အခန်း (၈၄)
Vol. 6 Ch. 84
ထို့နောက် အနက်ရောင်ဝတ်လူသည် သစ္စာဖေါက်တစ်ယောက်ချင်းစီကို နောက်တကြိမ် ထပ်မံပြီး ဖိတ်ခေါ်ခဲ့သည်။
ဝူကောသည် ထောင့်တစ်နေရာတွင် ပုန်းနေပြီး အနက်ရောင်လူ နှင့် သစ္စာဖောက်များ စကားပြောနေတဲ့ပုံကို ဓာတ်ပုံခိုးရိုက်ခဲ့သည်။
နှစ်ရက်မပြည့်ခင်မှာဘဲ သူသည် သစ္စာဖောက်များ၏ သစ္စာဖောက်ခဲ့တဲ့ သက်သေအထောက်အထားများကို စုဆောင်း၍ လင်ပေ့ဖန် လက်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။
" ဘော့စ်လင် ၊ ဒါက လွန်ခဲ့တဲ့နှစ်ရက်အတွင်းမှာ
သစ္စာဖေါက်တွေရဲ့ အနောက်ကိုလိုက်ပြီးတော့ ကျနော်စုဆောင်းခဲ့တဲ့ သက်သေအထောက်အထားတွေပါပဲ။ "
" ကြည့် ၊ ဒီသစ္စာဖေါက်တွေအကုန်လုံးက အနက်ရောင်ဝတ်လူတွေနဲ့ မတူညီတဲ့အချိန် ၊မတူညီတဲ့နေရာမှာဘဲ တွေ့ဆုံခဲ့ကြတယ်။ ဒါက အတော်လေးကို ထူးဆန်းတယ်။ ကျွန်တော့်အထင် သစ္စာဖောက်တွေ အကုန်လုံးကို အနက်ရောင်ဝတ် လူတွေက ပိုက်ဆံနဲ့ ဝယ်ထားတယ်လို့ ကျွန်တော်သံသယရှိတယ်။ ဒါပေမဲ့ ဒီအနက်ရောင်ဝတ် လူတွေရဲ့ အထောက်အထားကိုတော့ကျွန်တော် ရှာလို့မရပါဘူး။ ဘော့စ်လင် ၊ ကျနော်ပေးတဲ့ သက်သေအထောက်အထားတွေက သူတို့ကို ရှင်းပစ်ဖို့အတွက် လုံလောက်ပါသလား?။ "
" လုံလောက်တယ် ၊လုံလောက်တာထက်ကို ပိုနေတယ်။ ငါသူတို့ကို ထောင်ထဲ မပို့ချင်ဘူး။ အဲ့ဒါကြောင့် ငါ သူတို့ကို အလုပ်ထုတ်ပစ်ဖို့အတွက် သင့်တော်တဲ့ အကြောင်းပြချက်ကို ရှာနေရတာ။ ဒီဓာတ်ပုံက သူတို့ကို ရှင်းထုတ်ပစ်ဖို့အတွက် ကွက်တိပဲ။ "
ထို့နောက် လင်ပေ့ဖန်က သူ့ရဲ့ဦးခေါင်းကို အံ့အားသင့်စွာဖြင့်မော့ပြီး ပြောလိုက်သည် ။
" အစ်ကိုဝူ ၊ မင်းက တော်တော်လေးကို ဖြစ်ထွန်းတာပဲ။ ဒါ့အပြင် မင်းက နှစ်ရက်အတွင်းမှာပဲ ဒီသက်သေအထောက်အထားတွေ အကုန်လုံးကို ရှာနိုင်ခဲ့တယ်။ မင်းက ပါရမီရှင်တစ်ယောက်ဆိုတာ ငါ သိနေတယ် ။ "
" ဘော့စ်လင် ၊ ကျနော့်ကို ချီးကျူးလွန်းနေပါပြီ ။ ဒါတွေ အကုန်လုံးက ဘော့စ်လင်ရဲ့ ဉာဏ်ပညာရှိတဲ့ ဦးဆောင်မှုကြောင့်ပါဘဲ ။ ကျွန်တော် ဘာမှ သိပ်မလုပ်လိုက်ရပါဘူး။ " ဟု ဝူကောက နှိမ့်ချစွာဖြင့် ပြောခဲ့သည်။
