← Chapters

အခန်း (၉၃)

Vol. 7 Ch. 93

အခန်း (၉၃)

Vol. 7 Ch. 93

လောင်စွန်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" လူငယ်လေး ၊ ဒီလူအိုကြီးကို မင်း ကြိုးစားခွင့်ပြုနိုင်မလား ? "

" ရတာပေါ့ ၊ ဒါပေမဲ့ ကျွန်တော့်မှာ မေးစရာ မေးခွန်းတစ်ခုရှိတယ်။ "

ထို့နောက် လင်ပေ့ဖန်သည် ပဟေဠိဖြစ်စွာဖြင့် မေးမြန်းခဲ့သည်။

" ဒီချန်ဇုံခွက်တွေကို ကြည့်ရတာ တစ်ခုလုံးကို ကြေးနီတစ်မျိုးထဲနဲ့ လုပ်ထားသလိုဘဲ။ လောင်စွန်း အထဲမှာရှိတဲ့ ဝမ်ဇုံခွက်တွေကို မင်း ဘယ်လိုထုတ်မှာလဲ ? "

" စိုးရိမ်စရာမလိုဘူး ၊ငါ ယူထုတ်ရမယ့်နည်းလမ်းကိုသိတယ်။ "

လင်ပေ့ဖန် :ဘာလား…

သူက အရာရာတိုင်းကို ဘယ်လိုသိနေတာလဲ ။ …?

သူက စနစ်ကပို့လိုက်တဲ့ ၊ အေးမိဈာန်လို လူ ဖြစ်နိုင်မလား …?

လောင်စွန်းသည် အနည်းငယ်ပြုံးပြီး လင်ပေ့ဖန်ကို ပြောလိုက်သည်။

" တကယ်တော့ ရှေးခေတ်လူတွေက အထူးကော်တစ်မျိုးနဲ့ ကြေးနီမှုန်တွေကို ရောနှောပြီးတော့ လက်တွေ့အသုံးချခဲ့ကြတယ်။ ၎င်းတို့ကို အတန်ငယ်စိစစ်ပြီးတဲ့နောက်မှ ငါတို့ကတော့ ဓာတ်ပေါင်းစပ်ခြင်းလို့ခေါ်တဲ့ ကြေးနီတစ်မျိုးကို ရရှိလာခဲ့တယ် ။ ထိုကြေးနီတွေကို အက်စစ်အရည်တွေထဲမှာ ထားလိုက်ရင် ၊ကြေးနီမှုန့်တွေရဲ့ အပေါ်ယံအလွှာက တဖြည်းဖြည်း ကွာကျလာပြီးတော့ အောက်ခံကြေးနီက ပေါ်လာခဲ့တယ်။ "

လောင်စွန်းသည် လူတစ်ယောက်ကို ဆန်ရှာလကာရည် ပုလင်း အနည်းငယ်ကို ယူလာခိုင်းခဲ့သည်။

ထို့နောက် လူတစ်ေယာက်သည် ရေပုံးတစ်ပုံးယူလာပြီး ရေပုံးထဲသို့ ဆန်ရှာလကာရည်ကို လောင်းထည့်ခဲ့သည်။

" အခုတော့ အားလုံး အဆင့်သင့်ဖြစ်ပြီ ။ ဆန်ရှလကာရည်ထဲကို ချန်ဇုံခွက်တွေထားလိုက်တာနဲ့ ကြေးနီရဲ့ အပေါ်ယံမျက်နှာပြင်အလွှာက ဖြည်းဖြည်းချင်း အရည်ပျော်ကျလာပြီးတော့ ၎င်းရဲ့ အစစ်အမှန်ပုံစံ ထွက်ပေါ်လာလိမ့်မယ်။ " ဟု လောင်စွန်းက အရမ်းစိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။

" ငါတို့အခု ခွက်တစ်ခွက်ကို ထားလိုက်ကြရအောင် "

လောင်စွန်းသည် ချန်ဇုံခွက်ကို ရေပုံးထဲတွင် ဂရုတစိုက်ဖြင့် နေရာချခဲ့သည်။

ထို့နောက် လူတိုင်းသည် အသက်အောင့်ထားပြီး အနီးကပ် ကြည့်နေခဲ့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ရေပုံးထဲကရေတွေက အပြာရောင်ပြောင်းလာခဲ့သည်။

