← Chapters

အပိုင်း (၁၆၇)

Vol. 12 Ch. 167

အပိုင်း (၁၆၇)

Vol. 12 Ch. 167

လင်ပေ့ဖန် : ဒါနဲ့ အစ်ကိုယဲ့ ၊ဒီနေ့ မင်းဘယ်လောက် အမြတ်ရပြီးသွားပြီ‌လဲ..။

ယဲ့ရှင်းချန် : အခုထိ တစ်ဘီလီယံပဲရသေးတယ်။

လင်ပေ့ဖန် : ဒါက တော်တော်နည်းတာပဲ။ မ‌နေ့တုန်းက ဒီအချိန်လောက်ဆို မင်း ၃ဘီလီယံလောက်အမြတ်ရပြီးသွားပြီ။

ယဲ့ရှင်းချန် :

လင်ပေ့ဖန် : အမြတ် နည်းနည်းပဲ ရသေးတော့၊ ငါ ကောင်းကောင်း မကစားချင်တော့ဘူး။ အကယ်၍ ငါ ကောင်းကောင်းမကစားရင် ချူရို့ရွယ်လည်း ပျော်မှာ မဟုတ်သလို ၊မင်းလည်း ပျော်မှာ မဟုတ်လောက်ဘူး။ အစ်ကိုယဲ့ ငါပြောချင်တာ မင်း သိပါတယ်....။

ယဲ့ရှင်းချန် :

" ခြိမ်းခြောက်တာ "

" ဒါက သေချာပေါက် ခြိမ်းခြောက်တာပဲ... "

ယဲ့ရှင်းချန် : ဥက္ကဌလင် မစိုးရိမ်နဲ့။ခုနတုန်းက ကျွန်တော့်ရဲ့ သူငယ်ချင်းတွေအကြောင်း ကျွန်တော်စိုးရိမ်ပြီးတော့ ပိုက်ဆံရှာဖို့ စိတ်မပါ‌နေတာပါ။ ဒါပေမဲ့ အခုတော့ သူတို့ အခြေအနေကို ကျွန်တော် သိသွားပြီ‌ဆိုတော့ စိတ်ချလက်ချနဲ့ ပိုက်ဆံရှာနိုင်ပြီ။

လင်ပေ့ဖန် : အစ်ကိုယဲ့ ကြိုးစားထား။

ယဲ့ရှင်းချန်သည် သူ့ဖုန်းကို ချပြီးနောက် အော်ပြောခဲ့သည်။

" ငါ့အစား ရေနံစိမ်းကို အခုချက်ချင်းပိုဝယ်လိုက်။ "

" ဟုတ်ကဲ့ မစ္စတာယဲ့ " လူတိုင်း အလုပ်ရှုပ်သွားခဲ့သည်။

နာရီဝက်ကြာပြီးနောက် ရေနံစိမ်း ၂ ရာခိုင်နှုန်းတက်သွားတာကိုကြည့်ပြီး ယဲ့ရှင်းချန်သည် စိတ်ဓာတ်ကျသွားခဲ့သည်။

ငါက လင်ပေ့ဖန်ကို နောက်ထပ် ယွမ်နှစ်ဘီလီယံ ကူရှာပေးမိခဲ့တာလား...

ဘာတွေဖြစ်နေတာလဲ...

ထို့ပြင် သူ့အချစ်ကလေးနှင့် လင်‌ပေ့ဖန်တို့ ချစ်သူဖြစ်တော့မယ်လို့ သူ့စိတ်ထဲ၌ တွေးမိတဲ့အခါတိုင်း သူ့နှလုံးသားလေးက နာကျင်လာပြီး သူ့ခေါင်းပေါ်မှာလည်း ဦးထုပ်စိမ်းစောင်းခံထားရသလို ခံစားရတာကြောင့် ယဲ့ရှင်းချန်သည် မနေနိုင်ပဲနဲ့ စာတစ်စောင်ပို့ခဲ့သည်။

ယဲ့ရှင်းချန် : မစ္စတာလင် ၊ မင်းတို့ ဘာကစားနေတာလဲ...။

လင်ပေ့ဖန် : မပြောတော့ဘူး။တော်ကြာ မင်းစိတ် အနှောင့်အယှက် ဖြစ်သွားလိမ့်မယ်။

ယဲ့ရှင်းချန် : ငါက ဘာလို့ စိတ်အနှောင့်အယှက်ဖြစ်ရမှာလဲ။

လင်ပေ့ဖန် : ချူရို့ရွယ်က တော်တော်‌အစအနောက်သန်တယ်။ သူမက ငါ့ကို ရိုလာကိုစတာစီးဖို့ ခေါ်သွားရုံတင်မကဘူး ။ မင်းကိုလည်း ငါတို့စီးနေတဲ့ ဓာတ်ပုံပြခိုင်းလိုက်သေးတယ်။

