← Chapters

အခန်း (၈၇)

Vol. 6 Ch. 87

အခန်း (၈၇)

Vol. 6 Ch. 87

ထို့နောက် လင်ပေ့ဖန် နှင့် ဆောင်းယုချင်းတို့သည် တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ပြီး လိုက်ဖက်တဲ့ စုံတွဲတစ်တွဲလို အရှေ့ကနေ လမ်းလျှောက်သွားခဲ့သည်။

ဝူကော နှင့် အန်တီလျူတို့ကလည်း တစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီး အမေနဲ့ သားလို လင်ပေ့ဖန်တို့ နောက်ကနေ လမ်းလျှောက်လိုက်ခဲ့သည်။

ဝူကောသည် သူ့ရဲ့လက်ကို အကြိမ် အနည်းငယ် ခါယမ်းခဲ့သော်လည်း အန်တီလျူရဲ့ လက်ထဲကနေ မလွတ်နိုင်မှန်း နားလည်လိုက်တာကြောင့် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။

" အစ်မလျူ ၊ ကျေးဇူးပြုပြီးတော့ ကျွန်ေတာ့်လက်ကို လွှတ်ပေးနိုင်မလား ?။ လူတွေက ကျွန်တော်တို့ကို ကြည့်နေတယ်။ "

ထိုစကားကို ကြားလိုက်ရသောအခါတွင် အန်တီလျူသည် ရှက်ပြုံးလေးပြုံး၍ ရွတ်နောက်နောက်ဖြင့် ပြောလိုက်သည်။

" အရင်တုန်းက ရှင်ပဲ ဒို့ကို ပူတူတူလေးလို့ ခေါ်ပြီးတော့ အခုမှ အစ်မလျူလို့ ခေါ်တယ်ပေါ့လေ။ ရှင်က အရမ်း မုန်းစရာကောင်းတာဘဲ။ "

ဝူကော : အမ်….

" အရင်တုန်းက အန်တီလျူပဲ ကျွန်တော့်ကို အစ်မလျူလို့ ခေါ်ခိုင်းတာမဟုတ်ဘူးလား? "ဟု ဝူကောကပြောလိုက်သည်။

" အဲ့ဒီတုန်းက အလုပ်မှာ လူအများကြီးရှိတော့ ဒို့ နည်းနည်းရှက်တယ်ေလ။ ဒါကြောင့် ဒို့ မင်းကို အဲ့လို ခေါ်ခိုင်းလိုက်တာ။ အခုတော့ ဒို့နှစ်ယောက်ရဲ့ဘေးမှာ လူအများကြီးမရှိဘူး။ အရင်တုန်းကလိုဘဲ ဒို့ကို ပူတူတူလေးလို့ မင်း ခေါ်နိုင်တယ်။ " ဟု အန်တီလျူက ဝူကောကို ပြောလိုက်သည်။

ဝူကော : ……

" ဒါပေမဲ့ ဘော့စ်လင်က ငါတို့အရှေ့မှာ ရှိတယ်လေ။"ဟု ဝူကောက ပြန်ပြောလိုက်သည်။

ထိုအချိန်တွင် လင်ပေ့ဖန်သည် သူ့ရဲ့ဦးခေါင်းကိုလှည့်ပြီး စနောက်သောအသံဖြင့် ပြောလိုက်သည်။

" ရှောင်ဝူ ၊ အကယ်၍ အန်တီလျူကို မင်း အဲလိုခေါ်ချင်ရင် သူမကို ခေါ်နိုင်တယ်။ မင်း ငါ့ရဲ့ ခံစားချက်ကို စိုးရိမ်စရာ မလိုဘူး။ "

ဝူကော : ):

" ရှောင်ဝူ ၊ သူမခေါ်ခိုင်းသလို မြန်မြန်ခေါ်လိုက်လေ။အကယ်၍ မင်း အဲ့လို မခေါ်ရင် ၊ငါ မင်းကို စိတ်တိုရလိမ့်မယ်။ " ဟု လင်ပေ့ဖန်က တိုက်တွန်းခဲ့သည်။

ဝူကော : အမ် …..