ထိုအရာက ရေပုံးထဲရှိ သံချေးတက်နေ သောကြေးနီ နှင့် အက်စစ်ရည်တို့ ဓာတ်ပြုရာမှ ကြေးနီတွင်ကပ်နေသော အမှုန်များသည် ရေထဲတွင် ပျော်ဝင်သွားခဲ့တာကြောင့် ရေပုံးထဲကရေက အပြာရောင်ပြောင်းသွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် လူတိုင်းက တဖြည်းဖြည်းချင်း ချန်ဇုံခွက်ထဲက တောက်ပတဲ့ ရွှေရောင်အစင်းတစ်ခုကို မြင်ခဲ့ရသည်။

" ရွှေရောင် ၊ ဒါက ရွှေရောင်ပဲ "

" တကယ်အထဲမှာ တစ်ခုခုရှိနေတာပဲ။ "

" ဒါက ဒဏ္ဍာရီလာ ဝမ်ဇုံခွက်တစ်ခွက် တော်တော်ဖြစ်နိုင်ချေရှိတယ်။ "

လူတိုင်းက စိတ်လှုပ်ရှားလာခဲ့သည်။

ဝမ်ပန်ဇီ နှင့် ဝူကောသာ ကြက်သေသေနေခဲ့သည်။

ဒါက တကယ်ပဲ ဝမ်ဇုံခွက် အစစ်တွေဖြစ်နိုင်မလား?…။ ဒါဆိုရင် ငါတို့ရဲ့လက်ထဲမှာရှိနေတဲ့ ဝမ်ဇုံခွက်အစုံလိုက်ကရော ဘာခွက်တွေလဲ …?

" မဖြစ်နိုင်ဘူး ၊ လုံးဝ မဖြစ်နိုင်ဘူး …" ဟု ဝမ်ပန်ဇီသည် ခေါင်းရမ်းပြီး ညည်းတွားနေခဲ့သည်။

"ဘာပဲဖြစ်ဖြစ် ဒါက ဝမ်ဇုံခွက်အစစ်လား ၊ဒါမှမဟုတ် တစ်ခြားတစ်ခုခုလားဆိုတာကို ငါတို့ အတည်မပြုနိုင်သေးဘူး။ စောင့်ကြည့် လိုက်ကြရအောင်။ " ဟု ပြောပြီးနောက် လောင်စွန်းသည် မျက်တောင်မခတ်ဘဲ ၊အသက်မရှုဘဲနဲ့ စိုက်ကြည့်နေခဲ့သည်။

ထို့ပြင် သူ့၏ မျက်နှာပေါ်တွင်လည်း ချွေးများထွက်နေပြီး သူသည် လူတိုင်းထက် ပိုပြီးတော့တောင်မှ စိတ်ပူနေပုံ ပေါက်နေခဲ့သည်။

ထိုသို့ဖြင့် ငါးမိနစ်ကုန်ဆုံးသွားခဲ့သည်။

ချန်ဇုံခွက်၏ မျက်နှာပြင်ပေါ်ရှိ ကြေးနီအလွှာများက နောက်ဆုံးမှာတော့ လုံးဝပျော်ဝင်သွားခဲ့သည်။

ထို့နောက် ၎င်း၏ မူလပုံသဏ္ဍန်က ထွက်ပေါ်လာခဲ့ပြီး ၎င်းက ရွှေရောင်ဝိုင်ခွက်တစ်လုံး ဖြစ်နေခဲ့သည်။

ထိုဝိုင်ခွက်က အရမ်းလက်ရာမြောက်ပြီး မယုံနိုင်လောက်အောင်ကို လှပလွန်းသည်။

ထိုအရာကို စကားလုံးရှစ်လုံးဖြင့်သာ ဖော်ပြနိုင်လိမ့်မည်ဖြစ်သည်။

အရမ်းကိုလက်ရာမြောက်လွန်းတယ် !!

