← Chapters

အခန်း (၁၇၉)

Vol. 13 Ch. 179

အခန်း (၁၇၉)

Vol. 13 Ch. 179

ဒါက မကောင်းတဲ့ နိမိတ်တစ်ခုမဟုတ်ဘူး...အခွင့်အရေးတစ်ခုပဲ

အ‌တော်လေးရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ...

သူက အခုပြန်လည်မွေးဖွားလာခဲ့တာဖြစ်သည်။ထို့ကြောင့် အခုချိန်တွင် လင်ပေ့ဖန်က သူ့ကို လုံးဝ မသိပေ...။

ထိုနည်းဖြင့် သူသည် လင်ပေ့ဖန်နှင့် နီးနီးကပ်ကပ် ဆက်သွယ်နိုင်ပြီး သူ့ကံကြမ္မာကိုလည်း သေသေချာတွက်ချက်လို့ရလိမ့်မည်ဖြစ်သည်။ထို့နောက်သူသည် လင်ပေ့ဖန်ရဲ့ အားနည်းချက်ကို ရှာဖွေပြီး အရေးကြီးတဲ့အချိန်အခါမျိုးတွင် သူ့ကို တန်ပြန်တိုက်ခိုက်၍ လက်စားပြန်ချေနိုင်သည်။

သူ့ရဲ့ ရှေ့မှာ ကြီးမားတဲ့အခွင့်အရေးကောင်းကြီးတစ်ခုရှိနေတယ်...

တကယ်တော့ လင်ပေ့ဖန် သူ့ဆီမှာ ဗေဒင်လာမေးတာက သူ့ရဲ့အားနည်းချက်ကို သူ့ရှေ့မှာ ကိုယ်တိုင် ထုတ်ဖော်ပြလိုက်တာနဲ့ အတူတူပဲဖြစ်သည်...

ငါ သူ့ရဲ့ယုံကြည်မှုကို လှည့်စားပြီးတော့တောင် သူ့ကို အသုံးချလို့ရတယ်...ဟီးဟီး...

ငါ တကယ့်ကို ကံကောင်းတာပဲ....

ထိုအကြောင်းကိုတွေးပြီး လျူရှောင်ယောက်သည် လန်ဆန်းတက်ကြွသွားခဲ့သည်။ထို့နောက် သူသည် လင်ပေ့ဖန်ကို ပြောလိုက်သည်။

" သခင်လေးလင် ... မင်း ဘာလိုချင်လို့လဲ .. "

" ဒါက ဆရာလျူမှာ အရည်အချင်းရှိလား...မရှိလားဆိုတဲ့ အပေါ်မှာမူတည်တယ်... " လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။

" ရိုးရိုးသားသားပြောရရင်.. ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကို မင်းတတ်ထားတဲ့ ဗေဒင်ပညာနဲ့ ကြည့်လို့ရတယ်ဆိုတာကို ငါမယုံကြည်ဘူး..."

လျူရှောင်ယောက်ရဲ့ မျက်နှာက အနည်းငယ်မပျော်မရွှင်ဖြစ်သွားခဲ့သည်။

လင်ပေ့ဖန် နေရာမှာ အခြားတစ်ယောက်သာဆိုရင် သူ ‌အော်ဟစ်ပေါက်ကွဲနေတာ ကြာပြီဖြစ်သည်။

' မယုံရင် ထွက်သွား.....တံခါးက အရှေ့ဘက်မှာ..'

သို့သော်လည်းပဲ လင်ပေ့ဖန်ကတော့ သူ့ရဲ့ရန်သူတော်ကြီးဖြစ်သည်။ ထို့ပြင် သူ လက်စားချေန်ိင်လား...မချေနိုင်လားဆိုတာကလည်း ဒီအချိန်ပေါ်မှာ မူတည်နေတာကြောင့် သူ သည်းခံရမည်ဖြစ်သည်။

ဒီကောင်ဘာပဲပြောပြောငါသည်းခံရမယ်...

