← Chapters

အပိုင်း ( ၁၆၆ )

Vol. 12 Ch. 166

အပိုင်း ( ၁၆၆ )

Vol. 12 Ch. 166

လင်ပေ့ဖန်သည် ချူရို့ရွယ်ကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်ပြီး သက်ပြင်းအရှည်ကြီးချလိုက်သည်။

" မိန်းမတွေက အရမ်းထက်မြက်လွန်းတာ မကောင်းဘူးလို့ ငါ မင်းကို အရင်တုန်းက ပြောခဲဲ့ပြီးပြီလေ..။"

ချူရို့ရွယ်က ချက်ချင်းပဲ တုန့်ပြန်ခဲ့သည်။

" ကျွန်မ‌တို့ မိန်းမတွေ မထက်မြက်ရင် ရှင်တို့ ယောင်္ကျားတွေ လှည့်စားတာ ခံရမှာပေါ့။ "

ထိုအချိန်တွင် အဖြေက ပေါ်နေပြီးသားမို့ နောက်ထပ် ရှင်းပြနေစရာ မလိုတော့ပေ။

လင်ပေ့ဖန် ဘာမှ မပြောပေမဲ့လည်း ချူရို့ရွယ်ကတော့ နားလည်ခဲ့သည်။

ဘယ်လောက် ထက်မြက်လိုက်တဲ့ မိန်းကလေးလဲ....

" လင်ပေ့ဖန် ၊ ကျွန်မ တွေးတောင် မတွေးတတ်တော့ဘူး။ ယဲ့နာမည်နဲ့လူက ဘာများကောင်းနေလို့ ရှင် သူ့ကို ဒီလိုမျိုး ကောင်းကောင်းမွန်မွန် ဆက်ဆံရတာလဲ... ။ သူ့လိုမျိုး အရှက်မဲ့ ၊ ရိုင်းစိုင်း၊ ဈေးပေါပြီးတော့ ဦးနှောက်မရှိတဲ့ လူတစ်ယောက်က ရှင် လုပ်ပေးတဲ့အရာအကုန်လုံးနဲ့ မထိုက်တန်ပါဘူး။ နောက်ပြီး လင်ပေ့ဖန် သူက ရှင့်ကို အသုံးချနေတာကို ရှင်သိလား....။ " ချူရို့ရွယ်က စိတ်အားထက်သန်စွာဖြင့် ပြောခဲ့သည်။

လင်ပေ့ဖန်က သက်ပြင်းချပြီး ပြောခဲ့သည်။

" မင်း နားမလည်ပါဘူး.... "

" ရှင်နဲ့ အဲ့ဒီလူကြားက ကိစ္စတွေကို ကျွန်မ တကယ့်ကို နားမလည်ဘူး။ဒါပေမဲ့ လူတွေမှာရှိသင့်တဲ့ ကျေးဇူးရှိရင် ကျေးဇူးပြန်ဆပ်ရမယ်ဆိုတဲ့ အခြေခံသဘောတရားတွေကိုတော့ ကျွန်မနားလည်တယ်။ ကိုယ့်အပေါ်ကောင်းတဲ့သူ ဘယ်သူ့ကိုမဆို ကိုယ်က ပြန်ကောင်းပေးရမယ်ဆိုတာကိုလည်း ကျွန်မသိတယ်။ "

"ဒါပေမဲ့ ယဲ့နာမည်နဲ့ လူက အဲ့ဒီအခြေခံသဘောတရားတွေကိုတောင် နားမလည်ဘူး။ သူက မကောင်းတဲ့အရာတွေ အများကြီးလုပ်ခဲ့တာကိုရော ရှင်မတွေ့ဘူးလား...။ ရှင့်ရဲ့ ကြင်နာတတ်တဲ့စိတ်နဲ့ လူတွေကို အယုံလွယ်တဲ့စိတ်က ရှင့်ကို ထိခိုက်စေလိမ့်မယ်။ နောက်ပြီး အနှေးအမြန် ရှင် သူ့လက်ထဲမှာ သေသွားလိမ့်မယ်...။ "