လင်ပေ့ဖန်နှင့် ဆောင်းယုချင်းတို့သည် ဝူကောနှင့် အန်တီလျူကို ကသိကအောက်မဖြစ်စေရန်အတွက် နည်းနည်းဝေးဝေးသို့ လမ်းလျှောက်သွားခဲ့သည်။

ထို့နောက် သူတို့နှစ်ယောက်သည် ဆိုင်ခန်းသေးသေး လေးတစ်ခု၏ ရှေ့တွင် ရပ်ခဲ့သည် ။

ဆောင်ယုချင်းသည် အချိန်ပုံစံဖော်ဆောင်ထားသော လက်ရာမြောက်တဲ့ ကြေးနီပစ္စည်းတစ်စုံကို မြင်လိုက်ပြီး ကြိုက်နှစ်သက်သောကြောင့် သူမသည် ၎င်းတို့ကို ဝယ်ယူချင်ခဲ့သည်။

ဆိုင်ရှင်သည် ဝယ်ယနိုင်ချေရှိတဲ့ ဝယ်ယူသူတစ်ယောက်က ဝင်လာတာကို မြင်လိုက်ရသောအခါတွင် ချက်ချင်းပဲ လက်မထောင်၍ ပြောလိုက်သည်။

" မစ် ၊ မင်းမှာ တကယ် အမြင်ကောင်းရှိတယ်။ ဒီကြေးနီပစ္စည်းက အနောက်ပိုင်းကျို မင်းဆက်ခေတ်ထဲကဘဲ။ ဒီပစ္စည်းကို စုံတွဲတွေသောက်တဲ့ ဝိုင်ခွက်လို့ခေါ်တယ်။ ပြီးတော့ ဒီဝိုင်ခွက်တွေက အရမ်းပဲဈေးကြီးတယ်။ ဒါ့အပြင် ဒီဝိုင်ခွက်မှာရှိတဲ့ ပန်းကုံးနှစ်ကုံး ရောယှက်နေတဲ့ အဓိပ္ပါယ်က ပျော်ရွှင်ခြင်းနဲ့ ညီညွတ်ခြင်းကို ကိုယ်စားပြုတယ်။ မစ်က ဒီနေ့ ကျွန်တော့်ဆိုင်ရဲ့ ပထမဆုံး ဖောက်သည်ဆိုတော့ ကုသိုလ်ကောင်းမှု တစ်ခုလုပ်တဲ့အနေနဲ့ ကျွန်တော် ယွမ်၈၈၀၀၀နဲ့ပဲ မစ်ကို ရောင်းပေးလိုက်မယ်။ "

သို့သော်လည်းပဲ ဆောင်ယုချင်းက ဝယ်ယူဖို့အတွက် တုံ့ဆိုင်းနေခဲ့သည်။ သူမသည် ဒီကြေးနီဝိုင်ခွက်တစ်စုံကို တကယ်ကြိုက်သည်။ဒါပေမဲ့လည်း ဒီနေရာမှာ ရှိတဲ့ လူများအားလုံးက ပစ္စည်းအတုများသာ လိမ်လည်ရောင်းချနေကြောင်း သူမ ကြားခဲ့ရသည်။

အကယ်၍ သူမသာ ဂျင်းမိပြီး ပစ္စည်းအတုတွေကိုသာ ဝယ်ယူမိခဲ့ရင်တော့ သူမ ပိုက်ဆံကို အလကားသက်သက် ဖြုန်းတီးမိသလို ဖြစ်နေလိမ့်မည်ဖြစ်သည်။

ထိုအချိန်တွင် ဝူကောသည် အခွင့်အရေးကို မြင်ပြီး ချက်ချင်းဘဲ ရှေ့ထွက်၍ ပြောလိုက်သည်။

" သူဌေး မင်း ပြောတာ ဖြစ်နိုင်တယ်။အကယ်၍

ဒီကြေးနီပစ္စည်းတွေက တကယ်ဘဲ အနောက်ပိုင်းကျိုမင်းဆက် လက်ထက်ထဲကဆိုရင် ဒီပစ္စည်းတွေက ယွမ်၈၈၀၀၀ မထိုက်တန် နိုင်ဘူး ။ အနည်းဆုံး နောက်ထပ် သုည သုံးလုံးလောက် ထပ်ထည့်ရလိမ့်မယ်။။ "

