← Chapters

အခန်း (၂၂)

Vol. 2 Ch. 22

အခန်း (၂၂)

Vol. 2 Ch. 22

ဇာတ်လိုက်ရဲ့ရှင်းချန်သည် လင်ပေ့ဖန်ပြောသောစကားကြောင့် စိတ်လှုပ်ရှားသွားခဲ့သည်။

**ဒါကဘာလဲ?ဒီအရာက သူ့အတွက်တော့ အခွင့်အရေးတစ်ရပ်ဖြစ်သည်။**

သူ့၏အတိတ်ဘဝက နတ်ဆိုးဘုရင်လင်ပေ့ဖန်သည် စတော့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံပြီးနောက် တစ်ဟုန်ထိုးကြီးပွား တိုးတက်လာခဲ့ပြီး ရွှေရောင်အနာဂတ် တစ်ခုကိုလည်းပိုင်ဆိုင်နိုင်ခဲ့သည်။

ထို့‌နောက် သူသည် လျင်မြန်စွာဖြင့် သြဇာအာဏာကြီးမားလာခဲ့သည်။

ယခု သူပြန်လည်မွေးဖွားလာချိန်မှာတော့ လင်ပေ့ဖန်ကို ရပ်တန့်ရမည်ဖြစ်သည်။

အနည်း‌ဆုံးတော့ သူ့ရဲ့ တိုးတက်မှုကို အနည်းငယ်နှေး‌ ကွေးသွားအောင်ပြုလုပ်ပြီးတော့ သူလျင်လျင်မြန်မြန်တိုးတက်လာမည့် အဖြစ်မျိုးကို တားဆီးရမည်ဖြစ်သည်။

*ဒါပေမဲ့ လင်ပေ့ဖန်ကို ဘယ်လို လှည့်စားရမလဲ?*

*တစ်ခြားလူသည် အလွန်ဉာဏ်ပြေးပြီး ကဏ္ဍတိုင်းမှာလည်း ထူးချွန်သည်။ထို့ပြင် သူ့၏ဘေးနားတွင်လည်း အရမ်းထူးချွန်ထက်မြက်တဲ့ အမျိုးသမီး လျိုယုမေ့ကပါ သူ့ကို ကူညီနေသေးသည်။သာမှန်အကြောင်းပြချက်လောက်နဲ့ သူတို့ကို စည်းရုံးနိုင် လိမ့်မည်မဟုတ်ပေ။*

ထို့ကြောင့်သူသည် သူတို့ကို လိမ်လည်ပြီး ပေါက်ကရလေးဆယ် သွားပြောလို့မရပေ။ သူပြောသည့် စကားကလည်း ‌ကျိုးကြောင်းဆီလျော်သောစကားဖြစ်ရမည်ဖြစ်သည်။

ရဲ့ရှင်းချန်သည် မျက်မှောင်ကြုတ်၍ ခဏကြာတွေးတောလိုက်ပြီးနောက် " ငါထင်တာကတော့ အခုအချိန်မှာ စတော့ဈေးကွက်ကို ရင်းနှီးမြှုပ်နှံရတာက သိပ်မကောင်းနိုင်ဘူး။" ဟု ပြောလိုက်သည်။

လင်ပေ့ဖန်သည် အံ့အားသင့်သွားခဲ့ပြီး " ဘာကြောင့် ဒီလိုပြောရတာလဲ? " ဟု မေးမြန်းလိုက်သည်။

လျိုယုမေ့သည်လည်း သူ့စကားကြောင့်အနည်းငယ် ပဟေဠိဖြစ်သွားခဲ့သည်။

" ကျွန်တော်က သက်တော်‌စောင့်တစ်ယောက်သာဖြစ်တယ်။ပြီးတော့ ပညာကိုလည်း ကောင်းကောင်းမသင်ခဲ့ရဘူး။ဒါ့ကြောင့် လေးနက်တဲ့ အတွေးအခေါ်အယူအဆတွေကိုလည်း ကျွန်တော်နားမလည်ဘူး။ဒါပေမဲ့ကျွန်တော်သိတာတစ်ခုက အခုအချိန်မှာ စီးပွားရေးအခြေအနေက သိပ်မကောင်းဘူး။ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေးတစ်ခုထဲသာမဟုတ်ဘဲနဲ့ ကမ္ဘာ့စီးပွားရေးကလည်းပဲ ကျဆင်းနေတယ်။"

