← Chapters

အပိုင်း ( ၁၆၃ )

Vol. 12 Ch. 163

အပိုင်း ( ၁၆၃ )

Vol. 12 Ch. 163

ဒီကောင်တွေ တကယ်များ နာနေတာဖြစ်နိုင်မလား...

ဒါပေမဲ့ ငါ အားသိပ်မသုံးထားဘူးလေ...

ထို့ကြောင့် သူသည် နောက်တစ်ကြိမ် ထပ်ကန်ခဲ့သည်။

" မင်းတို့ ဘာလုပ်နေကြတာလဲ ။ ဘာလို့ မင်းတို့ မထွက်သွားသေးတာလဲ...။ သွားတော့.. "

လူဆိုးများကတော့ တုန့်ပြန်မှုမရှိကြ‌သေးပေ။

ထို့အပြင် လူအချို့က ပါးစပ်အပြည့် သွေးတစ်လုပ်အန်ထုတ်ပြီး လေထဲမှာ သွေးနံ့များ ပြည့်နှက်သွားစေခဲ့သည် ။

ဒီသွေးနံ့က အတုမဖြစ်နိုင်ဘူး....

မဟုတ်မှ လွဲရော........

ယဲ့ရှင်းချန် စိတ်ထဲ၌ တုန်လှုပ်သွားခဲ့သည်။

ခုနက ငါထိုးတုန်းက... သူတို့ တကယ်နာကျင်သွားတာများလား......

ဒါပေမဲ့ ငါ အားသိပ်မသုံးခဲ့ဘူးလေ..... ဘာတွေဖြစ်နေတာလဲ ...

သူသည် ထိုဖြစ်ရပ်ကို မယုံကြည်တာကြောင့် ခြေထောက်ဖြင့် ဆက်ကန်ပြီး ပြောခဲ့သည် ။

" ထစမ်း ၊ မင်းတို့ မြန်မြန်ထစမ်း... "

ထိုအချိန်တွင် လင်ပေ့ဖန် လျှောက်လာပြီး အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည် ။

" အစ်ကိုယဲ့ ကန်နေတာရပ်ပြီး ကြည့်လိုက်။ခုနက မင်း ရိုက်ထားတဲ့ ဒဏ်ရာတွေကြောင့် သူတို့ သွေးအန်နေတာ။ နောက်ပြီး တချို့လူတွေဆို အရိုးပါကျိုးသွားတယ်။ ဒီလိုမျိုး ဒဏ်ရာတွေနဲ့ဆိုရင် သူတို့ ဘယ်လိုလုပ် မတ်တပ်ရပ်နိုင်တော့မှာလဲ.... ။ "

လင်ပေ့ဖန်သည် နေရာတိုင်းတွင် ညည်းတွားနေတဲ့ လူတွေကို ကြည့်ပြီး ချီးကျူးခဲ့သည်။

" အစ်ကိုယဲ့ မင်းက တိုက်ခိုက်တာမှ အရမ်းတော်တယ်လို့ ငါ အမြဲတမ်းကြားနေခဲ့တာ ။ ဒါပေမဲ့ နောက်ဆုံးတော့ အခုမှပဲ ငါ မြင်ခဲ့ရတယ်။ တစ်မိနစ်မပြည့်ခင်မှာပဲ မင်းက လူဆိုးတစ်ဒါဇင်လောက်ကို ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင် ရိုက်ပြီးတော့သူတို့ကို သွေးအန်‌ အောင် ရိုက်ခဲ့တယ်။ဒါက တကယ့်အံ့ဩဖို့ကောင်းတယ်။ ငါ မြင်ဖူးခဲ့သမျှ အတိုက်အခိုက်ကောင်းတဲ့ လူတွေအားလုံးထဲမှာ မင်းက ထိပ်ဆုံး သုံးယောက်ထဲ သေချာပေါက်ပါနိုင်တယ်။ "

ယဲ့ရှင်းချန်သည် အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။

" ကျွန်တော် အားသိပ်မသုံးထားဘူး။ သူတို့က ကျွန်တော့်လက်နဲ့ ထိလိုက်တာနဲ့ လဲကျသွားတာ။ "

" အစ်ကိုယဲ့ ဒါက မင်းဘယ်လောက်ထိ ထူးခြားနေလဲဆိုတာ ပြနေတာ။ " လင်ပေ့ဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောခဲ့သည်။

