← Chapters

အခန်း (၁၅၇)

Vol. 11 Ch. 157

အခန်း (၁၅၇)

Vol. 11 Ch. 157

" မင်းတို့ နှစ်ယောက်တည်းနဲ့ ငါ့ကို ခေါ်သွားနိုင်မယ်လို့ ထင်နေတာလား...။ " ရဲ့ရှင်းချန်က ပြုံးပြီး မထီမဲ့မြင်ပြုခဲ့သည်။

" မင်း ပုံမှန်အတိုင်းပဲဆိုရင် ငါတို့ မင်းကို ဘာမှ မလုပ်နိုင်ဘူး။ ဒါပေမဲ့ မင်း အခု ဒဏ်ရာရပြီးတော့ လမ်းတောင်မလျှောက်နိုင်တာကို ငါတို့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်သေးတယ်လို့များ မင်းထင်နေတာလား..။ " အနက်ရောင်ဝတ်လူက ပိုပြီးတော့တောင်မှ ခနဲ့တဲ့တဲ့ပြန်ပြောခဲ့သည်။

" မင်းတို့ မကြိုးစားကြည့်ရင် ဘယ်လိုလုပ် သိနိုင်မှာလဲ။ ဒီနေရာက သိပ်အဆင်မပြေဘူး။ငါတို့ တခြားနေရာ ရွေ့ကြရ‌အောင်။ "

" ငါတို့လည်း အဲ့လို ထင်တယ်။ "

အနက်ရောင်ဝတ်လူသည် ကော်ဖီဖိုးရှင်းပြီးနောက် လူရှင်းတဲ့ လမ်းကြားတစ်ခုထဲသို့ ရဲ့ရှင်းချန်ရဲ့ ဝီးချဲလ်ကို တွန်းသွားခဲ့သည်။

သူတို့ဘေးမှာ တစ်ယောက်‌မှ မရှိတာကို မြင်ပြီး ရဲ့ရှင်းချန်က အနက်ရောင်ဝတ်လူနှစ်‌ေယာက်ကို ရုတ်တရက် တိုက်ခိုက်ခဲ့သည်။

သူသည် သူ့ရဲ့ လက်နှစ်ဖက်ဖြင့် အနက်ရောင်ဝတ်လူနှစ်ယောက်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်၍ ခပ်ကြမ်းကြမ်းဖိညှစ်ပြီး ခရက်ဆိုသောအသံဖြင့် ကျိုးသွားစေခဲ့သည်။

" အား.... " အနက်ရောင်ဝတ်လူနှစ်ယောက်သည် နာကျင်စွာဖြင့် အော်ဟစ်ခဲ့ကြသည်။

လူရှင်းတုန်း ဖင်နှိုက် ဆိုသလို ရဲ့ရှင်းချန်သည် ထိုနှစ်ယောက်ရဲ့ လက်ကောက်ဝတ်တွေကို ဆက်လက်၍ ဆုပ်ကိုင်ထားပြီး သူတို့ရဲ့လက်မောင်းကိုလည်း ခပ်ကြမ်းကြမ်း လိမ်ချိုးခဲ့သည်။

" အား.... " အနက်ရောင်ဝတ်လူနှစ်ယောက်သည် နာကျင်စွာဖြင့် ဆက်လက်၍ အော်ဟစ်ခဲ့ကြသည်။

ထို့နောက် ရဲ့ရှင်းချန်သည် ဝီးချဲလ်ကို လှိမ့်၍ သူတို့ရဲ့ခြေထောက်တွေကို တက်ကြိတ်ပြီး အသည်းခိုက်အောင် နာကျင်စေခဲ့သည်။

သို့သော်လည်းပဲ ၎င်းက ဒီလောက်နဲ့ပဲ မပြီးသေးပေ။ ရဲ့ရှင်းချန်သည် ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ပြီး အနက်ရောင်ဝတ်လူနှစ်ယောက်ရဲ့ ဒူးခေါင်းများကို နှစ်ကြိမ်ဖြတ်ကန်ခဲ့သည်။

ထိုနည်းဖြင့် ရဲ့ရှင်းချန်သည် လက်တစ်ဖက်နဲ့ ခြေထောက်တစ်ဖက်ကို ရိုက်ချိုးပြီး အနက်ရောင်ဝတ်လူနှစ်ယောက်ကို ရှင်းထုတ်ပစ်ခဲ့သည်။