ထိုဝမ်ဇုံခွက်နဲ့ယှဉ်လိုက်ရင် ချန်ဇုံခွက်တွေက ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလွန်းသည်။

ထိုအချိန်တွင် နောက်ထပ် စကားလုံးများ ထပ်ပြောစရာ မလိုအပ်တော့ပေ။

" ဒါက အမှန်တကယ်ကို ဝမ်ဇုံခွက်အစစ်ပဲ။ "

လူတိုင်းက အတော်လေးကို စိတ်လှုပ်ရှားသွားခဲ့သည်။

" ဒါက ဘယ်လိုလုပ်ပြီးတော့ဖြစ်နိုင်မှာလဲ ? ။ မဖြစ်နိုင်ဘူး ။လုံးဝမဖြစ်နိုင်ဘူး။ "

ဝမ်ပန်ဇီသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လဲကျသွားခဲ့သည်။

ဝူကော၏ မျက်နှာသည်လည်း ဖျော့တော့သွားခဲ့ပြီး သူ့ကိုကြည့်ရတာက အချိန်မရွေး လဲကျတော့မလို ဖြစ်နေခဲ့သည်။

သူတို့သည် ဝန်မခံချင်ပေမဲ့လည်း သူတို့မှာရှိတဲ့ ဝမ်ဇုံခွက်တွေထက် ဒီဝမ်ဇုံခွက်တွေက ပိုပြီးတော့တောင်မှ လက်ရာမြောက်ပြီး လှပနေခဲ့သည်။ထို့ပြင် ဒီဝမ်ဇုံခွက်က ပိုပြီးတော့ လက်ရာမြောက်ပြီး ခမ်းနာထည်ဝါနေခဲ့သည်။

သူတို့သည် သူတို့ရဲ့ ခွက်တွေနဲ့ ဒီဝမ်ဇုံခွက်တွေကို ဘေးချင်းကပ်ပြီး နှိုင်းယှဉ်လိုက်ချိန်တွင် သူတို့စုဆောင်းမိတဲ့ ဝမ်ဇုံခွက်တွေက အတုများဖြစ်သည်ဟု ခံစားခဲ့ရသည်။

လောင်စွန်းသည် ရေပုံးထဲမှာ ရွှေဝိုင်ခွက်ကို ဂရုတစိုက်ဖြင့် မ၍ သူ့ရဲ့ရှေ့တွင်ထားပြီး သဘောကျစွာဖြင့် အနီးကပ်ကြည့်ခဲ့သည်။

" လှပလွန်းတယ် ၊အမှန်တကယ်ကို လှပလွန်းတယ်။

ဒီလို အနုစိပ်တဲ့လက်ရာနဲ့ ခမ်းနားထည်ဝါတဲ့ ပုံသဏ္ဍာန်မျိုးက သေချာပေါက် ဝမ်ဇုံခွက်ပဲလို့ ငါ့ရဲ့အသက်နဲ့ ငါ့ရဲ့ဂုဏ်သတင်းကို ရင်းပြီးတော့ ငါပြောရဲတယ်။ "

" ဝမ်ဇုံခွက် "

လူတိုင်းက ထိုခွက်ကို ကြည့်ရန် ဝိုင်းလိုက်ကြပြီး သူတို့၏ မျက်လုံးများက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုကြည့်နေသလိုမျိုး တလက်လက်တောက်ပနေခဲ့သည်။

လင်ပေ့ဖန်သည် အနီးကပ်တချက်ကြည့်ပြီး ခေါင်းညိတ်ခဲ့သည်။

" ဒီခွက်က ပိုက်ဆံအနည်းငယ် ထိုက်တန်လိမ့်မယ်"

ထိုစကားကိုကြားလိုက်ရသောအချိန်တွင် လောင်စွန်းသည် အနည်းငယ် စိတ်တိုသောအမူအရာဖြင့် ပြန်ပြောလိုက်သည်။

" အနည်းငယ်ထိုက်တန်တယ် ဟုတ်လား ?။သမိုင်းမှာရော ၊အနုပညာလက်ရာမှာပါ တုနှိုင်းမမှီတဲ့ ဒီဝမ်ဇုံခွက်က အတော်လေးကို တန်ဖိုးရှိတယ်။ဒါက အနည်းဆုံး ယွမ်သန်း၂၀၀ထိုက်တန်တယ်။ မဟုတ်ဘူး ၊ယွမ်သန်း၃၀၀ထိုက်တန်တယ်။ "

" ဗိုင်း !!"

