← Chapters

အခန်း (၁၁၁)

Vol. 8 Ch. 111

အခန်း (၁၁၁)

Vol. 8 Ch. 111

ထိုအမျိုးသမီး၏ အမည်မှာ လိန်ချင်းရွဲ့ဖြစ်ပြီး လျှို့ဝှက်မိသားစုတစ်စုဖြစ်တဲ့ လိန်မိသားစုခေါင်းဆောင်၏ သမီးဖြစ်သည်။

သူမသည် စီးပွားရေးလုပ်ရတာကို မကြိုက်တဲ့အပြင် သူမအတွက် အစားအသောက်နဲ့ စားဝတ်နေရေးကလည်း တစ်သက်လုံးစိတ်ပူစရာမရှိတာကြောင့် သူမသည် ဖျော်ဖြေရေးနယ်ပယ်ထဲသို့ ဝင်ရောက်ပြီး အဆိုတော်တစ်ယောက်ဖြစ်လာခဲ့သည်။

သူမသည် ကြော့ရှင်းသော အမျိုးသမီးငယ်တစ်ယောက်ဖြစ်သည်။ထို့ပြင် သူမသည် တရုတ်ရိုးရာဝတ်စုံများ ဝတ်ရတာကို နှစ်သက်ပြီး ရှေးခေတ်စာအုပ်များနှင့် ရှေးခေတ်ကဗျာများ ရွတ်ဆိုရတာကိုလည်း နှစ်သက်သည်။

သူမ၏ သီချင်းသီဆိုဟန်က ဂန္တဝင်ဆန်ပြီး အနုပညာရှင်ဆန်တဲ့ အသွင်ကို ပေါ်လွင်စေတာကြောင့် သူမသည် ဖျော်ဖြေရေးနယ်ပယ်ထဲသို့ ဝင်ရောက်လာချိန်တွင် အရမ်းကို နာမည်ကြီးလာခဲ့သည်။ထို့ပြင် သူမသည် သူမမိသားစု၏ အကာအကွယ်ဖြင့် ဖျော်ဖြေရေးနယ်ပယ်တွင် ကြီးထွားလာခဲ့ပြီး သူမကို ဘယ်သူ့ကမှ အန္တရာယ်မပြုဝံ့ကြပေ။

မူရင်းဇာတ်လမ်းတွင် သူမသည် ဖျော်ဖြေရေးနယ်ပယ်ထဲတွင် အမျိုးသား ဇာတ်လိုက်ကို ဖမ်းစားနိုင်ခဲ့သော အမျိုးသမီးတစ်ဦးဖြစ်ခဲ့သည်။

ဖျော်ဖြေရေးနယ်ပယ်ထဲတွင် အမျိုးသားဇာတ်လိုက်သည် တစ်ခြားကမ္ဘာမှ ကျော်ကြားတဲ့ ယဉ်ကျေးမှုများကို ကူးယူခြင်းဖြင့် ကျော်ကြားလာသည့် ကမ္ဘာကူးပြောင်းသူတစ်ယောက်ဖြစ်သည်။ထို့နောက် သူသည် သဘာဝကျစွာဖြင့် ဒီအနုပညာရှင်အမျိုးသမီးငယ်လေးကို ဆွဲဆောင်နိုင်ခဲ့ပြီး နှစ်ယောက်သားပေါင်းစည်းနိုင်ခဲ့ကြသည်။

သို့သော်လည်းပဲ သူသည် လင်ပေ့ဖန်နှင့် တွေ့ဆုံခဲ့ချိန်တွင် အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။

ထိပ်တန်းအဆင့် လူငယ်ကဗျာပြိုင်ပွဲတွင် သူတို့နှစ်ယောက် တွေ့ဆုံခဲ့ကြသည်။

ထိုအချိန်တွင်အမျိုးသားဇာတ်လိုက်သည် လိန်ချင်းရွဲ့၏ အာရုံကို ဆွဲဆောင်ချင်တာကြောင့် သူသည် ကဗျာတစ်ပုဒ်ကို သီကုံးရေးစပ်ပြီး လူတိုင်း၏ မျက်နှာကို ဖြတ်ရိုက်ရန် ပြင်ဆင်ခဲ့သည်။