ယဲ့ရှင်းချန်သည် လင်ပေ့ဖန်ပို့လာတဲ့ပုံကို မတုံ့ဆိုင်းပဲနဲ့ ထောက်ကြည့်ကြီး သူ့ရဲ့မျက်နှာက ချက်ချင်းပဲ အစိမ်းရောင်ပြောင်းသွားခဲ့သည်။

ဘာလို့လဲဆိုတော့ ဓာတ်ပုံထဲတွင် ထိုနှစ်ယောက်ကအတူတူထိုင်ပြီး စုံတွဲတစ်တွဲလိုမျိုး တစ်ယောက်‌လက်ကို တစ်ယောက် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတာကြောင့်ဖြစ်သည်။

ယဲ့ရှင်းချန် : ဘာလို့ မင်းတို့ လက်တွေ အတူတူဆုပ်ကိုင်ထားတာလဲ...။

လင်ပေ့ဖန် : ဘာလို့လဲဆိုတော့ ချူရို့ရွယ်ကြောက်နေလို့...။ သူမ ရိုလာကိုစတာကို သူမဘဝမှာ တစ်ခါမှ မစီးဖူးလို့ ၊ သူမ ကြောက်တယ်တဲ့။ ဒါပေမဲ့ သူမ အရမ်းစီးချင်တယ်လို့ ငါ့ကို ပြောတယ်။ ဒါကြောင့် သူမက အကြောက်သက်သာသွားအောင်လို့ ငါ့လက်ကို ဆုပ်ကိုင်ပြီး စီးခဲ့တာ။

ယဲ့ရှင်းချန် :

လင်ပေ့ဖန် : သူမ ငါ့လက်ကို ကုတ်ထားတာ အရမ်းနာတယ်။

ယဲ့ရှင်းချန်ရဲ့ မျက်နှာက ပိုပြီးတော့တောင်မှ စိမ်းသွားခဲ့သည်။

ဒီဖေ........

ငါတောင် ရို့ရွယ်ရဲ့ လက်ကို မကိုင်နိုင်ဘူး။ဒါကို မင်းက မကြိုက်ဘူးပေါ့လေ...

မအေမွေးလင်ပေ့ဖန် .....

ယဲ့ရှင်းချန်သည် ဝမ်းနည်းပြီး ဒေါသထွက်သွားခဲ့သည်။

လင်ပေ့ဖန် : အစ်ကိုယဲ့ ၊ ငါတို့ လက်တွေ အတူတူကိုင်ထားပေမဲ့ ငါတို့နှစ်ယောက်က ဖြူစင်တယ် ။ဒါကို မင်း ငါ့ကို ယုံကြည်ပေးရမယ်။

အချိန်အကြာကြီး တုံ့ဆိုင်းပြီးနောက် ယဲ့ရှင်းချန်သည် စကားလုံးအနည်းငယ်ရိုက်ပြီး စာပြန်ပို့ခဲ့သည်။

ယဲ့ရှင်းချန် : ဥက္ကဌလင် ၊ ငါ မင်းကို ယုံတယ်။

ထိုစကားလုံးများကို ရိုက်ပြီးနောက် ယဲ့ရှင်းချန်သည် သူ့ခေါင်းက နောက်တစ်ကြိမ် အစိမ်းရောင် ပြောင်းသွားသလို ခံစားခဲ့ရသည်။

လင်ပေ့ဖန် : အစ်ကိုယဲ့ မင်းငါ့ကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင်ပေ့ဖန် : ဒါနဲ့ အစ်ကိုယဲ့ ၊ အခု မင်း ပိုက်ဆံဘယ်လောက်ရှာပြီးသွားပြီလဲ...။

ယဲ့ရှင်းချန် : သုံးဘီလီယံ ရှာပြီးသွားပါပြီ။

လင်ပေ့ဖန် : အစ်ကိုယဲ့က မျှော်လင့်ထားတဲ့အတိုင်းပဲ ၊ငါ့ကို စိတ်မပျက်စေဘူးဆိုတာ ငါ သိနေတယ်။

