အခန်း (၁၅၀)
Vol. 10 Ch. 150
နောက်နှစ်ရက်အတွင်းမှာ လုမိုပိုင်သည် အမျိုးမျိုးသော ယင်ယန်စာချုပ်တွေကို ဆက်လက်၍ ထုတ်ဖော်ပြီး အနုပညာရှင်အားလုံးကို ပြင်းပြင်းထန်ထန်ထိခိုက် စေ၍ ဖျော်ဖြေရေးနယ်ပယ်ကိုလည်း မုန်တိုင်းထန်စေခဲ့သည်။
[ TN - ယင်ယန်စာချုပ်က တရုတ်ဖျော်ဖြေရေးလုပ်ငန်းမှာ စတင်ခဲ့တဲ့ အခွန်ရှောင်တိမ်းတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။အဲ့ဒီထဲမှာ ယန်စာချုပ်က အမှန်တကယ် သဘောတူညီလက်မှတ်ထိုးထားတဲ့ စာချုပ်ဖြစ်ပြီးတော့ ယင်စာချုပ်က တစ်ခြားလူတွေကို အယောင်ပြဖို့အတွက် အခွန်လျော့ထားတဲ့ စာအုပ်ဖြစ်တယ်။ ]( ယင်စာချုပ်ကို ပြပြီးတော့ အခွန်ရှောငါတာကို ပြောချင်တာ)
ထိုထဲတွင် ယန်နိုင်ငံရဲ့ အကြီးမားဆုံး ဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်သည့် ဟန်တင်းဖျော်ဖြေရေးအုပ်စုသည် ပိုပြီး အထိနာခဲ့သည်။
ဘာလို့လဲဆိုတော့ လုမိုပိုင်ထုတ်ဖော်ခဲ့သည် ယင်ယန်စာချုပ်အများစုသည် ထိုကုမ္ပဏီ၏ အနုပညာရှင်များထံမှ ဖြစ်တာကြောင့်ဖြစ်သည်။ စတူဒီယို များ တည်ထောင်ရာတွင် အခွန်မဆောင်ခြင်းနှင့် အခွန်လိမ်လည်မှု ဖြစ်ရပ်များကလည်း ထိုကုမ္ပဏီမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
၎င်းက ပစ်မှတ်ထားပြီး ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသလိုပင် ဖြစ်သည်။
ရလဒ်အနေဖြင့် ဟန်တင်းဖျော်ဖြေရေးအုပ်စု၏ အတွင်းပိုင်အခြေအနေများသည် ဗရမ်းဗတာဖြစ်လာပြီး အစုရှယ်ယာများကလည်း ဆက်တိုက် ကျဆင်းလာခဲ့သည်။
ထိုနှစ်ရက်အတွင်းမှာပင် ၎င်းအုပ်စု၏ အစုရှယ်ယာများက သုံးဆယ်ရာခိုင်နှုန်း ထိုးကျသွားခဲ့သည်။
ပထမရက်နှင့် ပေါင်းလိုက်လျှင် ၎င်းအုပ်စု၏ အစုရှယ်ယာကျဆင်းနှုန်းက ငါးဆယ်ရာခိုင်နှုန်း ကျဆင်းသွားပြီး ဈေးနှုန်းကလည်း ထက်ဝက်ကျဆင်းသွားခဲ့သည်။
ထိုအခြေအနေကိုကြည့်ချင်းအားဖြင့် နှစ်ဆယ်ရာခိုင်နှုန်းကနေ ၊သုံးဆယ်ရာခိုင်နှုန်း မကျမချင်း ရှယ်ယာကျဆင်းနှုန်းက ရပ်တန့်လိမ့်မည်မဟုတ်ပေ။