"ဒါကြောင့် စတော့ဈေးကွက်ကလည်း ထိုးကျနေပြီးတော့ နေရာတိုင်းကိုလည်း အစိမ်းရောင်တွေချည်းနဲ့ ကာထားတယ်။ ဒီအချိန်မှာ စတော့ဈေးကွက်ကို ရင်းနှီးမြှုပ်နှံ‌မည်ဆိုရင်တော့ အရမ်းပဲ စွန့်စားရလိမ့်မယ်။အကယ်၍ မင်းဂရုမစိုက်ဘဲနဲ့ ဝင်ရင်တော့ ဆုံးရှုံးမှုကြီးမားလိမ့်မယ်။ " ဟု ရဲ့ရှင်းချန်က ပြောခဲ့သည်။

" စတော့ဈေးကွက်တိုင်းက ဒီလိုချည်းပဲ ။ စတော့ဈေးကွက်က အခြားစီးပွားရေး‌ ဈေးကွက်‌တွေလိုမဟုတ်ဘူး။ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာကိုလည်း ခန့်မှန်းလို့မရနိုင်ဘူး။ သူတို့ကုမ္ပဏီချင်းချင်းတောင် အချင်းချင်း ရောင်းဝယ်ဖောက်ကား နေတယ်လို့ ကျွန်တော်ကြားမိတယ်။ဒါ့အပြင် ၁ယွမ်သုံးရမယ့်နေရာမှာ လည်း ၁၀ယွမ်ကိုသုံးရတာက တော်တော်လည်း စွန့်စားမှုကြီးတယ်။ "

"ချေးငွေလုပ်ငန်းကျတော့လည်း ရင်းနှီးမြှုပ်နှံရတာ တည်ငြိမ်ပေမဲ့ အမြတ်အစွန်းက အရမ်းနည်းလွန်းတယ်။ဘော့စ်လင်…မင်းဒီမှာ အလုပ်လုပ်တာက အောင်မြင်မှုရပြီးတော့ အမြတ်အစွန်းကြီးကြီးမားမားရချင်လို့မလား။ဒါ့ကြောင့် မင်းက ဒီလို အမြတ်အစွန်းနည်းတဲ့ လုပ်ငန်းတွေကို သေချာပေါက် စိတ်ဝင်စားမှာ မဟုတ်လောက်ဘူး "

"ကျွန်တော်ကတော့ ချေးငွေလုပ်ငန်းတွေမှာ မပါဝင်ဖို့အတွက် အခုအချိန်မှာ အကြံပေးချင်တယ်။"

ထိုစကားကို ကြားလိုက်ရသောအခါတွင် လျိုယုမေ့ အံအားသင့်သွားခဲ့သည်။‌သူ့လို သက်တော်စောင့်တစ်ယောက်က စနစ်တကျနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။

ထိုအချိန်တွင် လင်ပေ့ဖန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။

ဒီဇာတ်လိုက်ကို ကြည့်ရတာ တကယ့်ကို ထူးဆန်းလွန်းတယ်…

" ဒါအမှန်ပဲ။အခုအချိန်မှာ ကမ္ဘာ့စီးပွား‌ရေးတစ်ခုလုံးက ကျဆင်းနေတယ်။ပြီးတော့ ချေးငွေဈေးကွက်က အမြတ်အစွန်း နည်းပြီးတော့ စွန့်စားရမှာက ပိုများတယ်။ ဒါပေမဲ့ ကျွန်မကတော့ ရှင့်ကို ချေးငွေလုပ်ငန်းလုပ်ဖို့ကို အကြံပေး‌ချင်နေတုန်းပဲ။ "

" ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ရဲ့ရန်ပုံငွေက ကန့်သတ်ချက်ရှိတယ်‌လေ ။ ဒါကြောင့် လုပ်ငန်းအများကြီးကို ကျွန်မတို့ ရင်းနှီးမြှုပ်နှံလို့မရနိုင်ဘူး။"

"ဒုတိယအချက်က ငွေချေးလုပ်ငန်းကနေ ငွေရရှိနိုင်မှု အတော်လေးမြင့်မားတယ်။အကယ်၍ ကျွန်မတို့ ပြဿနာတစ်ခုခုနဲ့ကြုံရတဲ့အခါမှာ ဆုံးရှုံးမှုမဖြစ်ရအောင် ရန်ပုံငွေကိုလည်း အမြန်ပြန်ထုတ်ယူနိုင်တယ်။"ဟု လျိုယုမေ့သည် သူမ၏ ကိုယ်ပိုင် ထင်မြင်ချက်ကို ပြောပြခဲ့သည်။

ရဲ့ရှင်းချန်သည် သူ့ဘာသာသူ တွေးတောလိုက်သည်။

ဒီလျိုယုမေ့ဆိုတဲ့ မိန်းမကို လွယ်လွယ်နဲ့ တော့ အရူးလုပ်လို့မရဘူး။သူတို့နှစ်ယောက်ကို လှည့်စားဖို့အတွက် ငါ ပိုကြိုးစားအားထုတ်ပြီးတော့ လုပ်ဆောင်ရမယ့်ပုံဘဲ….