ထို့ပြင် ဖြစ်စဉ်တစ်ခုလုံးကလည်း ချောချောမွေ့မွေ့၊လွယ်လွယ်ကူကူနဲ့ အောင်မြင်ခဲ့တာဖြစ်သည်။

မြေပြင်ပေါ်မှာလဲကျပြီး နာကျင်စွာအော်ဟစ်နေတဲ့ လူနှစ်ယောက်ကိုကြည့်၍ ရဲ့ရှင်းချန်က ဝံ့ကြွားစွာဖြင့် ပြောခဲ့သည်။

" ငါက ဒဏ်ရာရနေရင်တောင် စစ်ပွဲနတ်ဘုရား‌တစ်ယောက် ဖြစ်နေတုန်းပဲ။ "

ထိုအချိန်တွင် အပြင်ကနေ လူရှစ်ယောက် အမြန်ပြေးလာခဲ့သည်။

ထိုရှစ်ယောက်လုံးက အတော်လေး ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်တဲ့ အရှိန်အဝါတွေ ပိုင်ဆိုင်ထားကြသည်။

" မင်းတို့တွေပဲ ဆိုတာ ငါသိနေတယ်။ " ရဲ့ရှင်းချန်က ဒေါသတကြီး ပြောခဲ့သည်။

ထိုရှစ်ယောက်က သူ့ကို ဆေးရုံ‌ရောက်အောင် လုပ်ပြီး သေလုနီးပါးဖြစ်စေခဲ့တာ ဖြစ်သည်။

ထိုဒဏ်ရာ‌များက သူ့ဘဝနှစ်ခုစလုံးတွင် အပြင်းထန်ဆုံးပဲဖြစ်သည်။

အကယ်၍ လင်ပေ့ဖန်သာ အချိန်မီမရောက်လာခဲ့ပါက သူသည် ထိုနေရာတွင်ပင် သေသွားနိုင်သည်။

ထို့ပြင် သူ ပြန်လည်မွေးဖွားလာပြီး လက်‌စား‌ချေခြင်းက ပိုပြီးတော့တောင်မှ အဓိပ္ပာယ်မရှိနေပေ။

" နဂါးဘုရင်က သူ့ကို သတ်ပစ်လို့ အမိန့်ပေးလိုက်တယ် "

ဗာဂျရာရှစ်ယောက်သည် ရဲ့ရှင်းချန်စီသို့ အမြန်ပြေးလာခဲ့သည်။

သို့သော်လည်းပဲ ထိုအချိန်တွင် လမ်းကြားအပြင်ဘက်ကနေ လူဆယ့်နှစ်ယောက် အမြန်ပြေးဝင်လာခဲ့သည်။

ထိုဆယ့်နှစ်ယောက်သည်လည်း ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားပြီး သူတို့ကို မြင်တွေ့ရသူတိုင်းကို ကျောချမ်းစေခဲ့သည်။

သူတို့သည် အမြန်ပြေးလာပြီး ဗာဂျရာရှစ်ယောက်ကို ဝိုင်း၍ တိုက်ခိုက်ခဲ့ကြသည်။

" ငါ မပြင်ဆင်ထားဘူးလို့ မင်းတို့ ထင်နေတာလား..။" ရဲ့ရှင်းချန်က သရော်ပြီး အော်ပြောခဲ့သည်။

" သူတို့ကို မြန်မြန်ရှင်းပစ် "

" ဟုတ်ကဲ့ ဘော့စ်... "

နှစ်ဖက်စလုံးက အလျင်အမြန်ပဲ တိုက်ခိုက်ခဲ့ကြသည်။

နဂါးဘုရင်ရဲ့ ဗာဂျရာရှစ်ယောက်သည် ထိုဆယ့်နှစ်ယောက်ထက် ပိုပြီး‌ေတာ့သန်မာပေမဲ့လည်း တစ်‌ဖက်က သူတို့ထက် လူလေးယောက်ပိုများတာကြောင့် ခဏလေးအတွင်း အနိုင်အရှုံးပေါ်လိမ့်မည်မဟုတ်ပေ။

ထိုအချိန်တွင် လူနှစ်ယောက် ထပ်ရောက်လာပြီး ဒူးလေး သေးသေးလေး တစ်လက်စီ ယူထုတ်၍ ဗာဂျရာရှစ်ယောက်ကို ချိန်ပြီး ပစ်ခဲ့ကြသည်။