" ဟားဟား… ၊ ငါ့ကို သိပ်မမြောက်ပါနဲ့။ ငါ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ ဒါတွေအကုန်လုံးက မင်းရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပါဘဲ ။ "
လင်ပေ့ဖန်သည် အားရပါးရ ရယ်မောပြီးတဲ့နောက်တွင် ဝူကောကို ပြောလိုက်သည်။
" ဒါပေမဲ့ ဒီနှိမ့်ချတဲ့ သဘောထားကို မင်း ကောင်းကောင်းထိန်းသိမ်းထားပါ။ ဒါက မင်းကို ဒီထက်ပိုပြီးတိုးတက်စေလိမ့်မယ်။ဒါ့အပြင် မင်းရှေ့ဆက်လျှောက်မယ့် ခရီးလမ်းကလည်း ကျယ်ပြန့်လာလိမ့်မယ်။ "
" ဘော့စ်လင်ရဲ့ ၊ အကြံပေးမှုအတွက် းကျေးဇူးတင်ပါတယ်။ " ဟု ဝူကောက ထပ်မံပြီး သူ့ကိုယ်ကိုသူ နှိမ့်ချ၍ ပြောလိုက်ပြန်သည်။
ဒါပေမဲ့လည်း သူ့ရဲ့ စိတ်ထဲမှာတော့ အတော်လေးကို မာန်တက်နေခဲ့သည်။
ဒီတစ်ကြိမ် ငါလေး လင်ပေ့ဖန်ရဲ့ ယုံကြည်မှုကို ရရှိပြီးတော့ ငါလေးရဲ့ အရည်အချင်းတွေကြောင့် လင်ပေ့ဖန်ရဲ့ အသိအမှတ်ပြုမှုကို ခံရသင့်တယ် ၊မဟုတ်လား … .??
လင်ပေ့ဖန်၏ နောက်ထပ်စကားက သူ့ရဲ့ထင်မြင်ယူဆချက်ကို အတည်ပြုပေးခဲ့သည်။
" ငါ ဒီသစ္စာဖေါက်တွေကို ရှင်းထုတ်ပြီးသွားရင် ၊ ငါမင်းကို ရက်ရက်ရောရော ဆုချမယ်။ အခုတော့ ငါ့နဲ့အတူလိုက်ခဲ့ဦး။ ငါတို့ ဒီသစ္စာဖေါက်တွေကို ဖြေရှင်းဖို့အတွက် အတူတူ အစည်းအဝေးသွားကြရအောင်။
ငါ့ကို သစ္စာဖေါက်တဲ့အတွက် အကျိုးဆက်တွေကို သူတို့ကို ပေးသိလိုက်ကြရအောင် …။ "
ဝူကောသည် ပိုပြီးတော့တောင်မှ ဝမ်းသာလာခဲ့သည်။
အများအားဖြင့်တော့ သူ့လို သာမန် သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်က ဒီလို အစည်းအဝေးမျိုးကို တက်ရောက်ဖို့အတွက် အရည်အချင်းမပြည့်မှီပေ။
ဒါပေမဲ့လည်း အခုတော့ သူ့ကို လင်ပေ့ဖန်က အစည်းအဝေးတက်ရောက်ဖို့အတွက် ဖိတ်ခေါ် နေခဲ့သည်။
ထို့နောက် လင်ပေ့ဖန်က အရေးပေါ်အစည်းအဝေးတစ်ခုလုပ်ဖို့အတွက် အမိန့်ပေးခဲ့သည်။ သူပြောပြီးလို့ ဆယ်မိနစ်မပြည့်ခင်မှာဘဲ အလုပ်ကိစ္စဖြင့် အပြင်သွားစရာမရှိတဲ့ ဝန်ထမ်းများအားလုံးက အစည်းအဝေးခန်းထဲသို့ စုဝေးရောက်ရှိလာခဲ့ကြသည် ။
အစည်းအဝေးခန်းထဲမှာတော့ လင်ပေ့ဖန်သည် သူထိုင်ရမယ့် ထိုင်ခုံမှာ ထိုင်ခဲ့သည် ။