သူဌေးသည် အမူအရာမပျက်ဘဲနဲ့ ဝူကောကို ပြန်ပြောလိုက်သည်။

" ဒါက တကယ်တော့ အနောက်ပိုင်းကျိုမင်းဆက်ခေတ်ကဟာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀၀တုန်းက မင်မင်းဆက်လက်ထက်က ပစ္စည်းတွေဘဲ။ ဒါတွေကို တစ်ယောက်ယောက်က အနောက်ပိုင်းကျိုမင်းဆက်ခေတ်က ကြေးနီပစ္စည်းတွေလို တုပပြီး ဖန်တီးခဲ့တာဘဲ။ အထူးသဖြင့် ဒီကြေးနီဝိုင်ခွက်တစ်စုံကိုပေါ့။ ဒါပေမဲ့ ဒါက ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်နေတုန်းပဲဆိုတော့ ယွမ်၈၈၀၀၀ပဲ ငါ ယူတော့မယ်။ အဆင်ပြေလား ? "

ဝူကောက နှာခေါင်းရှုံ့ပြီး လှောင်ပြောင်ခဲ့သည်။

" သူဌေး မင်းက တကယ် နောက်နေတာပဲ။ ငါ့အမြင်အရတော့ ဒီကြေးနီပစ္စည်းတွေက အနောက်ပိုင်းကျိုမင်းဆက်ခေတ်ကနဲ့ ၊မင်မင်းဆက်ခေတ်ကဟာတွေမဟုတ်ဘူး။ ဒါပေမဲ့ ဒီပစ္စည်းတွေကို လွန်ခဲ့တဲ့ အပတ်လောက်က လုပ်ခဲ့တာဖြစ်နိုင်တယ်။ ဒါ့အပြင် ဒီပစ္စည်းတွေကို ကုန်စည်မြို့လေးမှာ ရှေးဟောင်းပုံစံပေါက်အောင်လို့ ပြုလုပ်ခဲ့တာဘဲ။ ကုန်ကျစရိတ်ကလည်း ယွမ်၁၀လောက်ပဲရှိတယ်။ ဒါကို မင်းက ၈၈၀၀၀ယွမ်နဲ့ ရောင်းချင်တယ် ပေါ့လေ။ ဒါက သက်သက် လောဘကြီးတာပဲ။ "( အမှားပါရင်လည်း ခွင့်လွှတ်ပေးပါဗျ၊ mtl ပြန်နေတာဆိုတော့ 🌚🌚)

ထိုစကားကိုကြားလိုက်ရသောအချိန်တွင် နောက်ဆုံးမှာတော့ ဆိုင်ရှင်သူဌေး၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။

" လူငယ်လေး မင်းက ဒီနယ်ပယ်မှာ ကျွမ်းကျင်ပုံရတယ်။ ငါတို့က နယ်ပယ်တူတွေထဲကလူတွေပဲဆိုတော့ ငါ မင်းကို မလှည့်စားတော့ဘူး။မင်း ငါ့ကို ဒီပစ္စည်းတစ်စုံအတွက် ယွမ် ငါးဆယ်ပဲပေး။ အကယ်၍ ဒါတွေကို မင်းကြိုက်ရင် ယူလို့ရတယ်။ပြီးတော့ ငါလည်း ဒီပစ္စည်းတွေကို ရောင်းရာမှာ အမြတ်နည်းနည်းရဖို့ လိုတယ်လေ။ "

" ငါးဆယ်ယွမ်က ဈေးမကြီးဘူး။ ကျွန်မ ဒါကို ဝယ်မယ်။ " ဟု ဆောင်ယုချင်းက ပြော၍ ငွေပေးချေပြီးနောက် ကြေးနီဝိုင်ခွက်တစ်စုံကို ကောက်ယူခဲ့သည်။

လင်ပေ့ဖန်သည် ဝူကောကို နှစ်ထောင်းအားရစွာဖြင့် ကြည့်ပြီး လက်မထောင်ပြခဲ့သည်။

" ရှောင်ဝူ ၊ မင်း ဒီနယ်ပယ်မှာ တကယ် ကျွမ်းကျင်ပုံရတယ်။ ဒီကြေးနီဝိုင်ခွက်တွေကို အရင်အပတ်က လုပ်ခဲ့တာကိုတောင် မင်း မြင်နိုင်တယ်။ မင်း ဒီမှာ ငါတို့နဲ့အတူတူရှိတာ တကယ်ကောင်းတယ်။ "