ထိုဒူးလေးက သေးငယ်ပြီး လက်ရာမြောက်သော်လည်း ၎င်းရဲ့ သေစေနိုင်စွမ်းကတော့ အံ့မခန်းပဲဖြစ်သည်။ ၎င်းက ပစ္စတို တစ်လက်ထက် လုံးဝမနိမ့်ကျပေ။ထို့ပြင် မြို့ထဲမှာဆိုရင် ထိုဒူးလေးမျိုးက ဖွက်ထားရ ပိုလွယ်ကူပြီး ရှာရမလွယ်ကူပေ။

ဗာဂျရာတစ်ယောက် လဲကျသွားခဲ့သည်။

" ဝစ် ... "

နောက်ထပ် ဗာဂျရာတစ်ယောက် လဲကျသွားခဲ့သည်။

ကျန်ရှိနေတဲ့ ဗာဂျရာခြောက်ယောက်သည် သူတို့ရင်ထဲမှာ ကြီးမားတဲ့ အန္တရာယ်အသိတစ်ခုကို ခံစားခဲ့ရသည်။

" ရဲ့ရှင်းချန်ကို အရင်ဖမ်း... "

သူတို့ထဲက တစ်ယောက်က ရဲ့ရှင်းချန်ကို ဖမ်းဖို့ ရဲ့ရှင်းချန်စီသို့ ပြေးလာခဲ့သည်။

" မင်း လူရွေးတာ မှားသွားပြီ။ "

ရဲ့ရှင်းချန်သည် လှောင်ရယ်ပြီး ရုတ်တရက် မတ်တပ်ရပ်၍ လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး တခြားသူ ထိုးလာတဲ့ လက်သီးကို ဖမ်းဆုပ်ခဲ့သည်။

အကြိမ်ရေ ဆယ့်နှစ်ကြိမ်လောက် တိုက်ခိုက်ပြီးနောက် ရဲ့ရှင်းချန်သည် နောက်တစ်ကြိမ် ထိုင်ချခဲ့ပေမဲ့လည်း သူ့ကို တိုက်ခိုက်လာတဲ့ ဗာဂျရာတစ် ယောက်ကတော့ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

" မင်းတစ်ယောက်တည်းနဲ့ ငါ့ကို တိုက်ခိုက်ချင်တာလား။ အရင်တုန်းက မင်းတို့ ပေါင်းပြီးတော့ ငါ့ကို သတ်ဖို့ ကြံစည်ခဲ့တာကြောင့် မဟုတ်ရင် ငါ ဒီနေရာမှာ ဘာလို့ ရှိနေရမှာလဲ...။ဟမ်... "

တိုက်ပွဲက မကြာခင် ပြီးသွားပြီး အနက်ရောင်ဝတ်လူများ ရှုံးနှိမ့်သွားခဲ့သည်။

" ဘော့စ် ကျွန်တော်တို့ ဘယ်လို လုပ်လိုက်ရမလဲ ...။ "

ခေါင်းဆောင်တစ်ယောက်အနေနဲ့ မင်း ဘယ်တော့မှာ စိတ်ပျော့လို့မရဘူး...။

အထူးသဖြင့် မင်းရဲ့ ရန်သူတွေနဲ့ပေါ့...။

ရဲ့ရှင်းချန်ရဲ့ မျက်လုံးများက စူးရှသွားခဲ့သည်။

" အရင်တုန်းက သူတို့ ငါ့အပေါ်လုပ်ခဲ့သလိုမျိုး ငါ သူတို့ကို ဒီနေ့ ပြန်လုပ်မယ်။ငါ့အစား သူတို့ရဲ့ ခြေလက်တွေကို ရိုက်ချိုးပြီးတော့ သူတို့ကို အားမရှိအောင်လုပ်လိုက်။ ပြီးရင် သူတို့ကို ပင်လယ်ထဲ ပစ်ချပြီးတော့ ငါးစာကျွေးလိုက်...။ "

" ဟုတ်ကဲ့ "

သူတို့သည် အနက်ရောင်ဝတ်လူများ၏ ခြေလက်များကို ရိုက်ချိုးပြီးနောက် အနက်ရောင်ဝတ်လူများကို ကုန်တင်ကားတစ်စီးထဲသို့ ဆွဲတင်ပြီး ထွက်သွားခဲ့ကြသည်။

