← Chapters

အခန်း (၁၈၅)

Vol. 14 Ch. 185

အခန်း (၁၈၅)

Vol. 14 Ch. 185

လျူရှောင်ယောက် ဖျော်ဖြေဖို့အတွက် အချိန်ကျရောက်လာပြန်သည်။

တစ်ဖက်လူ စကားမပြောရသေးခင်မှာပင် လျူရှောင်ယောက်က စကားအများကြီးကို တရစပ်ပြောချလိုက်ပြီး တစ်ဖက်လူကို ခဏကြာ ဆွံ့အသွားစေခဲ့သည်။

" ဒီတစ်ခါ ၊မင်းအလုပ်အကိုင်နဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုကြောင့် မင်းဒီကိုလာခဲ့တာမလား...နောက်ပြီး မင်းရဲ့ ကုမ္ပဏီစီးပွားရေးလုပ်ငန်းတွေကလည်း အခြေအနေ ပိုဆိုးလာတယ်...ငါပြောတာ မှန်တယ်မလား...

" ဆရာပြောတာမှန်ပါတယ် ဆရာ "

တစ်ဖက်လူက ဝမ်းနည်းနေသော ပုံစံဖြင့် လိုက်သည်။

" ဘာတွေဖြစ်နေမှန်း ကျွန်တော်လည်းမသိတော့ဘူး...ဒါပေမဲ့ ကုမ္ပဏီရဲ့ အခြေအနေတစ်ခုလုံးက ပုံမှန်မဟုတ်တော့ဘူး... ကုမ္ပဏီမှာရှိတဲ့ လူတိုင်းကလည်း အရမ်းစိတ်ဆက်ပြီးတော့ အရမ်းစိတ်တိုနေကြတယ်...နောက်ပြီး အော်ဒါကြီးတွေ အများကြီးရှိခဲ့တာကို သူတို့က အားလုံးကို ဖျက်ဆီးပစ်လိုက်ကြတယ်... ဆရာပြောပါဦး ... ကျွန်တော့်ကုမ္ပဏီကလူတွေ သရဲဝင်ပူးခံနေရတာလား...အရင်တုန်းက အဲ့ဒီမှာ လူတွေသေဖူးတယ်လို့ ကျွန်တော်ကြားဖူးတယ်... "

လျူရှောင်ယောက်က ‌ဂရုမစိုက်သောအမူအရာဖြင့် ခေါင်းယမ်းလိုက်သည်။

" ကမ္ဘာပေါ်မှာ သရဲတစ္ဆေဘယ်လိုလုပ် ရှိနိုင်မှာလဲ...."

" သရဲဝင်ပူးတာမဟုတ်ဘူးဆိုရင် ဘာလို့ ဒီလိုဖြစ်ရတာလဲ... "

" ဘာလို့လဲဆိုတော့ မင်းကုမ္ပဏီရဲ့ ' ဖုန်းရွှေ ' အစီအရင်က ပြောင်းသွားခဲ့လို့ပဲ... "

" ကျွန်တော့်ကုမ္ပဏီရဲ့ ' ဖုန်းရွှေ 'အစီအရင်က ပြောင်းသွားခဲ့တာလား... "

တစ်ဖက်လူက မျက်တောင်ခပ်ပြီး ပြောလိုက်သည်။

" မဟုတ်ဘူးဆရာ...ကျွန်တော် အဲ့ဒီကို မပြောင်းရွေ့ခင်တုန်းက ဖုန်းရွှေဆရာကို ခေါ်ပြီးတော့ ပြကြည့်ခဲ့သေးတယ်...အဲ့ဒီဖုန်းရွှေဆရာက နေရာကောင်းတစ်ခုလို့ ပြောလိုက်လို့ ကျွန်တော့်ကုမ္ပဏီကို ပြောင်းရွေ့လာခဲ့တာ...နောက်ပြီး အဲ့ဒီကို ပြောင်းပြီးလို့ နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ကျွန်တော့်ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်းတွေက တိုးတက်လာခဲ့တယ်...ဒါပေမဲ့ ကျွန်တော်ခုနတုန်းက ပြောခဲဲ့တဲ့၊ထူးဆန်းတဲ့ ကိစ္စတွေက မကြာသေးခင်ကမှ ဖြစ်ပျက်ခဲ့တာ... "

