အခန်း (၁၄၆)
Vol. 10 Ch. 146
လင်ပေ့ဖန်သည် ချက်ချင်းပဲ စာပြန်ပို့လိုက်သည်။
လင်ပေ့ဖန် : မနက်ဖြန်ဘာကိစ္စရှိလို့လဲ။
လန်ချင်းရွဲ့ : မနက်ဖြန်ည၈ နာရီ မိုဟိုင်မြို့ရဲ့ ရှီးယွမ်ခန်းမမှာ ကြယ်ပွင့်ပရဟိတ ပါတီပွဲတစ်ပွဲ ကျင်းပလိမ့်လိမ့်မယ်။အဲ့ဒီပွဲကို ကြယ်ပွင့်တိုင်းက သူတို့နဲ့အတူတူ တက်ရောက်ဖို့အတွက် အဖော်တစ်ယောက်ခေါ်လာဖို့လိုတယ်။ ဒါကြောင့် ကျွန်မနဲ့အတူတူ အဲ့ပွဲကို လိုက်တက်ပေးဖို့ ရှင့်ကို ကျွန်မက ဖိတ်ခေါ်ချင်တာပါ။
လင်ပေ့ဖန် : မင်းမှာ ယောင်္ကျားလေး အဖော်တစ်ယောက်မှ မရှိသေးလို့လား။
လန်ချင်းရွဲ့ : မဟုတ်ဘူး ရှိတယ်။ ဒါပေမဲ့ ကျွန်မ သူတို့ကို မကြိုက်လို့။
လန်ချင်းရွဲ့ : အကယ်၍ ရှင်မအားဘူးဆိုရင် ကျွန်မကို ငြင်းလို့ရတယ်။ အားနာစရာမလိုဘူး။
လင်ပေ့ဖန် : အားတယ်။ ဒါနဲ့ အဲ့ပွဲကို တက်ရောက်ဖို့ ငါ ဘာတွေ ပြင်ဆင်ဖို့ လိုသေးလဲ။
လန်ချင်းရွဲ့ : ရှင် သပ်သပ်ရပ်ရပ်ဝတ်လာပြီးတော့ ပိုက်ဆံထည့်လာဖို့ပဲ လိုတယ်။ နောက်ပြီး ဒါက ပရဟိတ ပါတီပွဲတစ်ပွဲလေ၊ အဲ့တော့ ရှင်သိပါတယ်။
လင်ပေ့ဖန် : ပိုက်ဆံ သုံးရုံပဲမလား။ ဒါက ငါရင်းနှီးပြီးသားပဲ။
လန်ချင်းရွဲ့ : အများကြီး မသုံးနဲ့ဦး။ ကျွန်မပြောချင်တာက ကျွန်မ ရှင့်ရဲ့ အချိန်တွေကို ယူထားတာကပဲ အတော်လေး အားနာစရာဖြစ်နေပြီ။ အခု ရှင့်ရဲ့ ပိုက်ဆံကို ထပ်သုံးခိုင်းဖို့ ပြောရတာက ကျွန်မကို နည်းနည်း ရှက်စေတယ်။
လင်ပေ့ဖန် : ရပါတယ်။ နောက်မှ မင်းပြန်လိုက်ပေးပေါ့။
လန်ချင်းရွဲ့ : ပလေးဘွိုင်းတစ်ယောက်က မျှော်လင့်ထားတဲ့အတိုင်းပဲ ။ ရှင်က ကျွန်မကို တစ်ခါ လိုက်ပို့တယ်။ ကျွန်မက ရှင့်ကို နောက်တစ်ခါ ပြန်ဖိတ်ခေါ်ရတယ်။ ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီ။ ကျွန်မကို ပြောပါဦး။ ရှင် ဒီနည်းလမ်းကို မကြာခဏသုံးပြီးတော့ တစ်ခြားမိန်းကလေးတွေကို ချဉ်းကပ်ဖူးလား။
လင်ပေ့ဖန် : မင်းက အရမ်း ဉာဏ်ကောင်းတာပဲ။ အဲ့ဒါကို မင်းသိသွားပြီဆိုတော့ ကြည့်ရတာ ငါ့ရဲ့ဆန္ဒ တွေတော့ မဖြစ်နိုင်တော့ပုံရတယ်။
လန်ချင်းရွဲ့ : အဲ့လောက်ကြီးလည်း စိတ်မပျက်ပါနဲ့။ ဒီကောင်မလေးက အဲ့လောက်လည်း ဉာဏ်မကောင်းပါဘူး။
ထိုနည်းဖြင့် လင်ပေ့ဖန်သည် အစစ်အမှန်လန်ချင်းရွဲ့နှင့် စကားပြောနေစဉ်တွင် လန်ချင်းရွဲ့အတုဖြင့် မယားဒရူး လုမိုပိုင်ကို စကားပြောနေခဲ့သည်။လူတိုင်းသည် အတော်လေး ကျေနပ်ပြီး ပျော်ရွှင်နေကြသည် ။
ထိုအချိန်တွင် လင်ပေ့ဖန်သည် တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။
လင်ပေ့ဖန် : ဒါနဲ့ ငါ မင်းကို မေးစရာတစ်ခုရှိတယ်။
လန်ချင်းရွဲ့ : ဘာမေးမလို့လဲ။
လင်ပေ့ဖန် : လူကြိုက်များနေတဲ့ ဂမ်းနန်းစတိုင် သီချင်းကို မင်း ဘယ်လို ထင်လဲ။
လန်ချင်းရွဲ့ : .....
