အခန်း (၄၈)
Vol. 4 Ch. 48
ကျိုရှင်း၏ ရင်ထဲမှာတော့ ဒေါသမီးတောက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ဘာကြောင့်လဲဆိုတော့ သူ့၏ ဘဝ၌ သူ အမုန်းဆုံး အရာတစ်ခုမှာ သစ္စာဖောက်တာ ဖြစ်ခြင်းေကြာင့်သည်။
သို့ပေမဲ့ ရှောင်ချန်း နှင့် ရဲ့ရှင်းချန်တို့က သူ့ရဲ့လက်အောက်ငယ်သားတွေ မဟုတ်သော်လည်းပဲ သူပြန်လည်းမမွေးဖွားလာခင်တုန်းက သူတို့သည် မဟာမိတ်ဖွဲ့၍ ကြီးမြတ်တဲ့နတ်ဆိုးဘုရင် လင်ပေ့ဖန်ကို အတူတကွ ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။
*အခုေတာ့ သူ့မဟာမိတ်တွေရဲ့ သစ္စာဖောက်ခြင်းကိုပြန်ခံရတာက ၊ ဘယ်လိုလုပ်ပြီး သူ့နှလုံးသားကို သက်သာရာရစေမှာလဲ ? *
" ရှောင်ချန်း နဲ့ ရဲ့ရှင်းချန် ၊ ငါတို့ရဲ့ အတိတ်ဘဝက သူငယ်ချင်းဆက်ဆံရေးကို ထောက်ပြီး ငါ အခုတစ်ကြိမ်တော့ မင်းတို့ကို လွှတ်ပေးလိုက်မယ်။ဒါပေမဲ့ မင်းတို့က ဆက်ပြီးတော့ အနောက်ကနေ ဖင်လာနှိုက်ရင် မင်းတို့ကို ငါ သက်ညှာပေးမှာ မဟုတ်ဘူး။( နောက်ကျောကနေ ဓားနဲ့ထိုးတာနော် ) "
ထို့နောက် ကျိုရှင်းသည် ဝိုင်ခွက်ကို ကိုင်၍ သူ့ရဲ့နောက်မှာ ရှိတဲ့ လူတွေစီကို လှည့်လိုက်ပြီး " လင်ပေ့ဖန် နဲ့ လင် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီရဲ့ လှုပ်ရှားမှုတိုင်း ကို နီးနီးကပ်ကပ်စောင့်ကြည့်ထားပါ။ အကယ်၍ တစ်ခုခုထူးခြားတာရှိရင်လည်း ငါ့ကို ချက်ချင်း တင်ပြပါ။"ဟု ပြောလိုက်သည်။
" ဟုတ်ကဲ့ ၊ နဂါးဘုရင် " ဟု လူတိုင်းက ညီညီညာညာဖြင့် ပြန်ပြောခဲ့သည်။
.........
တစ်ခြားတစ်ဖက်မှာတော့ ဒုတိယဇာတ်လိုက်ဖြစ်တဲ့ ရဲ့ရှင်းချန်သည် ရက်အနည်းငယ်ကြာ သူ့ရဲ့ စိတ်ဒဏ်ရာတွေကို ကုသပြီးနောက် နောက်ဆုံးမှာတော့ ပြန်ကောင်းလာခဲ့သည် ။
" မင်္ဂလာနံနက်ခင်းပါ ၊ မစ်စတာရဲ့ "
" မင်း ပြန်လာတာကို ကြိုဆိုပါတယ် ၊ မစ်စတာရဲ့။"
" မင်းကိုကြည့်ရတာ တကယ်ဘဲ အားအင်တွေပြည့်နေသလိုဘဲ။ "
"မင်းအလုပ်ပြန်ဆင်းမယ့် အချိန်ကို ငါတို့က စောင့်နေတာ ။ "
…..