"ဖုန်းရွှေက အမြဲတမ်း တစ်သမတ်တည်း ရှိတာမဟုတ်ဘူး.... မင်း သေချာ စဉ်းစားကြည့်ဦး... နေထွက်တဲ့အရပ်မှာ အဆောက်အအုံတစ်ခုခုများ ဆောက်ထားတာ ရှိသေးလား... " လျူရှောင်ယောက်က မေးလိုက်သည်။

တစ်ဖက်လူက အော်ပြောလိုက်သည်။

" ဆရာ ၊ ဆရာဘယ်လိုလုပ်သိတာလဲ... အဲ့ဒီမှာ မကြာသေးခင်ကမှ အဆောက်အအုံတစ်‌ခုကို ဆောက်ထားခဲ့တာ...အို့...ဒါနဲ့ ဆရာပြောတာကို နားထောင်ကြည့်မှပဲ ... မကြာသေးခင်က အဲ့ဒီလိုထူးဆန်းတဲ့ ကိစ္စတွေဖြစ်ပျက်ခဲ့တာက အဲ့ဒီအဆောက်အအုံကို စဆောက်တဲ့အချိန်ကျမှ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို ကျွန်တော် သတိရသွားတော့တယ်....အဲ့ဒါကြောင့်များဖြစ်နိုင်မလား....... "

" မှန်တယ် ၊ မင်းထင်တဲ့အတိုင်းပဲ... "

လျူရှောင်ယောက်က လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" အဲ့ဒီအဆောက်အအုံကို ဆောက်လိုက်တာက ဖုန်းရွှေအစီအရင်ကို ဖျက်ဆီးပစ်သလို ဖြစ်သွားခဲ့တာ...အစတုန်းက မင်းကုမ္ပဏီရဲ့ ဖုန်းရွှေအစီအရင်က ကောင်းတယ်...ဒါပေမဲ့ အခုတော့ မင်းကုမ္ပဏီရဲ့ ဖုန်းရွှေအစီအရင်က လုံးဝ ပြောင်းပြန်ဖြစ်ပြီးတော့ ကံဆိုးတဲ့မြေတစ်ခုအဖြစ် ပြောင်းသွားပြီ... " ( ဖုန်းရွှေကောင်းတယ်ဆိုတာက ၊မြေ နေရာကောင်းတာကို ဆိုလိုတာပါဗျ )

တစ်ဖက်လူက ကြောက်ရွံ့စွာဖြင့် မေးမြန်းလိုက်သည်။

" ဒါဆိုရင် ဆရာ ၊ ကျွန်တော်ဘာလုပ်သင့်လဲ .... "

" ဘာလုပ်ရမလဲ ဟုတ်လား...ဒါပေါ့ မင်းကုမ္ပဏီကို ရွေ့ရမှာပေါ့ဟ....မင်း ကုမ္ပဏီကို အဲ့ဒီကနေ ရွေ့လိုက်တာနဲ့ အဆင်ပြေသွားလိမ့်မယ်... "

" ဟုတ်ကဲ့ပါဆရာ၊ ဆရာ့ရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်ဆရာ... " တစ်ဖက်လူသည် အလွန်ပျော်ရွှင်သွားပြီး လျူရှောင်ယောက်ကို အနည်းငယ် ဦးညွှတ်လိုက်သည် ။

လျူရှောင်ယောက်သည် ဒီတစ်ခါ ဗေဒင်ဟောရာတွင် ဆယ်မှတ်အပြည့်ရရှိခဲ့သည်။

ထို့ကြောင့်သူသည် သူ့ဘေးနားက လင်ပေ့ဖန်ကို ခပ်ချေချေအကြည့်ဖြင့် ကြည့်လိုက်သည်။

မြင်လား...ဒါက ငါ့ရဲ့အရည်အချင်းပဲ...

