← Chapters

အခန်း (၁၁၆)

Vol. 8 Ch. 116

အခန်း (၁၁၆)

Vol. 8 Ch. 116

ယောကျာ်းတစ်ယောက် လိုက်နေတာလား …?

လင်ပေ့ဖန်များလား …?

သူ့နှလုံးသားသည် တင်းကြပ်သွားခဲ့ပြီး သူသည် ထိုမေးခွန်းကို စာရိုက်မေးလုနီးပါးဖြစ်သွားခဲ့သည်။

ဒါပေမဲ့လည်း ထိုအကြောင်းကို စဉ်းစားပြီးသည့်နောက်တွင် သူသည် ထိုအရာက မဖြစ်နိုင်ဘူးဆိုတာကို နားလည်ခဲ့သည်။

သူ့၏ အတိတ်ဘဝတုန်းက ကဗျာပြိုင်ပွဲတွင် သူတို့တွေ့ဆုံခဲ့တာက နောက်တစ်နှစ်အကြာမှ ဖြစ်သည်။

လက်ရှိမှာတော့ လင်ပေ့ဖန်က မှော်ပင်လယ်ထဲတွင် တိတ်တဆိတ်နှင့် ဖွံ့ဖြိုးတိုးတက်နေသည်။ထို့ကြောင့်သူသည် လိန်ချင်းရွဲ့နှင့် ဆက်သွယ်ရန် အခွင့်အရေးမရှိပေ။

သို့သော်လည်းပဲ သူ့အမျိုးသမီးကို ချဉ်းကပ်တဲ့ ယောကျာ်းက လင်ပေ့ဖန် ဒါမှမဟုတ် တစ်ခြားယောကျာ်းပဲဖြစ်ဖြစ် ထိုအရာက သူ့ကို အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ပြီး စက်ဆုပ်ရွံရှာစေသည်။

မိုပိုင် : ဘယ်သူလဲ ? ။

ချင်းရွဲ့ : ရှင်သူ့ကို မသိလောက်ဘူး။ ကျွန်မတို့ အဲ့ဒီအကြောင်းကို မပြောကြတော့ရအောင်။

မိုပိုင် : ငါ့ကို အရင်ပြောပြ။ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မသိကြသေးဘူးလေ။ ဒါက မင်းရဲ့ အဆင်မပြေမှုတွေကို ရင်ဖွင့်ဖို့ ကူညီပေးနိုင်တယ်။

ချင်းရွဲ့ : ရှင်ပြောတာမှန်တယ်။ အဲ့ဒီလူရဲ့နာမည်က ကျိုရှင်းလို့ခေါ်တယ်။ အထူးသဖြင့် သူက အတော်လေးစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ လူတစ်ယောက်ပဲ ။

အခြားဖုန်းတစ်ဖက်တွင် လုမိုပိုင်သည် မျက်မှောင်ကြုတ်ပြီး စဉ်းစားနေခဲ့သည်။

" ကျိုရှင်း ?။ ဒီနာမည်က အတော်လေးကို ရင်းနှီးနေသလိုပဲ ….။ "

သူသည် သူ့အတိတ်ဘဝတုန်းက နဂါးဘုရင်လို့ခေါ်တဲ့ လူတစ်ယောက်ကို သွားသတိရမိခဲ့သည်။ကျိုရှင်းတွင် ချို့ယွင်းချက်အချို့ရှိသော်လည်း သူသည် အတော်လေးကို ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသည်။ထို့ပြင် သူ့၏ မိသားစုနောက်ခံ နှင့် ကိုယ်ပိုင်စွမ်းရည်များကလည်း ထိပ်တန်းဖြစ်သည်။

အရေးကြီးဆုံးအချက်ကတော့ သူသည် လင်ပေ့ဖန်၏ ရန်သူဖြစ်သည်။

သူတို့၏အတိတ်ဘဝတုန်းက ကျိုရှင်းနှင့်အခြားထူးချွန်ထက်မြက်သော လူငယ်အချို့သည် လင်ပေ့ဖန်ကို ရင်ဆိုင်တိုက်ခိုက်ရန် အင်းအားများပူးပေါင်းခဲ့ကြသည်။

အဆုံးမှာတော့ လင်ပေ့ဖန်သည် အတော်လေး ကြောက်စရာကောင်းတာကြောင့် သူတို့၏ ကြိုးစားမှုများက ကံမကောင်းစွာဖြင့် ရှုံးနှိမ့်ခဲ့ရသည်။

ဒီလူယုတ်မာက ငါ့အမျိုးသမီးကို ခိုးယူဖို့ ကြိုးစားတာဖြစ်နိုင်မလား ….?