ရင်းနှီးမြှုပ်နှံသူများသည် ငိုကြွေးခဲ့ကြပြီး ဘဏ္ဍာရေး အဖွဲ့အစည်းများတောင်မှ ငိုကြွေးခဲ့ကြသည်။
လင်ပေ့ဖန်သာလျှင် ရယ်မောနိုင်ခဲ့သည်။
" လုမိုပိုင် မင်းက သုံးရက်ထဲနဲ့ ဝင်ငွေ ခြောက်ဘီလီယံ ၊ခုနှစ်ဘီလီယံလောက်ငါ့ကို ယူလာပေးခဲ့တာပဲ။ နောက်ပြီး မင်းက နောက်ထပ် ဝင်ငွေ ၂၀ ဘီလီယံ ၊၃၀ ဘီလီယံလောက် ထပ်ရရှိအောင်လို့ ကူညီပေးနိုင်လောက်တယ်။ ညီအစ်ကို ငါ မင်းကို တကယ်ချစ်သွားပြီ ။ "
လင်ပေ့ဖန်သည် သူ့ဘာသာသူ ခွက်တစ်ခွက်ထဲသို့ လက်ဖက်ရည်လောင်းထည့်ပြီး ရွှင်မြူးစွာဖြင့် ပြောခဲ့သည်။
" ဇာတ်လိုက်က ရှေ့ဆုံးကနေ တိုက်ပွဲဝင်ပြီးတော့ ရွတ်ရွတ်ချွန်ချွန်တိုက်ခိုက်နေတဲ့အချိန်မှာ ငါဗီလိန်လေးက နောက်တန်းမှာ လှဲအိပ်ပြီးတော့ အောင်ပွဲခံနေတဲ့ ခံစားချက်က တကယ့်ကို ခံစားလို့ကောင်းတယ်။ဟားဟား....။ "
လင်ပေ့ဖန်သည် သတိမမူမိဘဲနဲ့ သူ့ရဲ့ အတိတ်ဘဝကို ပြန်တွေးမိခဲ့သည်။
သူ့ရဲ့အတိတ်ဘဝတုန်းက သူသည် နိမ့်ကျစွာဖြင့် စတင်ခဲ့ပြီး သူသန်မာလာတဲ့အချိန်ကျမှာ သူသည် ဇာတ်လိုက်ကို သေစေချင်ခဲ့သည်။
အခုပြန်စဉ်းစားကြည့်တော့ ဘယ်လောက်တောင် အချိန်တွေ အလဟသဖြစ်လိုက်လဲ....
ဒီတစ်ကြိမ် ဘယ်လောက်တောင် ကောင်းလိုက်လဲ....။
သူသည် ဇာတ်လိုက်တွေတိုင်းကို အခွင့်ကောင်းယူပြီး သူ့အစား သူတို့ကို အလုပ်လုပ်ခိုင်းခဲ့သည်။
စစ်ပွဲနတ်ဘုရားရဲ့ရှင်းချန်သည် သူ့ကို ကူညီပြီး ဆယ်ဘီလီယံ ရှာပေးခဲ့သည်။
ဂူသင်္ချိုင်းဖောက်သမား ဝူကောနှင့် နဂါးဘုရင်ကျိုရှင်းသည် သူ့ကို ကူညီပြီး ၂၀ဘီလီယံရှာပေးခဲ့သည်။
ယန်နိုင်ငံနှင့် အဝေးကြီးတွင်ရှိသော လုမိုပိုင်တောင်မှသူ့ကိုကူညီပြီး သူ့ရဲ့ရန်သူကို ကူတိုက်ပေးရုံသာမကပဲနဲ့ သူ့ကို ကူညီပြီး ယွမ် ဆယ်ဘီလီယံနီးပါးကူ ရှာပေးခဲ့သည်။
နှစ်လကျော်အတွင်းမှာပင် သူတို့သည် သူ့အတွက် ဝင်ငွေ ၄၀ဘီလီယံကျော် ယူလာပေးခဲ့ပြီးပြီဖြစ်သည်။
ထို့ပြင် ထိုထဲသို့ သူရှာခဲ့တဲ့ ၁၀ဘီလီယံပါ ပေါင်းထည့်လိုက်လျှင် သူရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းက ၅၀ဘီလီယံဖြစ်သွားလိမ့်မည်ဖြစ်သည်။