" သခင်လေးလင် ... မှန်လား..မမှန်လားဆိုတာ မင်းဘာလို့ မကြိုးစားကြည့်တာလဲ..." လျူရှောင်ယောက်က ယုံကြည်မှုရှိစွာဖြင့် ပြောခဲ့သည်။

" ရိုးရိုးသားသားပြောရရင် ဂမ္ဘီရပညာနဲ့ ဗေဒင်ပညာမှာ ကျွန်တော်က ဒုတိယလို့ ပြောလိုက်တာနဲ့ ဘယ်သူ့ကမှ ပထမလို့ မပြောရဲဘူး...

" အရမ်းယုံကြည်မှုရှိလှချည်လား... " လင်ပေ့ဖန်က အံ့အားသင့်သွားခဲ့သည်။

" ဒါပေါ့... ယုံကြည်မှုဆိုတာက စွမ်းအားကနေလာတာလေ... " လျူရှောင်ယောက်က ဝံ့ကြွားစွာဖြင့် ပြောခဲ့သည်။

" ဆရာလျူ...ဒါဆိုရင် ကျွန်တော့်ရဲ့ စီးပွားရေးဘယ်လိုဖြစ်နေလဲဆိုတာကို ကြည့်ချင်တယ်... " လင်ပေ့ဖန်က ရယ်မောခဲ့သည်။

လျူရှောင်ယောက်က တိတ်တဆိတ် ပျော်ရွှင်သွားခဲ့သည်။

တကယ်တော့ လင်ပေ့ဖန်ရဲ့ စီးပွားရေးကို သူ အကြည့်ချင်ဆုံးပဲဖြစ်သည်။

" ဒင်္ဂါးပြားတွေကို ပစ်လိုက်.... မင်း ဒင်္ဂါပြားတွေ ပစ်တဲ့အချိန်မှာ မင်းရဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်းကို စဉ်းစားနေရုံပဲ... " လျူရှောင်ယောက်က သူ့လက်ထဲကဒင်္ဂါးပြားများကို ပေးရန် မစောင့်နိုင်တော့ပေ။

လင်ပေ့ဖန်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

" ကျွန်တော် ကြေးနီဒင်္ဂါးပြားသုံးဖို့ လိုသေးလို့လား.... အပြင်ကလူတွေပြောတာကို ကျွန်တော်ကြားတာတော့... ဆရာလျူက လူတစ်ယောက်ရဲ့ အသွင်အပြင်ကိုတချက် ကြည့်ရုံနဲ့ အဲ့ဒီလူရဲ့ အကြောင်းကို ပြောပြနိုင်တယ်ဆို.... ကျွန်တော့်အလှည့်ကျမှ ဘာလို့ ကြေးနီဒင်္ဂါးပြားတွေ သုံးဖို့ လိုတာလဲ... "

" အဟွတ်...အဟွတ်... ဘာလို့လဲဆိုတော့ လူတွေက တစ်ယောက်နဲ့ တစ်ယောက်မတူဘူး... "

လျူရှောင်ယော်က ဆင်ခြေပေးခဲ့သည်။

" တစ်ခြားလူတွေရဲ့ ကံကြမ္မာက သာမန်ပဲမို့လို့ သူတို့ကို ငါ တချက်ကြည့်လိုက်တာနဲ့သိနိုင်တယ်... ဒါပေမဲ့ မင်းရဲ့ ကံကြမ္မာကကျတော့ တော်တော်လေးထူးခြားလို့ မင်းရဲ့ အသွင်အပြင်ကို ငါ တချက်ကြည့်ရုံနဲ့ မပြောနိုင်ဘူး... ဒါကြောင့် မင်းရဲ့ ကံကြမ္မာကို သိဖို့ တစ်ခြားနည်းလမ်းနဲ့ တွက်ကြည့်ဖို့ လိုတယ်.. "

လင်ပေ့ဖန်သည် လျူရှောင်ယောက် ပြောတာကို နားထောင်ပြီး ပြောလိုက်သည်။

" မင်းပြောတာ ‌ကျိုးကြောင်းဆီလျော်တယ်...ဟားဟား... "

ထို့နောက် သူသည် ဒင်္ဂါပြားအနည်းငယ်ကို ပျော်ရွှင်စွာဖြင့် ဆုပ်ကိုင်ခဲ့သည်။

လျူရှောင်ယောက်ရဲ့ မျက်နှာက တည်ငြိမ်နေပေမဲ့လည်း သူ့ရဲ့ စိတ်ထဲမှတော့ အရမ်းအရမ်းကိုမှ စိတ်လှုပ်ရှားနေခဲ့သည်။

ဒါက စတော့မယ်...ဒါကစတော့မယ်..