ဒါပေမဲ့လည်း သူသည် ယင်းက မဖြစ်နိုင်ဘူးဟု ခံစားခဲ့ရသည်။ဘာကြောင့်လဲဆိုတော့ ကျိုရှင်းနှင့် လိန်ချင်းရွဲ့က အဆက်အသွယ်မရှိသင့်တာကြောင့်ဖြစ်သည်။

ထို့အပြင် ကျိုရှင်းဆိုတဲ့ နာမည်က အတော်လေး အသုံးများပြီး အင်တာနက်ပေါ် ရှာဖွေကြည့်ရာတွင်လည်း ထိုနာမည်က ထောင်နှင့်ချီရှိတာကြောင့် သူက နဂါးဘုရင်ကျိုရှင်းမဖြစ်နိုင်ပေ။

မိုပိုင် : သူက ဘယ်လိုလူမျိုးလဲ ? ။

ချင်းရွဲ့ : ဘယ်လိုပြောရမလဲ …..

ချင်းရွဲ့ : သူက အတော်လေး အတ္တကြီးတယ်၊ အတော်လေးလည်း ဘဝင်မြင့်တယ် ပြီးတော့ သူက အတော်လေး မာနကြီးတဲ့လူပဲ။

လုမိုပိုင်သည် သူ့စိတ်ထဲတွင် ညည်းညူနေသည်။

သူသိသော လူသည်လည်း အတော်လေး အတ္တကြီး၍ ဘဝမြင့်ပြီး မာနကြီးသည်။

ကြည့်ရတာတော့ သူသည် ကမ္ဘာပေါ်တွင် အမိုက်အမဲဆုံးလူတစ်ယောက်ဖြစ်ပုံရသည်။

ချင်းရွဲ့ : ကျွန်မသူ့ကို မြင်တဲ့အချိန်တိုင်း သူ့နောက်မှ အနက်ရောင်ဝတ်ကိုယ်ရံတော်တစ်ဖွဲ့ကို အ မြဲတမ်းတွေ့ရတယ် ။ပြီးတော့ သူတို့က လမ်းတွေ၊တံတားတွေနဲ့ အရာအားလုံးကို ပိတ်ပစ်တတ်တယ်။ အကယ်၍ ခွေးတွေဖြတ်သွားရင်တောင် တုတ်နဲ့ လိုက်ရိုက်တတ်တယ်။ ဟွန့် ၊ သူ့ကို ကြည့်ရတာ လူတွေ သူ့ကို သတိမထားမိမှာ ကြောက်နေသလိုဘဲ ။

လုမိုပိုင်သည် သူ့စိတ်ထဲတွင် နောက်တစ်ကြိမ်ညည်းညူခဲ့သည်။

သူသိသော လူသည်လည်း ထိပ်တန်းဆယ်လီများထက် ပိုကြီးကျယ်ခမ်းနားသော ဒီဇိုင်းကာလာဘာညာအနေအထားဖြင့် အနက်ရောင်ဝတ်စုံဝတ် ကိုယ်ရံတော်တစ်ဖွဲ့ကို ခေါ်လာပြီး အမြဲတမ်းပေါ်လာတတ်သည်။

ချင်းရွဲ့ : ပြီးတော့ အဲ့ဒီလူရဲ့ အတိုက်အခိုက်စွမ်းရည်ကလည်း အရမ်းမြင့်တယ် ။

ချင်းရွဲ့ : သူ အားကောင်းမောင်းသန် ယောကျာ်းကြီးတွေကို အားမစိုက်ဘဲနဲ့ သူ့ဘာသာသူ တိုက်ခိုက်တာကို ကျွန်မမျက်လုံးနဲ့ ကျွန်မကိုယ်တိုင်မြင်ခဲ့တယ်။

လုမိုပိုင်သည် သူ့စိတ်ထဲ၌ နောက်တစ်ကြိမ်ညည်းညူခဲ့သည်။

သူသိတဲ့ လူသည်လည်း အတော်လေး အတိုက်အခိုက်စွမ်းရည်မြင့်သည်။

လူတစ်ဒါဇင်လောက်ကို လက်ဗလာဖြင့် ကိုင်တွယ်ရလျှင်လည်း သူ့အတွက်ပြဿနာမရှိပေ။ ထို့ပြင်သူသည် လင်ပေ့ဖန်ကို ခြိမ်းခြောက်နိုင်သည့် လူအနည်းစုထဲက လူတစ်ယောက်ဖြစ်သည်။