သူ့ရဲ့အတိတ်ဘဝတုန်းက ထိုဝင်ငွေပမဏရရှိဖို့အတွက် သူသည် အချိန်တစ်နှစ်ကြာယူခဲ့ရသည်။ အခုချိန်တွင် ကြာချိန်ကလည်း လေးဆ၊ငါးဆလောက် လျော့ကျသွားခဲ့သည်။
ဇာတ်လိုက်တွေက အရမ်းအထင်ကြီးစရာကောင်းတယ်....။
အရမ်းမိုက်တယ်.....။
လင်ပေ့ဖန်သည် အရမ်းပဲ ပျော်ရွှင်နေတာကြောင့် ဟဲရှီဝမ်ရဲ့ ဘားကို သွားပြီး သောက်၍ အောင်ပွဲခံခဲ့သည်။
အတွင်းရေးမှူးအလှလေး လျိုရုမေ့သည်လည်း သူဘားကိုသွားပြီး မဟုတ်တာ မလုပ်မိ စေရန်အတွက် သူ့ကို စောင့်ကြည့်ရန် သူ့နဲ့အတူတူလိုက်ပါလာခဲ့သည်။
" ညီအစ်ကို မင်းဒီကို ရောက်နေပြီပေါ့။ ဟားဟား.." ဟဲရှိဝမ်သည် လင်ပေ့ဖန်ကို နွေးထွေးစွာဖြင့် ပွေ့ဖက်ပြီး ပြောခဲ့သည်။
ထို့နောက် သူသည် လင်ပေ့ဖန်ရဲ့ဘေးကို လှမ်းကြည့်ပြီး မေးခဲ့သည်။
" အစ်ကိုရဲ့ ဘယ်မှာလဲ ။ ဘာလို့ သူမလာတာလဲ။ သူ ငါ့ဘားကို လူကြိုက်များလာအောင် လုပ်ပေးလိမ့်မယ်လို့ငါက မျှော်လင့်နေခဲ့တာ။ "
" လွန်ခဲ့တဲ့ တစ်လလောက်က သူ အရိုက်ခံရပြီးတော့ ဒဏ်ရာအပြင်းအထန်ရသွားလို့ အခု ဆေးရုံမှာ သူ ဆေးကုသမှုခံယူနေတယ်။ကံကောင်းချင်တော့ သူဉာဏ်ကြီးရှင်ဆရာဝန်တစ်ယောက်နဲ့ ကုသပြီးတော့ သူ့ရဲ့အခြေအနေက တစ်ဝက်ကျော်လောက်ပြန်သက်သာနေပြီ။ တစ်ပတ် နှစ်ပတ်လောက်ဆိုရင် သူ ဆေးရုံကနေ ဆင်းလာလိမ့်မယ်။ အဲ့ဒီအချိန်ကျမှာ သောက်ဖို့အတွက် ငါ သူ့ကို ခေါ်လာခဲ့မယ်။ "
" ကောင်းပြီ ...." ဟဲရှီဝမ်က ပြောခဲ့သည်။
ထို့နောက် သူတို့သည် ဘားရဲ့ အဓိကထိုင်ခုံများတွင် ထိုင်၍ ဝိုင်သောက်ပြီး ရှိုးပွဲကို ပျော်ရွှင်စွာဖြင့် ကြည့်နေခဲ့သည်။
ဝိုင်တစ်ဝက်လောက် သောက်ပြီးချိန်တွင် လင်ပေ့ဖန်သည် ဟဲရှီဝမ်ရဲ့ ပုခုံးကိုပုတ်ပြီး ပြောခဲ့သည်။
" ညီအစ်ကို ၊ ငါ မင်းစီလာတာ အရေးကြီးကိစ္စတစ်ခုရှိသေးတယ်။ "
ဟဲရှီဝမ်သည် သောက်နေရင်း မေးခဲ့သည်။
" ဘာကိစ္စလဲ ၊ ပြောလေ။ "
" ဖျော်ဖြေရေးလုပ်ငန်းမှာ ပိုက်ဆံရှာဖို့ မင်း စိတ်ဝင်စားလား။ "
ဟဲရှီဝမ်သည် သီးလုနီးပါးအထိ ထိတ်လန့်သွားခဲ့သည်။
