← Chapters

အခန်း (၅၂)

Vol. 4 Ch. 52

အခန်း (၅၂)

Vol. 4 Ch. 52

" ငါ ကူညီနိုင်တယ် "ဟု ပြောပြီးနောက် ရဲ့ရှင်းချန်သည် သူ့၏ ဦးခေါင်းကို ဝင့်ကြွားစွာဖြင့် မော့လိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ချူရိုရွယ်သည် ထိတ်လန့်သွားခဲ့သည်။သက်တော်စောင့်မျှသာဖြစ်တဲ့ သူက သူမတို့အဖွဲ့ရဲ့ ဘီလီယံနဲ့ချီတဲ့ ရန်ပုံငွေပြဿနာကို ‌ အမှန်တကယ်ဖြေရှင်းပေးနိုင်သည်ဟု ကြွားဝါပြီး ပြောဆိုလာခဲ့သည်။

သူမတို့၏ လီချုံးအဖွဲ့လို ချမ်းသာတဲ့ အဖွဲ့တောင်မှ ထိုစကားကို လွယ်လွယ်မပြောဝံ့ပေ။

*ဒီလို စကား‌မျိုးကိုပြောနိုင်ဖို့အတွက် သူ့ရဲ့ မျက်နှာက ဘယ်လောက်တောင် ထူလိုက်မလဲ ?*

"အခု ကျွန်မ တကယ်သိချင်နေပြီ။ ရှင် ၊ကျွန်မအတွက် ဒီရန်ပုံငွေ ပြဿနာကို ဘယ်လို ဖြေရှင်းပေးမယ်လို့ အစီအစဉ်ရှိလဲ ? "ဟု ချူရိုရွယ်က ရဲ့ရှင်းချန်ကို ပြောလိုက်သည်။

" ရင်းနှီးမြှုပ်နှံ ပြီးတော့ ဖြေ‌ရှင်းပေးမှာပေါ့ " ဟု ရဲ့ရှင်းချန်က ယုံကြည်မှုရှိစွာဖြင့် ပြန်ပြောလိုက်သည်။

" ဥက္ကဌချူ ၊ ကျွန်တော်က ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းမှာ အရမ်းပဲကျွမ်းကျင်တယ်။အထူးသဖြင့် ရွှေဈေးကွက် နှင့် ရေနံစိမ်း‌စတော့ဈေးကွက်တွေမှာ ကျွန်တော် ပိုပြီး‌ေတာ့ ကျွမ်းကျင်တယ်။ အခြေခံအားဖြင့်တော့ ကျွန်တော် ဘယ်လုပ်ငန်းကိုမဆို ရင်းနှီးမြှုပ်နှံလိုက်ရင် အမြဲနိုင်တယ်။ ဒါ့အပြင် ကျွန်တော်မပါဘဲနဲ့ ဒီနေ့အောင်မြင်နေတဲ့ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။ " ဟု ပြောလိုက်ပြန်သည်။

သူပြောလိုက်တဲ့ နောက်ဆုံးစာကြောင်းက အရမ်းပဲတင်စီး ရှိ‌နေခဲ့သည်။

ဇာတ်လိုက်တစ်ယောက်ရဲ့ ပြန်လည်မွေးဖွားလာခြင်းက အရမ်းပဲ အံ့ဩစရာကောင်းတယ်။

ချူရိုရွယ်သည် ခေါင်းညိတ်လိုက်ပြီး ပြုံး‌၍ ပြောလိုက်သည်။

" မစ်စတာရဲ့ ရဲ့ အရည်အချင်းက လူသိများပြီးတော့ အမှန်တကယ်ဘဲ လေးစားစရာကောင်းပါတယ်"

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရဲ့ရှင်းချန်သည် ပိုပြီးတော့တောင်မှ ဘဝင်လေဟပ်သွားခဲ့ပြီး " ဒါ‌ေကြာင့် မင်း လင်ပေ့ဖန်နဲ့ မပူးပေါင်းချင်ရင်တောင် မင်း ငါနဲ့ ပူးပေါင်းနိုင်တယ်။ အကယ်၍ မင်းငါ့ကို ပိုက်ဆံနည်းနည်းပေးရင် ၊ ငါ ‌စတော့ဈေးကွက်ကနေ မင်းအတွက် ပိုက်ဆံကို အမြဲရှာပေးနိုင်တယ်။ ဒီနည်းလမ်းကဘဲ မင်းရဲ့ ရန်ပုံငွေပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားနိုင်တယ် မဟုတ်လား?" ဟု ချူရိုရွယ်ကို ပြောလိုက်သည်။