လန်ချင်းရွဲ့ : ဗျူးတီးနိုင်ငံက ထုတ်လွှင့်ခဲ့တဲ့ ဂမ်းနန်းစတိုင် သီချင်းလား။
လင်ပေ့ဖန် : ဟုတ်တယ်။
လန်ချင်းရွဲ့ : အဲ့သီချင်းက ကိုစိုးကြီးရဲ့ တယ်လီဖုန်းလိုမျိုး အရမ်းဆိုးရွားလွန်းတယ်။ အဲ့လောက် ဆိုရွားတဲ့ သီချင်းမျိုးကို ကျွန်မဘယ်တုန်းကမှမကြားခဲ့ဖူးဘူး။ သံစဉ်ကလည်း ဗရမ်းဗတာနိုင်ပြီးတော့ နားထောင်ရတာ နားကြားပြင်းကပ်လွန်းတယ်။နောက်ပြီး သီချင်းစာသားတွေကလည်း အတော်လေး အောက်တန်းကျပြီးတော့ အပေါစားဆန်လွန်းတယ်။ အဲ့ဒါတောင် အဲ့သီချင်းကို လူတွေ ဘာလို့ ကြိုက်ကြလဲဆိုတာ ကျွန်မ အံ့ဩလို့ မဆုံးဘူး။
လန်ချင်းရွဲ့ : ကျွန်မ အဲ့သီချင်းကို တစ်ဝက်လောက်နားထောင်ပြီးတော့ ၊ ကျွန်မ အဲ့သီချင်းကို ဆက်ပြီးတော့ နားမထောင်ချင်တော့ဘူး။အဲ့သီချင်းက ကျွန်မရဲ့ ဂီတအနုပညာကို စော်ကားနေသလို ခံစားနေရတယ်။
လန်ချင်းရွဲ့ : ဒါပေမဲ့ ဒီသီချင်းက အတော်လေးလူကြိုက်များနေတယ်။ အဲ့ဒါကို ရှင် ထူးဆန်းနေတယ်လို့ မထင်ဘူးလား။
လင်ပေ့ဖန် : အွန်း ၊ ဒါက တကယ်ကို ထူးဆန်းတယ်။
လင်ပေ့ဖန်သည် လုမိုပိုင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ တိတ်ဆိတ်စွာဖြင့် စက္ကန့်အနည်းကြာ နေပြီးနောက် ဆက်လက်၍ မေးခွန်းများ မေးမြန်းခဲ့သည်။
လန်ချင်းရွဲ့ : မြင်းစီးအကနဲ့ ဒီသီချင်းအတွက်အသုံးပြုထားတဲ့ နောက်ခံတေးဂီတကရော ဘယ်လိုလဲ။
လန်ချင်းရွဲ့ : အဲ့အကက ပိုတောင်ဆိုးသေးတယ်။အဲ့သီချင်းအတွက် အသုံးပြုထားတဲ့ နောက်ခံတေးဂီတကို ဆန်းသစ်တီတွင်မှုလို့ခေါ်တယ်။ နားထောင်ရတော့ ကောင်းတယ်။ ဒါပေမဲ့ တကယ်တော့ အဲ့ေနာက်ခံ တေးဂီတက စည်းဘောင်မရှိပဲနဲ့ လှောင်ပြောင်သရော်ထားတဲ့ တေးဂီတတစ်ခုပဲ။
လန်ချင်းရွဲ့ : ကျွန်မက အရမ်းပဲ ရှေးရိုးဆန်လွန်းတာ ဖြစ်မှာပေါ့။ ကျွန်မ အဲ့လိုအကဂီတမျိုးကိုကြည့်လို့ကို အဆင်မပြေတာ။
လန်ချင်းရွဲ့ : ကျွန်မ ပြောရင်းနဲ့တောင် ကြက်သီးမွေးညင်းတွေ ထလာပြီ။
လင်ပေ့ဖန်သည် နောက်တစ်ကြိမ်ထပ်ပြီး လုမိုပိုင်အတွက် စက္ကန့်အနည်းငယ်လောက်ငြိမ်သက်ပေးခဲ့သည်။
လင်ပေ့ဖန် : ဒီသီချင်းကို သီဆိုတဲ့ အဆိုတော်ကိုရော မင်းဘယ်လိုထင်လဲ။
လန်ချင်းရွဲ့ : သူ့အကြောင်း ကျွန်မကို မပြောနဲ့။