ထို့နောက်သူသည် တစ်ငုံသောက်ပြီးနောက် လင်ပေ့ဖန်ကို နားလည်ရခက်သောအကြည့်ဖြင့် ကြည့်ပြီး ပြောခဲ့သည်။
" ညီအစ်ကို မင်း ငါ့ကို နောက်နေတာလား။ ငါ့လိုလူမျိုးက ဖျော်ဖြေရေးလုပ်ငန်းမှာ ပိုက်ဆံရှာနိုင်လို့လား။ "
လင်ပေ့ဖန်သည် လေးနက်စွာဖြင့် ခေါင်းညိတ်ပြီး ပြောခဲ့သည်။
" ငါ နောက်နေတာမဟုတ်ဘူး။ ငါ ပြောခဲ့တာ အမှန်ပဲ။ "
သူ့ရဲ့အရင်ဘဝတုန်းက လင်ပေ့ဖန်သည် ဖျော်ဖြေရေးလုပ်ငန်းတစ်ခုလုံးကို ဖြုတ်ချပြီးနောက် ဟဲရှီဝမ်ကို စီမံခိုင်းခဲ့သည်။
ဟဲရှီဝမ်သည် ထိုလုပ်ငန်းကို လုပ်ဖို့အတွက် မွေးဖွားလာခဲ့ပုံရသည်။
မင်းတို့ တွေ သူပညာမတတ်တာကို မကြည့်နဲ့။နောက်ပြီး သူက အလုပ်ကို ပေါ့ပေါ့ဆဆလုပ်တတ်ပေမဲ့ သူက ရဲရင့်ပြီးတော့ သတိကြီးတယ်။ အရေးကြီးတဲ့အချိန်ကျရင်လည်း သူက အရမ်းစည်းကမ်းရှိပြီးတော့ လုပ်ရဲကိုင်ရဲတယ်။ နောက်ဆုံးမှာ သူက ဖျော်ဖြေရေးလုပ်ငန်းရဲ့ တဝက်လောက်ကို အနိုင်ရရှိပြီးတော့ လက်ဝါးကြီးအုပ်နိုင်ခဲ့တယ်......။
လင်ပေ့ဖန်သည် နောက်ကွယ်ကနေ ကြိုးကိုင်နေပြီး သူ့ကတော့ လူအများရှေ့မှာ ကိုယ်ထင်ပြနေရတဲ့သူဖြစ်သည်။
ပြန်လည်မွေးဖွားလာပြီးနောက်တွင် လင်ပေ့ဖန်သည် ဖျော်ဖြေရေးလုပ်ငန်းရှိ အကျိုးအမြတ်များကို နောက်တစ်ဖက်အာရုံစိုက်ခဲ့ပြီး သဘာဝအတိုင်းသူသည် ဆွဲဆောင်ခံခဲ့ရသည်။
" မင်း စိတ်ဝင်စားလား မေးကြည့်ရုံပဲ။ "
ဟဲရှီဝမ်သည် မတုံ့ဆိုင်းပဲနဲ့ ခေါင်းညိတ်ပြီး ပြောခဲ့သည်။
" ဒါပေါ့ ၊ငါစိတ်ဝင်စားတာပေါ့။ဖျော်ဖြေရေးလုပ်ငန်းမှာ မိန်းမချောလေးတွေ အများကြီးရှိတယ်လေ။ ငါ သူတို့အကြောင်း စဉ်းစားနေတာ ကြာလှပြီ။ ဒါပေမဲ့ အဲ့ဒီနယ်ပယ်က ဝင်ဖို့ သိပ်မလွယ်ကူဘူး။ နောက်ပြီး ငွေရှိတိုင်းလည်း အဲ့ဒီနယ်ပယ်က မင်း ကစားလို့ ရနိုင်တဲ့ နယ်ပယ်တစ်ခုမဟုတ်ဘူး။ ငွေအများကြီးရှိဖို့လိုတယ်။ ငွေကြေးအရင်းအနှီးတွေ နဲ့ လူမှုဆက်ဆံရေးတွေကငါ့ရဲ့ အားနည်းချက်တွေပဲ။ "
ဟဲရှီဝမ်သည် ဆေးလိပ်ကို ယူထုတ်ပြီး မျက်မှောင်ကြုတ်၍ ပြောခဲ့သည်။
