့သည် ကွေ့ကူနတ်ဘုရားအပ် အပ်စိုက်နည်းကို အသုံးပြုပြီး ဝမ်ပန်ဇီကို အလျင်အမြန်ပဲ အားစိုက်၍ အဆိပ်ဖြေပေးခဲ့သည်။
သို့သော်လည်းပဲ သူ့အားစိုက်ကုသခဲ့သမျှက အချည်းအနှီးသာ ဖြစ်သွားခဲ့သည်။ထို့ပြင် ဝမ်ပန်ဇီ၏ အသားအရေကလည်း ပိုပြီးတော့တောင်မှ စိမ်းသွားပြီး အဗန်ဂျာကားထဲက လူစိမ်းကောင်ကြီး။ ဟွတ်ဂ်လိုမျိုး ဖြစ်သွားခဲ့သည်။
" ထူးဆန်းတယ်။ ဘာလို့ မင်းရဲ့ အသားအရေက ပိုပြီးတော့တောင် စိမ်းလာရတာလဲ။ မင်းရဲ့ အခြေအနေက ငါ့ရဲ့ ကွေ့ကူနတ်ဘုရားအပ်စိုက်နည်းအောက်မှာ သက်သာလာသင့်တယ်။ " မိုဝူကွေ့က မှတ်ချက်ပြုခဲ့သည်။
ဝမ်ပန်ဇီသည် သူ့ရဲ့ စိတ်ထဲတွင် ကြိတ်ပြီး ရယ်မောနေခဲ့သည်။
' ငါမိတဲ့အဆိပ်က ပုံမှန်အဆိပ်မှ မဟုတ်တာ။ မင်းမှာ အဆိပ်ဖြေဆေးအစစ်မရှိရင် အသုံးမဝင်ဘူး။ ပြီးတော့ တစ်ခြားနည်း နဲ့ ကုသရင်လည်း အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါက ငါ့ရဲ့အခြေအနေကို ပိုပြီးတော့တောင်မှ ဆိုးလာစေလိမ့်မယ်။ ဟီးဟီး....'
ထို့နောက် မိုဝူကွေ့က ဆက်ပြောခဲ့သည်။
" မစိုးရိမ်နဲ့။ ဒီနည်းနဲ့ ကုသလို့ မရရင် ငါ တစ်ခြားနည်းနဲ့ ကုသဖို့ ကြိုးစားကြည့်မယ်။ "
" ဆရာ ငါမင်းကို ဒုက္ခပေးမိပြီ။ ကျွန်တော့်ကို ကူညီပေးပါဦး။ " ဝမ်ပန်ဇီက ပြန်ပြောခဲ့သည်။
မိုဝူကွေ့သည် တစ်ခြားကုသနည်းကို ပြောင်းပြီး ကုသပေးခဲ့သော်လည်း ရလဒ်က ဝမ်ပန်ဇီ၏ အသားအရေကို စိမ်းပြာရောင်သို့ ပြောင်းသွားစေခဲ့သည်။
" ဆရာ ဒါကို ခင်ဗျား ကုသနိုင်တာရော သေချာရဲ့လား။ " ဝမ်ပန်စီက မေးခဲ့သည်။
" သေချာတာပေါ့။ ငါ ဒီနည်းနဲ့ ကုသလို့ မရနိုင်ရင် တစ်ခြားနည်းနဲ့ ပြောင်းပြီး ကုသဖို့ ကြိုးစားပေးမယ်။ " မိုဝူကွေ့က အခိုင်အမာပြောဆိုခဲ့သည်။
" ကျေးဇူးတင်ပါတယ် ဆရာမို။ " ဝမ်ပန်စီက ပြောခဲ့သည်။
ထို့နောက် မိုဝူကွေ့သည် နောက်တစ်ကြိမ် ကုသနည်းကို ပြောင်းပြီး ကုသခဲ့သည်။
ရလဒ်အနေနဲ့ ဝမ်ပန်စီ၏ အသားအရေက စိမ်းပြာရောင်ကနေ နောက်ဆုံးမှာတော့ အပြာရောင်သို့ လုံးဝ ပြောင်းသွားခဲ့သည်။