ထို့ပြင် သူသည် ဝူကောကို ဆွဲ၍ သူ့ရဲ့ဘေးက ထိုင်ခုံမှာထိုင်ခိုင်းခဲ့ပြီး သူ့ရဲ့လေးစားမှုကို ပြသခဲ့သည်။
လူတိုင်းက ထိုဖြစ်ရပ်ကို မြင်ပြီး အံ့အားသင့်သွားခဲ့သည်။
ဝူကောက ဘာကြောင့် ဒီမှာ ရှိနေရတာလဲ…. ? ။
သူက အန်တီလျူနဲ့ အတူတူ ရှိနေရမှာ မဟုတ်ဘူးလား… ? ။
ဒါပေမဲ့လည်း လင်ပေ့ဖန်၏ ညို့မှိုင်းနေတဲ့ အမူအရာကို မြင်လိုက်ရသောအခါတွင် လူတိုင်းက ဘာမှ
မမေးရဲကြတော့ပေ။
ထို့နောက် လူတိုင်းရောက်ရှိလာခဲ့ချိန်တွင် လင်ပေ့ဖန်သည် စတင်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။
" ငါတို့ကုမ္ပဏီမှာရှိတဲ့ တချို့လူတွေက အရမ်းလောဘကြီးတာကို ငါ သတိထားမိခဲ့တယ်။ ငါ သူတို့ကို လစာလည်း ကောင်းကောင်းပေးတယ် ၊ ဘောနပ်စ်လည်း ကောင်းေကာင်းပေးတယ် ၊ ပြီးတော့ ငါ သူတို့ကို ကျန်းမာရေးအထောက်အပံ့လည်း ကောင်းကောင်းပေးတာကို သူတို့က မကျေနပ်နိုင်ကြသေးဘူး။ ပိုက်ဆံနည်းနည်းအတွက်နဲ့ သူတို့က ငါတို့ကုမ္ပဏီရဲ့ အရောင်းအဝယ်အချက်အလက်တွေကို ရောင်းချပြီးတော့ ငါတို့ကုမ္ပဏီရဲ့ အကျိုးစီးပွားေတွကို ထိခိုက်ပျက်စီးစေခဲ့တယ်။ "
" လျိုဖန်း ၊ ဟွမ်ကျုံး ၊ ကျိုရှန်း ……"
လင်ပေ့ဖန်သည် သစ္စာဖောက်တွေရဲ့ နာမည်ကို တစ်ယောက်ပြီးတစ်ယောက် အော်ခေါ်၍ မတ်တပ်ရပ်ခဲ့သည်။
" မင်းတို့တွေက ငါတို့ကုမ္ပဏီမှာ လစာအမြင်ဆုံးရရှိတဲ့ သူတွေပဲ။ ဒါတောင် မင်းတို့က ငါတို့ကုမ္ပဏီရဲ့အရောင်းအဝယ်အချက်အလက်တွေကို ရောင်းပြီးတော့ မင်းတို့က သစ္စာဖောက်ခဲ့တယ်။ မင်းတို့တွေမှာ အသိစိတ်ရော ရှိသေးရဲ့လား ? " ဟု ပြောလိုက်သည်။
ထိုသို့နာမည်တပ်ခေါ်ခြင်း ခံရတဲ့သူများသည်ထိတ်လန့်သွားခဲ့သည်။
" ဘော့စ်လင် ၊ ကျွန်မ မလုပ်ဘူး။ "
" ဘော့စ်လင် ကျနော်က ကုမ္ပဏီအပေါ်မှာ သစ္စာရှိတယ်။ "
" ဘော့စ်လင် ၊ကျွန်တော် လုံးဝ သစ္စာမဖောက်ပါဘူး။"
လင်ပေ့ဖန်သည် ဓာတ်ပုံများကို သူတို့ရှေ့သို့ ပစ်ချပြီး ပြောလိုက်သည်။
" သစ္စာမဖောက်ဘူး ဟုတ်လား ? ။ ဒါဆိုရင် ဒါက ဘာလဲ? ။ မင်းတို့ကြည့်လိုက်။ ဒီဓာတ်ပုံတွေအကုန်လုံးကို လူတစ်ယောက်က ငါ့ဆီကို ယူလာပေးခဲ့တာဘဲ ။ ဓာတ်ပုံထဲကလူနဲ့ မင်းတို့အကုန်လုံးက