ဗီလိန်တစ်ယောက်ဖြစ်တဲ့ လင်ပေ့ဖန်သည်လည်း သူ့၏ပစ်မှတ်ထဲမှ တစ်ယောက်အပါအဝင်ဖြစ်သည်။

ဗီလိန်တစ်ယောက်အနေဖြင့် လင်ပေ့ဖန်သည်

သည်းမခံနိုင်တော့ပေ။

အကယ်၍ မင်းရဲ့ အရည်အချင်းက စစ်မှန်တယ်ဆိုရင် ဒါက ကောင်းပါတယ်။ ဒါပေမဲ့ မင်းက မင်းရဲ့အရင်ဘဝတုန်းက ကဗျာတွေကို အသုံးချပြီးတော့ ငါ့မျက်နှာကို ဖြတ်ရိုက်ချင်တယ်တဲ့လား ?…။

ထို့ကြောင့် လင်ပေ့ဖန်သည် ပြန်လည်တိုက်ခိုက်ခဲ့သည်။

တစ်ခြားကမ္ဘာရဲ့ ယဉ်ကျေးမှုတွေက နှစ်ငါးထောင်ရှိနေပြီဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ…?။

ထို့နောက် လင်ပေ့ဖန်သည် ဇာတ်လိုက်ကို ပြတ်ပြတ်သားသားအနိုင်ယူပြီး လိန်ချင်ရွဲ့၏ အာရုံစိုက်မှုကို ဆွဲဆောင်၍ သူမ၏ မျက်နှာသာပေးမှုကို ရရှိခဲ့သည်။

ထိုနေ့မှစ၍ သူတို့နှစ်ယောက်သည် သဘာဝအတိုင်း ဆုံတွေ့ခဲ့ကြသည်။ တစ်ခြားကမ္ဘာ၏ ယှဉ်ကျေးမှုသည် တရုတ်နိုင်ငံ၏ ယှဉ်ကျေးမှုကို အမြဲတမ်းရှုံးနိမ့်ပြီး သူသည် သူ့တစ်ဘဝလုံး လင်ပေ့ဖန်၏ အရိပ်အောက်တွင်သာ နေထိုင်သွားခဲ့ရသည်။

သူသည် လင်ပေ့ဖန်၏လက်အောက်တွင် ဒီဇိုင်းဆွဲသည့် ပန်းချီဆရာတစ်ယောက်ေတာင်ဖြစ်လာခဲ့ပြီး လင်ပေ့ဖန်အတွက် ပိုက်ဆံအများကြီး ရှာပေးခဲ့ရသည်။

အဆုံးမှာတော့ သူ့ရဲ့ အရည်အချင်းအားလုံးက ဆုတ်ယုတ်သွားခဲ့ရသည်။

အမျိုးသမီးဇာတ်လိုက်လိန်ချင်းရွဲ့က ထွက်ပေါ်လာပြီဆိုတော့ အမျိုးသားဇာတ်လိုက်က ဘယ်နေရာကို သွားနေတာလဲ …?

အရင်ဘဝတုန်းက ဒီအချိန်မှာ အမျိုးသားဇာတ်လိုက်က အတော်လေးကို ကျော်ကြားတဲ့ အင်တာနက်စထွင်မာတစ်ယောက်ဖြစ်နေပြီ။အခုသူ့အကြောင်း သတင်းတွေကို ဘာလို့မတွေ့ရတာလဲ ?။ သူပျောက်ကွယ်သွားတာလား….. ?