ဝူကောသည် ကျိုးနွံစွာဖြင့် လင်ပေ့ဖန်ကို ပြန်ပြောခဲ့သည်။

" ဘော့စ်လင် ၊ တတ်မြောက်ထားတဲ့ ပညာတွေနဲ့ ယှဉ်ရင် ဒါက ဘာမှ မဟုတ်ပါဘူး။ "

အန်တီလျူသည်လည်း ဝူကောကို အမြင်သစ်ဖြင့် ကြည့်၍ ချစ်မြတ်နိုးစွာဖြင့် ပြောလိုက်သည်။

" ရှောင်ဝူ ၊ မင်းက တကယ် အံ့ဩစရာကောင်းတာဘဲ။ ဒို့ မင်းကို ချစ်သွားပြီ ၊ ဒို့ရဲ့ ကလေးလေး။ "

ဝူကော : အဟွတ်…

…….....

ထို့နောက် ဝူကောသည် ရှေးဟောင်းပစ္စည်းများအကဲဖြတ်ရာတွင် သူ့ရဲ့ စွမ်းရည်များနှင့် ကျွမ်းကျင်မှုများကို မကြာခဏ ပြသခဲ့သည်။

သူသည် ရှေးဟောင်းပစ္စည်းများ၏ မူလဇစ်မြစ်များကို တချက်ကြည့်ရုံဖြင့် မြင်နိုင်ပြီး ဈေးဆိုင်ပိုင်ရှင်များ၏ လှည့်စားမှုများကိုလည်း ဖော်ထုတ်နိုင်ခဲ့တာကြောင့် သူသည် လင်ပေ့ဖန်နှင့်တခြားသူများ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။

" မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ အစ်ကိုဝူ မင်းက တစ်ခုခုတော့ တစ်ခုခုဘဲ။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ဝူကောသည် အခွင့်အရေးကို မြင်ပြီး ပြောလိုက်သည်။

" ဘော့စ်လင် ၊ မင်း ဒီအပြင်ဘက်မှာတော့ ကောင်းတာတွေကို ရှာနိုင်မှာ မဟုတ်ဘူး။ ဒီအပြင်ဘက် ပစ္စည်းတွေအကုန်လုံးက ခရီးသွားတွေကို လှည့်စားဖို့အတွက် ထုတ်ထားတဲ့ အတုတွေချည်းပဲ။ သူတို့က တစ်ယောက်ပြီး တစ်ယောက် လှည့်စားတာ။ "

" ဒါဆိုရင် ငါတို့က စတိုးဆိုင်ထဲကို ဝင်ပြီးတော့ ရှေးဟောင်းပစ္စည်းအစစ်တွေကို ဝယ်ယူရမယ်လို့ မင်းဆိုလိုချင်တာလား? "ဟု လင်ပေ့ဖန်က ဝူကောကို မေးလိုက်သည်။

ဝူကောသည် ခေါင်းခါပြီး ပြောလိုက်သည်။

" ဒီမှာရောင်းတာ အကုန်လုံးက အတုတွေချည်းပဲ။ဆိုင်ရှင်တွေက ပစ္စည်းကောင်းတွေကို ထုတ်ပြမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို ထုတ်ပြနိုင်မှသာလျှင် သူတို့က မင်းကို ပစ္စည်းကောင်းတွေ ပြသလိမ့်မယ်။ ဒါပေမဲ့ ပစ္စည်းတွေက အစစ်လား ၊အတုလားဆိုတာကိုတော့ သူတို့က မင်းကို ပြောပြမှာမဟုတ်ဘူး။ ဒါတွေအကုန်လုံးက မင်းရဲ့ ကျွမ်းကျင်မှုအပေါ်မှာဘဲ မူတည်တယ်။ "

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဆောင်ယုချင်းသည် သူမ၏ ဦးခေါင်းကို ခါရမ်းပြီး ပြောလိုက်သည်။

" ရှေးဟောင်းပစ္စည်းစီးပွားရေးက တကယ် ရှုပ်ထွေးတာပဲ။ "