မင်း ဒင်္ဂါပြားကို ပစ်ချလိုက်တာနဲ့ ငါ မင်းရဲ့ ကံကြမ္မာကို ကြည့်နိုင်ပြီ.. နောက်ပြီး မင်းရဲ့ အနာဂတ်ကိုလည်း ငါ မြင်နိုင်ပြီ....

လင်ပေ့ဖန် ...မင်းရဲ့ စီးပွားရေးက ဘယ်လို အခြေအနေရှိလဲဆိုတာ ငါ့ရဲ့ရှေ့မှာ ပေါ်လာတော့မယ်....ဟားဟား....

လျူရှောင်ယောက်သည် လင်ပေ့ဖန် ဒင်္ဂါပြားများ ပစ်ချလိုက်တာကို မြင်လိုက်သည်။ဒင်္ဂါးပြားများသည် လည်ပတ်နေပြီး နောက်ဆုံးမှာတော့ ကစဉ့်ကလျားပုံစံဖြင့် ကျသွားခဲ့သည်။

" ဆရာလျူ ... ကျွန်တော်ရဲ့ စီးပွားရေးကို မင်းဘယ်လိုမြင်လဲ... " လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် မေးခဲ့သည်။

လျူရှောင်ယောက်သည် မျက်မှောင်ကြုတ်ပြီး အချိန်အကြာကြီး ကြည်ခဲ့ပေမဲ့လည်း ဘယ်လိုမှ မမြင်နိုင်သေးပေ။

ဒါပေါ့.... လင်ပေ့ဖန်ရဲ့ကံကြမ္မာက ဘယ်လိုလုပ် ကြည့်ရလွယ်မှာလဲ....

သို့သော်လည်းပဲ လျူရှောင်ယောက်က အလွန်ယုံကြည်မှုရှိနေသေးသည်။

ဘာလို့လဲဆိုတော့ သူက အရင်လို မဟုတ်တော့‌တာကြောင့် ဖြစ်သည်။

ထို့ပြင် သူသည် လူတစ်ယောက်ရဲ့ ကံကြမ္မာကို တွက်ချက်ပြီး ဗေဒင်ဟောနိုင်တာကလည်း သူ့မိသားစုရဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုကြောင့် ဖြစ်သည်။

ထိုကျင့်စဉ်ကို ထျန်မင်ကျန်းစီကျင့်စဉ်ဟု ခေါ်ပြီး စုစုပေါင်း အဆင့်၉ဆင့်ပါရှိသည်။သူပြန်လည် မမွေးဖွား လာခင်ကတည်းက သူသည် အဆင့်၈ထိ ကျင့်ကြံထားပြီးသားဖြစ်သည်။ ထို့ပြင် ဗေဒင်နဲ့ ဂမ္ဘီရပညာမှာဆိုရင် သူ့ရဲ့ အရည်အချင်းက ဘိုးဘေးတွေကိုတောင်မှ အံ့အားသင့်စေလောက်သည်အထိ ထူးချွန်နေပြီဖြစ်သည်။

ပြန်လည်မွေးဖွားလာပြီးနောက် သူသည်'ထျန်မင်ကျန်းစီ'ကျင့်စဉ်ကို အဆင့်၉ထိ လုံးဝကျွမ်းကျင်သွားခဲ့ပြီဖြစ်သည်။ထို့ကြောင့် သူသည် ထျန်မင်ကျန်းစီကျင့်စဉ်ကို အသုံးပြုပြီး လင်ပေ့ဖန်ရဲ့ ကံကြမ္မာကို ‌တစေ့တစောင်းကြည့်နိုင်လိမ့်မည်ဟု ယုံကြည်သည်။

" ကံကြမ္မာမျက်လုံးဖွင့်လိုက်စမ်း.... "

သူသည် တိတ်တဆိတ်အော်ဟစ်လိုက်ပြီး သူ့ရဲ့ မျက်လုံးများက ပိုပြီးတော့တောင် မည်းမှောင်လာခဲ့သည်။