လင်ပေ့ဖန်သည် တွေးပြီး ရယ်မောနေခဲ့သည်။

ထိုအချိန်တွင် လင်ပေ့ဖန်သည် သူ့ရင်ဘတ်က နောက်တစ်ကြိမ်နာကျင်သွားသလို ခံစားခဲ့ရသည်။

လင်ပေ့ဖန်သည် ပဟေဠိဖြစ်စွာဖြင့် မေးမြန်းခဲ့သည်။

" မင်းဘာလုပ်နေတာလဲ ? "

" ရှင်က ကျွန်မဘာလုပ်တာလဲလို့ မေးနေတုန်းပဲလား ? "

ထို့နောက် ချူရိုရွယ်သည် သံသယဖြစ်စွာဖြင့် ကြည့်ပြီး ပြောလိုက်သည်။

" ရှင်ရီနေတဲ့ပုံက လူယုတ်မာတစ်ယောက်လိုပဲ။ ရှင့်မှာ အကြံဆိုးတစ်ခုခုများ ရှိနေတာလား ? ။ ကျွန်မရှင့်ကို သတိပေးလိုက်မယ်။ လိန်ချင်းရွဲ့က ကျွန်မဖိတ်ခဲ့တဲ့လူပဲ။ ရှင် သူမနဲ့ သွားမရှုပ်နဲ့။ "

လင်ပေ့ဖန်သည် သူမကို ကြည့်ပြီး ပြောခဲ့သည်။

" မစိုးရိမ်ပါနဲ့ ။ငါ သူမနဲ့ သွားမရှုပ်ပါဘူး။ "

ထိုအခါမှ ချူရိုရွယ်သည် စိတ်သက်သာရာရပြီး ပြောလိုက်သည်။

" ဒါကောင်းတယ် "

ထို့နောက် လင်ပေ့ဖန်သည် ဖြောင့်မတ်တည်ကြည်သောအမူအရာဖြင့် ပြောလိုက်သည်။

" ငါက ငါလုပ်ချင်တဲ့ အရာတွေကို ပွင့်ပွင့်လင်းလင်းပဲ လုပ်တယ်။ "

ချူရိုရွယ် : …

" ပွင့်လင်းတယ်ပေါ့လေ ၊ဟုတ်လား ? " ဟု ပြောပြီးနောက် ချူရိုရွယ်သည် ဘေးပတ်ပတ်လည်ကိုကြည့်ပြီး အားရပါးရရယ်မောခဲ့သည်။

" မင်းဘာကို ရယ်နေတာလဲ ? " ဟု လင်ပေ့ဖန်က စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းခဲ့သည်။

" ကျွန်မရယ်နေတာက ရှင့်ကိုယ်ကိုယ်ရှင် သတိမပြုမိလို့ ရယ်နေတာ။ ချမ်းသာပြီးတော့ ရုပ်ရည်ကြည့်ကောင်းတဲ့အပြင် ရှင့်မှာ ဘာရှိသေးလို့လဲ ? ။ သူမလို ခေတ်မီတဲ့ အမျိုးသမီးက ရှင့်လို ပလေးဘွိုင်းတစ်ယောက်ကို စိတ်မဝင်စားနိုင်ဘူး။ "

လင်ပေ့ဖန်သည် ပြန်ငြင်းခုံခဲ့သည်။

" ငါတော့ အဲ့လိုမထင်ဘူး။ ငါ့မှာ အနုပညာအရည်အချင်းတွေ အများကြီးရှိတယ်။ ငါ အဲ့ဒီအရည်အချင်းတွေကို ဖော်ပြဖို့ အခွင့်အရေးမရှိသေးလို့ဘဲ ။အကယ်၍ ငါသာ တစ်ကြိမ်ဖော်ပြလိုက်ရင် အမျိုးသမီးတွေအကုန်လုံး ငါ့ကို ချစ်မိသွားလိမ့်မယ်။ "

" ကျွန်မ မယုံဘူး။ ဒါဆိုရင် ဘယ်လိုလဲ ? "

ချူရိုရွယ်သည် မျက်လုံးပြူးပြပြီး အဆိုပြုခဲ့သည်။

" ကျွန်မတို့ လောင်းကြေးထပ်ကြရအောင်။ "

" ဘယ်လို အလောင်းအစားလဲ ? "