ချင်းရွဲ့ : ပိုပြီးတော့ စိတ်တိုစရာကောင်းတာက သူ့မှာ မိန်းမတစ်ယောက်ရှိတာတောင် ကျွန်မကို ဖွန်ကြောင်ဖို့ ကြိုးစားနေတုန်းပဲ။

လုမိုပိုင်သည် သူ့စိတ်ထဲ၌ နောက်တစ်ကြိမ်ညည်းညူခဲ့သည်။

သူသိသော လူတွင်လည်း မိန်းမတစ်ယောက်ရှိသည်။ဒါပေမဲ့လည်း သူ့မိန်းမက သူ့ကို ဆိုးဆိုးရွားရွားဆက်ဆံပြီး သူမအမေ ခြေထောက်ကို ဆေးခိုင်း၍ တခြားအရာများကို မကြာခဏ လုပ်ခိုင်းလေ့ရှိသည်။

ချင်းရွဲ့ : ကျွန်မသူ့ကို အကြိမ်ပေါင်းများစွာငြင်းပြီးတဲ့နောက်မှာ သူ့က ကျွန်မကို ( မင်းလို အမျိုးသမီးမျိုးတစ်ယောက်ကပဲ ငါနဲ့ ထိုက်တန်တယ်။ မင်း ငါ့ရဲ့ လက်ဖဝါးအောက်ကနေ မလွတ်မြောက်နိုင်ဘူး။ )လို့ အထက်စီးဆန်စွာ ပြောခဲ့တယ်။

လုမိုပိုင်သည် ရယ်မောခဲ့သည်။

လိန်ချင်းရွဲ့ပြောတဲ့ လူသည် သူ့စိတ်ထဲက လူတစ်ယောက်ဆိုတာကို ၈၀ရာခိုင်နှုန်းလောက် သေချာနေခဲ့ပြီဖြစ်သည်။

သို့သော်လည်းပဲ သူသည် ထပ်မံပြီး အတည်ပြုရန်လိုအပ်နေသည်။

မိုပိုင် : သူ့မှာ တစ်ခြားထူးခြားတဲ့ ပင်ကိုယ်လက္ခဏာတစ်ခုခုများရှိသေးလား ? ။

ချင်းရွဲ့ : ရှိတယ် ။

ချင်းရွဲ့ : သူစကားပြောပြီးတဲ့အချိန်တိုင်း သူ့ရဲ့ ပါးစပ်ထောင့်က အလိုအလျောက်တွန့်သွားတတ်တယ်။ သူ့ကို ကြည့်ရတာ ကိုးရိုးကားယားနဲ့ အဆင်မပြေဘူး။

ချင်းရွဲ့ : အို့ ၊ပြီးတော့ လူတိုင်းက သူ့ကို နဂါးဘုရင်လို့ ခေါ်ကြတယ်။

ချင်းရွဲ့ : ဒီခေတ်ကြီးထဲမှာတောင် သူ့ကို နဂါးဘုရင်လို့ ခေါ်နေတုန်းပဲ ။ဒါက ကအတော်လေးကို ရယ်စရာကောင်းတယ် ။

လုမိုပိုင်၏ စိတ်ထဲ၌ ပေါက်ကွဲသွားခဲ့သည်။

သေချာပေါက် သူပဲ... !!

နဂါးဘုရင် ကျိုရှင်း….!!

သူသာလျှင် ထိုကဲ့သို့ အတော်လေး အတ္တကြီးပြီး၊ ဘဝင်မြင့်၍ မာနကြီး လိမ့်မည်ဖြစ်သည်။သူသာလျှင် ထိုကဲ့သို့ အနက်ရောင်ဝတ်လူတစ်စုကို အမြဲခေါ်လာပြီး ပေါ်လာလိမ့်မည်ဖြစ်သည်။သူသာလျှင် မိန်းမတစ်ယောက်ရှိပြီးတာတောင် အပြင်တွင် ဆက်လက်၍ ပရေပရောလုပ်လိမ့်မည်ဖြစ်သည်။သူသာလျှင် စကားပြောသည့်အခါတိုင်း ထိုကဲ့သို့ ပါးစပ်တွန့်ပြီး ပြောတတ်သည်။သူသာလျှင် သူ့ကိုယ်ကိုယ်သူ နဂါးဘုရင်လို့ ခေါ်လိမ့်မည်ဖြစ်သည်။