ထိုအချိန်တွင် သူ့ရဲ့ အမြင်ကို ဖုန်းကွယ်ထားတဲ့ မြူခိုးများကရှင်းလင်းသွားပြီး လင်ပေ့ဖန်ရဲ့ ကံကြမ္မာကို တစွန်းတစ မြင်လိုက်ရသည်။

ထို့နောက် သူသည် အော်ဟစ်ခဲ့သည်။

" လဗြွတ် ... "

ကြည့်လိုက်....ဘာမြင်ခဲ့ရတာလဲ...

သူ့ရဲ့ အတိတ်ဘဝကထက် လင်ပေ့ဖန်ရဲ့ စီးပွားရေးလုပ်ငန်းများသည် အဆပေါင်းများစွာ ပိုမိုမြန်ဆန်တဲ့နှုန်းဖြင့် တိုးချဲ့လာတာကို သူမြင်ခဲ့ရသည်။ထို့ပြင် လင်ပေ့ဖန် ပိုင်ဆိုင်ထားတဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုကလည်း ယွမ်၁၀၀ဘီလီယံကိုတောင်မှ ကျော်လွန်နေခဲ့ပြီဖြစ်သည်။

ဒါတောင် လင်အုပ်စုရဲ့ ပိုင်ဆိုင်မှု မပါသေးပေ..။မဟုတ်ရင် သူ့ရဲ့ ပိုင်ဆိုင်မှုက ဒီထက်ပိုပြီးတော့တောင်မှ များနိုင်သည်...။

' ဘယ်လို ဖြစ်လို့လဲ....ဘာလို့ မင်းက ဒီလောက်မြန်မြန် တိုးတက်လာရတာလဲ... ဒါက သိပ္ပံနည်းမကျဘူး... ' သူ့စိတ်ထဲ၌ ထိတ်လန့်စွာ‌အော်ဟစ်ခဲ့သည်။

လင်ပေ့ဖန် မြန်မြန်တိုးတက်လာတာကို တွေးမိပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး နေမထိထိုင်မသာ ဖြစ်သွားခဲ့သည်။

လင်ပေ့ဖန် ပိုပြီး တိုးတက်လာလေ ...သူ့နဲ့ ရင်ဆိုင်ရတာ ခက်လေလေဖြစ်သည်။

" ဆရာလျူ ဘယ်လိုလဲ ... ကျွန်တော့်ရဲ့ စီပွားရေးက မကောင်းဘူးမလား... " လင်ပေ့ဖန်က စိတ်လှုပ်ရှားစွာဖြင့် မေးခဲ့သည်။

လျူရှောင်ယောက်သည် မှင်တက်စွာဖြင့် ပြောခဲ့သည်။

" ကောင်းတယ်... အရမ်းကောင်းတယ် "

လင်ပေ့ဖန်သည် မှင်တက်စွာဖြင့် ပြန်ပြောခဲ့သည်။

" ဒါဆိုရင် ... မင်း ဘာလို့ အော်တာလဲ ... "

" ဘာ....လို့လဲဆိုတော့... ငါအရမ်း အံ့အားသင့်သွားလို့... "

" ဆရာလျူ ... ကျွန်တော်ရဲ့ စီးပွားရေးက ဘယ်လိုလဲ..."

" မစ္စတာလင် ... ကျွန်တော် ကြည့်တာ မမှားရင်...အခု မင်းပိုင်ဆိုင်ထားတဲ့ ငွေကြေးအပါအဝင် ၊ မင်းလက်ထဲမှာရှိတဲ့ ပိုင်ဆိုင်မှုအားလုံးကို ပေါင်းလိုက်ရင် ယွမ် ၁၀၀ဘီလီယံကျော်နေပြီ...နောက်ပြီး အဲ့ဒီပိုင်ဆိုင်မှုတွေကို သုံးလမပြည့်ခင်မှာ မင်း ရရှိခဲ့တာ... ငါ ပြောတာ မှန်တယ်မလား... "