" နဂါးဘုရင် ဒါက အစပဲရှိသေးတယ်။ "

" ငါတို့ရဲ့ ရန်ကြွေးတွေကို ဖြေးဖြေးချင်း ရှင်းကြတာပေါ့။ "

ရဲ့ရှင်းချန်ရဲ့ ပုံရိပ်က လမ်းကြားထဲကနေ တဖြေးဖြေး ပျောက်ကွယ်သွားခဲ့သည်။

တစ်ခြားတစ်ဖက်တွင် နဂါးဘုရင်ကျိုရှင်းသည် ရဲ့ရှင်းချန်ကို ဆက်သွယ်ရန် လူလွှတ်လိုက်ကတည်းက သူ့စိတ်ထဲတွင် ကြီးကြီးမားမားတစ်ခုခု ဖြစ်ပျက်တော့မယ်လို့ ခံစားနေခဲ့ရသည်။

" ဗာဂျရာရှစ်ယောက်က ဘယ်လိုလုပ် တစ်ခုခုဖြစ်နိုင်မှာလဲ...။ သူတို့ လင်ပေ့ဖန်နဲ့ မတွေ့ဆုံသ၍... " သူသည် သူ့စိတ်ထဲ၌ သူ့ကိုယ်ကိုယ်သူ နှစ်သိမ့်ခဲ့သည်။

ထိုအချိန်တွင် အနက်ရောင်ဝတ်လူတစ်ယောက်သည် ရုံးခန်းထဲသို့ အမြန် ဝင်လာခဲ့သည်။

" နဂါးဘုရင် ၊ မကောင်းတော့ဘူး...။ ကျွန်တော်တို့ စေလွှတ်လိုက်တဲ့ ဗာဂျရာရှစ်ယောက်နဲ့ အဆက်အသွယ်ပျက်သွားပြီ။ နောက်ပြီး ရဲ့ရှင်းချန်ကို ဆက်သွယ်ခိုင်းတဲ့ လူနှစ်ယောက်နဲ့လည်း ဘာသတင်းမှမရတော့ပါဘူး...။ "

နဂါးဘုရင်ကျိုရှင်းသည် အံ့အားသင့်သွားခဲ့သည်။

" အခြေအနေက ဘယ်လိုရှိလဲ...ငါ့ကို အသေးစိပ် ပြောပြ။ "

" ဟုတ်ကဲ့ နဂါးဘုရင် " အနက်ရောင်ဝတ်လူက ပြောခဲ့သည်။

" ဒီမတိုင်ခင်က ရဲ့ရှင်းချန်ကို ဆက်သွယ်ဖို့ ကျွန်တော်တို့ စေလွှတ်လိုက်တဲ့ လူနှစ်ယောက်က သူ့နဲ့ အဆင်မပြေခဲ့ပါဘူး။ နောက်တော့ သူတို့ ကော်ဖီဆိုင်ကနေ ထွက်သွားပြီးတော့ လူရှင်းတဲ့ လမ်းကြားတစ်ခုထဲကို ရဲ့ရှင်းချန်နဲ့ အတူတူ ဝင်သွားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော်တို့ သူတို့နဲ့ လုံးဝ အဆက်အသွယ်မရတော့ပါ..။ "

" နောက်မှ ကျွန်တော်တို့ လူလွှတ်ပြီး အဲ့ဒီနေရာကို စစ်ဆေးကြည့်တော့ ခိုက်ရန်ဖြစ်ပွားထားတဲ့ လက္ခဏာတွေကို မြင်တွေ့ရပါတယ်။ အခြေအနေကတော့ တော်တော်လေး ဆိုးရွားပါတယ်။ဒါပေမဲ့ အဲ့ဒီနေရာမှာ ခွေးတစ်ကောင် ၊ကြောင်တစ်မြှီးတောင် မတွေ့ရပါဘူး။ ဒါကြောင့် သူတို့ တစ်ခုခု မကောင်းတာ ဖြစ်သွားပြီလို့ ကျွန်တော်သံသယရှိနေတာပါ။ "

နဂါးဘုရင်ကျိုရှင်းသည် ထိုစကားကိုကြားပြီး သူ့ရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်။

လူတွေကိုလည်း ဆက်သွယ်လို့မရ ၊ ခြေရာလည်း ပျောက်၊ အခင်းဖြစ်ပွားတဲ့နေရာမှာလည်း ခိုက်ရန်ဖြစ်ပွားထားတဲ့ လက္ခဏာတွေနဲ့ဆိုတော့ ပြောစရာမလိုတော့ဘူး။ဒီလိုအခြေအနေမျိုးက သေချာပေါက် အခြေအနေဆိုးရွားနေပြီ........