လင်ပေ့ဖန် : အစ်ကိုယဲ့ နောက်ထပ်နည်းနည်းလောက် ကြိုးစားပြီး ထပ်ရှာလိုက်ဦး။ ဒါမှ ငါပျော်နိုင်မှာ။ ငါ အရမ်း ပျော်လေလေ ၊ ချူရို့ရွယ်လည်းပျော်လေလေပဲ။ သူမပျော်တာနဲ့ မကြာခင် မင်းရဲ့သူငယ်ချင်းတွေလည်း ပြန်ထွက်လာနိုင်ဖို့ ဖြစ်နိုင်တယ်။

ယဲ့ရှင်းချန် : ကောင်းပြီ ၊ကျွန်တော်အခု ငွေ ရှာလိုက်ဦးမယ်။

လင်ပေ့ဖန် : အစ်ကိုယဲ့ ကြိုးစားထား။

ယဲ့ရှင်းချန်သည် ဖုန်းကို ချပြီးနောက် အော်ပြောခဲ့သည်။

" ငါ့အစား လောင်းဂိုးလ် ပိုဝယ်လိုက်။ "( ရွှေဈေးတက်မဲ့ဘက်ဝယ်တာနော် )

" ဟုတ်ကဲ့ ၊မစ္စတာယဲ့ "

တစ်နာရီကြာပြီးနောက် ရွှေဈေးသည်လည်း ၂ ရာခိုင်နှုန်း ခုန်တက်သွားခဲ့သည်။

ဆိုလိုတာကတော့ သူသည် လင်ပေ့ဖန်ကို နောက်ထပ် ယွမ်၂ ဘီလီယံနီးပါး ကူရှာပေးခဲ့သည်။

ထို့အပြင် သူ့ရဲ့အချစ်ကလေးသည်လည်း သူ့ရဲ့ရန်သူတော်ကြီးနှင့် ပျော်ပျော်ရွင်ရွှင် ကစားနေပြီး သူကတော့ သူ့ရဲ့ ရန်သူအတွက် ပိုက်ဆံကူရှာပေးနေခဲ့သည်။

ထိုအကြောင်းကို တွေးမိတဲ့အချိန်တိုင်း ယဲ့ရှင်းချန်သည် စိတ်ဓာတ်ကျပြီး သွေးအန်ချင်သွားခဲ့သည်။

ထို့ကြောင့် သူသည် နောက်တစ်ကြိမ် စာထပ်ပို့ခဲ့သည်။

ယဲ့ရှင်းချန် : ဥက္ကဌလင် ၊ မင်းတို့ အခု ဘာကစားနေတာလဲ ။ မင်းတို့ ပြန်လာပြီလား...။

လင်ပေ့ဖန် : မဖြေချင်ပါဘူးကွာ။ ဒီမိန်းမက တော်တော် ကစားတာမက်တယ်။ ကစားကွင်းမှာ နောက်ထပ် ထပ်မကစားရရင် သူမ ဘယ်တော့မှ မပြန်တော့ဘူးလို့ ငါ့ကို ပြောတယ်။ ဒါကြောင့် ငါလည်း မတတ်နိုင်ပဲနဲ့ သူမနောက် တကောက်ကောက်လိုက်ပေးနေရတာ။

ယဲ့ရှင်းချန် : အခု မင်းတို့ ဘာကစားနည်း ကစားနေတာလဲ။

လင်ပေ့ဖန် : ဘန်ဂျီခုန်တာ ကစားနေတာ။ ငါမင်းကို ပုံတစ်ပုံပြမယ်။

ယဲ့ရှင်းချန်သည် လင်ပေ့ဖန်ပို့လာတဲ့ပုံကို ကြည့်ပြီး သူ့မျက်နှာက နောက်တစ်ကြိမ် ပြောင်းသွားခဲ့သည်။

ဓာတ်ပုံထဲတွင် လင်ပေ့ဖန်နှင့် ချူရို့ရွယ်တို့သည် ဘန်ဂျီခုန်ဖို့အတွက် အကာအကွယ်အဝတ်အစားများကို ဝတ်ဆင်ထားပြီး တစ်ယောက်နဲ့တစ်ယောက် တင်းတင်းကြပ်ကြပ် ကြိုးဖြင့် ချည်ထားခဲ့သည်။(လေထီးခုန်သလိုလေ )

ထို့ပြင် လင်ပေ့ဖန်၏ လက်များသည် ချူရို့ရွယ်၏ သေးကျဉ်တဲ့ ခါးလေးကို ဖက်ထားပြီး ချူရို့ရွယ်ကလည်း လင်ပေ့ဖန်ရဲ့ လက်ကို ကိုင်ထားခဲ့သည်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အလွန်နီးကပ်နေခဲ့သည်။