လန်ချင်းရွဲ့ : ရောင်စုံအဝတ်အစားတွေနဲ့ သူ့ခေါင်းကို ကုတ်ပြီး ကနေတဲ့ပုံစံက အခြောက်တစ်ယောက်လိုပဲ။ ကျွန်မ သူကနေတဲ့ပုံကို ပြန်စဉ်းမိတဲ့အချိန်တိုင်း မျက်စိမျက်စိဆံပင်မွှေးဆူးပြီး စက်ဆုပ်လွန်းလို့ ကျွန်မ အစားတောင် မစားနိုင်ဘူး။
လင်ပေ့ဖန်သည် သူ့ဘာသာသူ တွေးခဲ့သည်။
' သူ စကော့တလန်ကာ့လ်စကဒ်ဝတ်ပြီးတော့ ခေါင်းကုတ် ကတာကို မင်း မမြင်ဖူးလို့ပါ။ ဒါမှမဟုတ်ရင် ဒီထက်ပိုပြီးတော့တောင် မင်း စက်ဆုပ်သွားလိမ့်မယ်။ '
လန်ချင်းရွဲ့ : သူက ဒီသီချင်း ရေးတဲ့ တေးရေးဆရာ နဲ့ အကသမားလည်း ဖြစ်တယ်လို့ ကျွန်မကြားတယ်။ နောက်ပြီး သူက အရာအားလုံးကို စီစဉ်ခဲ့တာတဲ့။ သူ့မှာ အဲ့လို အရည်အချင်းတွေ မရှိလောက်ပါဘူး။
လန်ချင်းရွဲ့ : သူက ရန်နိုင်ငံသားတစ်ယောက်တဲ့။ ဒါက ကျွန်မတို့ ရန်နိုင်ငံ အတွက် ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ။
လန်ချင်းရွဲ့ : သူက တစ်ကမ္ဘာလုံးကိုပါ အရှက်ရစေတယ်။
လန်ချင်းရွဲ့ : ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ လုံးဝ သူ့ကို ကြည့်လို့မရဘူး။ သူ့မျက်နှာကိုလည်း မြင်တောင် မမြင်ချင်ဘူး။ နောက်ပြီး ကျွန်မသူ့ကို ကြည့်တဲ့အချိန်တိုင်း အစားအသောက်ပျက်ပြီးတော့ ရွံ့ရှာစက်ဆုပ်လာသလို ခံစားရတယ်။
ထိုအချိန်တွင် လင်ပေ့ဖန်သည် လုမိုပိုင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အရိုအသေပေးသင့်သည်ဟု ခံစားရသည်။
' ပထမအကြိမ် အရိုအသေပေးပါတယ် '
' ဒုတိယအကြိမ် အရိုအသေပေးပါတယ် '
' တတိယအကြိမ် အရိုအသေပေးပါတယ် '
' အစ်ကို ကောင်းကောင်းသွားပါ။ '
' ဘာမှ နောက်စံ မတင်းပါနဲ့။ '
လန်ချင်းရွဲ့ : ရှင်က ဘာလို့ ကျွန်မကို ဒီကိစ္စမေးရတာလဲ။ ရှင်လည်း ဒီသီချင်းကို နားထောင်ရတာ ကြိုက်လို့လား။ ကျွန်မ ရှင့်ကို ကြိုပြောမယ်နော် ။ ရှင့် အဲ့သီချင်းကို ကြိုက်တာ ကျွန်မ ခွင့်မပြုဘူး။ ဒါမှမဟုတ်ရင် ကျွန်မ ရှင့်ကို အရမ်းစိတ်ဆိုးမိလိမ့်မယ်နော်။ မယုံရင် စမ်းကြည့်လို့ ရတယ်။ဟွန့် ။
လင်ပေ့ဖန် : ဘယ်လိုလုပ် အဲ့သီချင်းကို ငါ ကြိုက်မှာလဲ။ ဒီသီချင်းက အတော်လေး ဆိုးရွားလွန်းတယ်လို့ ငါ အမြဲ စဉ်းစားနေခဲ့တာ။ နောက်ပြီး အဲ့ဒီအဆိုတော်ကို ကြည့်ရတာလည်း မျက်စိဆံပင်မွှေးဆူးလွန်းတယ်။