ငါ စေလွှတ်ခဲ့တဲ့ ဗာဂျရာရှစ်ယောက်က မရှိတော့ဘူးပဲ ဖြစ်ရမယ်...။

ထိုအကြောင်းကို တွေးပြီး သူ့ရင်ထဲ၌ ( သူမ ထားခဲ့သလိုမျိုး ) အသက်ရှုမဝလောက်အောင်ထိ နာကျင်သွားခဲ့သည်။

ဗာဂျရာရှစ်ယောက်က ခွေးလေးတွေ ကြောင်လေးတွေမဟုတ်ပေ....။

ထိုရှစ်ယောက်က သူတို့ ကျိုမိသားစု ခက်ခက်ခဲခဲ အားထုတ်ပြီး ပြုစုပြိုးထောင်ခဲ့ရတဲ့ အထွတ်အထိပ်သခင်တွေပဲဖြစ်သည်။

ထို့ပြင် သူတို့ကျိုမိသားစုတွင် ထိုကဲ့သို့သခင်မျိုး အများကြီးမရှိပေ။ အကယ်၍ တစ်ယောက်သေလျှင် တစ်ယောက် ဆုံးရှုံးမည်ဖြစ်ပြီး ထိုဆုံးရှုံးမှုက အလွန်ပဲကြီးမားလွန်းသည်။၎င်းက သူ့ကို ယွမ်၁၀၀ဘီလီယံ ဆုံးရှုံးတာထက် ပိုပြီးတော့တောင် မှ နာကျင်စေသည်။

နဂါးဘုရင်ကျိုရှင်းသည် မျှော်လင့်ချက်အနည်းငယ်ကို ဆုပ်ကိုင်ပြီး မေးခဲ့သည်။

" တကယ်ပဲ ဘာသတင်းအစအနမှ မရတာလား..။ "

အနက်ရောင်ဝတ်လူသည် ခါးသီးစွာဖြင့် ခေါင်းခါခဲ့သည်။

" ငါ့အတွက် အခုချက်ချင်း သွားစစ်ဆေးကြည့်လိုက်။ " နဂါးဘုရင်ကျိုရှင်းက အော်ပြောခဲ့သည်။

" သူတို့ အသက်ရှင်သေးရင် သူတို့ကို ငါမြင်ချင်တယ်။ အေ ... သူတို့သေသွားရင်လည်း သူတို့ရဲ့အလောင်းကို ငါ တွေ့ချင်တယ်။ နောက်ပြီး ငါ့လူတွေ ဘာဖြစ်သွားလဲ ဆိုတာ ရဲ့ရှင်းချန်ကို ဆက်သွယ်ပြီး မေးကြည့်လိုက်။ သူတို့အဆင်ပြေနေသ၍ ငါသူ့နဲ့ အရာအားလုံးကို ဆွေးနွေးပေးနိုင်တယ်လို့ ပြောလိုက်။ "

" ဟုတ်ကဲ့ နဂါးဘုရင် "

တစ်ရက်ကြာပြီးနောက် နဂါးဘုရင်ကျိုရှင်းသည် အနက်ရောင်ဝတ်လူတွေကနေတစ်ဆင့် ရဲ့ရှင်းချန်ရဲ့ အကြောင်းပြန်စာကို လက်ခံရရှိခဲ့သည်။

" ငါ သူတို့အားလုံးကို ပင်လယ်ထဲ ပစ်ချပြီးတော့ ငါးစာ ကျွေးပစ်လိုက်ပြီ။ မင်း သူတို့ကို ရှာချင်တယ်ဆိုရင်လည်း ပင်လယ်ထဲမှာ သွားရှာနိုင်တယ်။ အသက်ရှင်နေတဲ့သူ တစ်ယောက် ၊နှစ်ယောက်လောက်များ ရှိနေမလားတော့ ငါလည်း မသိဘူး....။ "

နဂါးဘုရင်ကျိုရှင်းသည် အရမ်းပဲ ဒေါသထွက်သွားခဲ့သည်။

" ရဲ့ရှင်းချန်..... “

All Chapters