" အခု မင်းရဲ့ အသားအရေက ပြာနေရင်တောင် မင်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကတော့ အတော်လေးပုံမှန်ဖြစ်ေနတယ်။ ငါ့ကို နောက်တစ်ကြိမ် ကုသခွင့်ပေးဦး။ " မိုဝူကွေ့က ဝမ်ပန်ဇီကို ပြောခဲ့သည်။
" ဒီအခြေအနေကို မင်းက ပုံမှန်လို့ ခေါ်တာလား။ မင်းက ငါ့ရဲ့ အသားအရေကို ပြောင်းလဲအောင် လုပ်ခဲ့တာပဲ။ အရင်တုန်းက ငါ့အသားအရေက အစိမ်းရောင်သန်းပြီးတော့ အဗန်ဂျားကားထဲက ဟွတ်ဂ် နဲ့တူနေတာ။ အခုတော့ မင်းကုသလိုက်တာ ငါ့အသားအရေက အပြာရောင်ပြောင်းပြီးတော့ အာဗာတာနဲ့ တောင် တူသွားပြီ။ မင်းက ဒေါက်တာရမ်းကုပဲ။ " ဟု ပြောပြီး ဝမ်ပန်ဇီသည် နောက်ဆုံးမှာတော့ ပြဿနာရှာရန် အကြောင်းပြချက်တစ်ခုကို ရှာတွေ့သွားခဲ့သည်။
ထို့နောက် ဝမ်ပန်စီသည် စားပွဲများ နှင့် ကုလားထိုင်များကို စတင် ရိုက်ချိုးခဲ့သည်။
" သူ ပတ်ရမ်းနေပြီ။ "
" သူ့နဲ့ ဝေးဝေးပြေးကြ။ "
အနီးနားရှိ လူများသည် ထိတ်လန့်ပြီး အဝေးကို ထွက်ပြေးသွားကြသည်။
" ရပ်လိုက်။ မင်း အခု ဒေါသထွက်နေတာကို ငါနားလည်ပါတယ်။ ဒါပေမဲ့ ဒေါသထွက်တာက ပြဿနာကို မဖြေရှင်းနိုင်ဘူး။ မင်းကို နောက်တစ်ကြိမ်လောက် ငါ့ကို ကုသခွင့်ပေးဦး။ " မိုဝူကွေ့က ဝမ်ပန်ဇီကို ပြောခဲ့သည်။
" ပေါက်ကရပြောနေတာတွေ တော်လိုက်တော့။ ငါမင်းကို သတ်ပစ်မယ် ဒေါက်တာရမ်းကု။ " ပြောပြီးဝမ်ပန်စီသည် မိုဝူကွေ့ကို ပြေးဖမ်း၍ ရိုက်နှက်ခဲ့သည်။မိုဝူကွေ့သည် သူ့ခေါင်းကို ကာပြီး ဝမ်ပန်ဇီကို သနားညှာတာပေးဖို့အတွက် တောင်းပန်နေခဲ့သည်။
" သူ့ကို ရိုက်နေတာ ရပ်လိုက်။ "
" ကျေးဇူးပြုပြီး သူ့ကို မရိုက်နဲ့တော့။
" မင်း သူ့ကို ဆက်ရိုက်နေရင် နောက်ဆက်တွဲ အကျိုးဆက်တွေက ပိုကြီး သွားလိမ့်မယ်။ "
ပတ်ပတ်လည်ရှိ ကြည့်ရှူနေသူများသည် အများစုက အသက်ကြီးကြီး မိန်းမကြီးများ နှင့် လူအိုကြီးများသာ ဖြစ်တာကြောင့် ဝိုင်းဆွဲဖို့ မတတ်နိုင်ခဲ့ပေ။
" ရဲကို မြန်မြန်ခေါ်လိုက်။ "