မတူညီတဲ့ အချိန်မှာတွေ့ခဲ့ကြတာဘဲ။ မင်းတို့ ငါ့ကို သူက မင်းတို့ သူငယ်ချင်းလို့ ပြောဦးမလို့လား?။ အကယ်၍ သူက မင်းတို့သူငယ်ချင်းဆိုရင်လည်း ဘာလို့ မင်းတို့ ပေါ်တင်မတွေ့တာလဲ ? ။ အဲဒီအစားမင်းတို့က ပတ်ပတ်လည်ကိုတောင် ခိုးကြောင်ခိုးဝှက်ကြည့်လိုက်သေးတယ်။ ဒါကို မင်းတို့ ငါ့ကို ရှင်းပြနိုင်မလား? ။ "
လင်ပေ့ဖန်၏ စကားကြောင့် သူတို့မှာ ပြောစရာစကားမရှိတော့ပေ။
" ဟမ် ! မင်းတို့ မရှင်းပြနိုင်ကြဘူးမလား?။ "
ထို့နောက် လင်ပေ့ဖန်သည် အေးစက်စွာဖြင့် ရယ်မောပြီး ပြောလိုက်သည်။
" အကယ်၍ မင်းတို့က ခွေးတွေကို အစာကျွေးရင်တောင် သူတို့က မင်းတို့ကို အမြီးနန့်ပြလိမ့်မယ်။ သူတို့က မင်းတို့ကို ပြန်ကိုက်မှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့ကတော့ အဲ့ကောင်တွေလောက်တောင် အဆင့်မရှိဘူး။ အခု မင်းတို့ရဲ့ အထုပ်တွေကို သိမ်းပြီးတော့ ပြန်နိုင်ပြီ။ ငါ မင်းတို့ကို နောက်တစ်ကြိမ် ထပ်မမြင်ချင်ဘူး။ "
" ဘော့စ်လင် ၊ ကျနော်တို့ မှားပါတယ်။ ကျနော်တို့ကိုနောက်တစ်ကြိမ် အခွင့်အရေးပေးပါ။ "
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် သူတို့သည် ထိတ်လန့်ပြီး လင်ပေ့ဖန်ကို နောက်တစ်ကြိမ် ငိုယိုပြီး တောင်းပန်ခဲ့သည်။
" အကယ်၍ ငါ မင်းတို့ကို အခွင့်အရေးပေးရင် ၊ ဘယ်သူက ငါ့ကို အခွင့်အရေးပြန်ပေးမှာလဲ? " ဟု လင်ပေ့ဖန်က စိတ်တိုစွာဖြင့် ပြောခဲ့သည်။
" မင်းတို့ ငါ့ကုမ္ပဏီကနေ အခု ချက်ချင်းထွက်သွား။
အတွင်းရေးမှူးလျို လင်ဂရုရဲ့နာမည်နဲ့ မိုဟိုင်မြို့မှာရှိတဲ့ နာမည်ကြီးကုမ္ပဏီတွေအကုန်လုံးကို ဒီလူတွေက ငါတို့ကုမ္ပဏီကို သစ္စာဖောက်လို့ အလုပ်ထုတ်ခံခဲ့ရတယ်ဆိုတဲ့ အကြောင်းကို သတင်းပေးလိုက်ပါ။
ပြီးတော့ သူတို့ကို ဘယ်တော့မှ အလုပ်မခန့်နဲ့လို့လည်း တစ်ခါတည်း ပြောလိုက်။ အကယ်၍ သူတို့ကိုအလုပ်ခန့်တဲ့ သူ ဘယ်သူပဲဖြစ်ဖြစ် ငါတို့ လင်ဂရုကို ဆန့်ကျင်တာဘဲ။ "
" ဟုတ်ကဲ့ ၊ ဘော့စ်လင် " ဟု ပြော၍ လျိုယုမေ့က ခေါင်းညိတ်ပြီး မှတ်တမ်းတင်ခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် သူတို့သည် ပိုပြီးတော့တောင်မှ အော်ဟစ်ငိုယို၍ လင်ပေ့ဖန်ကို အသနားခံခဲ့ကြသည်။