လင်ပေ့ဖန်သည် မတ်တပ်ရပ်ပြီး သက်ပြင်းချခဲ့သည်။

" ကြည့်ရတာ မင်းငါ့ကို ကူညီဖို့ စိတ်ကူးမရှိဘူးဆိုတော့လည်း ငါ မင်းကို ဆက်ပြီးတော့ မနှောင့်ယှက်တော့ဘူး။ "

လင်ပေ့ဖန်ရဲ့ ဝမ်းနည်းပြီး ခိုကိုးရာမဲ့နေတဲ့ ကျောပြင်ကို မြင်လိုက်ရသောအခါတွင် ချူရို့ရွယ်သည် မကြည့်ရက်တော့ပဲနဲ့ အော်ပြောခဲ့သည်။

" နေဦး ၊ ကျွန်မ ရှင့်ကို ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ရှင် ကျွန်မကို အခြေအနေ နှစ်ခု ကတိပေးရမယ်။ "

" တကယ်လား...။ ဘာအခြေအနေတွေလဲ... " လင်ပေ့ဖန်က အံ့အားသင့်စွာဖြင့် နောက်ပြန်လျှောက်လာခဲ့သည်။

ချူရို့ရွယ်သည် လက်တစ်ချောင်းထောင်ပြပြီး ပြောခဲ့သည်။

" ပထမ အခြေအနေက ဒီနေ့ကနေစပြီးတော့ ရှင်နဲ့ ယဲ့နာမည်နဲ့ လူရဲ့ ကြားက ဆက်ဆံရေးကို ဖြတ်ပစ်ရမယ်။ နောက်ပြီး သူ့ကို ရှင့်ရဲ့ ကုမ္ပဏီကနေ ကန်ထုတ်ပြီးတော့ ရှင်တို့ နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အခုကနေစပြီး‌ေတာ့ ဘယ်တော့မှ မဆက်သွယ်ရတော့ဘူး။ သူ့ကိုလည်း ကျွန်မရှေ့ကို လုံးဝ ပေါ်မလာစေနဲ့။ "

လင်ပေ့ဖန်သည် သနားစရာကောင်းစွာဖြင့် ကြည့်ပြီး ပြောခဲ့သည်။

" မင်းတောင်းဆိုတာက အရမ်းများလွန်းတယ်။ နောက်ပြီး သူက ငါ့ရဲ့ အရင်းနှီးဆုံး ညီအစ်ကိုလေ။ ဒါပေမဲ့ မင်းက ငါတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဖြတ်ခိုင်းနေတယ်။ အပြောထက် အလုပ်က မလွယ်ဘူးဆိုတာကို မင်းသိလား...။ "

" ရှင် ကျွန်မကို ရက်စက်တဲ့အတွက် အပြစ်မတင်နဲ့။ ဒါက ရှင်ကောင်းဖို့အတွက် ကျွန်မလုပ်နေတာ။ ကျွန်မ ရှင့်ကို ဒီထက်ပိုပြီး မနာကျင်စေချင်တော့ဘူး။"

လင်ပေ့ဖန်သည် ရှက်ရွံ့စွာဖြင့် ပြောခဲ့သည်။

"ဒါကို ငါ မလုပ်နိုင်ဘူး။ မင်း အခြေအနေပြောင်းပေးနိုင်မလား။ "

" အခြေအနေကတော့ အရင်အတိုင်းပဲ။ နောက်ဆုံးအနေနဲ့ သူ့ကို အနည်းဆုံး အခွင့်အရေးတစ်ခု‌ေတာ့ ကျွန်မပေးလိုက်မယ်...။