အရမ်းအံ့ဩစရာကောင်းတယ်မလား...

ထိုအချိန်တွင် လင်ပေ့ဖန်သည် လှမ်း‌အော်ပြောလိုက်သည်။

" မစ္စတာကျောက် ၊ ခင်ဗျား ခင်ဗျားရဲ့ကုမ္ပဏီကို ပြောင်းရွေ့ဖို့ စီစဉ်နေတာလား... "

တစ်ဖက်လူက ခေါင်းညိတ်ပြီး ရှုံ့မဲ့သောအပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" မစ္စတာလင် ၊ အဲ့ဒီနေရာရဲ့ ဖုန်းရွေ့အစီအရင်က ပြောင်းလဲသွားပြီ၊ အဲ့ဒီမှာဆက်နေရင် ကပ်ဘေးတွေ ဖြစ်လာလိမ့်မယ်လို့ ဆရာ ပြောခဲ့တာကို ခင်ဗျားလည်းကြားခဲ့တာပဲ... ဒါကြောင့် အဲ့ဒီနေရာက ကျွန်တော့်ကုမ္ပဏီကို ပြောင်းရွေ့ရမယ်..."

" ခင်ဗျား လျူကျင်အဆောက်အအုံကို ကြားဖူးလား...အဲ့ဒီကို ပြောင်းရွေ့ဖို့ရော ခင်ဗျားစိတ်ဝင်စားလား... " လင်ပေ့ဖန်က ရယ်မောပြီး ပြောလိုက်သည်။

တစ်ဖက်လူသည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

" လျူကျင်အဆောက်အအုံလား...ကျွန်တော်ကြားဖူးတယ်...အဲ့ဒီအဆောက်အအုံက နေရာကောင်းတစ်ခုလို့လည်း ကျွန်တော်ကြားဖူးတယ်...ကုမ္ပဏီကြီးအများကြီးက အဲ့ဒီအဆောက်အအုံမှာ ရုံးတွေ လာဖွင့်ထားကြတယ်...ဒါပေမဲ့ ဌားရမ်းခကတော့ အရမ်းပဲ ဈေးကြီးလွန်းတယ်... နောက်ပြီး ဌားရမ်းခက တစ်ခြားနေရာတွေထက် ၁၀ရာခိုင်နှုန်း ၊၁၅ရာခိုင်နှုန်းလောက် ပိုများတယ်...အဲ့လောက် ဌားရမ်းခကို ကျွန်တော်တကယ်မတတ်နိုင်ဘူး... "

" အခု ခင်ဗျားအတွက် အခွင့်အရေးကောင်းတစ်ခုရှိနေတယ်... "

လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" ကျွန်တော့်စီမှာ 'ဆရာလျူရဲ့ယုံကြည်သူများအဖွဲ့ ' ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်.. အဲ့ဒီအဖွဲ့က ဆရာလျူ‌ရဲ့ပရိတ်သတ်တွေကို အဓိကရည်ရွယ်ပြီး တည်ထောင်ထားတဲ့အဖွဲ့ပဲ..နောက်ပြီး အဲ့ဒီအဖွဲ့မှာ သူဌေးကြီးတွေ ၊လုပ်ငန်းရှင်ကြီးတွေ အများကြီးရှိတယ်...သူတို့ထဲက တစ်ယောက်က လျူကျင်အဆောက်အအုံရဲ့ ပိုင်ရှင်ပဲ... "

" အဲ့ဒီပိုင်ရှင်က တစ်ချိန်တုန်းက ကျွန်တော်တို့ကို ကတိပေးခဲ့ဖူးတယ်...သူက ' ဆရာလျူရဲ့ယုံကြည်သူများအဖွဲ့ထဲ ' ဝင်ပြီးတော့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ရင် ၊အဲ့ဒီအဖွဲ့ထဲမှာရှိတဲ့ အဖွဲ့ဝင်တွေအကုန်လုံး လျူကျင်အဆောက်အအုံမှာ အခန်းလာငှားတဲ့အခါကျရင် ၁၅ရာခိုင်နှုန်း လျော့ဈေးပေးမယ်တဲ့... "