သို့သော်လည်းပဲ လင်ပေ့ဖန်က သူတို့ကို မောင်းထုတ်ခဲ့သည်။
" မင်းတို့ ငါ့ကုမ္ပဏီက အခု ထွက်သွား ။ မင်းတို့လို သစ္စာဖောက်တွေကို ငါတို့ကုမ္ပဏီက မကြိုဆိုဘူး။ "
ထိုလူများထွက်ခါသွားပြီးသည့်နောက်တွင် အစည်းအဝေးခန်းထဲရှိ နေရာက အတော်လေးကို လွတ်သွားခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် ပတ်ဝန်းကျင်က အတော်လေးကို တိတ်ဆိတ်သွားခဲ့ပြီး ဘယ်သူမှ အသက်တောင် ကျယ်ကျယ်မရှုရဲ ခဲ့ကြပေ။
သူတို့သည် လင်ပေ့ဖန် ဒေါသထွက်တာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ကြသည်။
ထို့ပြင် သူ့ရဲ့ သည်းခံနိုင်မှုက အတိုင်းအတာတစ်ခုထိသာရှိပြီး ထိုထက်ကို ကျော်လွန်သွားပါက သူသည် ရက်စက်စွာပြုမူလိမ့်မည်ဖြစ်သည်ကို သူတို့သိရှိခဲ့ကြသည်။
လင်ပေ့ဖန်သည် သစ္စာဖောက်တွေကို သူ့ရဲ့ကုမ္ပဏီကနေ ထုတ်ပစ်ခဲ့သည့်အပြင် သူတို့ကို အလုပ်မခန့်ရန်
မိုဟိုင်မြို့မှာရှိတဲ့ ကုမ္ပဏီတိုင်းကို တောင်းဆိုခဲ့သည်။
မည်သည့်ကုမ္ပဏီကမှ သူတို့ကို အလုပ်ခန့်အပ်ချင်လိမ့်မည် မဟုတ်ပေ။ သစ္စာဖေါက်များကိုလည်း ဘယ်သူကမှ မကြိုက်ကြပေ။
ထို့အပြင် လင်ဂရုသည် မိုဟိုင်မြို့မှာရှိတဲ့ ထိပ်တန်းအဆင့် လုပ်ငန်းတစ်ခုဖြစ်သည်။ သာမန်လူအနည်းအတွက်နဲ့ ဘယ်ကုမ္ပဏီ စီအီအိုကမှ လင်ဂရုကို မဆန့်ကျင်ချင်ကြပေ။
အကယ်၍ သူတို့သာ သူတို့ခြေထောက်ပေါ် သူတို့မရပ်တည်နိုင်ပါက သူတို့ရဲ့ မွေးရပ်ဌာနေကို စွန့်ခွာရလိမ့်မည်ဖြစ်သည်။ ထိုရလဒ်က သူတို့အတွက်တော့ ကောင်းမွန်တဲ့ ရလဒ်တစ်ခုမဟုတ်ပေ။
လင်ပေ့ဖန်၏ ယခုတစ်ခေါက် လုပ်ဆောင်ချက်က အစည်းအဝေးတက်ရောက်လာတဲ့ လူတိုင်းကို အံ့အားသင့်စေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
ထို့ပြင်လူတိုင်းသည် သူတို့ရဲ့စိတ်ထဲမှာတော့
လင်ပေ့ဖန်ကို သစ္စာမဖောက်မိစေဖို့အတွက် သူတို့ကိုယ်သူတို့ သတိပေးခဲ့ကြသည်။
" ကောင်းပြီ ၊ စိတ်ညစ်စရာကိစ္စတွေတော့ ပြီးသွားပြီ။ ငါတို့ အခု တခြား အကြောင်းကို ပြောကြရအောင်။ "
ထို့နောက် လင်ပေ့ဖန်သည် ပြုံးပြီး ပြောလိုက်သည်။