ချူရို့ရွယ်သည် ခေါင်းမော့ပြီး ပြောခဲ့သည်။

" ရှင် သူ့ကို ကူညီတာ ဒီတစ်ကြိမ် နောက်ဆုံးအကြိမ်လို့ ရှင် ကျွန်မကို ကတိပေးရမယ်။ နောက်ပြီး ရှင် အနာဂတ်မှာ ဒီလိုအရာမျိုးကို ထပ်လုပ်ခဲ့ရင် ရှင် သူ့နဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပြီးတော့ သူ့နဲ့ ဘယ်တော့မှ နောက်တစ်ကြိမ် ထပ်မဆက်သွယ်ရတော့ဘူး။ "

လင်ပေဖ့န်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချခဲ့သည်။

" ကောင်းပြီငါကတိပေးတယ် ။ အစ်ကိုယဲ့ သူ့အမှားကို သူပြန်ပြင်လိမ့်မယ်ဆိုတာ ငါယုံကြည်တယ်။ "

သူ့အမှားကို သူပြန်ပြင်မယ်ပေါ့လေ ဟုတ်လား ....

ချူရို့ရွယ်က လှောင်ရယ်ခဲ့သည်။

သူ့လို ဦးနောက်မရှိတဲ့ လူမျိုးက သူ့အမှားကို သူပြန်ပြင်မယ်တဲ့လား ....

လင်ပေ့ဖန်က မေးမြန်းခဲ့သည်။

" ဒုတိယအခြေအနေကရော ဘာလဲ ... "

" မနေ့ညကနေ အခုထိ ကျွန်မ ကြောက်လန့်နေတုန်းပဲ။ဒါကြောင့် ကျွန်မရဲ့ ဒုတိယအခြေအနေက..... " ချူရို့ရွယ်က လိမ္မာပါးနပ်စွာ ပြောခဲ့သည်။

" ရှင် ဒီနှစ်ရက်လုံး ကျွန်မတောင်းဆိုတာကို လုပ်ပေးရမယ်။နောက်ပြီး ရှင် ကျွန်မနဲ့ အတူတူကစားပြီးတော့ ကျွန်မကိုလည်း ပျော်ရွှင်အောင်လုပ်ပေးရမယ်။ အကယ်၍ ကျွန်မ ပျော်ရင် ကျွန်မသူတို့ကို လွှတ်ပေးမယ်။ "

" ဒါက ငါ့အတွက် ပြဿနာမရှိဘူး ။ဒါပေမဲ့ နှစ်ရက်လောက် ကစားမယ်ဆိုတော့ မင်း အလုပ်လုပ်စရာမရှိ‌ေတာ့ဘူးလား...။ " လင်ပေ့ဖန်က အံ့ဩသွားခဲ့သည်။

" ကျွန်မကိုယ်ကိုယ် ကျွန်မ အားလပ်ချိန်နည်းနည်းပေးလို့ မရဘူးလား.. " ချူရို့ရွယ်က ပြောလိုက်သည်။

" ကျွန်မ လွန်ခဲ့တဲ့လအနည်းငယ်လောက်က ရန်ပုံငွေပြဿတွေကြောင့် အလုပ်တွေရှုပ်နေခဲ့တာ။ အခုတော့ ရန်ပုံငွေပြဿနာ‌တွေ ဖြေရှင်းပြီးသွားလို့ ကျွန်မ စိတ်အပန်းဖြေချင်တယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ကျွန်မမှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။ ဒါကြောင့် ရှင့်ကို ကျွန်မ နဲ့ အတူတူကစားပေးဖို့ ပြောတာ။ "

လင်ပေ့ဖန်သည် သူမအကြောင်းကို ကောင်းကောင်းသိသည်။ သူမသည် များသောအားဖြင့် အလုပ်များတာကြောင့် သူ့နဲ့မတွေ့ခင်ချိန်အထိ သူမမှာ သူငယ်ချင်းတစ်ယောက်မှ မရှိခဲ့ပေ။

" ကောင်းပြီ ၊ ဒီနှစ်ရက်လုံး ငါ မင်းနဲ့ အတူတူလိုက်ပြီးတော့ လိုက်ကစားပေးမယ်။ " လင်ပေ့ဖန်က ပြောခဲ့သည်။