" ငါ ခေါ်ပြီးပြီ။ဒါပေမဲ့ သူတို့ ချက်ချင်းမရောက်လာနိုင်ဘူး။ ခဏနေမှ ရောက်လိမ့်မယ်။ "
" အခုဝိုင်းဆွဲဖို့အတွက် အားကောင်းမောင်းသန် လူအနည်းငယ်ကို အရင် ရှာ။ "
" ဒါမှမဟုတ်ရင် ဟိုဆရာဝန် သေသွားလိမ့်မယ်။ "
ထို့နောက် အားသန်တဲ့ လူငယ်အနည်းငယ်သည် ဝမ်ပန်စီကို ဝိုင်းဆွဲခဲ့ကြသော်လည်း သူတို့သည် ဝမ်ပန်စီ၏ အားကို မယှဉ်နိုင်ပဲနဲ့ အလျင်အမြန်ပဲ အဝေးသို့ တွန်းထုတ်ခံရခဲ့သည်။
ဝမ်ပန်စီသည် ထိုလူတွေကို တွန်းထုတ်ပြီး မိုဝူကွေ့ကို ဆက်ရိုက်ခဲ့သည်။
အနီးနားတွင် ပုန်းနေသောဝူကောသည် ထိုဖြစ်ရပ်ကို ကြည့်ပြီး သူ့ဘာသာသူ ရယ်မောနေခဲ့သည်။
" ကောင်းတယ်။ ဒီလိုဖြစ်အောင်လို့ မင်းဘာသာမင်းလုပ်ခဲ့တာ။ ရှောင်ချန်းနဲ့ ရင်းနှီးတဲ့သူတွေကို ပစ်မှတ်ထားပြီးတော့ သူ့ရဲ့ ဒဏ်ရာတွေကို ကုသလို့မနိုင်အောင်လို့ သေချာအောင် လုပ်ရမယ်။ "
ခဏကြာပြီးနောက် ရဲ အနည်းငယ် ရောက်လာပြီး သူတို့နှစ်ယောက်ကို ခွဲပေးခဲ့သည်။
" ဘာဖြစ်တာလဲ။ ဘာလို့ မင်းတို့ ရန်ဖြစ်နေရတာလဲ။"
ဝမ်ပန်ဇီသည် သူ့ရဲ့ မျက်နှာကို လက်ညိုးထိုးပြီး စိတ်တိုစွာဖြင့် ပြောခဲ့သည်။
" သူ ငါ့ကို ဘာလုပ်ခဲ့လဲဆိုတာ ငါ့မျက်နှာကို ကြည့်ကြည့်။ "
" မင်းမျက်နှာက ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်သွားခဲ့တာလဲ။ သူလုပ်ခဲ့တာလား။ "
" သူလုပ်လို့ ငါ့မျက်နှာ အစိမ်းရောင် ပြောင်းသွားခဲ့တာ။ "
" ဒမ်း ၊ ဒါကအတော်လေး ပြင်းထန်တဲ့ ကိစ္စပဲ။ "
" ကျွန်တော် ခုနက မှားပြောမိတာ။ အရင်တုန်းက ကျွန်တော့်မျက်နှာက အစိမ်းရောင်သန်းနေတာ။ အခုတော့ အပြာရောင် ပြောင်းအောင်လို့ သူ လုပ်ခဲ့တာ။ "
" ဒါက ကောင်းတာမဟုတ်ဘူးလား။ "
" ဘာကောင်းတာလဲ။ ကျွန်တော့်ရဲ့ အခြေအနေက ပိုဆိုးလာတာဖြစ်ရမယ်။ " ဝမ်ပန်စီက ပြောခဲ့သည်။
