← Chapters

အခန်း (၁၇၂)

Vol. 13 Ch. 172

အခန်း (၁၇၂)

Vol. 13 Ch. 172

ယဲ့ရှင်းချန်သည် သူ့ညီအစ်ကိုများ၏ အရေးကိစ္စများကို ဆောင်ရွက်ရန် နေခဲ့သည်။

ယခုအမှုသည် သံသယဖြစ်စရာကောင်းသော်လည်း ဒီထက်ပိုပြီး စုံစမ်းစစ်ဆေးရန်လိုအပ်သည်။ယခုအချိန်တွင် အလောင်းများကို သဂြိုလ်ရန်မလိုအပ်တော့သော်လည်း သူ့ညီအစ်ကိုတွေအတွက် အခေါင်းဝယ်ခြင်း ၊ ဇာပနအခမ်းအနားများလုပ်ပေးခြင်း ၊အရိုးပြာများကို မျောပေးခြင်းတို့ကဲ့သို့သော လုပ်စရာအများကြီးကျန်သေးသည်။ ထိုအရာအားလုံးက သူ့ညီအစ်ကိုများကို ဂုဏ်သိက္ခာရှိရှိ ဘဝတစ်ပါးကို ကူးပြောင်းသွားစေရန် လိုအပ်တဲ့အရာတွေပဲဖြစ်သည်။

အလုပ်များနေစဉ်အတွင်းတွင်လည်း ယဲ့ရှင်းချန်သည် လူသတ်သမားက ဘယ်သူလဲဆိုသည့်အကြောင်းကို အမြဲတမ်းစဉ်းစားနေခဲ့သည်။

ရိုးရိုးသားသားပြောရရင် သူသည် ဒီဖြစ်ရပ်ကမတော်တဆမှုတစ်ခုဟု လုံးဝ မယုံကြည်ပေ။

အကယ်၍ သူ့ရဲ့ညီအစ်ကိုတွေအားလုံးက ဒဏ်ရာရနေရင်တောင်မှ တိုက်ပွဲအတွေ့အကြုံကြွယ်ဝပြီး ထွက်ပြေးတိမ်ရှောင်နိုင်စွမ်းကလည်း ပထမအဆင့်ဖြစ်တာကြောင့် ဒီဖြစ်ရပ်တွင် သူတို့ထဲကတစ်ယောက်မှ မလွတ်မြောက်နိုင်တာက လုံးဝ မဖြစ်နိုင်ပေ။

ထို့ပြင်သူတို့သည် စစ်မြေပြင်တွင်ရှိချိန်၌ ဒီထက်ပိုအန္တရာယ်ရှိသည့် အခြေအနေကတောင်မှ လွတ်မြောက်ခဲ့သေးသည်။

ဒီလို ဘက်စ်ကားတစ်စီးမှာ သူတို့အကုန်လုံးက ပိတ်မိစရာလား....

ဒါက လုံးဝ မဖြစ်နိုင်ဘူး....

" လင်ပေ့ဖန်လား...။ သူ မဖြစ်နိုင်ဘူး... "

" အခုချိန်မှာ ငါနဲ့သူနဲ့က ရန်သူတွေထက် သူငယ်ချင်းတွေပဲ။ ဒါကြောင့် သူလုပ်စရာ ဘာအကြောင်းမှ မရှိဘူး။ နောက်ပြီး ဒီမတိုင်ခင်က ငါ့ရဲ့ညီအစ်ကိုတွေကိုတောင် သူက သူ့လက်အောက်မှာ အလုပ်လုပ်စေချင်နေတာ....။ "

" ဒါဆို ဘယ်သူလုပ်ခဲ့တာလဲ .... "

သူ့ရဲ့ ခေါင်းထဲတွင် ဒုတိယလူတစ်ယောက်ရဲ့ နာမည်ပေါ်လာခဲ့သည်။

" နဂါးဘုရင်ကျိုရှင်း .... "

ဒီမတိုင်ခင်က သူသည် နဂါးဘုရင်ကျိုရှင်းရဲ့ ဗာဂျရရှစ်ယောက်ကို ဖြေရှင်းဖို့အတွက် သူ့ရဲ့ညီအစ်ကိုတွေကို ဦးဆောင်ခဲ့သေးသည်။ ထိုအရာကို နဂါးဘုရင်ကျိုရှင်းက မကျေနပ်တာကြောင့် သူ့ကို လက်စားပြန်ချေတာ အတော်လေးဖြစ်နိုင်ချေများသည်။

