← Chapters

အခန်း (၁၃၉)

Vol. 10 Ch. 139

အခန်း (၁၃၉)

Vol. 10 Ch. 139

' ချင်းရွဲ့ ငါ့အကြောင်းတွေကို ဂရုစိုက်တယ်ဆိုတာ ငါသိနေတယ်။ '

' သူမရဲ့ ရင်ထဲမှာလည်း ငါရှိနေတယ်။အယ်လယ့် '

ထိုနေ့တွင် သူသည် စိတ်ရောကိုယ်ပါ ပင်ပန်းလွန်းတာကြောင့် မူးလဲပြီး ဆေးရုံတင်ခဲ့ရသည်။ သူသည် ပြန်ကောင်းလာဖို့အတွက် အချိန် တစ်ပတ်ကျော်ကြာခဲ့သည်။

ထို့ပြင် သူ့အိမ်ပြန်ရောက်ပြီးတဲ့နောက် အရင်ဆုံးလုပ်တာက သူ့ဖုန်းကို ကောက်ကိုင်တာပဲဖြစ်သည်။ထို့နောက် သူသည် လူတစ်ယောက်တည်းစီက နေ့တိုင်း ပေးပို့ထားတဲ့ ဝီချက်စာများကို ရှာဖွေတွေ့ရှိခဲ့သည်။

ချင်းရွဲ့ : ရှင် ဘာလို့ စာမပြန်တာလဲ။ ရှင်ဘာလို့ ကျွန်မကို စာတစ်စောင်မှ ပြန်မပို့တာလဲ။

ချင်းရွဲ့ : ရှင့်ရဲ့ အိမ်မှာ အခက်အခဲတစ်ခုခုများရှိလို့လား။ဒါမဟုတ် အခြားပြဿနာတစ်ခုခုများ ရှင်ကြုံနေရတာလား။

ချင်းရွဲ့ : အကယ်၍ ရှင့်မှာ အခက်အခဲပြဿနာတွေရှိရင် ကျွန်မကို ပြောပြ။ ကျွန်မ ရှင့်ကို သေချာပေါက် ကူညီပေးမယ်။

ချင်းရွဲ့ : ကျွန်မကို ပျော့ညံ့တဲ့ မိန်းမသားတစ်ယောက်လိုပဲ မထင်နဲ့ နော်။ ကျွန်မမှာ အဆက်အသွယ်တွေအများကြီးရှိတယ်။ခစ်ခစ်..။

ချင်းရွဲ့ : အို့ ၊ ရှင် ကျွန်မကို ဘာမှ အကြောင်းမပြန်တာက ကျွန်မကို စိုးရိမ်စေတယ်ဆိုတာကို ရှင်သိလား။

ချင်းရွဲ့ : ရှင် ဒီလိုပဲ ဘာမှပြန်မပြောပဲနဲ့ ဆက်နေနေမယ်ဆိုရင် ကျွန်မ ရှင့်ကို စိတ်ဆိုးမိလိမ့်မယ်နော်။

သူမရဲ့ ရိုးရှင်းတဲ့ ဂရုဏာစကားများနဲ့ နှုတ်ဆက် စကားလေးတွေက သူ့ရင်ကို နက်နက်ရှိုင်းရှိုင်း ထိမှန်ပြီး သူ့ကိုလည်း ရင်ခုန် စိတ်လှုပ်ရှား၍ ကျေနပ်စေခဲ့သည် ။ ဤကာလအတွင်း သူကြိုးစားခဲ့သမျှအရာအားလုံးက အလဟဿမဖြစ်သွားခဲ့ပေ။

ထို့ကြောင့် သူသည် ထိုကြင်နာတတ်တဲ့ အမျိုးသမီးလေးကို ထပ်မံပြီး မစောင့်ခိုင်းရက်တာကြောင့် ချက်ချင်းပဲ အကြောင်းပြန်ခဲ့သည်။

မိုပိုင် : ကိုယ် အရင်ရက်တွေတုန်းက အလုပ်အရမ်းပင်ပန်းပြီးတော့ ကိုယ့်ခန္ဓာကိုယ်က မတောင့်နိုင်ခံနိုင်ဘဲနဲ့ မူးလဲလို့ ဆေးရုံတင်ခဲ့ရတာ။ ကိုယ် အခုတော့ လုံးဝပြန်ကောင်းသွားလို့ ဆေးရုံကနေ ဆင်းလာခဲ့ပြီ။ စိုးရိမ်စရာမလိုတော့ပါဘူး (^_^) ။