တစ်ဖက်လူ၏ မျက်လုံးများက လက်သွားခဲ့သည်။

" သောက်ကျိုးနည်း.. အဲ့လို ကောင်းတဲ့အရာလည်း ရှိတာပဲလား.. အဲ့ဒီအဖွဲ့ထဲ ကျွန်တော်ဝင်လို့ရလား... "

" ရတာပေါ့.. ငါက အဖွဲ့ခေါင်းဆောင်ပဲလေ.. ငါ မင်းကိုအဖွဲ့ထဲ ထည့်လိုက်မယ်.. "

" ကျေးဇူးတင်ပါတယ် ၊ မစ္စတာလင် "

သူတို့နှစ်ယောက်သည် သူတို့၏ ဖုန်းများကို တပြိုင်တည်း ယူထုတ်လိုက်ပြီး တစ်‌စုံတစ်ယောက်ကို လျစ်လျူရှုထားခဲ့သည်။

လျူရှောင်ယောက် : " ... "

" ဒါ့အပြင် ခင်ဗျားမှာ ပရောဂျက်ကောင်းတွေရှိပြီးတော့ ရန်ပုံငွေမရှိတာပဲဖြစ်ဖြစ် ၊ ကုမ္ပဏီလည်ပတ်ဖို့ ရင်းနှီးငွေမရှိတဲ့ ပြဿနာတွေနဲ့ ကြုံတာပဲဖြစ်ဖြစ် ၊ခင်ဗျား ကျွန်တော့်ဆီလာလို့ရတယ်..ကျွန်တော့် ကုမ္ပဏီက ငွေကြေးထောက်ပံ့တဲ့ ဝန်ဆောင်မှုတွေကို ပေးတယ်.."

" ဟားဟား.. ကျေးဇူးအများကြီးတင်ပါတယ် မစ္စတာလင်... ကျွန်တော့်ကုမ္ပဏီက မကြာသေးခင်ကမှ ပြဿနာတချို့နဲ့ ကြုံခဲ့ရတာ ၊ခင်ဗျားက အချိန်ကိုက် ကျွန်တော့်ပြဿနာတွေကို ဖြေရှင်းပေးလိုက်တာပဲ ..."

" ကျွန်တော်တို့အားလုံးက အဖွဲ့တစ်ဖွဲ့ထဲပဲလေ...တစ်ယောက်ကိုတစ်ယောက် ကူညီစောင့်ရှောက်ပေးရမှာပေါ့... "လင်ပေ့ဖန်က ပြောလိုက်သည်။

လျူရှောင်ယောက် : "..."

" ဒါနဲ့ အဖွဲ့ထဲကို ဆရာလျူရော ဝင်ပြီးသွားပြီလား... "

" ဆရာ အခုတော့ မဝင်ရသေးဘူး.. "

" ဘာလို့မဝင်ရ သေးတာလဲ ... "

" ဘာလို့လဲဆိုတော့ ဆရာက ကြည်ညိုလေးစရာကောင်းတဲ့ ဆရာသခင်တစ်ယောက်လေ၊ ဒါကြောင့် ဆရာက ဒီလိုမျိုး လောကီကိစ္စတွေကို စိတ်မဝင်စားဘူး... "

" မစ္စတာလင်ပြောတာ ၊ကျိုးကြောင်းဆီလျော်တယ်.."

လျူရှောင်ယောက် : "..."