ထိုအချိန်တွင် ရဲ့ရှင်းချန်သည် သူ့၏ တောက်ပတဲ့အနာဂတ်အကြောင်းကို စတင်၍ စိတ်ကူးတွေယဉ်နေခဲ့သည် ။

သူ့၏ အတိတ်ဘဝတုန်းကလည်း လင်ပေ့ဖန်သည် ချူရိုရွယ်နှင့် ပိုမိုနီးစပ်လာခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်သည် အတူအတူ ‌နေသွားခဲ့ကြသည်။

အခုချိန်တွင်တော့ သူသည် ပြန်လည်မွေးဖွားလာခဲ့ပြီး ဇာတ်လိုက်တစ်ယောက်လည်း ဖြစ်လာခဲ့သည်။

* ငါ ၊ ‌ရိုရွယ်ကို ကူညီပြီးတော့ ပိုက်ဆံရှာပေးမယ်။ ငါရှာပေးတဲ့ ပိုက်ဆံနဲ့ သူမက အဲ့ဒီကုန်းမြေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်လိမ့်မယ်။ ပြီးတော့ သဘာဝအတိုင်းပဲ ငါတို့နှစ်ယောက် အတူတကွ အချိန်ဖြုန်းလာတာနဲ့အမျှ ၊ငါတို့နှစ်ယောက်ကြားမှာ ခံစားချက်တွေရှိလာလိမ့်မယ်။ ပြီးရင်တော့ သူမ နဲ့ ငါ နဲ့ ဟီးဟီးဟီး ………"*ဟု ရဲ့ရှင်းချန်က စိတ်ကူးတွေယဉ်နေခဲ့သည်။

" ရှင် ပြောတဲ့အချက်က တော်တော်လေး ကြိုးကြောင်းဆီလျော်တယ် " ဟု ပြော၍ ချူရိုရွယ်က ရဲ့ရှင်းချန်၏ အတွေးတွေကို ဖြတ်တောက်လိုက်သည်။

" ကျွန်မ သိချင်တာက ၊ ဒီကြိုးစားမှုကနေ မစ်စတာရဲ့က ဘာပြန်လိုချင်တာလဲ ?။ဒါမဟုတ် မစ်စတာရဲ့ ရဲ့ အကူအညီကို ရဖို့အတွက် ကျွန်မက ရှင့်ကို ဘာပြန်လုပ်ပေးဖို့ လိုအပ်လဲ ? " ဟု ချူရိုရွယ်က ရဲ့ရှင်းချန်ကို မေးလိုက်သည်။

" ငါ မင်းဆီကနေ တောင်းဆိုချင်တာ အများကြီးမရှိဘူး။ ငါ တောင်းဆိုချင်တာက တစ်ခုပဲရှိတယ်။ အဲ့ဒါက ငါ ၊မင်းရဲ့ ဘေးမှာနေပြီးတော့ မင်းကို ရိုးရိုးသားသားနဲ့ ကူညီချင်တာပါ။ " ဟု ရဲ့ရှင်းချန်က သူမကို ချစ်မြတ်နိုးစွာပြောလိုက်သည်။

* ဒါက သူ့ဘဝနှစ်ခုစလုံး၌ ပထမဆုံးအကြိမ် သူမကို ဝန်ခံခြင်းဟု သတ်မှတ်နိုင်သည်။ * ):

*ဒါက ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာ ကောင်းလိုက်လဲ *

* ပြီးတော့ ဘယ်လောက်တောင် ရင်ဖိုစရာ ကောင်းလိုက်လဲ*

ထို့နောက် စစ်ပွဲနတ်ဘုရားရဲ့ရှင်းချန်၏ ပါးပြင်များက အနီရောင်သို့ပြောင်းလဲသွားခဲ့သည်။

*ရိုရွယ် *

* သူမ ဒီအချိန်လောက်ဆို စိတ်လှုပ်ရှားနေလောက်ပြီပေါ့ ၊ ဟုတ်တယ်မလား ?*

ချူရိုရွယ်၏ မျက်နှာအမူအရာက ခံစားချက်မဲ့စွာဖြင့် ဆက်လက်‌ရှိနေခဲ့သည်။ဒါပေမဲ့လည်း သူမ၏ စိတ်ထဲမှာတော့ ရဲ့ရှင်းချန်ကို လှောင်ပြောင်နေခဲ့သည်။

*နောက်ထပ် တဏှာရူးတစ်ကောင်လာပြန်ပြီ*

*သူက ပေါ်လာတဲ့အခါမှာ ဟိတ်ကြီးဟန်ကြီးနဲ့ နောက်မှဘဲ တဏှာရူးဖြစ်တယ်ဆိုတာသိရတော့တယ်။ *

သူမသည် သန်မာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် သန်မာတဲ့‌ယောက်ျားများကိုသာလျှင် သဘောကျသည်။