လင်ပေ့ဖန် : ဒါပေမဲ့ အဲ့သီချင်းကို ငါ့ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ လူတိုင်းက ကြိုက် နေကြတာ။
လင်ပေ့ဖန် : ဒါက ငါ့ကို မသက်မသာဖြစ်စေသလို ခံစားရတယ်။ ငါပဲ အသက်ကြီးလာလို့ ခေတ်နောက်ကျနေတာများ ဖြစ်နိုင်မလား မသိဘူး။ မင်းလည်း ငါလိုပဲ အတူတူ ဖြစ်နေလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး။ အခုမှပဲ ပိုပြီးတော့ ပုံမှန်ပြန်ဖြစ်လာသလို ငါ ခံစားရတယ်။
လန်ချင်းရွဲ့ : ရှင်က ပုံမှန်ပါပဲ။ တစ်ခြားသူတွေကို ဂရုမစိုက်နဲ့။
တစ်ခြားတစ်ဖက်တွင် လုမိုပိုင်သည် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။
" ချင်းရွဲ့က ငါ့ရဲ့ ဂမ်းနန်းစတိုင်သီချင်း၊ မြင်းစီးအကနဲ့ ငါ ပြသခဲ့တဲ့ အရည်အချင်းတွေကို တကယ်ပဲ အရမ်းကြိုက်လိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ ချင်းရွဲ့ မင်းက အတော်လေး ဖုန်းကွယ်ထားတာပဲ။ ဒီသီချင်းကြောင့်သာမဟုတ်ရင် မင်းက ဒီလို မိန်းကလေးတစ်ယောက်ဆိုတာ ကိုယ်သိမှာတောင် မဟုတ်လောက်ဘူး။ဒါပေမဲ့.....အဲ့လို ပုံစံကို ကိုယ်ကြိုက်တယ်။ဟားဟား..."
လုမိုပိုင်သည် ဆုံးဖြတ်ချက်ချခဲ့သည်။
" ကြည့်ရတာ အနာဂတ်မှာ ငါဒီလမ်းကြောင်းကို ပိုပြီးေတာ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ့်ပုံပဲ။ နောက်ပြီး ငါ့ကိုယ်ကိုယ်ငါ ထိန်းချုပ်မထားပဲနဲ့ ပိုပြီးတော့ ထင်ပေါ်ကျော်ကြားအောင်နေရမယ်။ဒါမှ ချင်းရွဲ့က ငါ့ရဲ့ ပရိတ်သတ်တစ်ယောက် ဖြစ်လာပြီးတော့ ငါ့ကို မြင်တာနဲ့ မကခုန်ပဲနဲ့ မနေနိုင်အောင်ဖြစ်သွားမှာ။ "
ထိုအချိန်တွင် လန်ချင်းရွဲ့သည် လင်ပေ့ဖန်စီသို့ အခြားဝီချက်စာတစ်စောင် ပို့လာခဲ့သည်။
လန်ချင်းရွဲ့ : မနက်ဖြန်ည ပရဟိတ ညစာစားပွဲမှာ ရှင်သတိထားရမဲ့သူ တစ်ယောက်ရှိတယ်။
လင်ပေ့ဖန် : သူက ဘယ်သူလဲ။
လန်ချင်းရွဲ့ : ဟန်တင်းဖျော်ဖြေရေးအုပ်စု ဥက္ကဌရဲ့သားဖြစ်တဲ့ တင်းရှောင်ကျီပဲ။
လင်ပေ့ဖန်ရဲ့ စိတ်ထဲမှာ တစ်ခုခုကို စဉ်းစားမိခဲ့သည်။
သူသည် ထိုလူကို သိသည်။ထိုလူသည် ဗီလိန်ငယ်လေးတစ်ယောက်ဖြစ်သည်။
သို့သော်လည်းပဲ သူသည် ဇာတ်လိုက်လုမိုပိုင်တစ်ယောက်တည်းရဲ့ ဗီလိန်သာဖြစ်သည်။
