အခန်း (၁၁၀)
Vol. 8 Ch. 110
ထိုလူတွေထဲတွင် လင်ပေ့ဖန်၏ လက်ခုပ်တီးသံက စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ အသံအကျယ်ဆုံးဖြစ်သည်။
ထိုလက်ခုပ်တီးရာမှ ထွက်ပေါ်လာသောအသံများက သူ့မျက်နှာကို အဆက်မပြတ် ဖြတ်ရိုက်နေသလိုမျိုးဖြစ်နေခဲ့သည်။
ထို့ပြင် ၎င်းအသံက သူ့၏ ဘယ်ဘက်ပါးကို ရိုက်ပြီးနောက် ညာဘက်ပါးကို ရိုက်သလိုမျိုး၊ညာဘက်ပါးကို ရိုက်ပြီးနောက် ဘယ်ဘက်ပါးကို နောက်တဖန် ပြန်ရိုက်သလိုမျိုး ဖြစ်နေခဲ့သည်။
ထိုအရာက ဘယ်တော့မှ မဆုံးနိုင်တော့ပေ။
ဝူကော၏ မျက်နှာက အခုချိန်တွင် အပြာရောင်သို့ ပြောင်းနေသည်။ထို့နောက် သူသည် အနည်းငယ် အားတင်းပြီး ပြုံး၍ ပြောလိုက်သည်။
" မစ္စတာလင် ၊ ကျွန်တော် အခုသွားနိုင်ပြီလား ? "
" အစ်ကိုဝူ ၊ မင်း ရှက်နေတုန်းပဲလား ? "
ထို့နောက် လင်ပေ့ဖန်သည် အားရပါးရရယ်မောပြီး ဝူကောရဲ့ပုခုံးများကို မြဲမြံစွာကိုင်၍ ပြောခဲ့သည်။
" မငြင်းပါနဲ့ ၊ဒီဂုဏ်ကျက်သရေက မင်းနဲ့ ထိုက်တန်ပါတယ်။ ဒီနေ့ မင်းက ငါတို့ရဲ့ ဇာတ်လိုက်ပဲ။ပြီးတော့ ဒီနေ့ မင်းက ငါတို့ရုံးရဲ့ ရုပ်အချောဆုံးလူပဲ။ "
" လက်ခုပ်သံတွေက ဘယ်မှာလဲ ? "
Clap clap clap clap!
" လက်ခုပ်သံတွေက မကျယ်သေးဘူး။ဒီထက်ပိုပြီး ကျယ်ကျယ်တီးဦး "
Clap clap clap clap!
" ဒါမှ ပိုကောင်းတယ်။ ဒီစည်းချက်ကို ဆက်ထိန်းထား။ငါတို့ရဲ့ အစ်ကိုဝူက ၊ငါတို့ရဲ့ ရိုးသားမှုနဲ့ ချီးမြှောက်မှုကို ခံစားရပါစေ။ "
CLAP CLAP CLAP CLAP!
ဝူကော၏ မျက်နှာသည် ဒေါသထွက်တာကြောင့် အစိမ်းရောင်သို့ ပြောင်းသွားခဲ့သည်။
တကယ်ကြီးပေါ့လေ…!
သူတို့ ငါ့ကို ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုးဆက်ဆံနိုင်ရတာလဲ …?