ချင်းရွဲ့ : အွန် ၊ ကျွန်မ နားလည်ပြီ။

ချင်းရွဲ့ : အလုပ်က အရေးကြီးပေမဲ့၊ ရှင့်ရဲ့ ကျန်းမာရေးက ပိုပြီးတော့တောင် အရေးကြီးတယ်။

ချင်းရွဲ့ : ရှင့်လိုမျိုး အရွယ်ရောက်နေတဲ့ လူတစ်ယောက်က ကိုယ့်ကိုကိုယ် ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို မသိသေးဘူးလား။

ချင်းရွဲ့ : ရှင် နောက်တစ်ခါ ဒီလိုပဲ ဆက်လုပ်နေရင် ကျွန်မ ရှင့်ကို စိတ်ဆိုးမိလိမ့်မယ်နော်။

ချင်းရွဲ့ : စိတ်တိုတဲ့ အီမိုဂျီပို့တာဟေ့ ။ ):

လုမိုပိုင်သည် ထိုစာကို ဖတ်ပြီး မျက်ရည်ဝဲသွားခဲ့သည်။ ထို့နောက် သူသည် ဖုန်းကို သူ့ရင်ဘတ်တွင် တယုတယ ဆုပ်ကိုင်၍ သူ့ မျက်လုံးများကို မှိတ်လိုက်ပြီး ဖုန်းရဲ့ အနွေးဓာတ်ကို ခံစားခဲ့သည်။ထိုဖုန်းက သူ့အချစ်လေးနဲ့ သူ့ကို ပိုနီးစပ်စေခဲ့သည်။

" ချင်းရွဲ့ ၊မင်းလိုမိန်းမကောင်းလေးတစ်ယောက်အတွက် ဒီကြိုးစားမှုက ထိုက်တန်တယ်။ "

မိုပိုင် : မစိုးရိမ်နဲ့။ ကိုယ် အနာဂတ်မှာ အဲ့လို နောက်တစ်ကြိမ် ထပ်မဖြစ်စေရတော့ဘူး။

မိုပိုင် : ကိုယ် မင်းအတွက် ကိုယ့်ကိုကိုယ် ကောင်းကောင်း ဂရုစိုက်လိုက်မယ်။ ဒါကြောင့်မိုလို့ မင်း စိတ်ချလက်ချနဲ့ အေးအေးဆေးဆေးနေနိုင်တယ်။ (^_^)

ချင်းရွဲ့ : အဲ့လို မှပေါ့ (: ။

ထို့နောက် သူတို့နှစ်ယောက်သည် ဆက်လက်၍ စာအပြန်အလှန် ပို့ခဲ့ကြသည်။ထို့ပြင် သူတို့နှစ်ယောက် အဆက်အသွယ်မလုပ်ရတာကလည်း အချိန်အကြာကြီး ရှိနေပြီဖြစ်တာကြောင့် သူတို့နှစ်ယောက်တွင် တစ်ယောက်ကို တစ်ယောက် ပြောစရာအများကြီးရှိနေခဲ့သည်။

တစ်ခါတရံမှာ သူတို့နှစ်ယောက်သည် တစ်ယောက်နဲ့ တစ်ယောက် ကဗျာဆန်ဆန် စာကြောင်းအချို့ကို ပို့ခဲ့ကြသည်။ ထိုကဲ့သို့ စကားပြောရတာကိုလည်း သူတို့နှစ်ယောက်လုံးက နှစ်သက်ပျော်ရွှင်နေခဲ့သည်။

လုမိုပိုင်သည် တိတ်တိဆိတ် သူ့ကိုယ်ကိုယ်သူ ချီးကျူးခဲ့သည်။

' ငါက ကမ္ဘာနှစ်ခုရဲ့ အသိပညာတွေနဲ့ ပြန်လည်မွေးဖွားလာခဲ့တဲ့ သူ တစ်ယောက်ဖြစ်တာကို နတ်ဘုရားတွေကို ကျေးဇူးတင်ရမယ်။ အဲ့လိုမှမဟုတ်ရင် အေးစက်ပြီး ခပ်တည်တည်နေတတ်တဲ့ ငါ့အချစ်လေး ချင်းရွဲ့ကို ငါ လိုက်နိုင်လောက်မှ မဟုတ်ဘူး။ '