ထိုအချိန်တွင် သူ့ဖုန်း တုန်လာပြီး လူစိမ်းတစ်ယောက်စီကနေ စာတစ်စောင်ဝင်လာခဲ့သည်။

လူစိမ်း : မင်း ငါပေးခဲ့တဲ့ လက်ဆောင်ကို ကျေနပ်ရဲ့လား....။

ဒီမတော်တဆမှုဖြစ်ရပ်အကြောင်း သတင်းနှင့်အတူ လင့်တစ်ခုလည်း အောက်မှာ ပါလာခဲ့သည်။

ယဲ့ရှင်းချန်ရဲ့ မျက်လုံးများသည် ထက်ရှသွားခဲ့ပြီး သူသည် ချက်ချင်းပဲ စာပြန်ပို့ခဲ့သည်။

ယဲ့ရှင်းချန် : မင်းဘယ်သူလဲ ....။ မင်းဘာလို့ ဒါကို လုပ်တာလဲ....

လူစိမ်း : ဘာလို့လုပ်တာလဲဆိုတော့ မင်းလုပ်ခဲ့သလိုမျိုး ၊ ငါလည်း လုပ်တာလေ။ အခုမှ နောင်တရနေတာလား...။ သွေးကြွေးကို သွေးနဲ့ပဲ ပြန်ဆပ်လို့ရတယ်။

" အား..... မအေမွေး နဂါးဘုရင်ကျိုရှင်း " ယဲ့ရှင်းချန်သည် ဒေါသတကြီး အော်ဟစ်ခဲ့သည်။

ထိုဖြစ်ရပ်ကို လုပ်ခဲ့တဲ့သူက နဂါးဘုရင်ကျိုရှင်းဆိုတာ အခုတော့ လုံးဝ သေချာသွားခဲ့ပြီဖြစ်သည်။ သူအရင်တုန်းက လုပ်ခဲ့တာအတွက် နဂါးဘုရင် ကျိုရှင်းက လက်စားပြန်ချေတာဖြစ်သည်။

သူသည် အခုချိန်တွင် တိုင်းတာလို့ မရလောက်သည်အထိ အရမ်းပဲ ဒေါသထွက်နေခဲ့သည်။

သူ့ရဲ့အတိတ်ဘဝတုန်းကတောင် လင်ပေ့ဖန်သည် သူ့ရဲ့ညီအစ်ကိုတွေကို မသတ်ပဲနဲ့ ထောင်ထဲကိုသာ ပို့ပြီး ပြန်မထွက်လာနိုင်အောင်ပဲ လုပ်ခဲ့သည်။ လွတ်လပ်ခွင့်ဆုံးရှုံးသွားရင်တောင်မှ အနည်းဆုံး သူတို့ အသက်ရှင်နေသေးတာကြောင့် သူသွားတွေ့နိုင်သေးသည်။

သို့သော်လည်းပဲ သူတစ်ဖန် ပြန်လည်မွေးဖွားလာပြီးနောက် ယခုအချိန်တွင် သူ့ရဲ့ညီအစ်ကိုတွေက သေသွားခဲ့ပြီဖြစ်သည်။သူသည် သူတို့ကို တစ်သက်လုံး ပြန်မတွေ့နိုင်တော့ပေ။

ယခုအချိန်တွင် နဂါးဘုရင်ကျိုရှင်း အပေါ် ယဲ့ရှင်းချန်ရဲ့ မုန်းတီးမှုသည် လင်ပေ့ဖန်ကို ကျော်လွန်သွားပြီး နဂါးဘုရင်ကျိုရှင်းက သူ့ရဲ့ နံပါတ်တစ် ရန်သူတော်ကြီးဖြစ်လာခဲ့ပြီ ဖြစ်သည်။

ယဲ့ရှင်းချန်သည် မြေပြင်ပေါ်သို့ စိတ်ပျက်လက်ပျက်ဖြင့် လဲကျသွားပြီး သူ့ရဲ့ မျက်နှာပေါ်တွင်လည်း နောင်တများနှင့် ပြည့်နှက်နေခဲ့သည်။