" မင်း ၊ကျိုးရှင်း ! ငါက မင်းနဲ့တောင် မဆက်ဆံရသေးဘူး မင်းက ငါ့အမျိုးသမီးကို စနိုက်ကြော်ဖို့ ကြိုးစားနေပြီပေါ့လေ။ လင်ပေ့ဖန်တောင် မင်းလောက်မြန်မြန် မလှုပ်ရှားဘူး။ "

လုမိုပိုင်သည် ဒေါသတကြီး ဖြစ်နေခဲ့သည်။

သူသည် ဘယ်တုန်းကမှ ထိုကဲ့သို့ မမျှော်လင့်ခဲ့ဖူးပေ။

ငါက လင်ပေ့ဖန်နဲ့ ရင်ဆိုင်ဖို့ နိုင်ငံခြားမှာ အလုပ်ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့ မင်းကတော့ ငါ့အိမ်မှာနေပြီး ငါ့အမျိုးသမီးကို ကြောင်တောင်နှိုက်ဖို့ ကြိုးစားနေတာလား.... ?

အကယ်၍ သူသာ လိန်ချင်းရွဲ့နှင့် မဆက်သွယ်ခဲ့ရင် သူသည် ထိုအကြောင်းကို သိခဲ့လိမ့်မည် မဟုတ်ပေ။

သူ့ကို တစ်ခြားလူက ဦးထုပ်စိမ်းကြီးတစ်လုံးကို ဆောင်းလုနီးပါးဖြစ်ခဲ့သည်။

သူသည် ဇာတ်လိုက်ပုံစံဖြင့် ပြန်လည်မွေးဖွားလာပြီးတောင်မှ သူသည် တစ်ခြားလူတစ်ဦး၏ ဦးထုပ်ဆောင်းခြင်းဖြင့် အဆုံးသတ်လုနီးပါးဖြစ်ခဲ့ရသည်။

ထိုအရာက အတော်လေးကိုမှ ရှက်စရာကောင်းသည်။

မိုပိုင် : သူမင်းကို တစ်ခုခုများ လုပ်ခဲ့သေးလား…?

ချင်းရွဲ့ : မလုပ်ရသေးဘူး။ ပြီးတော့ ကျွန်မက သာမန်အမျိုးသမီးတစ်ယောက်မှမဟုတ်တာ။ကျွန်မ သူ့ကို ဘယ်လိုလုပ် လွယ်လွယ်ကူကူနဲ့ အောင်မြင်နိုင်ခွင့်ပေးမှာလဲ ? ။

မိုပိုင် : ကောင်းတယ်

ချင်းရွဲ့ : ဒါပေမဲ့ ဘယ်သူက အနာဂတ်ကို သိနိုင်မှာမို့လို့လဲ ?

သူတို့နှစ်ယောက်၏ စကားဝိုင်းပြီးဆုံးသွားပြီးနောက်တွင် လုမိုပိုင်၏ ရင်ထဲ၌ အချိန်အကြာကြီး စိတ်မတည်ငြိမ်နိုင်ခဲ့ပေ။

သူသည် လင်ပေ့ဖန်နှင့် ရင်ဆိုင်ရန် နိုင်ငံခြားတွင် သူ့၏ ကိုယ်ပိုင်လုပ်ငန်းကိုတည်ဆောက်ပြီး အလုပ်ကြိုးစားနေခဲ့သော်လည်း သူ့၏ မဟာမိတ်ဟောင်းက သူ့အိမ်ရှိအရာကို ခိုးယူရန် ကြိုးစားနေခဲ့သည်။

" မင်း သူငယ်ချင်းရဲ့ အမျိုးသမီးကို မင်းအနိုင်မကျင့်သင့်ဘူး ။ ဒါပေမဲ့ မင်းကတော့ ဂရုမစိုက်ဘူး…..။ "

" မင်းက လင်ပေ့ဖန်ထက် ပိုပြီးတော့တောင် စက်ဆုပ်စရာကောင်းသေးတယ်…။ "

" နဂါးဘုရင် ကျိုရှင်း "

သူသည် ထိုအကြောင်းကို ပိုပြီးတွေးလေလေ ရတတ်မအေးဖြစ်လာပြီး သူသည် တစ်ခုခုလုပ်ရန်အချိန်ရောက်ပြီဟု ခံစားခဲ့ရသည်။