" အစ်ကိုယဲ့ ပြန်သွားပြီးတော့ အနားယူလိုက်။ ကျန်တာကို ကျွန်တော့်ဆီမှာ ထားခဲ့လိုက်။ "

" မစ္စတာလင် ၊ မင်းသူတို့ကို ဘယ်လိုလုပ်မလို့လဲ။ " ယဲ့ရှင်းချန်က အမူအရာမဲ့စွာဖြင့် မေးခဲ့သည်။

" ဘယ်လိုလုပ်ရမှာလဲ ။ရဲခေါ်ရမှာပေါ့ဟ။ " လင်ပေ့ဖန်က သူ့ဖုန်းကို ယူထုတ်ခဲ့သည်။

ယဲ့ရှင်းချန်သည် ထိတ်လန့်သွားပြီး အမြန်ပြောခဲ့သည်။

" မစ္စတာလင် ၊ ကျွန်တော်တို့ ဘာဒဏ်ရာမှ မရလို့ ရဲတွေ ခေါ်ဖို့ မလိုဘူးလို့ ကျွန်တော်ထင်တယ်။ "

" ဘာလို့ မလိုရမှာလဲ " ချူရို့ရွယ်က ဒေါသထွက်စွာဖြင့် ပြောခဲ့သည်။

" ကျွန်မ ဒီလိုဖြစ်ရပ်မျိုး ကြုံတွေရတာ ပထမဆုံးအကြိမ်ပဲ။ အကယ်၍ ရှင်တို့သာမရှိခဲ့ရင် ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာတောင် ကျွန်မ မသိဘူး။ ဒါကြောင့် ကျွန်မ ရဲခေါ်ပြီးတော့ သူတို့နဲ့ ထိုက်တန်တဲ့အပြစ် ခံစားရအောင်လို့ သူတို့ကို ထောင်ထဲ ပို့ပစ်မယ်။ "

ထိုစကားကို ပြောပြီး သူမသည်လည်း သူမရဲ့ဖုန်းကို ယူထုတ်ပြီး ရဲကို ခေါ်ခဲ့သည်။

ယဲ့ရှင်းချန် စိုးရိမ်သွားခဲ့သည်။

" ဥက္ကဌချူ မခေါ်...... "

လင်ပေ့ဖန်သည် ယဲ့ရှင်းချန်ရဲ့ ပုခုံးကို ကိုင်ပြီး စိုးရိမ်စွာဖြင့် ပြောခဲ့သည်။

" အစ်ကိုယဲ့ ဒီနေ့ ငါတို့အတွက် မင်းလုပ်ပေးခဲ့တာတွေက လုံလောက်ပီ။ မင်းရဲ့ ဒဏ်ရာတွေ မသက်သာသေးလို့ မင်းပြန်သွားပြီးတော့ အနားယူလိုက်။ ဒါကို ငါတို့နဲ့ ထားခဲ့လိုက်။ စိတ်ချ ၊ငါ သူတို့ကို အပြစ်မပေးပဲနဲ့ ဘယ်တော့မှ အလွတ်မပေးဘူး။ ငါ သေချာပေါက် သူတို့ကို အပြစ်ပေးခံထိအောင်လုပ်မယ်။ "

ယဲ့ရှင်းချန်သည် ပိုပြီးတော့တောင်မှ စိုးရိမ်သွားခဲ့သည် ။

" ဥက္ကဌလင် ၊ ကျွန်တော်..... "

" ညီအစ်ကို ပြန်သွားပြီးတော့ အနားယူလိုက်။ " လင်ပေ့ဖန်သည် ယဲ့ရှင်းချန်ကို ဝီးချဲလ်သို့ ခေါ်လာပြီး အန်တီလီကို ဂရုစိုက်ခိုင်းခဲ့သည်။

" ရှောင်ယဲ့ ၊ ခေါင်းမမာနေပဲနဲ့ အနားယူလိုက်တော့။ ဒီနေ့ နင် အရမ်းရဲရင့်ပြီး သတ္တိရှိလွန်းတယ်။ ရှောင်ယဲ့ ဒို့ တကယ်..... တကယ် နင့်ကို ချစ်တယ်။ " အန်တီလီ၏ မျက်လုံးတွေထဲမှာ ချစ်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည် ။