မတ်တပ်ရပ်လာခဲ့တဲ့ ဝမ်ပန်ဇီသည် ထိုစကားကိုကြားလိုက်ရသောအချိန်တွင် နောက်တစ်ဖန် လဲကျသွားခဲ့သည်။

ဝူကော၏ မျက်ခွံများကလည်း ထောင်ချောက်ထဲကကြမ်းပိုးတစ်ကောင် အကိုက်ခံရသလိုမျိုး အဖြူရောင်ပြောင်းသွားခဲ့သည်။

သူတို့သည် ယွမ်သန်း၃၀၀တန်ကြေးရှိတဲ့ ဝမ်ဇုံခွက်အစစ်ကို လင်ပေ့ဖန်စီသို့ ဈေးပေါပေါနဲ့ တကယ်ပဲ ရောင်းချခဲ့သည်။

သူတို့သည် ကိုယ့်ကိုယ်ကို သက်သေချင်သလိုခံစားခဲ့ရသည်။

" ယွမ်သန်း၃၀၀က အတော်လေးများပြားလွန်းတယ် မဟုတ်ဘူးလား ? ။ ဒီလိုအရာမျိုးက အများဆုံး ယွမ်သန်း၂၀၀လောက်ပဲ ထိုက်တန်လိမ့်မယ်လို့ ငါထင်တယ်။ " "ဟု လင်ပေ့ဖန်က သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

လောင်စွန်းသည် စိတ်မချမ်းသာသောအမူအရာဖြင့် ပြန်ပြောလိုက်သည်။

" ငါ သန်းသုံးရာထိုက်တန်တယ်လို့ ပြောရင် ဒါက သန်းသုံးရာထိုက်တန်တယ်။ မင်း ငါ့ရဲ့ ကျွမ်းကျင်မှုကို သံသယဖြစ်နေတာလား ? "

လင်ပေ့ဖန်သည် ခေါင်းခါပြီး ပြောလိုက်သည်။

" ငါမင်းရဲ့ ကျွမ်းကျင်မှုကို သံသယမဖြစ်ဘူး။ ဒီဝမ်ဇုံခွက်က အဲ့လောက်ပိုက်ဆံအများကြီး မထိုက်တန်သင့်ဘူးလို့ ငါထင်မိရုံပါ။ "

" တကယ်တော့ ငါအကဲဖြတ်တဲ့ စျေးနှုန်းကတောင်အရမ်းနည်းနေသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပစ္စည်းတွေကို ဘယ်တုန်းကမှ မရောင်းခဲ့ဘူးလို့ပဲ။ ဒါက ကမ္ဘာပေါ်မှာတစ်ခုတည်းရှိတဲ့ အမျိုးအစားဘဲ။ ဒါကြောင့် ငါ ဒီပစ္စည်းရဲ့ တန်ဖိုးကို မလွဲတမ်း မခန့်မှန်းနိုင်ဘူး။ ဒါပေမဲ့ ဒီပစ္စည်းတွေကို လေလံရုံမှာယွမ်သန်း၄၀၀ ၊ယွမ်သန်း၅၀၀နဲ့ လေလံတင်ပြီးရောင်းချနိုင်ခဲ့ရင်တောင် ငါ အံ့ဩမိမှာမဟုတ်ဘူး။ "

" သန်းလေးရာ ဒါမှမဟုတ် သန်းငါးရာ ၊ အိုမိုင်ဂေါ့ " ဟု ပြောပြီးနောက် ဝမ်ပန်ဇီသည် နောက်တစ်ကြိမ် လဲကျသွားခဲ့ပြန်သည်။

ဝူကောသည် သူ့ရင်ဘတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး ပြန်နာကျင်လာသလို ခံစားနေရသည်။

" လောင်စွန်း ၊ ဒီချန်ဇုံခွက်တစ်ခွက်ထဲမှာ ဝမ်ဇုံခွက်အစစ်ပါတယ်ဆိုတော့ တစ်ခြားခွက်တွေမှာရော ပါနိုင်မလား ? " ဟု လင်ပေ့ဖန်က မေးမြန်းခဲ့သည်။

" အတော်လေးကိုဖြစ်နိုင်ခြေရှိတယ်။ ငါ အခုတောင် ၉၀% သေချာနေပြီ။ လာ မြန်မြန်ကြိုးစားကြည့်လိုက်ကြရအောင်၊ ဒီနေ့ အံဖွယ်ဖြစ်ရပ်တစ်ခုဖြစ်လိမ့်မယ်လို့ ငါ ပြောနိုင်တယ်။ " ဟု ပြောပြီးနောက် လောင်စွန်းက အတော်လေးကို စိတ်လှုပ်ရှားနေခဲ့သည်။

ထို့နောက် သူသည် နောက်ထပ်ချန်ဇုံခွက်တစ်ခွက်ကို အက်စစ်ရေထဲမှာ ထားလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ကြေးနီ၏အပေါ်ယံမျက်နှာပြင် အလွှာက ပျော်ဝင်သွားခဲ့ပြီး လှပတဲ့ ရွှေရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် အော်ပြောခဲ့သည်။

" ဒါကလည်း ဝမ်ဇုံခွက်တစ်ခွက်ဘဲ ။ ဒါက ဒုတိယဝမ်ဇုံခွက်ဘဲ။ "

ဝမ်ပန်ဇီသည် နောက်တစ်ကြိမ်ထိတ်လန့်တုန်လှုပ်ပြီး လဲကျသွားခဲ့သည်။

ဝူကော၏ မျက်နှာကလည်း အပြာရောင်ပြောင်းသွားခဲ့သည်။

…......