လင်ပေ့ဖန်ရဲ့ မျက်နှာအမူအရာက ပြောင်းသွားခဲ့သည်။

" ဆရာလျူ ... မင်း ပြောတာမှန်တယ်... အဲ့ဒီအရာတွေက လူအများစုမသိသေးတဲ့ ကျွန်တော်တို့ကုမ္မဏီရဲ့ လျှို့ဝှက်ချက်တွေပဲ... မင်းဘယ်လို သိတာလဲ.... "

" ဒါပေါ့ ...ငါ တွက်ကြည့်တာ " လျူရှောင်ယောက်က လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြုံးခဲ့သည်။

" နောက်ထပ် မင်း ဘာထပ်မြင်ခဲ့သေးလဲ... " လင်ပေ့ဖန်က နောက်တစ်ကြိမ် ထပ်မေးခဲ့သည်။

" မင်းဘဝမှာ မင်းကို ကူညီပေးမဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေရှိတာကိုလည်း ငါမြင်ခဲ့ရတယ်... "

" သူတို့က ဘယ်သူတွေလဲ ... " လင်ပေ့ဖန်က ထပ်မေးခဲ့သည်။

" ငါပြောတာကို ဖြေးဖြေးချင်းနားထောင်..."

လုမိုပိုင်က လက်ငါးချောင်းထောင်ပြခဲ့သည်။

" မြင့်မြတ်တဲ့ပုဂ္ဂိုလ် ငါးယောက်က မင်းကို ကူညီပေးလိမ့်မယ်... "

လင်ပေ့ဖန်က အံ့အားသင့်သွားခဲ့သည်။

" ငါးယောက်တောင်လား... ဘာလို့အရမ်းများတာလဲ..."

လျှူရှောင်ယောက်ရဲ့ ပါးစပ်ထောင့်က တွန့်သွားခဲ့သည်။

သူသည်လည်း ဒီလူယုတ်မာကို ကူညီမဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်က ဘာလို့အရမ်းများနေတာလဲဆိုတာကို သိချင်နေခဲ့သည်။

သူ့ရဲ့ တိုးတက်မှု မမြန်ဆန်မှာ ကြောက်လို့ နတ်ဘုရားတွေက တကယ်ပဲ မျက်လုံးမှိတ်ထားခဲ့တာလား...

" ဆရာလျူ ...အဲ့ဒီပုဂ္ဂိုလ်ငါးယောက်က ဘယ်သူလဲဆိုတာကို ကျေးဇူးပြုပြီး ပြောပြပေးပါလား..." လင်ပေ့ဖန်က မတ်မတ်ထိုင်ခဲ့သည်။

" ပထမ မြင့်မြတ်တဲ့ပုဂ္ဂိုလ်က လွန်ခဲ့တဲ့ နှစ်လလောက်က ပေါ်လာခဲ့တာ... ငါတွက်ထားတဲ့ အချက်အလက်တွေအရတော့ သူက အရမ်းအစွမ်းထက်တဲ့ ကိုယ်ခံပညာရှင် တစ်ယောက်တဲ့... ငါပြောတာ မှန်တယ်မလား... "

လင်ပေ့ဖန်က ထပ်ခါထပ်ခါခေါင်းညိတ်ခဲ့သည်။

" ဆရာလျူ ... မင်းတွက်ချက်တာ အရမ်းမှန်တာပဲ... ခုနက မင်းပြောတဲ့ သူက ကျွန်တော့်ရဲ့ အစ်ကိုယဲ့ပဲ ဖြစ်လောက်မယ်...သူက သက်တော်စောင့်တစ်ယောက်ပဲ... သူက အတိုက်အခိုက်လည်းအရမ်းတော်ပြီးတော့ အရမ်းလည်း အစွမ်းထက်တယ်.... "

" နောက်ပြီး သူတစ်ယောက်ထဲနဲ့ လူတစ်ဒါဇင်လောက်ကို သူက အေးအေးဆေးဆေးကိုင်တွယ်နိုင်တယ်...ဒါပေမဲ့ သူက ရင်းနှီးမြှုပ်နှံရေးအပိုင်းမှာ ပိုပြီးတော့တောင် အံ့ဩစရာကောင်းတဲ့ အရည်အချင်း‌ တွေရှိတယ်.. ..အဲ့ဒီအရည်အချင်းတွေကို ကျွန်တော် မြင်ပြီးတာနဲ့ သူ့ကို ချက်ချင်းပဲ ရာထူးတိုးပေးခဲ့တာ... နောက်ပြီး သူက ကျွန်တော့်ကို စုစုပေါင်း ယွမ်၅၀ ဘီလီယံကျော် ဝင်ငွေရရှိအောင်လို့ ကူညီပေးခဲ့တယ်..."