မူရင်းဇာတ်လမ်းတွင် တင်းရှောင်ကျီသည် ဟောင်ကောင်ရှိ အကြီမားဆုံးဖျော်ဖြေရေးကုမ္ပဏီဖြစ်သည့် ဟန်တင်းဖျော်ဖြေရေးအုပ်စု၏ ဥက္ကဌရဲ့ သားဖြစ်သည်။
သူ့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ် နှင့် အမျိုးသမီးများကြောင့် သူသည် လုမိုပိုင်နှင့် သဘာဝကျကျ တွေ့ဆုံခဲ့သည်။
ပုံမှန်အတိုင်းဆိုလျှင် လုမိုပိုင်သည် သဘာဝကျစွာဖြင့် အနိုင်ရလိမ့်မည် ဖြစ်သည်။ ထို့ပြင် သူသည် တင်းရှောင်ကျီ ၊ သူ့ရဲ့ အဖေနှင့် ဟန်တင်းဖျော်ဖြေရေးအုပ်စုကို အနိုင်ရပြီးနောက် အလှလေးကိုလည်း သိမ်းပိုက်နိုင်လိမ့်မည်ဖြစ်သည်။
သို့သော်လည်းပဲ ထိုနှစ်ယောက်သည် အတော်လေးကံဆိုးပြီး သူ့နဲ့ တွေဆုံခဲ့ရသည်။
လင်ပေ့ဖန်သည် ထိုအကြောင်းအကုန်လုံးကို ပြန်တွေးကြည့်ခဲ့သည်။
ကောင်းကင်ရဲ့ ကာကွယ်ပေးခြင်းခံရတဲ့ ဇာတ်လိုက်လုမိုပိုင်သည် ကံကောင်းပေမဲ့လည်း သူသည် သူ့ရဲ့ ကိုယ်ပိုင်အလုပ်သမားဖြစ်လာပြီး သူ့အတွက် တစ်သက်လုံး အလုပ်လုပ်ပေးခဲ့ရသည်။
ဗီလိန်တင်းရှောင်ကျီ နဲ့ တစ်ခြားလူများသည် ပိုပြီးတော့တောင်မှ ကြေကွယ်ဖွယ်အဆုံးသတ်နှင့် ကြုံတွေ့ခဲ့ရသည်။သူတို့အားလုံးကို သူသည် ထောင်ထဲသို့ပို့ခဲ့ပြီး သူ့တို့နောက်ရှိ ကုမ္ပဏီကိုလည်း ဒေဝါလီခံရအောင်လုပ်ခဲ့သည်။
" ဒီဗီလိန်လေးက ဒီလောက်မြန်မြန် ပါလာလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ "
လန်ချင်းရွဲ့ : အဲ့ဒီလူက ကျွန်မကို လိုက်နေတာ။သူက အတော်လေးအတ္တကြီးတယ်။ နောက်ပြီး သူက တစ်ခြားယောင်္ကျားတွေ ကျွန်မကို ချဉ်းကပ်လာတာမြင်ရင် အရမ်းဒေါသထွက်ပြီးတော့ အဲ့ဒီလူတွေကို ဒုက္ခလိုက်ပေးတတ်တယ်။ ဒါကြောင့်မိုလို့ ရှင် သူ့ကို သတိထားရမယ်။
လင်ပေ့ဖန် : ကောင်းပြီ ၊ငါ သတိထားလိုက်မယ်။
လင်ပေ့ဖန်က သူ့ဘာသူပြောလိုက်သည်။
" တင်းရှောင်ကျီလေးတစ်ယောက်ပါပဲ။ "
ထိုအချိန်တွင် လင်ပေ့ဖန်သည် တခြားဖုန်းတစ်လုံးကို မြင်ပြီး သူ့နှုတ်ခမ်းထောင့်က တွန့်ကွေး၍ ဆန်းကြယ်သောအပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။
" ဗီလိန်တွေက မဟာမိတ်တွေဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်စရာမလိုဘူး။ ဒါကြောင့် ဗီလိန်ကို တိုက်ခိုက်ဖို့ ဇာတ်လိုက်နဲ့ပဲ ချန်ထားရလိမ့်မယ်။ “