" နောက်ပြီး အခုချိန်မှာ အဲ့ဒီနယ်ပယ်က အတော်လေး ကမောက်ကမ ဖြစ်နေတယ်။ အဲ့ဒီနယ်ပယ်ထဲက လူတွေကလည်း စောင့်ကြည့်ခံရပြီးတော့ လူတိုင်းကလည်း အခုချိန်မှာ အန္တရာယ်ရှိနေတယ်။ ဒီအချိန်က ဝင်ဖို့ အချိန်ကောင်းမဟုတ်သေးဘူး။ "
လင်ပေ့ဖန်သည် သူ့ပုခုံးကို နောက်တစ်ကြိမ်ပုတ်ပြီး ပြောခဲ့သည်။
" မင်း စိတ်ဝင်စားနေသ၍ အချိန်ရောက်လာရင် ငါ မင်းကို အဲ့ဒီနယ်ပယ်ထဲ တွန်းပို့ပေးလိုက်မယ်။ "
" တကယ်လား ညီအစ်ကို ။ ဒါဆိုရင် ငါ မင်းကို တကယ်ပဲ ကျေးဇူးတင်တယ်။ "
ဟဲရှီဝမ်သည် အတော်လေးပျော်ရွှင်သွားပြီး သူ့ဖန်ခွက်ကို အလျင်အမြန်ပဲ ကောက်ကိုင်၍ ပြောခဲ့သည်။
" လာ၊ညီအစ်ကို ခွက်ချင်းတိုက်လိုက်ကြရအောင် ။ ငါတို့ရဲ့ အလုပ်အကိုင်တွေ ဆက်တိုးတက်ပြီးတော့ ပိုကောင်းလာပါစေလို့ ငါဆုတောင်းပါတယ်။ "
" ချီးယား..........." လင်ပေ့ဖန်သည်လည်း သူ့ခွက်ကို မြှောက်ခဲ့သည်။
" အဟွတ်အဟွတ် " သူတို့နှစ်ယောက်ရဲ့ ဘေးနားကနေ ချောင်းဆိုးသံတစ်သံ ထွက်လာခဲ့သည်။
လင်ပေ့ဖန်သည် သူ့ဝိုင်ခွက်ကို တိတ်တဆိတ်ပြန်ချ၍ လိမ္မော်ရည်ထည့်ထားတဲ့ ဖန်ခွက်ကို နောက်တစ်ကြိမ် ကောက်ကိုင်ပြီး တို့စ်လုပ်ခဲ့သည်။
လျိုရုမေ့သည် ဒီတစ်ကြိမ်မှာတော့ လင်ပေ့ဖန်ကို မတားခဲ့ပေမဲ့လည်း သူမရဲ့ မျက်နှာက အနည်းငယ် နီရဲနေခဲ့သည်။
ဘာလို့လဲဆိုတော့ လင်ပေ့ဖန်ကိုင်ပြီး သောက်ခဲ့တဲ့ လိမ္မော်ရည်ခွက်က သူမသောက်ထားတဲ့ ခွက်ဖြစ်နေတာကြောင့် ဖြစ်သည်။
" ဒီလူယုတ်မာ ၊သေချာပေါက် တမင်သက်သက်လုပ်တာဖြစ်မယ်။ဟွန့်....။ "
သူမသည် ယခုချိန်တွင် ဒေါသအကြီးအကျယ်ထွက်နေသင့်သော်လည်း ဘာလို့လဲမသိ သူမရဲ့ စိတ်ထဲမှာတော့ တစွန်းတစပျော်ရွှင်နေခဲ့သည်။
ဒုတိယနေ့တွင် လင်ပေ့ဖန်သည် ဘယ်လိုပဲ အလုပ်များနေပါစေ ဆေးရုံကို သွားမယ့်အချိန်ကိုတော့ သေချာပေါက်ဖယ်ထားခဲ့သည်။
ဘာရယ်တော့ မဟုတ်ပါဘူး။ သူသည် ဝူကောကို အန်တီလျူက ဘယ်လို ဂရုစိုက်နေလဲဆိုတာကို မြင်ချင်တာကြောင့်ဖြစ်သည်။