" နောက်ပြီး ယွမ်ငါးဘီလီယံကို အတိုးမယူပဲနဲ့ ရှင် ကျွန်မကို ချေးပေးမယ်ဆိုတာကိုလည်း မမေ့နဲ့ဦးနော်။ "

လင်ပေ့ဖန်သည် အံ့အားသင့်သွားခဲ့သည်။

" အခြေအနေနှစ်ခုပဲလို့ မင်းပဲ ပြောခဲ့တာမဟုတ်ဘူးလား...။ ဒါက တတိယအခြေအနေတစ်ခုဖြစ်နေပြီ။ မင်း အရမ်းလောဘမကြီးလွန်းဘူးလား... "

" ဒါက ထည့်မတွက်ဘူး။ ကျွန်မသူတို့ကို လွှတ်ပေးရင် အတိုးမယူပဲနဲ့ ယွမ်ငါးဘီလီယံကို ချေးပေးမယ်လို့ ရှင်ပဲ ခုနတုန်းက ကျွန်မကို ကတိပေးထားခဲ့တာ လေ..။နောက်ပြီး ရှင် ကျွန်မနဲ့ နှစ်ရက် အတူတူကစားပေးရင် ကျွန်မရှင့်ကို ကတိပေးထားသလိုဘဲ ကျွန်မကတိကို ကျွန်မပြန်တည်ပေးမယ်...။

" မင်းက အရမ်းလည်တာပဲ " လင်ပေ့ဖန်က မျက်နှာသေဖြင့် ပြောခဲ့သည်။

" ရှင့်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် " ချူရို့ရွယ်က ရယ်မောခဲ့သည်။

ထို့နောက် ချူရို့ရွယ်သည် အလုပ်မြန်မြန်ပြီးအောင်လုပ်၍ သူမရဲ့ အဝတ်အစားများကို ပြောင်းလိုက်ပြီး လင်ပေ့ဖန်ကို ကစားဖို့ ခေါ်သွားခဲ့သည်။

" ကျွန်မ အခုအသွားချင်ဆုံး နေရာက ဘယ်နေရာလဲဆိုတာကို ရှင်ပြောကြည့်ပါလား.... "

" ကစားကွင်း... "

" ရှင်ဘယ်လို သိတာလဲ... "

" ခန့်မှန်းလိုက်တာ "

" သွားစို့ ၊ ညမှောင်တဲ့အထိ မကစားနဲ့ ၊ငါတို့ ပြန်လို့မရဘဲနေမယ်။ "

တစ်ခြားတစ်ဖက်တွင် ယဲ့ရှင်းချန်သည် လင်ပေ့ဖန်စီက သတင်းကို စောင့်ပြီး စိုးရိမ်နေခဲ့သည်။

ရလဒ်အနေဖြင့် နှစ်နာရီကြာအောင် စောင့်ပြီးနောက် လင်ပေ့ဖန်စီက အကြောင်းပြန်စာမရသေးတာကြောင့် သူသည် ဆက်ပြီးတော့ မစောင့်နိုင်တော့ပဲနဲ့ လင်ပေ့ဖန်ကို စာတစ်စောင်ပို့ခဲ့သည်။

ယဲ့ရှင်းချန် : ဥက္ကဌလင် အခြေအနေ ဘယ်လိုရှိလဲ။

လင်ပေ့ဖန်က အမြန်အကြောင်းပြန်ခဲ့သည်။

လင်ပေ့ဖန် : အခြေအနေက သိပ်မကောင်းဘူး

ယဲ့ရှင်းချန်သည် ချက်ချင်းပဲ ပြန်မေးခဲ့သည်။

ယဲ့ရှင်းချန် : ဘာဖြစ်လို့လဲ ၊မစ္စတာလင် ကျွန်တော့ကို မြန်မြန်ပြောပြ။

လင်ပေ့ဖန် : သူမက ငါ့ကို အခြေအနေနှစ်ခု သဘောတူခိုင်းတယ်။ ဒါမှမဟုတ်ရင် သူမက တစ်ယောက်မှကို ပြန်မလွှတ်ပေးဘူးတဲ့။