လင်ပေ့ဖန်ကို ယွမ်၅၀ဘီလီယံရရှိအောင် ကူရှာပေးခဲ့တာပေါ့လေ...

ထိုစကားကို လျူရှောင်ယောက်ကြားလိုက်ရသောအခါတွင် သူသည် ယဲ့နာမည်နဲ့လူကို ဓားနဲ့မသေမချင်းထိုးသတ်ချင်ခဲ့သည်။

" ဆရာလျူ ...ဒုတိယမြင့်မြတ်တဲ့ပုဂ္ဂိုလ်အကြောင်းကို ပြောပြပါဦး... " လင်ပေ့ဖန်က မေးမြန်းခဲ့သည်။

" ဒုတိယမြင့်မြတ်တဲ့ပုဂ္ဂိုလ်က လွန်ခဲ့တဲ့ တစ်လကျော်လောက်ကမှ ပေါ်လာခဲ့တာ... "

လျူရှောင်ယောက်သည် ခေါင်းခါပြီး ပြောခဲ့သည်။

" ငါ တွက်ချက်ကြည့်ပြီးပြီ.. သူ့ရဲ့ အတိုက်အခိုက်စွမ်းရည်က မဆိုးဘူး... ဒါပေမဲ့ သူက ဆန်းကြယ်တဲ့ နည်းလမ်းတစ်ချို့ကို ပိုင်ဆိုင်ထားပြီးတော့ အရမ်းအရည်အချင်းရှိတဲ့ သူတစ်ယောက်ပဲ... "

" ဆရာလျူ ... မင်းပြောတာ ထပ်မှန်ပြန်ပြီ... "

လင်ပေ့ဖန်က လက်မထောင်ပြခဲ့သည်။

" ခုနက ဆရာလျူပြောတဲ့သူက ကျွန်တော့်ရဲ့ အစ်ကိုဝူပဲဖြစ်မယ်... သူက အတိုက်အခိုက် သိပ်မကောင်းဘူး....ဒါပေမဲ့ ရတနာတွေကို အကဲဖြတ်တဲ့နေရာမှာတော့ သူ့ရဲ့ စွမ်းရည်က တကယ့်ကို လက်ဖျားခါလောက်တယ်... "

" သူက ငါ့ကို အဖိုးတန်တဲ့ ရတနာနှစ်ခု ကူရှာပေးခဲ့တယ်....နောက်ပြီး ဒီလထဲမှာ သူက ငါ့ကို ယွမ်၂၀ ဘီလီယံကျော်ရအောင်လို့လည်း ကူရှာပေးခဲ့သေးတယ်.... ငါ သူ့ကို အရမ်းပဲ ကျေးဇူးတင်နေတာ..."

ယွမ်၂၀ဘီလီယံကျော်တောင် ကူရှာပေးခဲ့တာလား...

ဝူ နာမည်နဲ့ ဒီကောင်ကိုလည်း ငါ တကယ် ဓားနဲ့ထိုးသတ်ချင်တယ်...

" ဆရာလျူ ... တတိယ မြင့်မြတ်တဲ့ပုဂ္ဂိုလ်က ဘယ်သူလဲ... “

# ဒီညစာစဥ်၁၃ရမယ်ပြောထားလို့ ကတိမပျက်အောင် ၉ပိုင်းအရင်တင်ထားခိုင်းထားတာ ၊နောက်တစ်ပိုင်းကရေးနေတုန်းပဲဆိုတော့ နောက်ကျသွားရင် မတင်ဖြစ်လိုက်မှာစိုးလို့ပါဗျ၊ရေးပြီးတာနဲ့ ဆရာနေကို အကူအညီတောင်းပြီး တင်ခိုင်းလိုက်ပါ့မယ်ဗျ

All Chapters