ယဲ့ရှင်းချန် " .... "

ထိုအချိန်တွင် လင်ပေ့ဖန်ရဲ့ ကားမောင်းသမား နှင့်သက်တော်စောင့်က သူ့ကို ကာကွယ်ဖို့ ရောက်လာခဲ့သည်။

" မစ္စတာလင် "

ချူရို့ရွယ်ရဲ့ သက်တော်စောင့်များသည်လည်း ရောက်လာခဲ့သည် ။

လင်ပေ့ဖန်က ပြောခဲ့သည်။

" သူတို့ကို သေ‌ချာဂရုစိုက်ထား။ ရဲတွေမလာသေးခင် သူတို့ကို မထွက်ပြေးစေနဲ့။"

" ဟုတ်ကဲ့မစ္စတာလင် " ကျောက်ဝူက ပြန်ပြောခဲ့သည်။

ချူရို့ရွယ်က အော်ပြောခဲ့သည်။

" ငါ အခုလေးတင် မတော်တဆမှု တစ်ခုဖြစ်လုနီးပါးပဲ ။ အဲ့ဒါကို နင်တို့ သိလား။ ငါ အခု နင့်တို့ကို အပြစ်ပေးမယ်။ သူတို့ကို နင့်တို့မျက်လုံးတွေနဲ့ သေချာ ဒေါက်ထောင့်ကြည့်ထား ၊သူတို့ကို ဘယ်မှ မထွက်ပြေးစေနဲ့။ "

" ဟုတ်ကဲ့ ဥက္ကဌချူ " သက်တော်စောင့်များက ပြန်ဖြေ‌ခဲ့သည်။

ထိုနည်းဖြင့် သက်တော်စောင့်များသည် မြေပြင်ပေါ်တွင် မှောက်နေသော လူဆိုးများကို ကြည့်နေခဲ့ကြသည်။

ယဲ့ရှင်းချန်သည် စိတ်ပျက်လက်ပျက်ဖြင့် သူ့မျက်လုံးများကို မှိတ်ခဲ့သည်။

၆ မိနစ်ကြာပြီးနောက် ရဲတွေ ရောက်လာခဲ့သည်။

ထို့နောက် မြေပြင်ပေါ်မှာ မှောက်နေတဲ့ လူဆိုးများကို စစ်ဆေးကြည့်ပြီးနောက် ရဲအရာရှိတစ်ယောက်က အသက်ပြင်ပြင်း တစ်ချက်ရှုလိုက်ပြီး မေးခဲ့သည်။

" သူတို့ကို ဘယ်သူလုပ်ခဲ့တာလဲ ...။ သူတို့ရဲ့ ဒဏ်ရာတွေက အရမ်းပဲ ပြင်းထန်လွန်းတယ်။ သူတို့က နံရိုးကျိုးရုံတင်မကဘူး ၊ သူတို့ရဲ့ လက်မောင်းရိုးတွေပါကျိုးသွားတာ။ နောက်ပြီး သူတို့ သွေးအများကြီးအန်ထုတ်ထားလို့ သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါတွေက လုံးဝ ထိခိုက်ပျက်စီးသွားပြီ။ "

" အရာရှိ ဒါကို ကျွန်တော့်ရဲ့ ညီအစ်ကိုကောင်း အစ်ကိုယဲ့က လုပ်ခဲ့တာပါ။ သူက အရင်တုန်းက သက်တော်စောင့်တစ်ယောက်ဖြစ်ခဲ့ဖူးတာဆိုတော့ တိုက်ခိုက်တဲ့နေရာမှာ ပိုပြီးတော့ ကျွမ်းကျင်တယ် လေ။ဒါကို သူက ကျွန်တော်တို့ကို ကာကွယ်ဖို့အတွက် နဲ့ သူ့ကိုယ်ကိုယ်သူ ခုခံကာကွယ်ဖို့ လုပ်ခဲ့တာပါ။ " လင်ပေ့ဖန်က ဖြောင့်မတ်စွာဖြင့် ပြောခဲ့သည်။

" ဟုတ်ပါတယ် ၊သူ့ကိုယ်ကိုယ်သူ ခုခံကာကွယ်တာပါ။ "