ယဲ့ရှင်းချန် : ဘာလို့ မင်းတို့ နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် နောက်တစ်ခါ ထပ်ဖက်ထားတာလဲ။

လင်ပေ့ဖန် : သူမကြောက်နေလို့။

လင်ပေ့ဖန် : ဒီမိန်းမက ပြောလိုက်တိုင်း သူကြောက်တယ်ကြောက်တယ်နဲ့ ။ဒါပေမဲ့ သူဆော့တဲ့ကစားနည်းအကုန်လုံးက စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားနည်းတွေကြီးပဲ။ သူမ ကြောက်တိုင်း ငါ့လက်ပဲ လာလာကိုင်နေတယ်။ နောက်ပြီး ငါ သူ့လက်ကို လွှတ်လိုက်ရင် သူက စိတ်တိုသေးတယ်။ အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်။

ယဲ့ရှင်းချန် :

လင်ပေ့ဖန် : အစ်ကိုယဲ့ ၊ မင်း ငါ့ရဲ့ အခက်အခဲတွေကို နားလည်ပေးနိုင်တယ်မလား....။

ယဲ့ရှင်းချန် :

" ဒါက အခက်အခဲဆိုရင် အဲ့လိုအခက်အခဲမျိုးကို ငါ တကယ်ကြုံချင်တယ်။ " ယဲ့ရှင်းချန်က ဒေါသထွက်သွားခဲ့သည်။

လင်ပေ့ဖန် : အစ်ကိုယဲ့ ချူရို့ရွယ်နဲ့ ငါ ၊တစ်ယောက်နဲ့တစ်ယောက်ဖက်ထားတာက ဘန်ဂျီခုန်မို့အတွက် လိုအပ်လို့ ဖက်ထားခဲ့တာ။ နောက်ပြီး ငါတို့နှစ်‌ေယာက်က တစ်ယောက်နဲ့တစ်ယောက်ရိုးရိုးသားသားခင်တာ။ဒါကို မင်း ငါ့ကို ယုံကြည်ပေးရမယ်။

ယဲ့ရှင်းချန်သည် မျက်ရည်များဖြင့် စကားလုံးအနည်းငယ်ကို ရိုက်ပြီး ပို့ခဲ့သည်။

ယဲ့ရှင်းချန် : ဥက္ကဌလင် ၊ ငါ မင်းကိုယုံတယ်။ မင်းတို့ အေးအေးဆေးဆေးဆက်ကစားကြ..။

လင်ပေ့ဖန် : အစ်ကိုယဲ့ မင်းပြောလို့ ငါ စိတ်သက်သာရာရသွားပြီ။

လင်ပေ့ဖန် : ဒါနဲ့ စကားမစပ် မင်း အခု ပိုက်ဆံ ဘယ်လောက်ရှာပြီးသွားပြီလဲ။

ယဲ့ရှင်းချန် : ယွမ် ငါးဘီလီယံ ရှာပြီးသွားပြီ။

လင်ပေ့ဖန် : အစ်ကိုယဲ့ ၊ မင်းလုပ်တာ ကောင်းတယ်။ ဒီနေ့ ဆယ်ဘီလီယံလောက် ရှာနိုင်အောင် ကြိုးစားကြည့်။ မင်း အမြတ် ဆယ်ဘီလီယံ ရှာပြီးတာနဲ့ ငါ သတင်းကောင်း ယူလာပြီးတော့ ပြန်လာခဲ့မယ်။

ယဲ့ရှင်းချန် : ဥက္ကဌလင် ကြိုးစားထား။

လင်ပေ့ဖန် : အစ်ကိုယဲ့ မင်းလည်း ကြိုးစားထား။ ငါ ဘန်ဂျီခုန်ဖို့ သွားလိုက်ဦးမယ်။

ထို့ကြောင့် ယဲ့ရှင်းချန်သည် ညနေထိတိုင်အောင် အလုပ်ရှုပ်နေခဲ့သည်။

ယဲ့ရှင်းချန်သည် နောက်ဆုံးမှာတော့ လင်ပေ့ဖန်ပြောထားတဲ့ ယွမ်ဆယ်ဘီလီယံကို ရှာနိုင်ခဲ့သည်။

သူ့ရဲ့ ရန်သူတော်ကြီး လင်ပေ့ဖန်က သူကူရှာပေးခဲ့တာကြောင့် နောက်ထပ် အမြတ်‌ငွေ ယွမ်၁၀ဘီလီယံ ထပ်ရသွားကို မြင်ပြီး ယဲ့ရှင်းချန်သည် စိတ်ဓာတ်ကျသွားခဲ့သည်။

