လင်ပေ့ဖန်ဟာ မြို့ပြဝတ္ထုတွေမှာ မရေမတွက်နိုင်အောင် တွေ့ရတဲ့အတိုင်း အခြားကမ္ဘာကိုကူးပြီး ဗီလိန်တစ်ယောက် ဖြစ်လာသည်။ သူ့မှာ နေ့တိုင်း ဆုတစ်ခုတောင်းနိုင်တဲ့ ဆုတောင်းပြည့်စနစ်တစ်ခု ရှိသည်။ ကမ္ဘာကြီးကို ဖရိုဖရဲဖြစ်အောင် စနစ်ရဲ့စွမ်းရည်နဲ့ သူ့ရဲ့ကိုယ်ပိုင်ရိုင်းစိုင်းသောစရိုက်နဲ့ ပြုလုပ်ပြီး ဇာတ်ဆောင်အားလုံးကို အနိုင်ယူခဲ့သည်။ ရှင်းဒိုဇာတ်ကွက်တွေမှာ အပ်ကြောင်းထပ်နေတဲ့အတိုင်း သူ့ဆုတစ်ခုတောင်းတိုင်း ရန်သူ့ကို နှစ်ဆရရှိစေသည်။ လင်ပေ့ဖန် တဟီးဟီးရယ်ပြီး "ဒါက?" "ငါဆုတစ်ခု ပြုမယ်စနစ်... ငါ့ရဲ့ခန္ဓာကိုယ် အပူချိန်ကို ၃၆.၈ ဒီဂရီ ထားလိုက်..." ပထမဆုံးဇာတ်လိုက်၏ ဦးနှောက်သည် အပူချိန် ၇၃.၆ ဒီဂရီကြောင့် လောင်းကျွမ်းပြီး သေခဲ့သည်။ "ငါတစ်နေ့ကို ၁၂နာရီ အိပ်ရမယ်လို့ ဆုတောင်းမယ်စနစ်" ဒုတိယဇာတ်လိုက်သည် မနိုးသော အိပ်စက်ခြင်းဖြင့် အိပ်ပြီး သေသွားသည်။ "ပေါင်ချိန် ၁၂၀ ရှိတဲ့ အလှလေးကြောင့် ငါသေလိမ့်မယ်လို့ ဆုတောင်းမယ်စနစ်" တတိယဇာတ်လိုက်သည် ပေါင်ချိန် ၂၄၀ ရှိသော ဖက်တီးမကြီး ဖိခံသောကြောင့် စက္ကူတစ်ရွက်လို တစ်စစီ ပဲ့ကြွေသွားသည်။ အဲ့လိုမှပေါ့။ ဟာဇာတ်ကွက်က ထပ်ရှုပ်ပြန်ပြီး...။