ထိုအကြောင်းကို တွေးလိုက်ရင်း သူသည် သူ့ကိုယ်ကိုကိုယ်သူ ဂုဏ်ယူမဆုံး ဖြစ်နေခဲ့သည်။

' ဒီလိုမျိုး လှပပြီး အပြစ်အနာအဆာကင်းတဲ့ မိန်းမမျိုးက ငါနဲ့ ပဲ ထိုက်တန်တယ်။ '

' လင်ပေ့ဖန် မင်း ဘေးဖယ်ပြီးတော့ ဂျောင်မှာ သွားနေလိုက်။ '

သူတို့နှစ်ယောက်သည် ဆက်လက်၍ စကားစမြည်းပြောရင်း သူတို့နှစ်ယောက် ပြောတာက ' နဂါးဘုရင်ရဲ့ သမက်တော် ' စာအုပ်အကြောင်းသို့ ရောက်ရှိသွားခဲ့သည်။

ချင်းရွဲ့ : နှမြောစရာပဲ။အဲ့ဒီစာအုပ်က အပိုင်းသစ်တွေ ထပ်မတင်တော့ဘူး။ ကျွန်မက အဲ့ဒီစာအုပ်ကို တကယ်ဖတ်ချင်နေတာ။ ကျွန်မ စိတ်ထင် ကျိုရှင်းက စာရေးဆရာကို ခြိမ်းခြောက်ခဲ့တာဖြစ်ရမယ်။ ဒါကြောင့်မိုလို့ စာရေးဆရာက အပိုင်းသစ်တွေ ထပ်မတင်တော့တာဖြစ်နိုင်တယ်။ ဒါက တကယ့်ကို နှမြောစရာကောင်းတယ်။

" ကျိုရှင်း ၊သူကလား ငါ့ကို ခြိမ်းခြောက်နိုင်မှာ။ " လုမိုပိုင်သည် နှာခေါင်းရှုံ့ပြီး အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။

' သူ့လိုမျိုး ရွှေဇွန်းကိုင်ပြီး မွေးလာခဲ့တဲ့ ဒုတိယမျိုးဆက် လူချမ်းသာလေးတစ်ယောက်က ငါ့နဲ့ ဘယ်လိုလုပ်ပြီးတော့ ယှဉ်နိုင်မှာလဲ။ငါ့ကို ခြိမ်းခြောက်ဖို့ဆို ဝေသာဝေးပဲ။ '

သူသည် ပြန်လည်မွေးဖွားလာသည့် ပြန်လည်မွေးဖွားလာသူတစ်ယောက်ဖြစ်သည်။

အွန်လိုင်းဝတ္ထုတွေမှာဆိုရင် သူပုံစံက ထူးချွန်ထက်မြက်ပြီး ထင်ပေါ်ကျော်ကြားမည့် ကံပါလာသည့် ဇာတ်လိုက်တစ်ယောက် ရဲ့ ပုံစံမျိုးဖြစ်သည်။

သူသည် ကံဆိုးစွာနဲ့ ပဲ သူ့ရဲ့ ကျဆုံးမှုကို ဦးတည်စေသည့် ဖြစ်ရပ်တစ်ခုနှင့် ဆုံတွေ့ခဲ့ရသည်။

သို့သော်လည်းပဲ ထိုအရာက အခုချိန်တွင် အရေးမကြီးတော့ပေ။ ကမ္ဘာနှစ်ခုရဲ့ အသိပညာဗဟုသုတွေနဲ့ဆိုရင် သူသည် လျင်မြန်စွာဖြင့် တိုးတက်အောင်မြင်လာနိုင်သည်။

မိုပိုင် : ကိုယ်ထင်တာတော့ စာရေးဆရာက ပင်ပန်းလို့ နားနေတာဖြစ်ရမယ်။

မိုပိုင် : နေ့တိုင်း စာလုံးရေ တစ်သိန်းရေးရတာက အရမ်းပဲများလွန်းတယ်။ ပြီးတော့ သူ့ကျန်းမာရေးလည်း ထိခိုက်နိုင်တယ်လေ။

ချင်းရွဲ့ : ရှင် ပြောတဲ့စကားက မှန်တယ်။ ဒါက တကယ့်ကို နှမြောစရာကောင်းတယ်။ ကျွန်မတို့ အဲ့ဒီစာအုပ်ကို ထပ်ဖတ်လို့ မရနိုင်တော့ဘူး။

မိုပိုင် : မင်းရဲ့ ဆန္ဒတွေ မကြာခင်မှာပဲ အမှန်တကယ်ဖြစ်လာလိမ့်မယ်လို့ ကိုယ် ခံစားနေရတယ်။