" ငါတောင်းပန်ပါတယ် ...ငါ မင်းတို့ကိုနာကျင်စေခဲ့မိပြီ "

" ငါသာ မင်းတို့ကို ကူညီဖို့ မခေါ်လိုက်ရင် မင်းတို့ သေမှာမဟုတ်လောက်ဘူး "

" ဒါတွေအားလုံးက ငါ့အမှားတွေပဲ...ငါတောင်းပန်ပါတယ် "

" ငါ မင်းတို့အတွက် သေချာပေါက်လက်စားချေပေးမယ် "

" ငါ့ရဲ့ လက်တွေနဲ့ ငါကိုယ်တိုင် နဂါးဘုရင်ကျိုရှင်းကို သတ်ပေးမယ် "

ထိုအချိန်တွင် လူစိမ်းက နောက်ထပ်စာတစ်စောင် ပို့လာခဲ့သည်။

လူစိမ်း : ဟားဟား.... မင်း အရူးတစ်ယောက်လိုမျိုး အော်ဟစ်‌ငိုကြွေးနေတာကို မြင်ရတာ ငါတကယ်ပျော်တယ်

ယဲ့ရှင်းချန်သည် သူ့ကို အမှောင်ထဲမှာ ချောင်းနေတဲ့သူ့ကို ရှာရန် ချက်ချင်းပဲ လှည့်ပတ်ကြည့်ခဲ့သည်။

နောက်ဆုံးမှာတော့ ကားတစ်စီးပေါ်တွင် ထိုင်နေတဲ့ အနက်ရောင်ဝင်လူနှစ်ယောက်ကို ရှာတွေ့ခဲ့သည်။ထိုထဲက တစ်ယောက်က ဖုန်းတစ်လုံးဖြင့် သူ့ကို ဓာတ်ပုံရိုက်နေပြီး သူ့ရဲ့ ပါးစပ်ထောင့်ကလည်း ဝံ့ကြွားသောအမူအရာဖြင့် အနည်းငယ်တွန့်ကွေးနေခဲ့သည်။

ယဲ့ရှင်းချန်သည် သူတို့ကို သတ်ရန်အတွက် သူတို့စီ အမြန်ပြေးသွားချိန်တွင် အနက်ရောင်ဝတ်လူနှစ်ယောက်က အဝေးကို မောင်းထွက်သွားပြီ အိတ်ဇောဓာတ်ငွေ့ကိုသာ ချန်ထားခဲ့သည်။

" အား........ "

ယဲ့ရှင်းချန်သည် ခဏကြာအော်ဟစ်ပြီးနောက် စိတ်ငြိမ်သွားခဲ့သည်။

အခု သူလုပ်ရမည့်အရေးကြီးဆုံးအရာက လက်စားပြန်ချေရန်ဖြစ်ပြီး သူ့ညီအစ်ကိုတွေရဲ့ နောက်ဆက်တွဲ ကိစ္စများကိုလည်း အရင်ဆုံး ကိုင်တွယ်ဖြေရှင်းပေးရန်လိုသေးသည်။

ထို့နောက် သူသည် နောက်ဖုန်းတစ်လုံးကို ယူထုတ်လိုက်ပြီး ဖုန်းခေါ်ခဲ့သည်။

" ညီအစ်ကိုတို့ ...ငါတို့ရဲ့ ညီအစ်ကို၁၄ယောက် မတော်တဆမှုတစ်ခုဖြစ်သွားတယ်... ငါတို့ သူတို့အတွက် လက်စားပြန်ချေ ပေးရမယ်..."

‌တစ်ခြားတစ်ဖက်တွင် လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၌ ....