" ရှင် သွားပြီး သူမဆီကနေ ဝီချက်အကောင့်ကို တောင်းကြည့်။အကယ်၍ ရှင်အောင်မြင်ခဲ့ရင် ရှင်တောင်းဆိုတဲ့ တော်ရုံတန်ရုံအခြေအနေတစ်ခုကို သဘောတူပေးမယ်လို့ ကျွန်မကတိပေးတယ်။အကယ်၍ ရှင်ရှုံးခဲ့ရင် ကျွန်မရဲ့ အခြေအနေတစ်ခုကို သဘောတူပေးရမယ်။ ဒါဆိုရင် ဘယ်လိုလဲ ? " ချူရိုရွယ်၏ မျက်လုံးများက တောက်ပနေခဲ့သည်။

လင်ပေ့ဖန်သည် ရယ်မောပြီး ဒီအမျိုးသမီးက သူ့ပိုက်ဆံကို နောက်တစ်ကြိမ် လိုချင်ပြီဆိုတာကို သူ သဘောပေါက်သွားသည်။

သူတို့၏ အတိတ်ဘဝတုန်းကလည်း သူတို့သည် ဒီလိုဂိမ်းမျိုးကို မကြာခဏ ကစားခဲ့ကြသည်။ထို့ပြင်သူမသည် သူမရဲ့ ဘဏ္ဍာရေးအခက်အခဲတွေကို အဆင်ပြေစေဖို့ အတွက် သူမသည် သူ့အိတ်ကပ်ထဲက ပိုက်ဆံတွေကို ရဖို့ အမြဲတမ်း ကြိုးစားနေခဲ့သည်။

အဆုံးမှာတော့ သူမသည် အချိန်တိုင်း သူ့ကို ရှုံးနိမ့်ခဲ့ရသည်။

" ကောင်းပြီ ၊ငါသဘောတူတယ်။ " ဟု လင်ပေ့ဖန်က ကျေကျေနပ်နပ်ကြီး သဘောတူခဲ့သည်။

၎င်းက အလောင်းကစားအတွက်ကြောင့်ပဲ မဟုတ်ခဲ့ပေ။သူသည် လိန်ချင်းရွဲ့နှင့် ဆက်သွယ်၍ သူမနောက်က ဇာတ်လိုက် ထွက်လာမလားဆိုတာကို စောင့်ကြည့်ဖို့ပဲ ဖြစ်သည်။

ထိုအချိန်တွင် လိန်ချင်းရွဲ့၏ သီဆိုမှုက ပြီးသွားခဲ့သည်။

စင်မြင့်ပေါ်တွင် ဦးညွှတ်၍ ကျေးဇူးတင်စကား ပြောပြီးသည့်နောက်တွင် သူမကို ချူရိုရွယ်က ဖိတ်ခေါ်ခဲ့ပြီး လင်ပေ့ဖန်၏ ဘေးနားကထိုင်ခုံတွင် သူမကို ထိုင်စေခဲ့သည်။

ထို့နောက် ချူရိုရွယ်သည် လင်ပေ့ဖန်ကို မျက်လုံးမှိတ်ပြခဲ့သည်။

ကျွန်မတော့ ရှင့်ကို အခွင့်အရေးပေးပြီးသွားပြီ ။ ရှင် ဘယ်လိုဖျော်ဖြေမလဲဆိုတာကို ကြည့်ကြရအောင်……။

လင်ပေ့ဖန်သည် သူ့အတွက် ပြဿနာမရှိဘူးဟု ညွှန်ပြပြီး အိုကေတယ်ဟု လက်ဟန်လုပ်ပြခဲ့သည်။

ထိုအချိန်တွင် အခမ်းအနားကျင်းပရာနေရာက ဆူညံနေသော်လည်း လိန်ချင်ရွဲ့သည် သူမ လက်ထောက်ဆီကနေ စာအုပ်တစ်အုပ်ကို လက်ခံရရှိခဲ့ပြီး လေးလေးနက်နက် စတင်၍ ဖတ်ရှုခဲ့သည်။