ထိုအချိန်တွင် လင်ပေ့ဖန်သည် စိတ်လှုပ်ရှားစွာဖြင့်ပြောခဲ့သည်။
" ဒီလို ပျော်ရွင်ဖွယ်ကောင်းတဲ့ အခိုက်အတန့်မှာ ဘာလို့ သီချင်းဆိုပြီး မကရမှာလဲ ?။ ငါ့အတွက် သီချင်းတစ်ပုဒ်ဖွင့်ပေးပါ။ ငါ့နှလုံးသားတစ်ခုလုံးနဲ့ ခံစားချက်အပြည့် သီချင်းသီဆိုချင်တယ်။ "
" မစ္စတာလင် ၊ဘယ်လို သီချင်းမျိုးကို ဖွင့်စေချင်ပါသလဲ ?။ ပြိုင်ဘက်ကင်းရတာ အထီးကျန်တယ်ဆိုတဲ့ သီချင်းပဲလား ?။ "
" မဟုတ်ဘူး ။ သီချင်းနာမည်က လင်လင်ဆိုတဲ့ ဝမ်းနည်းစရာကောင်းတဲ့ သီချင်းတစ်ပုဒ်ကိုပဲ ဖွင့်ပေး။ "
ထို့နောက် သီချင်းသံ ထွက်ပေါ်လာသည်နှင့် လင်ပေ့ဖန်သည် ဝူကောကိုကြည့်ပြီး စိတ်အားထက်သန်စွာသီဆိုခဲ့သည်။
" လင်လင် ၊ညက မင်းရဲ့တမ်းတမှုကို မြစ်တစ်စင်းအဖြစ်သို့ ပြောင်းပြီးတော့ ငါ့ကို ကာကွယ်ဖို့ နွေဦး ရွှံ့အဖြစ် ပြောင်းသွားစေတယ်။ "
" လင်လင် ၊ ကောင်းကင်ဘုံမှာ တောက်ပနေတဲ့ ရောင်စုံပန်းတွေက လောကီကမ္ဘာမြေကြီးပေါ် ကြွေကျတဲ့အခါ နာကျင်တဲ့ခံစားချက်တွေကို ဖြစ် ပေါ်စေတယ်……။ "
" အာ"
ဝူကောသည် သူ့ရင်ဘတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး သူ့နှလုံးသားလေးက ပိုပြီးတော့ အေးစက်သွားသလိုခံစားခဲ့ရသည်။
သီချင်းစာသားတစ်ကြောင်းစီက သူ့နှလုံးသားလေးကို ဘူဒိုဇာဖြင့် ထိုးကလော်သလို ခံစားခဲ့ရသည်။
ထိုအချိန်တွင် လင်ပေ့ဖန်သည် ရုတ်တရက်မိုက်ကို ဝူကောစီသို့ ပေးပြီး ပြောလိုက်သည်။
" အစ်ကိုဝူ မင်း သီချင်းဆိုမဲ့ အလှည့်ရောက်ပြီ "
ဝူကော၏ မျက်နှာက ဒေါသထွက်လွန်းတာကြောင့် ပိုပြီးတော့ စိမ်းသွားခဲ့သည်။
သေစမ်း …!
ဒါ သက်သက်အနိုင်ကျင့်တာ….
မင်း ငါ့ကို လင်လင်သီချင်းဆိုပြတာ ကောင်းပါတယ်တယ်။ဒါပေမဲ့ မင်းက ငါ့ကိုတောင် ကိုယ်တိုင် သီချင်းဆိုခိုင်းသေးတာလား …?
မင်းတို့ ပညာရှင်တစ်ယောက်ကို သတ်နိုင်ပေမဲ့ အရှက်ခွဲလို့တော့ မရဘူး…။
ငါက ဂူသင်္ချိုင်းဖောက်သူတစ်ယောက်ဖြစ်ပေမဲ့ ငါ့မှာလည်း ဂုဏ်သိက္ခာရှိတယ်….။
ထိုအချိန်တွင် လူတိုင်းက သူ့ကို အားပေးခဲ့ကြသည်။
" တစ်ပုဒ်လောက် ဆိုပေးပါ။ "
" တစ်ပုဒ်လောက် ဆိုပေးပါ။ "
လင်ပေ့ဖန်သည် အားပေးတိုက်တွန်းမှုအပြည့်ဖြင့် ပြောခဲ့သည်။
" အစ်ကိုဝူ ၊သီချင်းတစ်ပုဒ်လောက် ဆိုကြရအောင်။ဒီနေ့ ငါ သီချင်းဆိုတာ မပြီးမချင်း ငါ မင်းကို ထွက်သွားခွင့် ပေးမှာမဟုတ်ဘူးလို့ ကတိပေးတယ်။ "
ဝူကောသည် ဒေါသထွက်လွန်းတာကြောင့် တုန်ယင်နေခဲ့သည်။
ငါ နှလုံးသားက ဒီလိုမျိုးနာကျင်နေတာတောင် မင်းတို့က ငါ့ကို အုပ်စုလိုက်အနိုင်ကျင့်ချင်သေးတာလား ? …။
လူယုတ်မာတွေ…..