ထို့ပြင်လင်ပေ့ဖန်သည် သူတို့နှစ်ယောက်ရဲ့ ချစ်ခင်ကြင်နာနေတဲ့ပုံကို မြင်တိုင်း အရမ်းပဲ ကျေနပ်ပြီး ကမ္ဘာကြီးတစ်ခုလုံးက ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေသလို ခံစားခဲ့ရသည်။
သူတို့နှစ်ေယာက်ရဲ့ ဘေးနားက ကုတင်ပေါ်တွင် လဲလျောင်းနေသော ဖတ်တီးဝမ်သည် ထိုမြင်ကွင်းကိုကြည့်ပြီး အနည်းငယ်ချဉ်သွားခဲ့သည်။
" ငါ့ကိုယ်ကိုကိုယ်ငါ လူပိုတစ်ေယာက်ဖြစ် နေသလို ခံစားနေရတယ်။ "
" မင်း တစ်ယောက်ထဲမဟုတ်ပါဘူး။ " လင်ပေ့ဖန်သည် လမ်းလျှောက်လာပြီး ဖတ်တီးဝမ်ရဲ့ ပုခုံးကို ပုတ်၍ နှစ်သိမ့်ခဲ့သည်။
" ယောင်္ကျားတိုင်းမှာ စော်တစ်ယောက်တော့ရှိသင့်တယ်။ ဒါကြောင့် မင်း စော်တစ်ယောက်လောက်ရှာသင့်တယ်။ ငါ့ကုမ္ပဏီမှာ အသစ်ဝင်လာခဲ့တဲ့ လူတစ်ယောက် တော့ရှိတယ်။ ငါ မင်းကို သူမနဲ့ မိတ်ဆက်ပေးမယ်။ "
ဖတ်တီးဝမ်ရဲ့ မျက်လုံးများက လက်သွားခဲ့သည်။
" သူမက ဘယ်လိုပုံရှိလဲ။ အသက်ငယ်ပြီးတော့ လှလား။ "
" အသက်တော့ မငယ်ဘူး။ ဒါပေမဲ့ သူမက အရမ်းပဲလှတယ်။ "
ဖတ်တီးဝမ်၏ မျက်လုံးများက ပိုပြီးတော့တောင်မှ တောက်ပလာခဲ့သည်။
" တကယ်လား...။သူမက ဘယ်လောက်ထိလှလဲ....။ "
" သူမက အန်တီလျူလောက် လှတယ်...။ "
ဖတ်တီးဝမ် : "....."
" မင်းတို့ နှစ်ယောက်သာ အတူတူရှိရင် လင်နဲ့ မယားလိုပဲ တကယ့်ကို လိုက်ဖက်မှာ....။ "
ဖတ်တီးဝမ် : "....."
" ထားလိုက်တော့။ ငါ့ဘာသာငါ စင်ကယ်ဖြစ်တာပဲ ကောင်းတယ်။ "
နောက်ဆုံးမှာတော့ လင်ပေ့ဖန်သည် ရှောင်ချန်း နဲ့ ရဲ့ရှင်းချန်စီသို့ နောက်တစ်ကြိမ် လည်ပတ်ခဲ့သည်။
ရှောင်ချန်းသည် အခုချိန်တွင် သူ့ဒဏ်ရာများကို စိတ်ရောကိုယ်ပါ ကုသနေတာကြောင့် ပိုပြီးတော့ အေးချမ်းနေခဲ့သည်။
သို့သော်လည်း ရဲ့ရှင်းချန်ကတော့ အဆင်မပြေနေခဲ့ပေ။
လင်ပေ့ဖန် သူစီလာလည်ချိန်တွင် ရဲ့ရှင်းချန်သည် လင်ပေ့ဖန်ရဲ့ လက်ကို တင်းတင်းဆုပ်ဆုပ်ကိုင်ပြီး စိတ်ထိခိုက်နေသောအမူအရာအချို့ဖြင့် ပြောခဲ့သည်။
" မစ္စတာလင် ၊ ကျွန်တော့်ကို အဝေးခေါ်သွားေပးပါ။ ကျွန်တော် ဒီဆေးရုံမှာ တကယ် မနေချင်တော့ဘူး။ ကျွန် တော် ဆက်နေ နေရင် အခု ရူးသွားလိမ့်မယ် ။ “