ထို့ပြင် သူသွားရာ ကုမ္ပဏီလမ်းတစ်လျှောက်တွင်လည်း လူတိုင်းက သူ့ကို နွေးထွေးစွာဖြင့် နှုတ်ဆက်ကြ၍ ရဲ့ရှင်းချန်ကလည်း အပြုံးတစ်ပွင့် ပြန်ပြောခဲ့သည်။
ရဲ့ရှင်းချန်သည် ရက်အနည်းငယ်ကြာအနားယူပြီးနောက် သူပြန်လည်ကောင်းမွန်လာချိန်တွင် လင်ပေ့ဖန်အတွက် ပိုက်ဆံရရှိေအာင် သူ လုပ်ပေးနိုင်ခဲ့သည့် အဓိက အကြောင်းပြချက်ကို သိရှိခဲ့သည်။
သူသည် ပြန်လည်မွေးဖွားလာပြီး အဓိက ဇာတ်ကောင်တစ်ကောင်လည်းဖြစ်တာကြောင့် ကမ္ဘာတစ်ခုလုံးမှာရှိတဲ့ လူတိုင်းထက် သူရဲ့ကံက ကောင်းနေခဲ့သည်။ထို့ကြောင့် သူ နည်းလမ်းအမျိုးမျိုးဖြင့် ငွေရှာနိုင်ရခြင်းမှာ သူ့ရဲ့ ကိုယ်ပိုင်ကံကြောင့် ဖြစ်တယ်ဆိုတာကို သူနားလည်သဘောပေါက်ခဲ့သည်။
ဤအချက်ကြောင့် သူသည် မတော်တဆဖြစ်ပြီးတော့ လင်ပေ့ဖန်ကို အမှတ်တမဲ့နဲ့ ကူညီသလိုဖြစ်ခဲ့ခြင်းဖြစ်သည်။
" ဒါကတော့ ငါလည်း ဘာမှမတတ်နိုင်ဘူး။ ငါက ဇာတ်လိုက်ဆိုတော့လည်း အံ့ဩစရာကောင်းတာပေါ့။ "
ထိုအချက်ကိုနားလည်ပြီးနောက် သူသည် ပို၍ စိတ်လက်ပေါ့ပါး ရှိပြီး စိတ်သက်သာရာရသလို ခံစားခဲ့ရသည်။
" ငါ အနာဂတ်မှာ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့အကျင့်ကို မလုပ်မိအောင် လျော့ချပစ်ရမယ်။ "
' ဒီအချိန်မှာ ငါ့ရဲ့ လက်ရှိအချက်အလက်တွေကို သုံးပြီးတော့ သူ့ရဲ့ ယုံကြည်မှုကို ရရှိအောင် ငါလုပ်နိုင်တယ်။ငါ သူ့ကို လှည့်စားပြီး အရှုံးပေါ်စေမယ့် လုပ်ငန်းတွေမှာဘဲ ရင်းနှီးမြှုပ်နှံခိုင်းပြီးတော့ သူရှာထားတဲ့ အရာအားလုံးကို ပြန်အန်ထုတ်ခိုင်းမယ်။ ဒါမှဘဲ တစ်ချက်ထဲနဲ့ အတိုးကော အရင်းရော သူ့စီကနေ တောင်းပြီးသားဖြစ်သွားမှာ။ "
ထိုအကောင်းမြင်စိတ်ဖြင့် သူသည် ကုမ္ပဏီသို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် သူသည် ဧည့်ကြိုအလှလေးကိုကြည့်၍ သူ မနေနိုင်ဘဲ ပြုံးပြီး မေးလိုက်မိသည်။
" ဒီနေ့လည်း ငါတို့ နောက်တစ်ကြိမ်ထပ်ပြီး ပိုက်ဆံရှာနိုင်ခဲ့ပြန်ပြီလား ? ။ လူတိုင်းကိုကြည့်ရတာက အရမ်းပျော်ရွှင်နေတဲ့ပုံပေါက်နေတယ်။ "
" ဟယ်လို ၊ မစ်စတာရဲ့ ။ ဟုတ်ပါတယ် ၊ ကျွန်မတို့ ဒီရက်အနည်းငယ်ထဲမှာ ပိုက်ဆံအများကြီးရှာနိုင်ခဲ့တယ် ။ ပြီးတော့ ရှင် အလုပ်မလာတဲ့ နေ့တွေမှာလည်း ၊ကျွန်မတို့က မစ်စတာလင်ရဲ့ ဦးဆောင်မှုအောက်မှာ ပိုက်ဆံသန်းတစ်ရာကျော်ကို ရှာနိုင်ခဲ့ပါတယ်။ " ဟု ဧည့်ကြိုအလှလေးက အပြုံးတစ်ပွင့်ဖြင့် ပြန်ပြောခဲ့သည်။