ယဲ့ရှင်းချန် : ဘာအခြေအနေတွေလဲ...။

လင်ပေ့ဖန် : သူမ မနေ့ညက ကြောက်လန့်တာ မသက်သာသေးဘူးလို့ သူမ ငါ့ကိုပြောတယ်။ ဒါကြောင့် ပထမအခြေအနေက ငါ သူမနဲ့ နှစ်ရက်လုံးအတူတူကစားပြီးတော့ သူမကို ပျော်ရွှင်အောင်လုပ်ပေးရမယ်တဲ့။ ဒါမှမဟုတ်ရင် သူမ သူတို့ကို ပြန်လွှတ်ပေးမှာ မဟုတ်ဘူးတဲ့။

ယဲ့ရှင်းချန်ရဲ့ မျက်လုံးမျက ရုတ်တရက် နီရဲသွားခဲ့သည်။

ချူရို့ရွယ်နဲ့ နှစ်ရက်အတူတူကစားပေးရမယ်ဟုတ်လား....

ဒီလို အခွင့်အရေးမျိုးကို မင်းတစ်သက်လုံး ဆုတောင်းနေတာတောင် မရနိုင်ဘူး။ ဒါကို မင်းက မကြိုက်ဘူးပေါ့လေ...။

မင်း မကြိုက်ရင် ဖယ်ပေး ၊ငါလာမယ်.....။

ယဲ့ရှင်းချန် : မင်း ငါ့ကို အဲ့ဒီကို ခေါ်သွားလို့ရမလား။

လင်ပေ့ဖန် : သူမရဲ့ ဒုတိယအခြေအနေက နောက်တစ်ကြိမ် မင်းကို ထပ်မမြင်ချင်တော့ဘူးတဲ့။

ယဲ့ရှင်းချန် : ):

လင်ပေ့ဖန် : မင်းသာ ကျန်းပင် မြစ်ကမ်းနံဘေးမှာ လမ်းလျှောက်ဖို့ မပြောခဲ့ဘူးဆိုရင် အဲ့လို ဖြစ်ရပ်မျိုး ကြုံလာလိမ့်မှာ မဟုတ်ဘူးလို့ သူမက ပြောတယ်။ နောက်ပြီး သူမရှေ့ကို နောက်တစ်ခါ မင်းကို ထပ်ခေါ်သွားရင် သူမအရမ်းဒေါသထွက်သွားပြီး တော့ နောက်ဆက်တွဲ အကျိုးဆက်တွေက ပြင်းထန်လိမ့်မယ်လို့ သူမငါ့ကိုပြောတယ်။ မင်းရဲ့ ညီအစ်ကိုတွေလည်း တစ်သက်‌လုံး ထောင်ထဲကနေ ပြန်မထွက်နိုင်စေရဘူးတဲ့။

ယဲ့ရှင်းချန် : ....

" ရို့ရွယ် မင်း ကိုယ့်ကို အရမ်းပဲ မုန်းနေပြီလား...။ " ယဲ့ရှင်းချန်သည် သူမျက်လုံးများကို မှိတ်လိုက်ပြီး မျက်လုံးထောင့်ကနေ မျက်ရည်တစ်စက် ကျဆင်းလာခဲ့သည်။

အသေအချာစဉ်းစားပြီးနောက် ယဲ့ရှင်းချန်သည် သူမကို နောက်မှ လိုက်ပြီး သူ့ညီအစ်ကိုတွေကို အရင်ဆုံး ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့သည်။

ယဲ့ရှင်းချန် : မင်းတို့ အချိန်ကောင်းတစ်ခုပိုင်ဆိုင်နိုင်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်။

ထိုစကားလုံးများကို ရိုက်ပြီးနောက် ယဲ့ရှင်းချန်သည် သူ့ခေါင်းက အစိမ်းရောင်ပြောင်းသွားသလို ခံစားခဲ့ရသည်။