" သူအဆိပ်မိတာကို ကုသဖို့ပဲ ကြိုးစားခဲ့တယ်ဆိုတာကို ငါကျိန်ပြောရဲတယ်။ဒါပေမဲ့ ငါသူ့ကို ကုသပေးပြီးတာနဲ့ သူ့မျက်နှာက အစိမ်းရောင်ကနေ အပြာရောင်ပြောင်းသွားခဲ့မယ်လို့ ဘယ်သူက သိမှာလဲ။ဒါကြောင့် သူက ဒေါသထွက်ပြီးတော့ ငါ့ကို စည်းမရှိကမ်းမရှိ ရိုက်နှက်ခဲ့တာ။ " မိုဝူကွေ့က သူ့ရဲ့ ပန်ဒါမျက်လုံးများကို တုန်ရင်နေသော လက်များဖြင့် ကာပြီး နာကျည်းစွာဖြင့် ပြောခဲ့သည်။
" မင်းက ငြင်းရဲသေးပေါ့လေ။ အကယ်၍ မင်း ငါ့မျက်နှာကို အပြာရောင်ဖြစ်အောင်လို့ မပြောင်းရင် ငါ ဒေါသထွက်စရာလား။ " ပြောပြီး ဝမ်ပန်စီက အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။
" ကျေးဇူးပြုပြီး မင်းတို့နှစ်ယောက်လုံးစိတ်ထိန်းဦး။ငါတို့စိတ်အေးအေးထားပြီးတော့ တစ်ခုပြီးတစ်ခုဖြေရှင်းကြတာပေါ့။ ငါတို့က မင်းတို့ကျေနပ်စေမယ့် ဖြေရှင်းချက်ကို သေချာပေါက်ပေးမယ်။ "
ထို့နောက်ပြည်သူ့ရဲအရာရှိသည် မိုဝူကွေ့ကို အရင်ဆုံးကြည့်ပြီး မေးမြန်းခဲ့သည်။
" ခင်းဗျားက ဆရာဝန်တစ်ယောက်လား။ ပြီးတော့ ခင်ဗျား ဒီနေရာမှာ အခမဲ့ဆေးခန်းတစ်ခန်း လာဖွင့်တာလား။ "
မိုဝူကွေ့သည် ခေါင်းညိတ်ပြီး ပြောခဲ့သည်။
" ကျွန်တော် ကောင်းမွန်တဲ့ အပြုအမူတစ်ခုကို လုပ်ခဲ့ချင်ရုံပါပဲ။ "
" ဒါဆိုရင် ကျွန်တော် မင်းကို မေးပါရစေ။ ခင်ဗျားက ဆရာဝန်တစ်ယောက်ဆိုတော့ ခင်ဗျားမှာ ဆေးကုသခွင့်လိုင်စင်ရောရှိရဲ့လား။ " ရဲအရာရှိက မေးခဲ့သည်။
" ရှိတာပေါ့။ရော့.. ဒီမှာ။ " ပြောပြီး မိုဝူကွေ့သည် ဆေးကုသခွင့်လိုင်စင်ကို ထုတ်ပေးခဲ့သည်။
" အို့ ၊ခင်ဗျားက တကယ် ဆရာဝန်တစ်ယောက်ပဲ။ ဒါဆိုရင် ဒီနေရာမှာ အခမဲ့ဆေးခန်းတစ်ခန်း ဖွင့်ဖို့အတွက် သက်ဆိုင်တဲ့သူတွေစီကရော ခင်ဗျားခွင့်ပြုချက် ရပြီးပြီလား။ "
မိုဝူကွေ့သည် နားမလည်ဟန်ဖြင့် ကြည့်ပြီး မေးမြန်းခဲ့သည်။
" သက်ဆိုင်တဲ့သူတွေစီက ဘာ ခွင့်ပြုချက်လဲ။ "
" ခင်ဗျားပြောတာကို နားထောင်ရတော့ ခင်ဗျားမှာ မရှိပုံရတယ်။ ဆရာဝန်တွေက အပြင်မှာ ဆေးကုမယ်ဆိုရင် သက်ဆိုင်ရာတာဝန်ရှိသူတွေစီက ခွင့်ပြုချက်လိုတယ်။ အဲ့လိုမှမဟုတ်ရင် အပြင်မှာ ဆေးကုသတာက တရားမဝင်ဘူး။ " ပြောပြီး ရဲအရာရှိ၏ အမူအရာက လေးနက်လာခဲ့သည်။