ချင်းရွဲ့ : တကယ်လား။ ကျွန်မ တစ်နေ့ကို စာလုံးရေ တစ်သိန်းလောက် မဖတ်ရလည်း နေပါစေ။ စာလုံးရေ ငါးသောင်းလောက် ဖတ်ရရင်ပဲ ကျွန်မ ပျော်နေပြီ။

ချင်းရွဲ့ : စာရေးဆရာက အဲ့ဒီစာအုပ်ကို လက်မလျှော့ပဲနဲ့ ဆက်ရေးလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။

လုမိုပိုင်သည် ထိုစာကြောင်းကို ဖတ်ပြီး မျက်ရည်ဝဲသွားခဲ့သည်။

" ချင်းရွဲ့ မင်းက အရမ်းပဲ စာနာတတ်တာပဲ။ "

နေ့တိုင်းစာလုံးရေ ငါးသောင်းရေးရတာက သူ့အတွက်တော့ စိန်ခေါ်မှုကြီး တစ်ခုဖြစ်သည်။သို့သော်လည်းပဲ သူမအတွက် သူသည် ထိုအရာကို အံကြိတ်ပြီး လုပ်နိုင်သေးသည် ။

သူမဘေးနား သူ မရှိချိန်တွင် ထိုစကားလုံးများကသာ သူမကို ပျော်ရွှင်မှုတွေ ယူလာပေးနိုင်သည်။

ထိုအရာက ယောင်္ကျားတစ်ယောက်အနေနဲ့ သူလုပ်ရမည့် တာဝန်ပဲဖြစ်သည်။

မိုပိုင် : ဒါနဲ့ ချင်းရွဲ့ ၊ မင်း ဘယ်လို ဂီတမျိုးကိုကြိုက်လဲ။

သူသည် မကြာခင် ဗျူးတီးနိုင်ငံမှာ သီချင်းဖျော်ဖြေ သီဆိုဖို့အတွက် ပြင်ဆင်နေသည်။ထို့ပြင် သူသည် ချက်ချင်းပဲ ပေါက်ပြီး ကမ္ဘာကျော်သွားနိုင်သည့် ဂန္ဓဝင် သီချင်းအချို့ကိုလည်း ရွေးချယ်ထားခဲ့သည်။သို့သော်လည်းပဲ သူသည် သူရွေးချယ်ထားတဲ့ သီချင်းအချို့နဲ့ ပတ်သက်၍ သံသယရှိနေပြီး ဘယ်သီချင်းကို ပွဲဦးထွက်သီချင်းအဖြစ် သီဆိုရမလဲဆိုတာကို ဆုံးဖြတ်၍ မရနိုင်ဖြစ်နေခဲ့သည်။

လက်တွေ့ဘဝတွင် ချင်းရွဲ့သည် ဂီတကို နက်နက်ရှိုင်းရှိုင်းနားလည်သည့် အဆိုတော်တစ်ယောက်ဖြစ်သည်။ထို့ကြောင့် သူသည် သူမကြိုက်နှစ်သက်သည့် ဂီတအမျိုးအစားများကို သီဆိုပြီး သူမနှင့် ပိုရင်းနှီးချင်သည်။

ချင်းရွဲ့ : ကျွန်မ ဘယ်လို ဂီတမျိုးကို ကြိုက်လဲဟုတ်လား။

ချင်းရွဲ့ : ကျွန်မ ဂီတကို အရမ်းပဲ နှစ်သက်တယ်။ နောက်ပြီး ဂီတ မျိုးစုံကိုလည်း ကျွန်မနားထောင်ဖြစ်တယ်။ အထူးသဖြင့် ရိုးရာဂီတတွေ နားထောင်ရတာ ကျွန်မ ပိုကြိုက်တယ်။

ချင်းရွဲ့ : ဟီးဟီး ၊ ကျွန်မရဲ့ လက်တွေ့ဘဝ အလုပ်အကိုင်ကို ရှင် ခန့်မှန်းနိုင်လား။

ချင်းရွဲ့ : အကယ်၍ ရှင် မှန်မှန် ခန့်မှန်းနိုင်ရင် ကျွန်မ ရှင့်ကို ဆုသေးသေးလေး တစ်ခုပေးမယ် ။

" မင်းက လူပြောင်မလေးပဲ။ မင်းရဲ့ အလုပ်အကိုင်ကို ငါသိနေတာ ကြာလှပြီ။ "