ထို့နောက် လောင်စွန်းသည် တတိယချန်ဇုံခွက်ကို အက်စစ်ရေထဲတွင် ထားလိုက်သည်။

ခဏကြာပြီးနောက်….

" ဒါလည်း ဝမ်ဇုံခွက်တစ်ခွက်ဘဲ ။ဒါက တတိယဝမ်ဇုံခွက်ဘဲ။ "

......

ထို့နောက် စတုတ္ထချန်ဇုံခွက်ကိုလည်း အရင်အတိုင်းပဲ ထားလိုက်သည်။

" စတုတ္ထဝမ်ဇုံခွက် ၊ဒါက စတုတ္ထဝမ်ဇုံခွက်ဘဲ

ဝမ်ပန်ဇီသည် နောက်တစ်ကြိမ်ထိတ်လန့်တုန်လှုပ်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ပြန်သည်။

ဝူကော၏ မျက်နှာသည်လည်း ဂူသချိုင်းအတွင်းရှိ ကျုံဇီအဆိပ်မိထားတဲ့ ပုံစံလိုမျိုး အစိမ်းရောင်မှ ခရမ်းရောင်သို့ ပြောင်းသွားခဲ့သည်။

....

လောင်စွန်းသည် ပဉ္စမမြောက် ချန်ဇုံခွက်ကိုလည်း အက်စစ်ရေထဲတွင် ထားလိုက်သည်။

ခဏအကြာတွင် ရွှေရောင်တောက်တောက်အရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

လူတိုင်းသည် အခုခွက်က ပဉ္စမမြောက်ဝမ်ဇုံခွက်ဖြစ်တာကို သေချာသိနေခဲ့သည်။

" ခွက်ငါးခွက်လုံးက ဝမ်ဇုံခွက်တွေကြီးပဲ။ "

" အိုမိုင်ဂေါ့ ! နှစ်ပေါင်းရာနဲ့ချီ ပျောက်ဆုံးနေခဲ့တဲ့ ဒဏ္ဍာရီလာ ဝမ်ဇုံခွက်အားလုံးက ပေါ်ထွက်လာခဲ့ပြီ။ "

လောင်စွန်းသည် မယုံကြည်နိုင်လောက်အောင်ကို စိတ်လှုပ်ရှားနေခဲ့သည်။

" ငါ ဒီနေ့အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို မြင်တွေ့ခဲ့ရတာဘဲ။ဒါက ရှေးဟောင်းပစ္စည်းစုဆောင်းသူတွေရဲ့ ကမ္ဘာ့သမိုင်းမှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုဘဲ။ "

လင်ပေ့ဖန်က မေးမြန်းလိုက်သည်။

" လောင်စွန်း ၊ ဝမ်ဇုံခွက်အစုံလိုက်လည်း ငါတို့ရဲ့ရှေ့မှာ ထွက်ပေါ်လာခဲ့ပြီ။ ပြီးတော့ မင်းက ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တယ်။ ဒါကြောင့် ကျေးဇူးပြုပြီးတော့ မင်း ဒီဝမ်ဇုံခွက်တွေရဲ့ တန်ဖိုးကို ခန့်မှန်းပေးနိုင်မလား ? "

လောင်စွန်းသည် လက်သုံးချောင်းထောင်ပြီး မတုံ့ဆိုင်းဘဲနဲ့ ပြောလိုက်သည်။

" ယွမ် ၃ဘီလီယံ "

ထိုကိန်းဂဏန်းက ဝမ်ပန်ဇီနှင့် ဝူကောတို့ကို မိုးကြိုးပစ်ချသလိုမျိုး ထိမှန်သွားခဲ့သည်။

သူတို့သည် အသက်မရှုနိုင်လုနီးပါးဖြစ်သွားခဲ့ကုသည်။

All Chapters