သူသည် လင်ပေ့ဖန်ကို သဘောမကျသော်လည်းပဲ ရင်းနှီးမြှုပ်နှံရေးနယ်ပယ်မှာတော့ လင်ပေ့ဖန်ရဲ့စွမ်းရည်က အမှန်တကယ် အထင်ကြီးစရာကောင်းတာကိုတော့ သူ မငြင်းဘဲ ဝန်ခံရလိမ့်မည်ဖြစ်သည်။
သို့သော်လည်း ကောင်းကင်က ရွယ်းချယ်တဲ့ သားတော်တစ်ယောက်နဲ့တော့ မနှိုင်းယှဉ်နိုင်သေးပေ။
လင်ပေ့ဖန်သည် ပိုက်ဆံ သန်းတစ်ရာကျော် ရရှိဖို့အတွက်ကို ရက်အနည်းငယ်ကြာယူခဲ့ရပြီး နှစ်ရက်ထဲနဲ့ ပိုက်ဆံသန်းရာပေါင်းများစွာကို ရှာပေးခဲ့တဲ့ သူ့လိုလူနဲ့ ယှဉ်ရင်တော့ လင်ပေ့ဖန်က အများကြီး ကွာဟနေသေးသည်။
" ဒါပေမဲ့ ကျွန်မတို့အားလုံးက မစ်စတာရဲ့ ပြန်လာမယ့်အချိန်ကို စိတ်အားထက်သန်စွာ၊ ကြိုတင်စောင့်မျှော်နေကြတာပါ။ ဘာကြောင့်လဲဆိုတော့ ရှင်ဒီမှာရှိချိန်တုန်းက ကျွန်မတို့ ဒီထက်ပိုပြီး ပိုက်ဆံရှာနိုင်တာကြောင့်ဘဲ။ ဘော့စ်လင်ကတောင် ရှင် မပါဘဲ ၊အလုပ်မလုပ်နိုင်ဘူးဆိုပြီးတော့ နေ့တိုင်းပြောနေတာ ။ " ဟု ပြောလိုက်သည်။
ထိုစကားကိုကြားရတာက ရဲ့ရှင်းချန်ကို အလွန်ပဲ ပျော်ရွှင်စေခဲ့သည်။
*ဒီအရာကို ကြည့်ပါ၊ ဒါကတော့ သူ ဘယ်နေရာကို သွားသွား ချီးမြှောက်ခံရတာက ကောင်းကင်ဘုံရဲ့သားတော်တွေကို ဆက်ဆံမှုဘဲဖြစ်သည် ။ *
*ထိုအကြောင်းနဲ့ ပတ်သက်ပြီးတော့ သူ ဘာမှ မလုပ်နိုင်ပေ။ *
" ဒါပေမဲ့ ၊ကျွန်မတို့ အလွန်ပျော်ရွှင်နေရတဲ့ အကြောင်းပြချက်အမှန်ကတော့ ဒီကိစ္စကြောင့်မဟုတ်ဘူး။ " ဟု ဧည့်ကြိုအလှလေးက ထပ်ပြောခဲ့သည်။
" အို့ ? ဒါဆိုရင် ဘာအကြောင်းကြောင့် မင်းတို့ ပျော်ရွှင်နေရတာလဲ ?။ ငါကိုလည်း ပြောပြပါဦး။ " ဟု ပြော၍ ရဲ့ရှင်းချန်က စပ်စုချင်စိတ် ဖြစ်လာခဲ့သည်။
" မစ်စတာရဲ့ ၊ ရှင်အလုပ်နားတုန်းက ကျွန်မတို့ရဲ့ ဘော့စ်လင် နဲ့ လီချုံးဂရုရဲ့ ဥက္ကဋ္ဌအလှလေးဖြစ်တဲ့ ချူရိုရွယ်နဲ့ စီးပွားရေးကိစ္စ ဆက်သွယ်မှု တစ်ခုရှိခဲ့တယ်။ ပြီးတော့ သူတို့က ကျန်းနန်ဒေသမှာရှိတဲ့ ကုန်းမြေတစ်ခုကို အတူတကွပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်လို့ သူတို့ ဆုံးဖြတ်ခဲ့ကြတယ်။ " ဟု ဧည့်ကြိုအလှလေးက ပြောခဲ့သည်။
ထို့နောက် ဧည့်ကြိုအလှလေးက စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောခဲ့သည်။
" ဘော့စ်လင်ပြောတာကတော့ ၊ အဲ့ဒီကုန်းေမြက အနာဂတ်မှာ ရတနာသိုက်ဖြစ်လာပြီးတော့ အကျိုးအမြတ်အများကြီးကို ဆက်တိုက် ယူလာပေးလိမ့်မယ်တဲ့။ ပြီးတော့ ကုမ္ပဏီကလည်း ဒီထက်ပိုပြီး တိုးတက်လာလိမ့်မယ်တဲ့။ ဒါကြောင့်ဘဲ ကျွန်မတို့အားလုံးက အရမ်းပျော်နေကြတာ။ "