ထိုအချိန်တွင် လင်ပေ့ဖန်သည် ပြုံးပြီး " အစ်ကိုရဲ့ ပြောတာ အရမ်းပဲ ကျိုးကြောင်းဆီလျော်တယ်။ဒါပေမဲ့ … အကယ်၍ ငါတို့က ချေးငွေလုပ်ငန်းမှာ မရင်းနှီးမြှုပ်နှံဘူးဆိုရင် ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံသင့်လဲ? ကျွန်တော့်ကို အစ်ကို့ရဲ့ရဲ့ထင်မြင်ချက်လေး ပြောပြပေးနိုင်မလား? " ဟု မေးမြန်းခဲ့သည်။

ဇာတ်လိုက်ရဲ့ရှင်းချန်သည် ရူးသလိုဟန်ဆောင်၍ သူ့၏ခေါင်းအနောက်ကိုကုတ်လိုက်ပြီး " ငါက နုံအတဲ့လူတစ်ယောက်ဆိုတော့ ဘယ်လုပ်ငန်းက ပိုပြီး ရင်းနှီးမြှုပ်နှံလို့ ကောင်းမလဲဆိုတာကို ငါမသိဘူး" ဟု ရယ်မောပြီး ပြောလိုက်သည်။

" ဒါပေမဲ့……အကယ်၍ ငါ့မှာ ပိုက်ဆံရှိတယ်ဆိုရင် ငါအရင်ဆုံး ရင်းနှီးမြှုပ်နှံမယ့်‌ လုပ်ငန်းက‌ သေချာပေါက် အိမ်ခြံမြေလုပ်ငန်းဘဲ ဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ခြံ‌မြေလုပ်ငန်းမှာ ဈေးနှုန်းကို ကိုယ်ကိုယ်တိုင်သတ်မှတ်လို့ ရတယ်လေ။ပြီး‌တော့ အဲ့ဒီနေရာမှာ ကိုယ်နေဖို့အတွက်ကိုလည်း အသုံးပြုနိုင်တယ်။ဌားရမ်းလို့လည်းရ‌တယ်။ ဘယ်လိုပဲတွက်ချက်ပါစေ မင်းအတွက်တော့ အရှုံးမရှိနိုင်ပါဘူး။ ယခုအခါမှာ အိမ်ခြံမြေလုပ်ငန်းက အလွန်ရေးပန်းစားနေတဲ့အတွက် အိမ်ခြံ‌‌မြေ ဈေးနှုန်းတွေကလည်း မြင့်မားလာ‌တယ်။ဒါကြောင့် အနည်းဆုံးတော့ ငါတို့ ပိုက်ဆံနည်းနည်းရှာနိုင်တာပေါ့။ "

ထိုအရာကတော့ သူ့ရဲ့ ပထမဆုံးလှည့်စားမှုနှင့် အကြံပေးချက်ပဲဖြစ်သည်။

သူပြန်လည်မမွေးဖွားလာခင်က ကမ္ဘာ့စီးပွားရေးသည် ကျဆင်းခဲ့‌သောကြောင့် လူတိုင်းသည် ဆင်းရဲ၍ အိမ်ဝယ်ဖို့တောင် မတတ်နိုင်ခဲ့ကြပေ။

ထို့ပြင် အိမ်ခြံမြေစျေးကွက်သည်လည်း ကျဆင်းသွားခဲ့ပြီး လွန်ခဲ့သောနှစ်နှစ်ဆယ်ကလို အလှည့်အပြောင်းဖြစ်သွားခဲ့သည်။

ပထမအဆင့် မြို့တော်ကြီးများ၏ စီးပွားရေးအချက်အချာ နေရာများတွင်တောင်မှ အိမ်ခြံမြေဈေးကွက်က ကျဆင်းသွားခဲ့သည်။

ထို့ကြောင့် အကယ်၍ လင်ပေ့ဖန်သာ အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလိုက်ပါက သူ ရင်းနှီးမြှုပ်နှံလိုက်သော ပိုက်ဆံများသာ ဆုံးရှုံးသွားမှာမဟုတ်ဘဲနဲ့ သူတို့၏ရန်ပုံငွေများလည်း ဆုံးရှုံးသွားမည်ဖြစ်သည်။

ထို့ပြင်သူသည် နုံအသလိုပြုမှုပြီး သူ့အတွက် လွတ်လမ်းကိုလည်းချန်ထားခဲ့သေးသည်။အကယ်၍ သူ့အကြံပေးချက်က မှားသွားရင်တောင်မှ သူ့ကို အပြစ်မပြောနိုင်တော့ပေ။