" အရင်တုန်းက ကျွန်တော် အခမဲ့ ဆေးကုသတုန်းက အဲ့တာကို ဘယ်တုန်းက မလိုခဲ့ဘူး။ "
" အဲ့တာ အရင်တုန်းကပဲရမယ်။ အခုတော့ အချိန်တွေက ပြောင်းသွားပြီ။ အရာအားလုံးက စည်းမျဥ်းအတိုင်းပဲ ။ ပြီးတော့ အဲ့ဒီခွင့်ပြုချက်မရှိရင် တရားမဝင်ဘူး။ ဒါကြောင့် ခင်ဗျားမှာ ခွင့်ပြုချက်မရှိဘူးဆိုတော့ ကျွန်တော်တို့နဲ့ အတူတူ ရဲစခန်းကို လိုက်ခဲ့ဖို့လိုမယ်။ "
မိုဝူကွေ့သည် သူ့ကိုယ်ကိုယ်သူ ခုခံကာကွယ်ပြီး ပြောဆိုခဲ့သည်။
" ဒါပေမဲ့ ကျွန်တော်က ဘာအခကြေးငွေမှ မယူပဲနဲ့ လူတွေကို သန့်သန့်ရှင်းရှင်းနဲ့ အခမဲ့ကုသပေးတာလေ။ "
" အခကြေးငွေယူတာ ၊မယူတာအရေးမကြီးဘူး။ ခွင့်ပြုချက်မရှိဘဲနဲ့ ခင်ဗျား အပြင်မှာ ကုသတာက တရားမဝင်ဘူး။ အကယ်၍ ခင်ဗျား ခွင့်ပြုချက်မရှိဘဲနဲ့ မတော်တဆ တစ်ခုခုဖြစ်ရင် ပြဿနာကြီးလိမ့်မယ်။ ဒါကြောင့် အခုဖြစ်တဲ့ ပြဿနာက ခင်ဗျားမှာ အဓိက တာဝန်ရှိတယ်။ "
ထို့နောက်ရဲအရာရှိသည် လက်ဝှေ့ရမ်းပြီး ပြောခဲ့သည်။
" ပြောနေတာ တော်လောက်ပြီ။ ခင်ဗျားတို့နှစ်ယောက်လုံး ကျွန်တော်တို့နဲ့ လိုက်ခဲ့ရမယ်။ "
ထို့ကြောင့် သူတို့နှစ်ယောက်သည် ရဲစခန်းသို့ ခေါ်သွားခံခဲ့ရသည်။
ညနေပိုင်းတွင် ဝမ်ပန်ဇီကို ပြန်လွတ်ေပးခဲ့သည်။
သူသည် မိုဝူကွေ့ကို ရုပ်ပိုင်းဆိုင်ရာဖြင့် ထိခိုက်အောင်လုပ်ခဲ့သော်လည်း မိုဝူကွေ့၏ ဒဏ်ရာများက သိပ်မပြင်းတာကြောင့် သူသည် မိုဝူကွေ့ကို ဆေးဖိုးဝါးခပေး၍ မိုဝူကွေ့၏ ခွင့်လွှတ်မှုကို ရရှိပြီး ပြန်လွှတ်လာခဲ့သည်။
သို့သော်လည်းပဲ မိုဝူကွေ့သည် အပြင်တွင် ခွင့်ပြုချက်မရှိပဲနဲ့ အခမဲ့ဆေးကုသပြီး မတော်တဆဖြစ်ခဲ့တာကြောင့် ရဲစခန်းတွင် ဆက်လက်၍ ထိန်းသိမ်းခံထားရပြီး ပြန်မလွှတ်လာခဲ့ပေ။
တစ်ဖက်၌ ကုတင်ပေါ်တွင် လှဲလျောင်းနေသောရှောင်ချန်းသည် ထိုသတင်းကို ကြားပြီး ထိတ်လန့်သွားခဲ့သည်။
" ဘယ်လိုဖြစ်ပြီးတော့ ဆရာဦးလေးမိုလည်း စီနီယာအစ်ကိုလို အဆုံးသတ်ခဲ့ရတာလဲ။ "