"ဟားဟား.... ပျော်စရာကောင်းတယ်..အရမ်းပျော်စရာကောင်းတယ် "

" စစ်ပွဲနတ်ဘုရားယဲ့ရှင်းချန် မင်းမှာလည်း ဒီလိုနေ့မျိုးရှိတာပဲကို... ဟမ်...မင်းငါ့လူတွေကိုထိတဲ့အချိန်ကတည်းက ဒီလိုအကျိုးဆက်တွေကို မင်းစဉ်းစားထားသင့်တယ်....ခုမှ နောင်တရနေတာလား....ဟားဟား.... "

" မင်းတို့ မြင်လား... သူ အခု ငိုနေတာ ခွေးတစ်ကောင်လိုမျိုးပဲ "

" ဟားဟားဟားဟား.. "

နဂါးဘုရင်ကျိုရှင်းက နိုင်လူ အပြုံးဖြင့် ပြုံးခဲ့သည်။

ဒါက လက်စားချေရုံတင်မကဘူး ၊ လင်ပေ့ဖန်ကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်နစ်နာသွားစေတယ်။ ဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ်လိုပဲ တကယ့်ကိုမိုက်တယ်.....

ငါ လင်ပေ့ဖန် နဲ့ အကြိမ်အများကြီး တိုက်ခိုက်ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ငါ သူ့ကို တစ်ကြိမ်နိုင်ခဲ့ပြီ....

ဒါက ခံစားလို့ကောင်းပြီးတော့ အရမ်းမိုက်တယ်....

နဂါးဘုရင်ကျိုရှင်းသည် ခဏကြာရယ်မောပြီးနောက် လေးနက်သောမျက်နှာဖြင့် ပြောခဲ့သည်။

" သူက ငါတို့ကို လက်စားပြန်ချေနိုင်တယ်... ဒါကြောင့် ပြည်ပမှာ ရှိတဲ့ ငါတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို ဆုံးရှုံးမှု နည်းသွားအောင်လို့ ချက်ချင်းပဲ လျော့ချလိုက်....နောက်ပြီး သူ့ရဲ့ ကြေးစားအဖွဲ့တွေကို တစ်ယောက်မှ မကျန်အောင် ရှင်းပစ်လိုက်... "

" နဂါးဘုရင် ဘာကိုဆိုလိုချင်တာလဲ.... သူရဲ့ကြေးစားအဖွဲ့ကို ဖျက်ဆီးဖို့ ကျွန်တော်တို့ရဲ့ လူတွေကို စေလွှတ်လိုက်ရမှာလား... " အနက်ရောင်ဝတ်လူက မေးမြန်းခဲ့သည်။

" ဘာလို့ ဒီလောက်ထိ ဒုက္ခခံနေတာလဲ...ပိုက်ဆံနဲ့ဖြေရှင်းလို့ရတဲ့ ကိစ္စတွေမှာ လူအင်အား မဖြန်းတီးနဲ့ " ကျိုရှင်းရဲ့ ပါးစပ်ထောင့်က တွန့်ကွေးသွားခဲ့သည်။

" သူ့ရဲ့ ကြေးစားအဖွဲ့ကို ဖျက်ဆီးဖို့အတွက် ဆုကြေးငွေ အများကြီးထုတ်လိုက်.. "

" ဟုတ်ကဲ့ နဂါးဘုရင် "

ထို့ကြောင့် မြေအောက်လောကတွင် ယဲ့ရှင်းချန်နဲ့သူ့ရဲ့ ကြေးစားအဖွဲ့ဝင်များ၏ ဦးခေါင်းများအတွက် ထုတ်ထားတဲ့ ဆုကြေးငွေစာရင်းပေါ်လာခဲ့သည်။

သာမန်ကြေးစားအဖွဲ့ဝင်တစ်ယောက်ရဲ့ ခေါင်းက ယွမ် ၁၀သန်းတန်ပြီး အဖွဲငယ်လေးတစ်ဖွဲ့ကို ခေါင်းဆောင်ရတဲ့ ခေါင်းဆောင်ရဲ့ ခေါင်းက ယွမ် သန်း၃၀တန်သည်။ ထို့ပြင် ကြေးစားအဖွဲ့တွင် အရေးကြီးတဲ့ ခေါင်းဆောင်ကြီးများ၏ ခေါင်းက ယွမ် သန်း၁၀၀တန်သည်။ စစ်ပွဲနတ်ဘုရားရဲ့ ခေါင်းကတော့ ယွမ်၁ဘီလီယံတန်သည်ဟု ဆုကြေးငွေ အများကြီးထုတ်ထားခဲ့သည်။