သူမသည် ပန်းချီးကားချပ်လိုမျိုး အတော်လေးကို အနုပညာလက်ရာမြောက်ပြီး တည်ငြိမ်အေးချမ်းသည်။

လင်ပေ့ဖန်သည် တစ်ချက်ကြည့်လိုက်ပြီး သူမဖတ်နေတာက အတော်လေးကို ဝမ်းနည်းစရာကောင်းတဲ့ အချစ်ဝတ္ထုတစ်ပုဒ်ဖြစ်တယ်ဆိုတာကို သိလိုက်သည်။

လင်ပေ့ဖန်သည်လည်း ထိုဝတ္ထုကို သိသည်။ ၎င်းဝတ္ထုက တစ်ယောက်နှင့်တစ်ယောက်ချစ်နေကြသော်လည်း နောက်ဆုံးတွင် မပေါင်းဖက်နိုင်ခဲ့တဲ့ ချစ်သူနှစ်ယောက်အကြောင်းကို ရေးဖွဲ့ထားသည့် ဝတ္ထုတစ်ပုဒ်ဖြစ်သည်။

အခုတော့ သူမဖတ်နေတာက ဝတ္ထုအဆုံးကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။၎င်းဝတ္ထုက သူမရဲ့ စိတ်ခံစားချက်ကို ထိမိသွားပုံပေါ်တာကြောင့် သူမသည် ဘောပင်တစ်ချောင်းကို ထုတ်ပြီး စာအုပ်ပေါ်တွင် (နက်နဲသောအချစ် နှင့် တိမ်မြှုပ်နေတဲ့ ကံ ) ဆိုသည့် စာသားကို ချရေးခဲ့သည်။

သို့သော်လည်းပဲ သူမသည် မျက်မှောင်ကြုတ်ပြီး အနည်းငယ် မကျေနပ်ပုံ ပေါ်နေခဲ့သည်။

ထိုအချိန်တွင် လင်ပေ့ဖန်သည် စာရွက်တစ်ရွက်ယူထုတ်၍ စာသားအနည်းငယ်ကို ချရေးပြီး သူမကို ပေးခဲ့သည်။

လိန်ချင်းရွဲ့သည် လူစိမ်းတစ်ယောက်က ရုတ်တရက် သူမကို စာပေးတာကြောင့် အတော်လေးကို အံ့အားသင့်သွားခဲ့သည်။

သူမသည် အဓိပ္ပာယ်ပြည့်ဝတဲ့ အပြုံးတစ်ပွင့်ကို ပြုံးလိုက်ပြီး စာရွက်ကို ဖွင့်ဖတ်ခဲ့သည်။စာရွက်ပေါ်တွင် စကားလုံး၈လုံးသာ ရှိနေခဲ့သည်။

( ချစ်ချင်းမေတ္တာက ခိုင်မြဲပေမဲ့ ကံတရားက တိမ်မြှုပ်နေသေးတယ် )

ထိုစာကို ဖတ်ပြီး လိန်ချင်းရွဲ့သည် ရုတ်တရက် ထိမှန်သွားခဲ့သည်။

ဘာကြောင့်လဲဆိုတော့ ထိုစကားလုံး၈လုံးက ၎င်းဝတ္ထုကို ဖော်ပြရန် အတော်လေးကို သင့်လျော်လွန်းတာကြောင့်ဖြစ်သည်။

ထိုစကားလုံးများက သူမရေးခဲ့တဲ့ (နက်နဲသောအချစ် နှင့် တိမ်မြှုပ်နေတဲ့ ကံ )ဆိုတဲ့ စကားလုံးထက် စကားလုံး၄လုံးပိုများပေမဲ့လည်း ပိုပြီးတော့ အဓိပ္ပာယ်ရှိနေခဲ့သည်။

ထို့ပြင်၎င်းစကားလုံးက အတော်လေးကို ထူးခြားနေခဲ့သည်။

ထိုစကားလုံးများက သူမလိုချင်နေတဲ့ စကားလုံးများဖြစ်သည်။

ထို့ကြောင့် သူမသည် ပျော်ရွှင်စွာဖြင့် နောက်ထပ်စကားလုံး၈လုံးကို သူမ၏ စာအုပ်မှာ ထပ်ထည့်ခဲ့သည်။