" ဒီနေ့ ငါတို့ အစ်ကိုဝူကို ခေါ်လာခဲ့တာ ကံကောင်းတယ်။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ထို့နောက် လင်ပေ့ဖန်သည် ပြုံး၍ ဝူကောရဲ့ ပုခုံးကို ပုတ်ပြီး ပြောခဲ့သည်။

" အစ်ကိုဝူ အခုကနေစပြီးတော့ မင်းသဘောပဲ။ ငါ မင်းရဲ့ စွမ်းရည်တွေကို ယုံကြည်တယ်။ "

ဝူကောသည် ပျော်ရွှင်စွာဖြင့် ပြန်ပြောခဲ့သည်။

" ဘော့စ်လင် ကျွန်တော့်ကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် မင်းကို စိတ်ပျက်စေမှာ မဟုတ်ဘူး ။ "

ထိုအချိန်တွင် လင်ပေ့ဖန်သည် စတိုးဆိုင်တစ်ဆိုင်ကို ညွှန်ပြပြီး ပြောလိုက်သည်။

" ဒီစတိုးဆိုင်ကို ကြည့်ရတာ ကောင်းတယ်။ လာ သွားပြီးတော့ တချက်ကြည့်ကြည့်ရအောင်။ "

ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ဝူကောသည် ပျော်ရွှင်သွားခဲ့ပြီး သူသည် ဘာမှ ပြန်မပြောဘဲနဲ့ စတိုးဆိုင်စီသို့ လင်ပေ့ဖန်တို့ကို လမ်းပြ ခေါ်ဆောင်သွားခဲ့သည်။

ခဏအကြာတွင် လင်ပေ့ဖန်နှင့် တခြားသူများသည် ရှေးဟောင်းစတိုးဆိုင်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။

သူတို့ဝင်ရောက်ပြီးချိန်တွင် အရမ်မြင့်မြင့် နှင့် ခပ်ဝဝလူတစ်ယောက်က ထွက်လာခဲ့သည်။

ထိုလူကတော့ ဝူကော၏ အချစ်ဆုံးသူငယ်ချင်း ဝမ်ပန်ဇီဖြစ်သည်။ထို့နောက်သူသည် ဝူကောကို မသိဟန်ဆောင်၍ အပြုံးတစ်ပွင့်ဖြင့် ချဉ်းကပ်လာပြီး ပြောလိုက်သည်။

" အားလုံးကို ကျွန်တော့်ရဲ့ ဆိုင်ကနေ ကြိုဆိုပါတယ်ဗျ။ အားလုံး လွတ်လွတ်လပ်လပ်ကြည့်……"

ဒါပေမဲ့လည်း သူ့စကား မဆုံးခင်မှာဘဲ သူမြင်လိုက်ရတဲ့ အရာကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ငါ ဘာမြင်လိုက်တာလဲ …?

သူ့အခင်ဆုံးသူငယ်ချင်းက အမျိုးသမီးကြီးတစ်ယောက်ရဲ့ လက်ကို ကိုင်ထားတာကို သူတွေ့လိုက်ရသည်။

ထိုအမျိုးသမီးကြီး၏အသက်က ငါးဆယ်လောက် ရှိပုံရသည်။

ထို့ပြင် သူမရဲ့ ပုံမှန်သဏ္ဌာန်ကလည်း စုန်းမကြီးတစ်ယောက်လို ရွံတွနေခဲ့သည်။

ဝမ်ပန်ဇီသည် အတော်လေးကို ပဟေဠိဖြစ်သွားခဲ့သည်။ သူ့အခင်ဆုံးသူငယ်ချင်းတွင် ထိုကဲ့သို့ သူငယ်ချင်း ၊ဒါမှမဟုတ် ဆွေမျိုးရှိတယ်လို့ ဒီမတိုင်ခင်က သူ မကြားခဲ့ရဖူးပေ။

ထို့အပြင် အသက်ငါးဆယ်အရွယ်ရှိပုံရတဲ့ ထိုမိန်းမကြီးက သူမ၏ မျက်နှာပေါ်တွင် မက်မွန်ပန်းတွေဖြင့် ပြည့်နေသလိုမျိုး ချိုမြိန်စွာ ပြုံးနေခဲ့သည်။

ဘာတုန်းဟ …?