" မစ်စတာရဲ့ ၊ ဒါက သတင်းကောင်းလို့ ရှင်ရော မထင်ဘူးလား ? " ဟု ဧည့်ကြိုအလှလေးက ရဲ့ရှင်းချန်ကို ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဇာတ်လိုက်ရဲ့ရှင်း၏ စိတ်ထဲ၌ ပေါက်ကွဲသွားခဲ့သည်။
* ဒါက ဘယ်လိုလုပ်ပြီးတော့ သတင်းကောင်းဖြစ်ရမှာလဲ ? *
* ဒါက ငါ့အတွက်တော့ မခန့်မှန်းနိုင်လောက်အောင် ဆိုးရွားတဲ့ သတင်းတစ်ခုဘဲ ။ *
* သေစမ်း *
* မင်း …. လင်ပေ့ဖန် *
*ငါ ဟော့ပေါ့ စားပြီး သီချင်းဆိုဖို့အတွက် ရက်အနည်းငယ်ပဲယူရသေးတယ်။ ဒါတောင် မင်းက ငါ့ကိုလှည့်ပြီးတော့ ဦးထုပ်စိမ်းတောင်စောင်းပေးနေပြီလား?*
* အခုချိန်မှာ ငါက ဦးထုပ်စိမ်း လုံးဝ မစောင်းရသေးပေမဲ့ နီးနီးလေးပဲကျန်တော့တယ်ဟ။ *
*သူ့၏အတိတ်ဘဝတုန်းကလည်း သူတို့နှစ်ယောက်သည် ဒီကုန်းမြေကြောင့်ဘဲ စပြီး ရင်းနှီးလာခဲ့သည်။*
*ထို့နောက် လင်ပေ့ဖန်သည် ချိုမြိန်သော တီတီတာတာစကားများဖြင့် သူ့၏အချစ်လေးကို လှည့်စားပြီးတော့ သူ့အဝေးကို ခေါ်ဆောင်သွားခဲ့သည်။*
*ထိုစဉ်က စစ်ပွဲနတ်ဘုရားဖြစ်တဲ့ သူသည် သူ့၏အချစ်ကလေးက သူ့ရန်သူရဲ့ လက်မောင်းထဲသို့ ကျရောက်သွားတာကို ဘာမှမလုပ်နိုင်ဘဲနဲ့ အကူအညီမဲ့စွာဖြင့် ကြည့်နေခဲ့ရသည်။ *
*သူပြန်လည်မွေးဖွားလာပြီးနောက် သူ့ရဲ့အစီအစဉ်ကတော့ လင်ပေ့ဖန်ကို ပထမဆုံးလက်စားချေပြီး တော့မှဘဲ ဘုရင်အဖြစ်နဲ့ သူ့ရဲ့အချစ်လေးချူရိုရွယ်ဖြင့် အတူတကွနေထိုင်ကြမည်ဖြစ်သည်။ ထို့နောက်ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ေယာက်ကို မွေး၍ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝတစ်ခုကို အတူတကွဖြတ်သန်းကြမည်ဖြစ်သည်။ *
*သို့ပေမဲ့လည်း လင်ပေ့ဖန်က သူ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးခဲ့သည်။*
* ငါတောင် သူ့ကို လက်စားမချေရသေးဘူး၊ ဒါကို ဒီသေသင့်တဲ့ခွေးကောင်က ငါ့ရဲ့ ခေါင်းပေါ်မှာ အစိမ်းရောင်ဦးထုပ်ဘရန်းအသစ်ေလးကိုပါ နောက်တစ်ကြိမ် ထပ်ဆောင်းပေးမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ ……*
*ထို့ပြင် ထိုအစိမ်းရောင်ဦးထုပ်ကလည်း သူပြန်မမွေးဖွားလာခင်က ဦးထုပ်စိမ်းလေးနဲ့ တူညီနေခဲ့သည်။*
* လင်ပေ့ဖန် ၊ ငါတို့နှစ်ယောက်က ကမ္ဘာမကြေရန်သူတွေပဲ *
ထိုအကြောင်းကိုတွေး၍ သူသည် ဒီအတိုင်းမနေနိုင်တော့ဘဲ ကုမ္ပဏီကနေ အပြေးအလွှားထွက်သွားခဲ့သည်။
" မစ်စတာရဲ့ ၊ရှင် ဘယ်ကိုသွားမလိုလဲ ? " ဟု ဧည့်ကြို အလှလေးက ရဲ့ရှင်းချန်ကို မေးလိုက်သည်။
" ငါ ၊ ဘော့စ်လင်ကို သွားရှာလိုက်ဦးမယ်။ ငါ့မှာ သူနဲ့ ဆွေးနွေးစရာ အရေးကြီးတဲ့ ကိစ္စတစ်ခုရှိတယ်။ " ဟု ရဲ့ရှင်းချန်က ပြောလိုက်သည်။