ထိုအချိန်တွင် လျိုယုမေ့က စကားပြောခဲ့သည်။

"လက်ရှိမှာ ပြည်တွင်းအိမ်ခြံမြေဈေးကွက်က အရမ်းပဲ ဟစ်ဖြစ်‌နေတယ် ။ ဒါပေမယ့် ပြည်တွင်းနဲ့ ကမ္ဘာ့စီးပွားရေးက ကျဆင်းလာတာတဲ့အတွက် အိမ်ခြံမြေလုပ်ငန်းကပါ ကျဆင်းလာမှာဖြစ်တယ်။ အခုချိန်မှ အိမ်ခြံမြေလုပ်ငန်းထဲကိုဝင်ပြီး ရင်းနှီးမြှုပ်နှံတာက တကယ့်ကို ဉာဏ်တိမ်တဲ့ လုပ်ရပ်တစ်ခုဘဲ။ "

" တစ်နည်းအားဖြင့် ပြောရရင် ကျွန်မတို့မှာရှိတဲ့ ရန်ပုံငွေ သန်းတစ်ရာ‌လောက်နဲ့ မိုဟိုင်မြို့မှာ အိမ်ဘယ်နှစ်လုံးကို ဝယ်နိုင်မှာလဲ?ပြီးတော့ ကျွန်မတို့က အိမ်အများကြီးကိုဝယ်ဖို့ မတတ်နိုင်ဘူး။ဒါကြောင့် အိမ်နည်းနည်းလေးကို ကျွန်မတို့ ဝယ်စရာအကြောင်းမရှိ‌ဘူး‌ ။ ဒါ့အပြင် ကျွန်မတို့က ဒီပြဿနာတောထဲကို တိုးဝင်စရာ မလိုဘူး။ "

ဇာတ်လိုက်ရဲ့ရှင်းချန်သည် သူမကို လေးစားစွာဖြင့် နောက်တစ်ကြိမ် ထပ်မံကြည့်ရှုခဲ့သည်။သူမသည် နတ်ဆိုးဘုရင်ရဲ့ ညာလက်ရုံးဖြစ်တာကြောင့် အိမ်ခြံမြေဈေးကွက်၏ အနာဂတ်ပြောင်းလဲမှုကိုခန့်မှန်းနိုင်သည့်အတွက် သူ မအံ့ဩတော့ပေ။

ကြည့်ရတာတော့ ငါပိုပြီး ကြိုးစားအားထုတ်ရမယ့်ပုံဘဲ...

" ဘော့စ်လင် ပညာရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင်ရော ဘယ်လိုလဲ?"ဟု မေးမြန်းလိုက်သည်။

ထို့နောက် ရဲ့ရှင်းချန်သည် လေးနက်စွာဖြင့် ပြောပြခဲ့သည်။

" မင်းကဆင်းရဲပြီး ပညာမတတ်ရင်တောင် မင်းရဲ့ကလေးတွေကိုတော့ ကျောင်းထားပေးမှာဘဲ‌လေ။မိဘတိုင်းက သူတို့ရဲ့ သားသမီး‌တွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်ကြတယ်။ ဒါကြောင့် ပညာရေးလုပ်ငန်းမှာ ရင်းနှီးဖို့အတွက် သူတို့ဆန္ဒရှိမှာဘဲ။သူတို့ဘာသာ သူတို့ သုံးစွဲတဲ့အခါမှာ ပိုက်ဆံခြိုးခြံချွေတာရရင်တောင် သူတို့ကလေးတွေ ပညာသင်ဖို့အတွက် ယွမ်ထောင်ဂဏန်းလောက်ကို သုံးစွဲဖို့အတွက် ဆန္ဒရှိကြမှာဘဲ။"

" အခု ငါတို့နိုင်ငံမှာ ပညာရေးလုပ်ငန်းတွေ ထွန်းကား‌နေတာကို ကြည့်ကြည့်လိုက်။ ကျောင်းသူ ကျောင်းသား ဦးရေကလည်း ဆယ်သန်းလောက်ရှိတယ်။ ဒါကြောင့် ပညာရေးလုပ်ငန်း‌တွေရဲ့ ဝင်ငွေက ပိုက်ဆံ ထရီလီယံလောက် ရရှိနိုင်တယ်။ ပြီးတော့ ဒီလုပ်ငန်းက စီးပွားရေးကျဆင်းမှုနဲ့ မသက်ဆိုင်ဘူး။ဒါကြောင့် ငါတို့ရင်းနှီးမြှုပ်နှံတဲ့အခါမှာ အာမခံချက်ရှိတယ်။ ဒါ့အပြင် ငါတို့ ရင်းနှီးတဲ့ပိုက်ဆံလည်း ပြန်ရနိုင်တယ်လေ။"

All Chapters