သူမသည် ဂုဏ်သိက္ခာမရှိတဲ့ တဏှာရူးတစ်ယောက်ကို ဘယ်သောအခါမှ တစ်ချက်လောက် လှည့်ကြည့်လိမ့်မည်မဟုတ်ပေ။

အကယ်၍ တစ်ခြားလူက သူမအတွက် အသုံးမဝင်ခဲ့ရင် သူမသည် ချက်ချင်းဘဲ ကန်ထုတ်မိလိမ့်မည်ဖြစ်သည်။

ထို့နောက် ချူရိုရွယ်သည် ရဲ့ရှင်းချန်ကို ယဉ်ကျေးစွာဖြင့် ပြန်ပြောလိုက်သည်။

"မစ်စတာရဲ့ ကျေးဇူးတင်ပါတယ် ။ ကျွန်မ ရှင့်အကြောင်း အမြဲတမ်းကြားမိတာကတော့ ရှင်က ငွေကြေးစတော့ဈေးကွက်တွေ ရင်းနှီးမြှုပ်နှံရာမှာ အရမ်းတော်ပြီးတော့ တစ်ခါမှ မရှုံးနိမ့်ဖူးဘူးဆို။ အကယ်၍ ကျွန်မမှာ အခွင့်အရေးရှိရင် မစ်စတာရဲ့ ရဲ့ စွမ်းရည်တွေကို မျက်မြင်ကိုယ်တွေ့ ကြည့်လို့ရမလား? "

" ရတာပေါ့ ၊ပြဿနာမရှိပါဘူး " ဟု ပြောပြီးနောက် ရဲ့ရှင်းချန်က စိတ်လှုပ်ရှားလာခဲ့သည်။ ထိုအရာက သူမကို သူပြန်ဖျော်ဖြေရမည့် အလှည့်ဖြစ်သည်။

ထို့ပြင် နောက်အံ့ဩဖွယ်ကောင်းတဲ့နည်းပညာတွေနဲ့ ချူရိုရွယ်ကို နိုင်ရလိမ့်မည်ဖြစ်သည်။

ချူရိုသည် လက်တော့ပ်ကို ထုတ်လိုက်ပြီး သူမ၏အကောင့်ကို ဖွင့်လိုက်၍ လင်ပေ့ဖန်လက်ထဲသို့ပေးလိုက်သည်။

" ဒါက ယွမ်သန်း၅၀ကျော်ရှိတဲ့ ကျွန်မရဲ့ ရင်းနှီးမြှုပ်နှံ‌ ရေးအကောင့်ပဲ။ ပြီးတော့ ဒီအကောင့်နဲ့ ဘယ်စတော့ဈေးကွက်ကိုမဆို ဝယ်နိုင်တယ်။ပုံမှန်အားဖြင့်‌ေတာ့ ကျွန်မ ဒီအကောင့်ကို မုန့်ဖိုးနည်းနည်းရ‌ေအာင် ရှာတဲ့အခါမှာဘဲ သုံးတယ်။ မစ်စတာရဲ့ အခုတော့ ရှင့်ကို ဒုက္ခပေးရဦးမယ်။ " ဟု ချူရိုရွယ်က ပြောလိုက်သည်။

ချူရိုရွယ်၏ မျက်လုံးများသည် လက်သွားခဲ့ပြီး သူမ၏ ရင်ထဲမှာတော့ မျှော်လင့်ချက်အနည်းငယ်ရှိနေခဲ့သည်။ ( ပိုက်ဆံရတော့မှာကို ပြောတာ )

အကယ်၍ တစ်ခြားလူမှာ ပင်ကိုယ်စွမ်းရည် အမှန်တကယ်ရှိပါက သူမသည် သူ့ကို ကောင်းကောင်းအသုံးချပြီးတော့ လင်ပေ့ဖန်၏ ဦးဆောင်မှုကို အမြဲတမ်း ရှောင်ကြဉ်နိုင်လိမ့်မည်ဖြစ်သည်။

အကယ်၍ မဟုတ်ဖူးဆို‌ရင်တော့ ဟမ်! ………

" ကိစ္စမရှိပါဘူး " ဟု ပြော၍ ရဲ့ရှင်းချန်က ခေါင်းညိတ်လိုက်သည်။

ထို့နောက်ရဲ့ရှင်းချန်သည် လက်တော့ပ်မျက်နှာချင်းဆိုင်လိုက်၍ အနာဂတ်ရွှေဈေးကွက်အတွက် ရောင်းဝယ်ရေးပလက်ဖောင်းကို ဖွင့်လိုက်ပြီး မတုံ့ဆိုင်းဘဲနဲ့ အရာအားလုံးကို ရောင်းချခဲ့သည်။