လင်ပေ့ဖန် : ကျေးဇူးတင်ပါတယ်။

လင်ပေ့ဖန် : အို့ ၊တကယ်တော့ ငါသူမနဲ့ တကယ် မလိုက်သွားချင်ဘူး။ ဒီမိန်းမက ပထမဆုံးအကြိမ် ငါ့ကို ကစားကွင်းကို ခေါ်သွားခဲ့တာ။ မင်းပြောကြည့် ၊ ကစားကွင်းမှာ ဘာများပျော်စရာရှိလို့လဲ... ။

ယဲ့ရှင်းချန်ရဲ့ မျက်လုံးများက ပိုပြီးတော့တောင်မှ နီရဲလာခဲ့သည်။

" လုံလောက်ပြီ ၊ ငါ့မှာ သူမနဲ့ အတူတူ ကစားဖို့ အခွင့်အရေးမရှိဘူး...။ "

လင်ပေ့ဖန် : သူမက ငါ့ကို မြင်းရထားစီးဖို့တောင် ခေါ်သွားသေးတယ်။

ယဲ့ရှင်းချန် : မြင်းရထားလား...။

လင်ပေ့ဖန် : သစ်သားမြင်းတစ်ကောင်ပေါ်မှာထိုင်ပြီးတော့ စက်ဝိုင်းပုံစံ လှည့်တဲ့ဟာလေ။ ငါမင်းကို ပုံတစ်ပုံပြမယ်။

ယဲ့ရှင်းချန်သည် ထိုပုံကို မြင်လိုက်ချိန်တွင် သူ့မျက်နှာက အစိမ်းရောင်သို့ ပြောင်းသွားခဲ့သည်။

ဘာလို့လဲဆိုတော့ ဓာတ်ပုံထဲမှာ လင်ပေ့ဖန်နဲ့ ချူရို့ရွယ်တို့သည် စက်ဝိုင်းပုံစံလှည့်နေတဲ့ သစ်သားမြင်းတစ်ကောင်ပေါ်တွင် တူတူထိုင်နေတာကြောင့်ဖြစ်သည်။ထို့ပြင် လင်ပေ့ဖန်သည် ချူရို့ရွယ်ရဲ့နောက်မှာနေ၍သူမရဲ့ ခါးကို ဖက်ထားပြီး တစ်ယောက်နဲ့တစ်ယောက်လည်း အလွန်နီးကပ်နေခဲ့သည်။

ယဲ့ရှင်းချန် : ဘာလို့ မင်းက သူမခါးကို ဖက်ထားတာလဲ..။

လင်ပေ့ဖန် : ချူရို့ရွယ်က သူမ ပြုတ်ကျမှာကြောက်လို့ ငါ့ကို ဖက်ထားခိုင်းတာ။ ဒါကြောင့် ငါလည်း ဘာမှ မတတ်နိုင်ပဲနဲ့ သူမခါးကို ဖက်ထားခဲ့တာ။

ယဲ့ရှင်းချန်သည် သွေးတစ်လုပ်အန်ထုတ်ပြီး ကျိန်ဆဲခဲ့သည်။

" လဗြွတ်ပဲဟေ့ "

လင်ပေ့ဖန် : အစ်ကိုယဲ့ မင်းငါ့ကို ယုံကြည်ပေးရမယ်။ ငါ သူမရဲ့ ခါးကို ဖက်ထားရင်တောင် ငါတို့နှစ်ယောက်ကြားက ဆက်ဆံရေးက လုံးဝဖြူစင်တယ်။

ယဲ့ရှင်းချန်သည် မျက်ရည်များဖြင့် ထိုစကားလုံးများကို ရိုက်ခဲ့သည်။

ယဲ့ရှင်းချန် : ဥက္ကဌလင် မစိုးရိမ်နဲ့။ ငါမင်းကို ယုံတယ်။

လင်ပေ့ဖန် : အစ်ကိုယဲ့ မင်းရဲ့ နားလည်‌ပေးမှုအတွက် ကျေးဇူးတင်ပါတယ် ။

All Chapters