မင်းတို့အားလုံးက လူယုတ်မာတွေပဲ…...။
နောက်ဆုံးမှာတော့ ဝူကောသည် သူ့ရဲ့ဂုဏ်သိက္ခာကို ဘေးမှာထားပြီး ထိုသီချင်းဖြင့် သူ့ရဲ့ နာကျင်မှုေတွနဲ့ဝမ်းနည်းမှုတွေကို ထုတ်လွှတ်ခဲ့သည်။
သူ့အသံက အဆောက်အဦးတစ်ခုလုံးကို ပဲ့တင်သံထပ်သွားခဲ့သည်။ထို့ပြင် သူ့အသံကို ကြားလိုက်ရတဲ့ လူအချို့သည် အသဲကွဲသလို ခံစားရတာကြောင့် ဝမျက်ရည်တောင် ကျသွားခဲ့သည်။
လူတိုင်းက သူတို့ရဲ့ဦးခေါင်းကို ခါရမ်းလိုက်ကြသည်။ထိုသီချင်းကို အရမ်းဝမ်းနည်းစရာကောင်းအောင် စိတ်ခံစားချက်အပြည့်ဖြင့် သီဆိုဖို့ဆိုရင် သူဘယ်လောက်ထိ ဝမ်းနည်းကြေကွဲခဲ့ရလဲဆိုတာကို သူတို့ သိချင်ခဲ့ကြသည်။
ဝူကောသည် အချစ်ကြောင့် နာကျင်ခံစားခဲ့ရပြီး တစ်ခြားသူများ၏ ရက်ရက်စက်စက် စွန့်ပစ်ခြင်းကိုလည်း ခံခဲ့ရသည်ဟု လူတိုင်းက ခန့်မှန်းခဲ့ကြသည်။ထို့ေကြာင့် သူသည် လုံခြုံမှုအပြည့်ရှိသော အမျိုးသမီးကြီး အန်တီလျူကို ချစ်မိသွားခြင်းမှ ရုန်းမထွက်နိုင်တော့သည် မဟုတ်ပါလော။
ဟုတ်တယ် ၊ဒါက တော်တော်လေးကို ဖြစ်နိုင်ချေရှိတယ်…။
သီချင်းဆိုပြီးသည့်နောက်တွင် ဝူကောသည် မိုက်ကို ချပြီး အမူအရာကင်းမဲ့စွာဖြင့် ပြောခဲ့သည်။
" မစ္စတာလင် ၊ကျွန်တော် အခုသွားနိုင်ပြီလား ? "
လင်ပေ့ဖန်က ပိုပြီးတော့ လိုချင်နေခဲ့သည်။
"အစ်ကိုဝူ ၊ မင်းသီချင်းဆိုတာ အရမ်းကောင်းလွန်းလို့ မင်း နောက်တစ်ခေါက်လောက် ပြန်ဆိုပြနိုင်မလား ? "
ဝူကော : ဒီဖေ……
နောက်တစ်ခေါက် သီချင်းဆိုပြီးသည့်နောက်တွင် ဝူကော၏ နှလုံးသားသည် အမှန်တကယ်နာကျင်တာကြောင့် သူသည် ကျန်းမာရေးကို အကြောင်းပြပြီး လင်ပေ့ဖန်စီကနေ ရက်အနည်းငယ်လောက် ခွင့်တောင်း ခဲ့ရသည်။
ဝူကောထွက်သွားပြီးသည့်နောက်တွင် လင်ပေ့ဖန် နှင့် တစ်ခြားလူများသည် ကြိုရောင်းဈေးကွက်က အမြတ်များကို ဆက်လက်ပြီး ရိတ်သိမ်းခဲ့ကြသည်။
အဆုံးမှာတော့ သူတို့သည် ရန်ပုံငွေ ၂၀ဘီလီယံ ရိတ်သိမ်းပြီး ထွက်ခွာခဲ့ကြသည်။
သူတို့၏ရဲ့ လက်ထဲတွင် ရှိသော ရန်ပုံငွေများက နှစ်ဆကျော်ရှိလာခဲ့သည်။
ထို့နောက် လင်ပေ့ဖန်သည် ဆေးရုံသို့ သွားပြီး သူ့ရဲ့ရိတ်သိမ်းနိုင်မှု သတင်းကောင်းကို ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဇာတ်လိုက်နှစ်ယောက်ကို မျှဝေပေးခဲ့သည်။