ထိုဆုကြေးငွေများက မြေအောက်လောကကို ဆူညံပွက်လောရိုက်စေခဲ့သည်။

" လခွမ်း... ကြေးစားအဖွဲ့ရဲ့ ဘော့စ်ဖြစ်တဲ့ စစ်ပွဲနတ်ဘုရားက ဘယ်သူ့ကိုသွားပြီး စော်ကားခဲ့တာလဲဟ... တစ်ဖက်လူက သူတို့ကို ရှင်းပစ်ဖို့အတွက်တောင် ဆုကြေးငွေ အများကြီးထုတ်ထားသေးတယ်.... "

" သာမန်အဖွဲ့ဝင်တစ်ယောက်ရဲ့ ခေါင်းကတောင် ယွမ်၁၀သန်းတန်တယ်.. "

" စစ်ပွဲနတ်ဘုရားရဲ့ ခေါင်းကျတော့ ယွမ် ၁ဘီလီယံတောင် ဆုကြေးငွေထုတ်ထားတယ်...လခွမ်း...အရမ်းကြောက်စရာကောင်းတယ် "

" ငါတောင် သရေယိုလာပြီ...ငါတို့ စစ်ပွဲနတ်ဘုရားရဲ့ ခေါင်းကိုတော့ မယူနိုင်ပေမဲ့ သာမန်အဖွဲ့ဝင်တွေရဲ့ ခေါင်းကိုတော့ ယူနိုင်သေးတယ်။ ကံကောင်းရင် ငါတို့ ခေါင်းဆောင်တွေရဲ့ ခေါင်းအနည်းငယ်ကိုတောင် ရနိုင်ဦးမယ်။ဒါပြီးရင် ငါတို့ ဒီလောကကနေ အနားယူလို့ ရနိုင်ပြီ။ "

" သားရီး မင်းရူးနေတာလား... စစ်ပွဲနတ်ဘုရားယဲ့ရှင်းချန်ကို မင်း စော်ကားမိမှာ မကြောက်ဘူးလား.. "

" ဘာလို့ကြောက်ရမှာလဲ ..သူက အခုချိန်မှာ သူ့ကိုယ်ကိုယ်သူတောင် မကာကွယ်နိုင်ဘူး... အဲ့လိုလူကို မင်းက စစ်ပွဲနတ်ဘုရားလို့ထင်နေတာလား...သူက တကယ်ပဲ ပြိုသ်ဘက်ကင်းလို့လား... "

" မင်းပြောတာမှန်တယ် ...ငါ့ကိုလည်းထည့်လိုက် "

" စစ်ပွဲနတ်ဘုရားရဲ့ ကြေးစားအဖွဲ့ကတော့ ပြီးသွားပြီ"

လုပ်ကြံသတ်ဖြတ်သူများနဲ့ ကြေးစားအဖွဲ့များသည် သူတို့ရဲ့ လက်နက်တွေကိုယူပြီး မြေအောက်လောကကို တဟုန်ထိုး ဝင်ရောက်လာခဲ့ကြသည်။

ယဲ့ရှင်းချန်သည် အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ရန်နှင့် လာမယ့် အခက်အခဲ အကြပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ချက်ချင်းပဲ မြေအောက်လောကကို ပြန်သွားခဲ့သည်။

လင်ပေ့ဖန်သည် ထိုအဖြစ်အပျက်အားလုံးကို တိတ်တဆိတ်စောင့်ကြည့်ပြီး သက်ပြင်းချခဲ့သည်။

" မင်းတို့ ငါ့ကို ဘယ်အချိန်ကျမှ လက်စားပြန်ချေမှာလဲ... မင်းတို့ဇာတ်လိုက်တွေက တစ်ယောက်နဲ့ တစ်ယောက်နဲ့ သတ်နေကျပြီးတော့ ငါ့ကို လစ်လျူရှုထားကြတယ်...ငါ ‌‌ဗီလိန်လေးက အရမ်း လစ်လျူရှုခံရတာပဲ"

ဇာတ်လိုက်မရှိတာကြောင့် လင်ပေ့ဖန်သည် အတော်လေးအထီးကျန်သလို ခံစားခဲ့ရသည်။

လင်ပေ့ဖန်သည် ‌စတော့ဈေးကွက်ရဲ့ ဖန်သားပြင်ကို ပြောင်းလိုက်ပြီး ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာများ ကျဆင်းလုနီးပါးဖြစ်နေတာကို ‌ရှာတွေ့ခဲ့သည် ။