အဖွဲ့ထဲဝင်ပြီးနောက် တစ်ဖက်လူသည် အလွန်ပျော်ရွှင်သွားခဲ့ပြီး လင်ပေ့ဖန်၏လက်ကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်၍ ပြောလိုက်သည်။

" ကျွန်တော့်ကို ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် မစ္စတာလင် ... ကျွန်တော် ခင်ဗျားကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး... "

လင်ပေ့ဖန်က ပြုံးပြီး ပြောလိုက်သည်။

" ရပါတယ်ဗျာ... "

ထိုအချိန်တွင် တစ်ဖက်လူသည် သူ့ ဘေးနားမှာ တင်ပုလင်ခွေထိုင်နေသည့် လူတစ်ယောက်ကို မြင်လိုက်ပြီး ချက်ချင်းဘဲ ပြောလိုက်သည်။

" အို့... ဆရာ့ရဲ့ လမ်းညွှန်ပေးမှုအတွက်လည်း ကျေးဇူးတင်ပါတယ်ဆရာ... "

လျူရှောင်ယောက် : "..."

လခွမ်း... မင်း ဘေးနားမှာ ထိုင်နေတဲ့ ငါ့ကို မင်းက အခုမှ မြင်တာလားဟ...

" မစ္စတာလင် ၊ဆရာလျူ ကျွန်တော်အရင်ထွက်သွားလိုက်ပါဦး... နောက်နေ့မှပဲ ကျွန်တော်ကျေးဇူးတင်ဖို့ ထပ်လာခဲ့ပါ့မယ်‌ဗျ.. " တစ်ဖက်လူက ပျော်ရွှင်စွာဖြင့် လက်ပြနှုတ်ဆက်လိုက်၏။

လင်ပေ့ဖန်သည်လည်း ပျော်ရွှင်စွာဖြင့် ပြန်လည်ပြီးလက်ပြ နှုတ်ဆက်ခဲ့သည်။

လျူရှောင်ယောက်၏ မျက်နှာသာလျှင် အနည်းငယ်မည်းမှောင်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် လျူရှောင်ယောက်သည် လင်ပေ့ဖန်ဆီ နောက်တစ်ဖန် အာရုံထပ်စိုက်ခဲ့သည်။

သူသည် တစ်ဖက်လူ၏ ပြဿနာကို ဖြေရှင်းပေးခဲ့တာ သိသာ‌နေသော်လည်း တစ်ဖက်လူ ပထမဆုံး ကျေးဇူးတင်ခဲ့သည့် လူက လင်ပေ့ဖန် ဖြစ်နေခဲ့သည်။

ဒီလူယုတ်မာ လင်ပေ့ဖန်က ငါ့လူတွေကို လုယူဖို့ဒီကိုရောက်လာခဲ့တာလား...

အခန်းထဲတွင် လူနှစ်ယောက်ထဲသာလျှင် ကျန်ရစ်ခဲ့သည်။

" ဆရာက တကယ့်ကို အံ့ဩစရာ‌ကောင်းတာပဲ.. ဆရာက အိမ်ကနေ မထွက်ပဲနဲ့တောင် သူ့ကုမ္ပဏီရဲ့ ဖုန်းရွှေအစီအရင်မှာ ပြဿနာတစ်ခုရှိနေတယ်ဆိုတာကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မြင်နိုင်တယ်.. ကျွန်တော် ဆရာ့ကို အရမ်းလေးစားတယ်.. " လင်ပေ့ဖန်က လက်မထောင်ပြပြီး ရိုသေလေးစားသောအမူအရာဖြင့် ပြောလိုက်လေ၏။

လျူရှောင်ယောက်၏ မျက်နှာက အနည်းငယ်‌မည်းမှောင်နေသေးသော်လည်း လင်ပေ့ဖန်၏ ချီကျူးစကားကို ကြားလိုက်ရသောအချိန်တွင် အနည်းငယ် စိတ်သက်သာရာရသွားပြီး နောက်ဆုံးမှာတော့ သူ့မျက်နှာက အနည်းငယ်ပြေလျော့သွားခဲ့သည်

" မင်းစကားက ငါ့ကို အရမ်းမြောက်လွန်းနေပြီ...ဟားဟား .. "