ချူရို့ရွယ်က နာကြည်းစွာဖြင့် ပြောခဲ့သည်။

" တကယ်တော့ ဒီလူဆိုးတွေကို သူလုပ်ခဲ့တာ နည်းသေးတယ်လို့ ကျွန်မထင်တယ်။ ဒီလိုမျိုး လူဆိုးတွေကို လူ့အဖွဲ့အစည်းမှာ အန္တရာယ်မဖြစ်စေရအောင်လို့ သူတို့ကို တချက်တည်းနဲ့ သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ။ "

ရဲအရာရှိသည် ခေါင်းခါပြီး ပြောခဲ့သည်။

" ကိုယ့်ကိုကိုယ် ခုခံကာကွယ်တာပဲဖြစ်ဖြစ် ၊မကာကွယ်တာပဲဖြစ်ဖြစ် ။ဒါတွေက ကျွန်တော်တို့ ဆုံးဖြတ်ပေးရမယ့် ကိစ္စမဟုတ်ဘူး။ တရားရုံးက ဆုံးဖြတ်ရမယ့်ကိစ္စပဲ။ အခုတော့ လူနာတင်ကား အရင်ခေါ်လိုက်ကြတာပေါ့။ "

ခဏကြာပြီးနောက် လူနာတင်ကားရောက်လာပြီး လူဆိုးတွေအကုန်လုံးကို ဆေးရုံသို့ ခေါ်သွားခဲ့သည်။

ယဲ့ရှင်းချန်ရဲ့ စိတ်ပျက်အားငယ်နေသော မျက်နှာကို ကြည့်ပြီး လင်ပေ့ဖန်က သူ့ပုခုံးကို ပုတ်၍ ပြောခဲ့သည်။

" အစ်ကိုယဲ့ မစိုးရိမ်နဲ့။ မင်းက ငါတို့ကို ကာကွယ်ပေးဖို့အတွက် သူတို့ကို ထိခိုက်အောင် လုပ်ခဲ့တာ။ မင်း လုပ်ခဲ့တာက အမှန်တွေပဲ။ ဒါကြောင့် ငါ မင်းကို ဘယ်တော့မှ မတော်တဆမှုတစ်ခုမဖြစ်စေရဘူး။ "

" ကျေးဇူးတင်ပါတယ် မစ္စတာလင် ။ " ယဲ့ရှင်းချန်ရဲ့ မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။

" အစ်ကိုယဲ့ ၊ ဘာလို့ မင်းမျက်နှာက အရမ်းဖြူဖျော့နေရတာလဲ "

" ကျွန်တော်ရဲ့ ဒဏ်ရာတွေ မသက်သာသေးလို့ ဖြစ်ရမယ်။ ကျွန်တော်ခုနတုန်းက နည်းနည်းအားစိုက်ထားလို့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က အခု နေလို့ထိုင်လို့ သိပ်မကောင်းဘူး။ " ယဲ့ရှင်းချန်က အလွန်ပင်ပန်းစွာ ပြောခဲ့သည် ။

" မစ္စတာလင် ၊ ကျွန်တော် အရင်ပြန်ပြီးတော့ အနားယူလိုက်တော့မယ်။ "

" ကောင်းပြီ ၊ မင်းကိုယ်ကိုယ်မင်း ဂရုစိုက်ဦး " လင်ပေ့ဖန်က ခေါင်းညိတ်ခဲ့သည်။

တစ်ညတာက မြန်မြန်ကုန်ဆုံးသွားခဲ့သည်။

ယဲ့ရှင်းချန်သည် ကုမ္ပဏီသို့ အမြန်ပြန်လာခဲ့သည်။

" မစ္စတာလင် ၊သူတို့ ဘယ်လိုအခြေအနေရှိလဲ "

လင်ပေ့ဖန်က အံ့ဩသွားခဲ့သည်။

" သူတို့က ဘယ်သူလဲ ... "

" မနေ့ညက လူဆိုးတွေကို ကျွန်တော်ပြောတာ။ အခု သူတို့ ဘယ်လိုအခြေအနေရှိလဲ ။ "

" သူတို့......"