သူတို့နှစ်ယောက်၏ မျက်နှာများက မျှော်လင့်ထားတဲ့အတိုင်း အစိမ်းရောင်သို့ ပြောင်းသွားခဲ့သည်။
လင်ပေ့ဖန်ထွက်သွားပြီးသည့်နောက်တွင် သူတို့နှစ်ယောက်သည် ပြင်းထန်စွာ ကျိန်ဆဲခဲ့ကြသည်။
" ဝူကော မင်းက လူယုတ်မာပဲ"
သူတို့နှစ်ယောက်သည် လူယုတ်မာဝူကောကို အမှန်တကယ် မုန်းတီးသွားကြသည်။
အကယ်၍ သူ့ရဲ့ကြားဝင်မှုကြောင့်သာ မဟုတ်ပါက လင်ပေ့ဖန်သည် ကြီးကြီးမားမားဆုံးရှုံးမှုကို ခံစားရလိမ့်မည်ဖြစ်သည်။
အခုချိန်တွင် လင်ပေ့ဖန်၏ ပိုင်ဆိုင်မှုက နှစ်ဆရှိသွားတာကြောင့် သူ့နဲ့ ဆက်ဆံရတာက ပိုပြီးတော့တောင်မှ ခက်ခဲလာသည်။
ထိုနည်းဖြင့် နှစ်ရက်ကြာပြီးသည့်နောက် ဇာတ်လိုက်နှစ်ယောက်သည် ပြန်လည်နာလန်ထူနိုင်ခဲ့သည်။
သို့သော်လည်းပဲ ထိုနှစ်ရက်အတွင်းတွင် လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ နှင် လီချုံဂရုတို့၏ ပူးပေါင်းဆောင်ရွက်မှုက နောက်ဆုံးအဆင့်သို့ ရောက်သွားပြီး ဆောက်လုပ်ရေး စတင်တော့မည်ဖြစ်သည်။ နှစ်ဖက်စလုံးက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကြီးကျယ်ခမ်းနားတဲ့ အုတ်မြစ်ချခြင်းအခမ်းအနားကို ကျင်းပဖို့အတွက် ပြင်ဆင်နေကြသည်။
လင်ပေ့ဖန်သည် အခမ်းအနားသို့ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ကိုယ်စားလှယ်အနေဖြင့် တက်ရောက်ခဲ့သည်။
တစ်ခြားတစ်ဖက်မှာတော့ လီချုံဂရု၏ ကိုယ်စားလှယ်က သဘာဝအားဖြင့် သူတို့ဂရုရဲ့ ဥက္ကဌဖြစ်တဲ့ ချူရိုရွယ်ပဲ ဖြစ်သည်။
သူတို့နှစ်ယောက်သည် ဖဲကြိုးဖျက်ရာတွင် အတူတကွမတ်တပ်ရပ်ပြီး လိုက်ဖက်တဲ့ စုံတွဲတစ်တွဲနှင့် တူနေခဲ့သည်။
ဖဲကြိုးဖျက်ခြင်းအခမ်းအနားအပြီးတွင် သူတို့နှစ်ယောက်သည် ယဉ်ေကျးမှုအကများဖြင့် ဖျော်ဖြေမှုကို ကြည့်ပြီး စင်အောက်တွင် ထိုင်၍ တစ်ယောက်နှင့်တစ်ယောက် ပျော်ရွှင်စွာဖြင့် စကားစမြည်းပြောဆိုခဲ့ကြသည်။
" ကျွန်မတို့ နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် မဆက်သွယ်ရတာ ကြာပြီနော်။ မကြာသေးခင်က ရှင်ဘာတွေလုပ်နေလဲ ? " ချူရိုရွယ်က မေးမြန်းခဲ့သည်။