ထိုအချိန်တွင် ဗေဒင်လာမေးသည့်တတိယ‌လူက ဝင်လာခဲ့သည်။

" မင်္ဂလာပါ ဆရာလျူ ၊မင်္ဂလာပါ မစ္စတာလင် .. "

လျူရှောင်ယောက်သည် နောက်တစ်ဖန် သူ့၏ ကျွမ်းကျင်မှုများကို ဟောပြောပြသပြီး တစ်ဖက်လူကို ဆွံ့အစေချင်ခဲ့သည်။

" ဒါဆိုရင် ဒီတစ်ခါ မင်းရဲ့ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုကို ဖြေရှင်းခိုင်းဖို့အတွက် မင်း ဒီကို လာခဲ့တာမလား... "

တစ်ဖက်လူသည် ခေါင်းရမ်းပြီး ပြောလိုက်သည်။

" မဟုတ်ပါဘူး.. "

လျူရှောင်ယောက် အံ့အားသင့်သွားသည်။

" ဒါမဟုတ်ဘူးလား.. "

" ဒီလိုပါဆရာ ၊ ကျွန်တော့်ဆရာဆီလာတာက ဒီပြဿနာနဲ့တော့ ပတ်သက်နေပါတယ်...ဒါပေမဲ့ မစ္စတာလင် ကျွန်တော့်ကို ယွမ်သန်း၅၀ချေးပေးမယ်လို့ ကတိပေးထားပါတယ်..သူ အဲ့ဒီ ပိုက်ဆံကို ချေးပေးလိုက်သ၍ ကျွန်တော် ဆရာ့ဆီလာတဲ့ ပြဿနာက မရှိတော့ပဲနဲ့ ပြေလည်သွားပါ့လိမ့်မယ်...

လင်ပေ့ဖန်က ပြုံးပြီး ပြောလိုက်သည်။

" ဆရာ ၊ ဆရာ မသိသေးတဲ့ အရာတစ်ခုရှိတယ်..မစ္စတာကျောက်က ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်‌နေပြီ.. နောက်ပြီး မနေ့ညက သူ အဲ့ဒီပြဿနာကို ကျွန်တော့်ကို ပြောတော့ ကျွန်တော်လည်း ကူညီပေးသင့်တယ်ထင်လို့ သူ့ကို အခု ကူညီပေးမလို့ပါဗျ.. "

" တကယ်ကူညီပေးမှာလား... ကျေးဇူးအများကြီးတင်ပါတယ် မစ္စတာလင် " တစ်ဖက်လူက အလွန်ပျော်ရွှင်သွားခဲ့သည်။

လင်ပေ့ဖန်က လက်ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။

" ရပါတယ်ဗျာ ၊ကျွန်တော်တို့က တစ်ဖွဲ့တည်းပဲကို..."

လျူရှောင်ယောက်၏ ပါးစပ်ထောင့်က တွန့်ကွေးသွားခဲ့သည်။

သူ့စိတ်ထဲမှာတော့ လင်ပေ့ဖန်ကို မေတ္တာတွေ ဆက်တိုက်ပို့သနေခဲ့သည်။

မအေမွေးလင်ပေ့ဖန်...မင်းအရမ်းများသွားပြီ..မင်းက ငါ့မျက်စိရှေ့မှာတင် ငါ့လူတွေကို ခိုးနေတယ်ပေါ့လေ..

" ဆရာ ၊ကျွန်တော်ဒီကို လာတာက စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ပြဿနာကြောင့် မဟုတ်ပါဘူး... ကျွန်တော့်မိသားစုအကြောင်းကို အဓိက မေးဖို့ လာခဲ့တာပါ .. ဆရာ၊ကျွန်တော့်မိသားစုက တစ်ယောက်နဲ့တစ်ယောက် အရမ်းအဆင်မပြေနေဘူး...ဆရာ၊အဓိကအားဖြင့် ကျွန်‌တော့သမီးနဲ့ ကျွန်တော့်ကြားက သဘောထားကွဲလွဲမှုက အရမ်းကြီးတယ်... “

All Chapters