ထိုအချိန်တွင် ဝူကောသည် အမှန်တကယ်ကို ရှက်ရွံသွားခဲ့သည်။ဒီအခြေအနေမျိုးမှာ သူ့အချစ်ဆုံးသူငယ်ချင်း၏ ဖမ်းမိခြင်းကို ခံရတာက [ ဆရာမ စာသင်နေချိန် မုန့်ခိုးစားသောအခါတွင် ဖမ်းမိနေသလိုမျိုး ပုံစံ ] ဖြစ်နေခဲ့သည်။

ထို့ကြောင့် ဝူကောသည် အန်တီလျူကို တိုးတိုးပြောလိုက်သည်။

" အစ်မလျူ ၊ ကျနော့်လက်ကို လွှတ်ပေးနိုင်မလား ?။

ကျွန်တော် အလုပ်စလုပ်တော့မယ်။ "

အန်တီလျူက မလွှတ်ပေးချင်သောပုံစံဖြင့် ကလူ၍ ဝူကောကို ပြန်ပြောလိုက်သည်။

" သွား ၊မလွှတ်ပေးပါဘူး။ "

ဝူကော : …...

ဝမ်ပန်ဇီ : အာ…..

" အဟွတ် ၊အဟွတ် "

ဝူကောသည် ချောင်းဆိုး၍ သူ့ရဲ့ အပြုအမူကို အာရုံစူးစိုက်ပြီး ဂရုတစိုက်ဖြင့် နေရန် ဝမ်ပန်ဇီကို သတိပေးခဲ့သည် ။

" အို့ ၊ ဧည့်သည်တွေပဲ ၊ကျေးဇူးပြုပြီးတော့ အထဲကို ဝင်လာပါဗျ။ မင်းတို့ ဘာပစ္စည်းတွေ ဝယ်ယူချင်လို့လဲ?။ ရှေးဟောင်းပစ္စည်းတွေလား ?။ ဒါမှမဟုတ် ပစ္စည်းရောင်းဖို့လား ?။ ငါ့ဆိုင်က ဒီလမ်းထဲမှာရှိတဲ့ အကြီးဆုံးဆိုင်ဘဲ။ ပြီးတော့ ငါ့ဆိုင်မှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်။ " ဟု ဝမ်ပန်ဇီက မိတ်ဆက်ပေးခဲ့သည်။

ဒါပေမဲ့လည်း သူ့ရဲ့မျက်လုံးတွေကတော့ အန်တီလျူ နှင့် ဝူကောတို့ကိုသာ ကြည့်နေခဲ့သည်။

" ငါ ရှေးဟောင်းပစ္စည်းတွေကို အရမ်းပဲ စိတ်ဝင်စားတယ်။ မင်းဆိုင်ထဲမှာ ရှိတဲ့ ပစ္စည်းကောင်းလေးတွေယူထုတ်လာခဲ့ပေး။ ဒါနဲ့ စကားမစပ် ငါ မင်းကို ပြောလိုက်မယ်။ ငါ့ အစ်ကိုက ဒီနယ်ပယ်မှာ ကျွမ်းကျင်တယ်နော်။ ဒါကြောင့် မင်း ငါတို့ကို ဂျင်းထည့်ဖို့ မကြိုးစားနဲ့။ " ဟု လင်ပေ့ဖန်က ဝူကောကို ညွှန်ပြပြီး ပြောခဲ့သည်။

" ဒါဆိုရင် သူမကရော ဘယ်သူလဲ ? "ဟု ဝမ်ပန်ဇီက အန်တီလျူစီသို့ လက်ပြပြီး မေးလိုက်သည်။

" အို့ ၊ "

ထို့နောက် လင်ပေ့ဖန်သည် မပွင့်တပွင့်ပြုံးပြီး ဝမ်ပန်ဇီကို ပြောလိုက်သည်။

" သူမက ငါ့အစ်ကိုရဲ့ အချစ်ဆုံးကောင်မလေးလေ။ "

ဝမ်ပန်ဇီ : အဟွတ် …အဟွတ်

ဝူကော : အဟမ်း …အဟမ်း !

All Chapters