လင်ပေ့ဖန်က ပျော်ရွှင်စွာဖြင့် ပြောခဲ့သည်။

" သူတို့အားလုံး အခု ဆေးရုံမှာ အိပ်နေကြတယ်။ ရဲတွေစီက နောက်ဆုံးရတဲ့ သတင်းတွေအရတော့ သူတို့အများစုက အရိုးကျိုးပြီးတော့ ကိုယ်တွင်းအင်္ဂါတွေနဲ့ ကြွက်သားတွေလည်း အတော်လေးထိခိုက်ပျက်စီးသွားတယ်တဲ့။ သူတို့ရဲ့ ဒဏ်ရာတွေက တစ်လ၊နှစ်‌လလောက်နဲ့ ပြန်မကောင်းနိုင်ဘူးလို့ ပြောတယ်။ ဟားဟား... ဒါက သူတို့နဲ့ ထိုက်တန်တယ်။ "

ယဲ့ရှင်းချန်သည် ထိုစကားကို ကြားပြီး အပြစ်ရှိသလို ခံစားခဲ့ရသည်။

ငါ သူတို့ကို အဲ့လောက်ထိ ရိုက်ခဲ့မိတာလား...

သူတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ငါက သူတို့ကို ငါ့လက်နဲ့ ကိုယ်တိုင် ဆေးရုံပိုခဲ့မိတာလား....

" ဒါဆိုရင် သူ....သူတို့ ထောင်ကျဦးမှာလား...။ သူတို့ အပစ်ပေးခံထိဦးမှာလား...။ " ယဲ့ရှင်းချန်၏ အသံက တုန်နေခဲ့သည်။

" ဒါက သူတို့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့လား ၊ဥပဒေကို ချိုးဖောက်ခဲ့လားဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်။ "လင်ပေ့ဖန်က ပြောခဲ့သည်။

" ဘယ်လို ဖြစ်လို့လဲ... "

လင်ပေ့ဖန်က ပြောခဲ့သည်။

" အကယ်၍ သူတို့ ဥပဒေနဲ့ မညီတဲ့ အလုပ်တွေကို လုပ်ခဲ့ရင် ထောင်ဆယ်ရက်ထက်ပိုကျပြီးတော့ ဒဏ်ရိုက်ခံရနိုင်တယ်။ အကယ်၍ သူတို့က ရာဇဝတ်မှုတစ်ခုသာ ကျူးလွန်ခဲ့တယ်ဆိုရင် အခြေအနေက ပိုဆိုးသွားပြီးတော့ သူတို့ နှစ်အနည်းငယ်လောက် ထောင်ကျသွားနိုင်တယ်။ "

" ဒါပေမဲ့ သူတို့ရဲ့ လက်ရှိအခြေအနေက ဖော်ထုတ်ရတာ ပိုခက်ခဲတယ်။ သူတို့ရဲ့ အခြေအနေက လူတွေကို ထိတ်လန့်စေတာနဲ့ ပြဿနာဖြစ်အောင်လှုံ့ဆော်ပေးတဲ့ ပြစ်မှုလို့ ပြောနိုင်တယ်။ ဒါပေမဲ့ သူတို့က ငါတို့ကို လုံးဝ မထိခိုက်စေခဲ့ဘူး။ဒါကြောင့် သူတို့ရဲ့ ပြစ်မှုကို ပြည်သူ့လုံခြုံရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ ပြစ်မှုလို့ ဆိုနိုင်တယ်။ "

" ဒါဆို ဒီလိုပေါ့။ " ယဲ့ရှင်းချန်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချခဲ့သည်။

သူ့ရဲ့ စိတ်ထဲ၌ မျှော်လင့်ချက် တစွန်းတစကို ကိုင်ဆွဲထားခဲ့သည်။

သူတို့ထဲက လူအနည်းငယ်က ငါတို့ကို ထိ‌ခိုက်အောင် ဘာမှ မလုပ်ခဲ့ဘူးဆိုတော့ ဒါက သာမန် တရားမဝင်တဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်သင့်တယ်....

သူတို့ အများဆုံးခံရမှာ ရပ်အနည်းငယ်လောက် ထောင်ချခံရပြီးတော့ ဒဏ်‌ငွေပဲ ရိုက်ခံရလောက်မယ်...ဒါက ကိစ္စကြီးတစ်ခုမဟုတ်ဘူး....

" ဒါပေမဲ့ ငါ သူတို့ကို သေချာပေါက် ထောင်ထဲ ပို့ပစ်ရလိမ့်မယ်။ " လင်ပေ့ဖန်က အော်ပြောခဲ့သည်။

ယဲ့ရှင်းချန်သည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

All Chapters