တစ်ချိန်တည်းမှာပဲ သူမသည် စာရွက်ပေါ်တွင် စကားလုံးအနည်းငယ်ကို ချရေးပြီး လင်ပေ့ဖန်ကို ပေးခဲ့သည်။

လင်ပေ့ဖန်သည် စာရွက်ကို ဖွင့်ပြီး ဖတ်ခဲ့သည်။

[ ကျေးဇူးတင်ပါတယ် ၊ ရှင်လည်း ဒီဝတ္ထုကို ကြိုက်တာလား ? ]

လင်ပေ့ဖန်သည် ချက်ချင်းပဲ စကားလုံးသုံးလုံးကို ချရေးပြီး သူမကို ပြန်ပေးခဲ့သည်။

[ မကြိုက်ဘူး ]

သူမက အကြောင်းပြန်ခဲ့သည်။

[ ဘာလို့လဲ ?။ ရှင် မကြိုက်ဘူးဆိုရင် ဘာလို့ ဒီလောက်လေးလေးနက်နက် ကောက်ချက်ချရတာလဲ ? ]

လင်ပေ့ဖန်က ပြန်ပြောခဲ့သည်။(စာရွက်နဲ့ပြောတာနော်)

[ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ စကားလုံး ၈၀၀၀၀ရှိတယ်။ ဒါပေမဲ့ (အချစ် ) ဆိုတဲ့ စကားလုံးက အနာကျင်ဆုံးစကားလုံးပဲ။ ]

လိန်ချင်းရွဲ့သည် နောက်တစ်ကြိမ်အံအားသင့်သွားခဲ့သည်။

ထိုစာကြောင်းက အရမ်းကိုမှ လေးနက်လွန်းသည်။ဘာကြောင့်လဲဆိုတော့ အချစ်ကနာကျင်စေတဲ့ အကြောင်းကို လေးလေးနက်နက် ကောက်ချက်ချပြီး ရေးထားတာကြောင့်ဖြစ်သည်။

[ အချစ်က လူတွေကို နာကျင်စေတာကြောင့် ငါ မကြိုက်ဘူး။ ]

လိန်ချင်းရွယ်သည် လင်ပေ့ဖန်၏ ချောမောတဲ့မျက်နှာကို ကြည့်ပြီး သူမဘာသာ သူမ တွေးခဲ့သည်။

ဒီယောက်ျားက ဇာတ်လမ်းတစ်ပုဒ်ရှိတယ်…။

ခဏကြာတွေးတောပြီးနောက် သူမသည် စကားလုံးအနည်းငယ်ကို ချရေးပြီး လင်ပေ့ဖန်ကို ပြန်ပေးခဲ့သည်။

[ အချစ်က နာကျင်စေတယ်ဆိုတော့ ဒါကို ရှောင်ရှားဖို့ နည်းလမ်းရှိလား ? ] ( ဘာသာပြန်သူဆို ယင်မတောင် မသမ်းဖူးဘူး )

စာရွက်ကို ယူပြီးနောက် လင်ပေ့ဖန်သည် အမြန် ပြန်ရေးလိုက်သည်။

ဒါပေမဲ့လည်း သူသည် အချိန်အကြာကြီး ယူပြီး ရေးလိုက်ရသည်။ဘာကြောင့်လဲဆိုတော့ ဒီတစ်ခေါက်သူချရေးတာက ပိုများနေတာကြောင့်ဖြစ်သည်။

ထို့နောက်လိန်ချင်းရွယ်သည် စာရွက်ကို ယူပြီး ဖွင့်ဖတ်ခဲ့ချိန်တွင် ၎င်းစကားလုံးများက သူမနှလုံးသားလေးကို နောက်တစ်ကြိမ်ထိမှန်သွားခဲ့သည်။

ဘာကြောင့်လဲဆိုတော့ သူရေးထားတာက……

All Chapters