ထိုသို့မဟုတ်ပါက သူသည် သူ့ဘဝတွင် နောက်ထပ်အရှက်တကွဲ ၊အကျိုးနည်းဖြစ်ခြင်းဖြင့် အဆုံးသတ်ရလိမ့်မည်ဖြစ်သည်။

" ငါ အခု မင်းနဲ့ မရင်ဆိုင်နိုင်သေးပေမဲ့ မင်းကို စိတ်ပျက်အောင်လုပ်ဖို့ နည်းလမ်းတစ်ခုတော့ ငါ့မှာ ရှိတယ် ။ "

ထို့နောက်လုမိုပိုင်သည် သူ့၏ ကွန်ပျူတာကို ဖွင့်၍ သူ့ကိုယ်ကိုယ်သူ အင်တာနက်ဟာသလုပ်သူအသွင်ပြောင်းလိုက်ပြီး သူ့၏လက်ချောင်းများဖြင့် ကီးဘုတ်ပေါ်တွင် ရိုက်နှိပ်ခဲ့သည်။

[ စာအုပ်ခေါင်းစဉ် = မြို့ပြရဲ့ သမက်တော် နဂါးဘုရင် ]

[ မိတ်ဆက် : သူသည် တစ်ချိန်တုန်းက စူပါလျှို့ဝှက်မိသားစုတစ်ခု၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်ခဲ့ဖူးသည်။သူသည် တစ်ချိန်တုန်းက ကမ္ဘာကြီးကို ငုံ့ကြည့်ခဲ့သည် နဂါးဘုရင်တစ်ပါးလည်း ဖြစ်ခဲ့ဖူးသည်။သူသည် တချိန်တုန်းက ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်သည့် ယောကျာ်းတစ်ယောက်ဟု လူသိများသည်။ ]

[ ဒါပေမဲ့လည်း အခုတော့ သူသည် အတော်အသင့်ချမ်းသာတဲ့ မိသားစုတစ်ခု၏ သမက်တော်တစ်ယောက်ဖြစ်လာပြီး သူ့မိန်းမ၏ ခြေထောက်ကို မကြာခဏ ဆေးကြောပေးရတဲ့ အိမ်ပါသမက်တစ်ေယာက်ဖြစ်လာခဲ့သည်။ ]

[ အခန်းတစ် - သုံးနှစ်တာကာလက ရောက်လာခဲ့ပြီ]

" အမှိုက်ကောင် ! ဒီနေ့ကစပြီးတော့ နင့်ကို လီမိသားစုကနေ ထုတ်ပစ်လိုက်ပြီ ။ "

နဂါးဘုရင်ရဲ့ သက်တော်စောင့်တွေ ဝင်လာခဲ့သည် … "

" ရဲ့ရင့်လှချည်လား ၊နင်ကများ နဂါးဘုရင်ကို စော်ကားရဲ တယ်ပေါ့လေ... "

" ဘာနဂါးဘုရင်လဲ ?။ သူက လီမိသားစုရဲ့ နိမ့်ကျတဲ့ သမက်တစ်ယောက်ပါပဲ... ။ "

ထို့နောက် သုံးနှစ်ကာလက ပြီးဆုံးသွားခဲ့သည်။

လက်အောက်ငယ်သားတွေက နဂါးဘုရင်ကို သူ့ရဲ့နေရာ ပြန်လာဖို့အတွက် အသနားခံနေကြသည်။

( နဂါးဘုရင်သည် လှောင်ပြုံးပြုံးခဲ့သည်။ )

[ အွန်လိုင်း ဝတ္ထုသစ်တစ်ပုဒ်ထွက်လာပြီ ]

[ ဝတ္ထုရဲ့ အစက အရမ်းမိုက်ပြီးတော့ အထူးသဖြင့် အသနားခံတာက ပိုမိုက်တယ်မလား ? ]

ဒါပေမဲ့ ငါက ပုံမှန်အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ကိုပဲ ရေးနေတာလို့ မင်းထင်လား …?

မဟုတ်ဘူး၊မဟုတ်ဘူး…....!!

လုမိုပိုင်သည် အေးစက်စွာဖြင့် ပြုံးရင်း စာရိုက်ခဲ့သည်။

" နဂါးဘုရင်ရဲ့ မြင့်တက်ခြင်းလား ?။ ငါမင်းကို နဂါး သေတစ်ကောင်ဖြစ်အောင်လုပ်ပြီးတော့ တသက်လုံး အရှက်ရအောင်လို့ တိုင်ပေါ်မှာ ကြိုးနဲ့ချည်ထားမယ်။”

All Chapters