" ဒီနေ့ သစ္စာဖေါက်တွေကို ငါ ဖော်ထုတ်နိုင်ရတဲ့ အဓိကအကြောင်းရင်းကတော့ လူတစ်ယောက်ရဲ့ကျေးဇူးကြောင့်ပဲ။ အဲ့ဒီလူကတော့ တခြားလူမဟုတ်ဘူး။ ငါ့ရဲ့ဘေးနားမှာ ထိုင်နေတဲ့ အစ်ကိုဝူဘဲ ။ "
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် လူတိုင်းက အံ့အားသင့်သွားခဲ့သည်။
" ရှောင်ဝူ …"
" ဝူကော ဟုတ်လား…? "
လူတိုင်းရဲ့ အံ့အားသင့်နေတဲ့ အကြည့်များအောက်တွင် ဝူကောသည် ခါးကို မတ်မတ်ထားလိုက်ပြီး သူ့ရဲ့ဦးခေါင်းကို ဂုဏ်ယူစွာဖြင့် မော့ခဲ့သည်။
လင်ပေ့ဖန်သည် ဝူကော၏ ပုခုံးကို ပုတ်ပြီး ပြောလိုက်ပြန်သည်။
" ဝူကောရဲ့အသက်က ငယ်ပြီးတော့ ပညာမတတ်လို့အထင်မသေးနဲ့။ သူက သစ္စာဖေါက်တွေရဲ့ သဲလွန်စကို ရှာဖွေတွေ့ရှိခဲ့တာဘဲ ။ ပြီးတော့ သစ္စာဖေါက်တွေရဲ့သစ္စာဖောက်တဲ့ သက်သေအထောက်အထားကိုလည်း သူပဲ ရှာဖွေတွေ့ရှိခဲ့တယ်။ ဒါကြောင့် ငါတို့ကုမ္ပဏီရဲ့ ဆုံးရှူံးမှုကို အချိန်မှီ တားဆီးနိုင်ခဲ့တယ်။
ငါက ကျေးဇူးတရားနဲ့အာဃာတကို ကွဲကွဲပြားပြားခွဲခြားတတ်တယ်။ဒါ့အပြင် ငါက ငါ့ကို သစ္စာဖောက်တဲ့သူတွေကိုလည်း သစ္စာဖေါက်ခြင်းရဲ့အကျိုးဆက်ကိုသိရှိစေရမယ်။ ဒါပေမဲ့ ငါ့ကိုသစ္စာရှိပြီးတော့ ငါ့အတွက် အလုပ်လုပ်တဲ့သူတွေကိုလည်း ငါက ရက်ရက်ရောရောဆုချတတ်တယ်။ "
" ဒါကြောင့် ငါဆုံးဖြတ်လိုက်တယ်…။ "
ထို့နောက် လင်ပေ့ဖန်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
" ငါ အစ်ကိုဝူကို ဆုကြေးငွေ ယွမ်တစ်သန်း ချီးမြှင့်တယ်။ပြီးတော့ သူ့ရဲ့လစာကိုလည်း ငါတို့ကုမ္ပဏီရဲ့ ပုံမှန်ဝန်ထမ်းတွေရတဲ့ လစာအတိုင်း တိုးမြင့်ပေးလိုက်တယ်။ "
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် လူတိုင်းသည် အံ့အားသင့်ပြီး မနာလိုဖြစ်သွားကြသည်။
" ဆုကြေးငွေ ယွမ် တစ်သန်းတောင်ချီးမြှင့်တယ်။ ဘော့စ်လင်က တော်တော်ရက်ရောတာပဲ။ "
" ကြည့်ရတာတော့ ဘော့စ်လင်ရဲ့ မျက်နှာသာပေးမှုကြောင့် ဝူကောရဲ့ဘဝကတော့ တိုးတက်လာဦးမယ် ထင်တယ်။ "
" မနာလို ဖြစ်လိုက်တာကွာ "
" ဝူကောအတွက် လက်ခုပ်တီးပြီး ဂုဏ်ပြုပေးလိုက်ကြရအောင်။ " ဟု လင်ပေ့ဖန်က နောက်တစ်ကြိမ် ထပ်မံပြီး အော်ပြောခဲ့သည်။
" ဖြောင်း………..”