လင်ပေ့ဖန်သည် ပြုံးပြီး ပြောလိုက်သည်။
" ဟုတ်တာပေါ့ ၊ ငါ ငွေရှာဖို့ အလုပ်ရှုပ်နေတာ။ ပြီးတော့ ဒီပရိုဂျက်ကို စဖို့က ငွေအများကြီးလိုတယ်လေ။မင်းတို့အဖွဲ့က ငါ့စီကနေ နောက်ထပ်ပိုက်ဆံထပ်ယူဦးမှာမလား ? ။ ဒါကြောင့် ငါက ဘယ်လိုလုပ်ပြီးတော့ ငွေပိုမရှာပဲနဲ့ နေလို့ရမှာလဲ ? "
ချူရိုရွယ်၏ မျက်လုံးများက လက်သွားခဲ့သည်။
" ပိုက်ဆံရှာတဲ့ အကြောင်းပြောရရင် မကြာသေးခင်က ရှင်ပိုက်ဆံဘယ်လောက်ရှာနိုင်ခဲ့လဲ ? ။ ရှင့် စိတ်လှုပ်ရှားနေပုံကို ကြည့်ရရင် ၊မကြာသေးခင်က ရှင်ပိုက်ဆံအများကြီး ရှာနိုင်ခဲ့တယ်မလား ? "
လင်ပေ့ဖန်သည် လက်နှစ်ချောင်းထောင်ပြီး ပြောလိုက်သည်။
" သိပ်မများပါဘူး ၊ယွမ်၂၀ဘီလီယံထဲပါ။ "
ချူရိုရွယ်သည် အလွန်အံ့အားသင့်သွားခဲ့သည်။
" ၂၀ဘီလီယံကို ရှင်က များတယ်လို့ မခေါ်ဘူးလား ?"
" ဒါကများလို့လား ? "
လင်ပေ့ဖန်သည် သူ့ရဲ့ဦးခေါင်းကို စောင်းပြီးပြောလိုက်သည်။
" မင်းတို့ အိမ်ခြံမြေလုပ်ငန်းမှာ နှစ်စဉ် ဝင်ငွေဘီလီယံရာနဲ့ချီပြီးတော့ ရရှိနိုင်တယ်လေ။ "
ချူရိုရွယ်သည် သက်ပြင်းချပြီး ပြောလိုက်သည်။
" ကျွန်မတို့ရဲ့ နှစ်စဉ်ဝင်က များတယ် ၊ဒါပေမဲ့ ကျွန်မတို့ ပိုင်ဆိုင်တဲ့ ပိုက်ဆံက တကယ်တော့ အတော်လေးကို နည်းပါးတယ်။ "
" မင်းပြောတာ မှန်တယ် ၊ အများစုက ဘဏ်တွေစီကပဲ "
ထိုအချိန်တွင် ချူရိုရွယ်သည် ရုတ်တရက် လင်ပေ့ဖန်ကို လှမ်းရိုက်ခဲ့သည်။
လင်ပေ့ဖန်သည် ပဟေဠိဖြစ်စွာဖြင့် မေးမြန်းခဲ့သည်။
" မင်းဘာလုပ်နေတာလဲ ? "
" ဘာကြောင့်လဲဆိုတော့ ကျွန်မ နောင်တရတယ် ။အကယ်၍ ရှင့်အတွက် ငွေရှာရတာက အရမ်းလွယ်တယ်ဆိုတာ ကျွန်မ ကြိုသိခဲ့ရင် ကျွန်မ နောက်ထပ်အခြေအနေအချို့ကိုပါ ထပ်ထည့်မိလိမ့်မယ်။ "ဟု ချူရိုရွယ်က မနာလိုစွာဖြင့် ပြောလိုက်သည်။
လင်ပေ့ဖန်သည် သက်ပြင်းချပြီး ပြောလိုက်သည်။
" တကယ်တော့ ငွေရှာရတာက ငါ့အတွက်လည်း မလွယ်ကူဘူး။ "
ချူရိုရွယ်သည် ထိတ်လန့်သွားခဲ့သည်။
" ရှင်ဘာကို ဆိုလိုချင်တာလဲ ? "
လင်ပေ့ဖန်က လေးလေးနက်နက် ပြောခဲ့သည်။
" ဘာကြောင့်လဲဆိုတော့ ငွေရှာတဲ့ အမြန်နှုန်းကို ငါ မထိန်းချုပ်နိုင်လို့ပဲ ။ဒါမှမဟုတ်ရင် နတ်ဆိုးမတစ်ယောက်ရဲ့ အာရုံကို ဆွဲဆောင်မိသွားလိမ့်မယ်။ "