ထို့ပြင် သူ့ရဲ့အချစ်ကလေးနှင့် သူ့ရဲ့ရန်သူတော်ကြီးတို့ တစ်‌ယောက်နဲ့တစ်ယောက် ပွေ့ဖက်ထားတာကို တွေးမိပြီး သူသည် ဒေါသထွက်လွန်းတာကြောင့် ထမင်းတောင် မစားနိုင်ခဲ့ပေ။

ထို့ကြောင့် သူသည် လင်ပေ့ဖန်ကို ဆက်သွယ်ခဲ့သည်။

ယဲ့ရှင်းချန် : မစ္စတာလင် ၊ ကျွန်တော် မင်းအတွက် ယွမ်ဆယ်ဘီလီယံ အမြတ်ရအောင် လုပ်ပေးပြီးသွားပြီ။

လင်ပေ့ဖန် : အစ်ကိုယဲ့ မင်းက အရမ်းကြိုးစားခဲ့တာပဲ။ အခုတော့ ကောင်းကောင်းအ‌နားယူလိုက်ဦး။

ယဲ့ရှင်းချန် : ဥက္ကဌလင် ၊ ညရောက်နေပြီ မင်းတို့ ပြန်လာပြီလား...။

လင်ပေ့ဖန် : မပြန်လာသေးဘူး။ ဒီမိန်းမက ကလေးတစ်ယောက်လိုပဲ အရမ်းအဆော့မက်တယ်။သူ ခုချိန်ထိ အိမ်ကို မမြန်ချင်သေးဘူးတဲ့။ သူ မကစားရသေးတဲ့ ကစားနည်းတွေ ရှိသေးတယ်တဲ့ ။ အဲ့ဒါတွေ သူ ကစားပြီးမှ အိမ်ပြန်မယ်လို့ သူ ငါ့ကို ပြောတယ်။

ယဲ့ရှင်းချန် : မင်းတို့ အခု ဘာကစားနေတာလဲ။

လင်ပေ့ဖန် : ငါတို့ သရဲခြောက်တဲ့အိမ်ကို သွားကစားနေတာ။ သူမ ပြောတာတော့ သရဲခြောက်တဲ့အိမ်ကို ညဘက် သွားကစားတာက ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတယ်တဲ့။ ငါ မင်းကို ပုံပို့လိုက်မယ်။။

ယဲ့ရှင်းချန်သည် ထိုပုံကို ကြည့်ပြီး သူ့မျက်နှာက မည်းမှောင်ပြီး အစိမ်းရောင်သို့ ပြောင်းသွားခဲ့သည်။

ဓာတ်ပုံထဲတွင် ထိုနှစ်ယောက်သည် တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်၍ ပွေ့ဖက်ထားပြီး သူတို့မျက်နှာတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ကပ်နေခဲ့သည်။

ယဲ့ရှင်းချန် : မင်း ဘယ်လိုဖြစ်လို့ နောက်တစ်ခါ ထပ် ဖက်.....

လင်ပေ့ဖန် : တကယ့်ကို စိတ်ရှုပ်စရာကောင်းတယ်။ သူမက တကယ့်ကို စိတ်ရှုပ်စရာကောင်းတယ်။

ယဲ့ရှင်းချန် :

လင်ပေ့ဖန် : ဒီမိန်းမက အရမ်းကြောက်တတ်တယ်။ သရဲယောင်ဆောင်ထားတဲ့ လူနည်းနည်းလောက် သူ့ကို ခြောက်လိုက်တာနဲ့ သူကကြောက်လန့်ပြီးတော့ ငါ့လက်ကို ဆုပ်ကိုင်ထားရော။ နောက်ပြီး သူ့လက်ကို ငါ ဘယ်လိုမှ ဖြုတ်ပစ်လို့ကို မရတော့ဘူး။

ယဲ့ရှင်းချန် :

လင်ပေ့ဖန် : အစ်ကိုယဲ့ မင်းငါ့ကို ယုံကြည် ပေးရမယ်နော် ။ ငါတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် အတူတူဖက်ထားပေမဲ့ ငါတို့က တကယ့်ကို ရိုးသားတယ်။

ယဲ့ရှင်းချန်သည် တုန်ယင်နေလက်များဖြင့် စာရိုက်ပြီး ပို့ခဲ့သည်။

ယဲ့ရှင်းချန် : ငါ မင်းကို ယုံတယ်....

All Chapters