" ငါ့အတွက် ဟန်တင်းဖျော်ဖြေရေးအုပ်စုကို ဈေးကျမယ့်ဘက်လောင်းထားတာ ပိတ်လိုက်...ပြီးရင် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာတွေကို မင်းတို့ဝယ်နိုင်သလောက်ဝယ်လိုက်... "

ကုန်သည်ခေါင်းဆောင်က အံ့အားသင့်သွားခဲ့သည်။

" မစ္စတာလင် ၊ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာတွေကို တကယ်ဝယ်ချင်တာလား.... အခု ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာက ၈၀ရာခိုင်နှုန်းတောင် ကျပြီးသွားပြီ... ဘာတန်ကြေးမှမရှိတော့ဘူး...သူတို့အုပ်စုအခွန်ရှောင်တာကို သတင်းဖွတဲ့သူကလည်း ဆက်ပြီးတော့ ဖွနိုင်သေးတယ်... ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာကလည်း ဆက်ကျနိုင်သေးတယ်... ဒါကြောင့် အခုချိန် ကျွန်တော်တို့ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ရှယ်ယာတွေကို ဝယ်တာက အချိန်မှန် မဟုတ်ပါဘူး... "

လင်ပေ့ဖန်က ရယ်မောခဲ့သည်။

သတင်းဖွတဲ့သူက ဖွမှာလား မဖွဘူးလားတော့ ငါလဲမသိဘူး...

ဒါကြောင့် ငါတို့ ဈေးကျမယ့်ဘက် လောင်းထားတာ ရပ်ချိန်တန်ပြီ....

" ရှယ်ယာတွေကို ဆက်ဝယ်လိုက် ... ထပ်ကျလိမ့်မယ်လို့ ငါမထင်ဘူး... "

ကုန်သည်ခေါင်းဆောင်က တုံ့ဆိုင်းနေခဲ့သည်။

" ဒါပေမဲ့...... အထက်ပါအချက်အလက်တွေက ဖျော်ဖြေရေးလုပ်ငန်းကို ပြုပြင်နေပါတယ်... နောက်ပြီး ဟန်တင်းဖျော်ဖြေရေးအုပ်စုကလည်း ဖျော်ဖြေရေးနယ်ပယ်မှာ သက်ရောက်မှုဒဏ်ကို အဓိက ခံစားနေရပါတယ်။ ဒါကြောင့် မကြာခင် သူတို့အုပ်စု ပြန်ပြီး နာလန်ထူနိုင်မှာ မဟုတ်ပါဘူး။ ကံဆိုးရင်တော့ စတော့ဈေးကွက်ကနေတောင် ဖယ်ရှားခံရနိုင်ပါသေးတယ်.... "

လင်ပေ့ဖန်က အနည်းငယ်ပြုံးလိုက်သည်။

သူ မတတ်နိုင်လည်း ကိစ္စမရှိပေ...။အဓိကအားဖြင့် သူသည် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ရှယ်ယာများကို ရယူပြီး ဖျော်ဖြေရေးနယ်ပယ်ထဲသို့ ဝင်ရောက်ရန် အတားအဆီးအနှောင့်အယှက်များကို လျော့ချချင်ခဲ့သည်။

ဟန်တင်းဖျော်ဖြေရေးအုပ်စုက အခုချိန်မှ အတော်လေး အထိနာနေသော်လည်း အခြေခံအုတ်မြစ်တော့ရှိ‌သေးသည် ။

ထို့ပြင် ဟန်တင်းဖျော်ရေးအုပ်စုကို ကော်ဖီထုပ်လိုမျိုး ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်တာက တကယ့်ကို တန်သည်။

အကယ်၍ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ‌စတော့ရှယ်ယာသာ နောက်တစ်ခါထပ်ကျသွားပါက အခွံသာကျန်ရစ်တော့မည်ဖြစ်ပြီး တန်ဖိုးကလည်း နည်းသွားလိမ့်မည်ဖြစ်သည်။

" ငါ့စကားတွေကို နားထောင် ၊ဘာမှ မတုံ့ဆိုင်းနေနဲ့..."

" ဟုတ်ကဲ့မစ္စတာလင် “

All Chapters