ထို့ပြင် သူ့၏လုပ်ဆောင်ချက်များကလည်း ဘာမှအချိန်မဖြုန်းဘဲနဲ့ လျင်မြန်ပြီးတိကျပြတ်သားလွန်းသည်။

ထိုအရာကို မြင်လိုက်ရသောအခါတွင် ချူရိုရွယ်သည် ချက်ချင်းဘဲ ထိတ်လန့်သွားခဲ့ပြီး

" ရှင်...ရှင်..ရှင် အကောင့်ထဲမှာ တစ်ပြားတောင် မချန်ဘဲနဲ့ အကုန်လုံးကို တကယ်ရောင်းခဲ့တာလား ? " ဟု ပြောလိုက်သည်။

သူမသည် ငွေကြေးလုပ်ငန်းတွင် မပါဝင်သော်လည်းပဲ ရောင်းဝယ်ရေးစည်းမျဉ်းများကိုတော့ သူမသိသည်။ပထမအနေနဲ့ မိမိ အကောင့်ထဲမှာရှိတဲ့ ပိုက်ဆံအားလုံးကို ရင်းနှီးမြှုပ်နှံလို့မရနိုင်ပေ။

ဥပမာအနေနဲ့ပြောရရင်တော့ အနာဂတ်ရွှေရင်းနှီးမြှုပ်နှံရေး‌အကောင့်မှာ သူမသည် ၂၀ဆဖြင့် အသုံးပြုခဲ့သည်။

ဆိုလိုတာကတော့ အကယ်၍ သူမ ၅ရာခိုင်နှုန်းဆုံးရှုံးပါက သူမအ‌ေကာင့်ထဲမှာရှိတဲ့ ငွေများအားလုံးက ကုန်သွားလိမ့်မည်ဖြစ်သည်။

ထို့ပြင် ရွှေဈေးကွက်သည် အမြဲတမ်းပြောင်းလဲနေတာကြောင့် အမှားအနည်းငယ်လေးက ကိုယ်မှာရှိတဲ့ ငွေအားလုံးကို ဆုံးရှုံးစေနိုင်သည်။

‌ ရွှေဈေးကွက်ရဲ့ ရောင်းဝယ်ရေးမာစတာများတောင် သူတို့မှာရှိတဲ့ အကုန်လုံးကို ပုံအောပြီး မလောင်းဝံ့ပေ။

*ဒါပေမဲ့လည်း တစ်ခြားလူဖြစ်တဲ့ ရဲ့ရှင်းကတော့ လုပ်ခဲ့သည်။*

*သူပဲ နားမလည်တာလား ၊ဒါမှမဟုတ်ရင် အရမ်းပဲ ယုံကြည်မှုရှိနေတာလား ?*

ရဲ့ရှင်းချန်သည် ဆက်လက်၍ တည်ငြိမ်နေခဲ့ပြီး မာနကြီးတဲ့အမူအရာဖြင့် ပြောလိုက်သည်။

" မစ်စ်ချူ ၊မစိုးရိမ်ပါနဲ့ ။ ငါ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီမှာလည်း ဒီအတိုင်းပဲ လုပ်ခဲ့တာ။ ဒီနည်းလမ်းကပဲ ပိုက်ဆံမြန်မြန်ရအောင် လုပ်နိုင်တယ်။ ပြီးတော့ ငါ အကြိမ်ရေ၁၂ကြိမ်လောက် ရောင်းဝယ်ပြီးသွားပြီ တစ်ကြိမ်မှ မရှုံးနိမ့်ဖူးဘူး။ ဒါကြောင့် မစ်စ်ချူ နောက်ဖြစ်လာမဲ့အရာကို ‌ စောင့်ကြည့်နေရုံဘဲ။ "

ရဲ့ရှင်းချန်၏ မျက်လုံးများက တောက်ပနေပြီး ထို့နောက် ဉာဏ်ပညာနဲ့ ပြည့်စုံနေခဲ့သည်။

" ဒီအချိန်က အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို သက်သေခံရမယ့်အချိန်ဘဲ "ဟု ထပ်ပြောလိုက်သည်။

ရဲ့ရှင်းချန်ပြောသည့် လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီမှာလည်း ဒီအတိုင်းပဲ လုပ်ခဲ့တယ်ဆိုတဲ့ စကားကိုကြားလိုက်ရပြီးနောက် ချူရိုရွယ်၏ ရင်ထဲ၌ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

" ကျွန်မလည်း ဒီအံ့ဖွယ်ဖြစ်ရပ်ကို အတူတူ ကြည့်နေမယ်" ဟု ချူရိုရွယ်က ပြန်ပြောလိုက်သည်။

All Chapters