" ထွက်သွား " ဟု ပြောပြီးနောက် ချူရိုရွယ်သည် သူ့ကို နောက်တစ်ကြိမ် ထပ်ရိုက်ခဲ့သည်။
ထိုအချိန်တွင် နတ်သမီးတမျှလှပသော အမျိုးသမီးတစ်ယောက်သည် စင်ပေါ်သို့ တက်လာပြီး သီချင်းတစ်ပုဒ်ကို စတင်သီဆိုခဲ့သည်။
လင်ပေ့ဖန်သည် ထိုအမျိုးသမီးကို မြင်လိုက်ရချိန်တွင် ကြက်သေသေသွားခဲ့သည်။
လင်ပေ့ဖန်ရဲ့ ကြက်သေသေနေတဲ့ အမူအရာကို ကြည့်ပြီး ချူရိုရွယ်သည် အမည်မသိ အကြောင်းပြချက်တစ်ခုကြောင့် သက်တောင့်သက်သာ မရှိသလို ခံစားခဲ့ရသည်။
ထို့ကြောင့် သူမသည် သူ့ကို နောက်တစ်ကြိမ်ထပ်ရိုက်ပြီး စနောက်ခဲ့သည်။
" ရှင် ဒီလိုမျိုးလှပတဲ့ စော်လေးကို မြင်လိုက်ရလို့ စိတ်လှုပ်ရှားသွားတာလား ? "
ချူရိုရွယ်သည် စင်ပေါ်မှ အမျိုးသမီးနှင့် နှိုင်းယှဉ်ခဲ့သည်။
ပုံပန်းသဏ္ဍာန်အရတော့ သူမတို့နှစ်ယောက်စလုံးသည် ညီတူညီမျှတူညီကြပေမဲ့လည်း စင်မြင့်ပေါ်ရှိအမျိုးသမီးက သူမမှာရှိတဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်သော စီအီအို အော်ရာ ချို့တဲ့နေခဲ့သည်။
ထိုအရာက အမျိုးသမီးအများစု မပိုင်ဆိုင်နိုင်တဲ့ အရာဖြစ်သည်။
လင်ပေ့ဖန်က ပြောလိုက်သည်။
" မင်းက လိန်ချင်းရွဲ့လိုမျိုး ကျော်ကြားတဲ့ ဆယ်လီတစ်ယောက်ကိုတောင် ဖိတ်ခေါ်နိုင်ခဲ့တာပဲ။ သူမကို ဖိတ်ခေါ်ရတာ အရမ်းခက်ခဲတယ်။ ပြီးတော့ သူမရဲ့ နောက်ခံက အတော်လေးကို တောင့်တယ်လို့ ငါကြားမိတယ်။ သူမကို ဖိတ်ခေါ်ဖို့ဆိုရင် ပိုက်ဆံအများကြီးနဲ့ ဖိတ်ခေါ်မှပဲ ရလိမ့်မယ်။ "
ချူရိုရွယ်သည် ပြုံးစိစိနဲ့ ပြန်ပြောခဲ့သည်။
" သူမကို ဖိတ်ခေါ်ရတာ တကယ့်ကို ခက်ခဲတယ်။ဒါပေမဲ့ ကျွန်မကိုယ်တိုင် သူမကို သွားဖိတ်ခေါ်လို့ သူမက ကျွန်မကို မျက်နှာပေးပြီး သဘောတူခဲ့တာ။ရှင့်ရဲ့ စကားတွေကို ကြည့်ရတာ ရှင် သူမကို ကောင်းကောင်းသိနေပုံရတယ်။ "
လင်ပေ့ဖန်သည် ဆန်းကြယ်စွာဖြင့် ပြုံးလိုက်သည်။
သူမကို သိရုံထက်ဘယ်ကမလဲ…. ?
ဘာကြောင့်လဲဆိုတော့ ဒီအမျိုးသမီးက အမျိုးသမီးဇာတ်လိုက်တစ်ယောက်ပဲလေ…။
ပြီးတော့ ငါနဲ့ သူမက ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုရှိတယ်…။