" မင်းလို လူပြောင်မလေး စိတ်ကျေနပ်အောင်လို့ ငါ ခန့်မှန်းပေးလိုက်ပါ့မယ်။ "

လုမိုပိုင်သည် သူ့ရှေ့တွင် ရွတ်နောက်နောက် အပြုံးဖြင့် ပြုံးပြီး မတ်တပ်ရပ်၍ စကားပြောနေသော ချစ်စရာကောင်မလေးတစ်ယောက်၏ မျက်နှာကို မြင်ယောင်ပြီး သူ့မျက်နှာပေါ်တွင်လည်း တောက်ပတဲ့ အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။

ဝီချက်ထဲက ချင်းရွဲ့သည် သူမြင်နေကျအတိုင်း ခပ်တည်တည်ပုံစံ မဟုတ်ပဲနဲ့ ပိုပြီး လက်တွေ့ကျ၍ ပိုပြီး တက်ကြွတာကို သူ ရှာဖွေတွေ့ရှိခဲ့သည်။

မိုပိုင် : မင်းပြောတဲ့စကားကို နားထောင်ပြီး ငါ ခန့်မှန်းရရင် မင်းက ဂီတဆရာမ တစ်ယောက်ပဲဖြစ်ရမယ်။ငါပြောတာ မှန်တယ်မလား။

ချင်းရွဲ့ : မဟုတ်ဘူး။ နောက်တစ်ကြိမ်ခန့်မှန်းကြည့်။

မိုပိုင် : ဒါဆိုရင် မင်းက ဂီတပညာရှင်တစ်ယောက်ပဲဖြစ်ရမယ်။ ဒါမှမဟုတ် မင်းက အကသင်တဲ့ဆရာမတစ်ယောက်ပဲ။

ချင်းရွဲ့ : ရှင် မှန်းတာ မမှန်သေးဘူး။ ထပ်ပြီးတော့ ကြိုးစားကြည့်ဦး။

မိုပိုင် : ဒါဆိုရင် ငါ အရှုံးပေးလိုက်ပြီ။

ချင်းရွဲ့ : ရှင်က တကယ့်ကို နလပိန်းတုန်းပဲ။

" အာ... "

လုမိုပိုင်သည် နောက်တစ်ကြိမ်ထပ်ပြီး ငေးမောသွားခဲ့သည်။

သူ့အချစ်ကလေးနဲ့ စကားတွေ ဖောင်ဖွဲ့ပြီး ပြောရတဲ့ ခံစားချက်က အံ့ဩစရာကောင်းလောက်အောင်ကို ခံစားလို့ကောင်ပြီး အရမ်းပဲ ပျော်ရွှင်စရာကောင်းသည်။

ချင်းရွဲ့ : ကျွန်မ ရှင့်လိုမျိုး တုံးအတဲ့သူကို ရှင်းပြရတာ ကျွန်မ မကြိုက်ဘူး။ အခု ရှင့်ကို ကျွန်မပြောပြလိုက်မယ်။ လက်တွေ့ဘဝမှာ ကျွန်မက အဆိုတော်တစ်ယောက်ပဲ။ ကျွန်မက သီချင်းဆိုတာ အတော်လေးကောင်းတယ်။ဘယ်လိုလဲ၊ အထင်ကြီးစရာကောင်းတယ်မလား။

မိုပိုင် : တကယ့်ကို အထင်ကြီးဖို့ကောင်းတယ်။

ချင်းရွဲ့ : ဟီးဟီး ၊ ဒါက အဲ့လောက်လည်း အထင်ကြီးစရာမကောင်းပါဘူး။ ကျွန်မထက် တော်တဲ့ အဆိုတော်တွေ အများကြီးရှိသေးတယ်။ ကျွန်မက သူတို့ထက် နည်းနည်းလေး ပိုလှလို့ သူတို့ထက် ပိုပြီးတော့ ကျော်ကြားနေရုံလေးပါပဲ။

လုမိုပိုင်သည် သူ့ဘာသာ တွေးခဲ့သည်။

' မင်းက နည်းနည်းလေးပဲ လှတာမဟုတ်ဘူး ။မင်းက ဥမ္မာဒန္တီလို အသက်ရှုမှားပြီးတော့ ရူးသွပ်သွားစေနိုင်လောက်တဲ့အထိကို လှတာ။ အဲ့လောက် လှတာကြောင့်သာမဟုတ်ရင် ငါ့ရဲ့အတိတ်ဘဝတုန်းက ငါမင်းကို စွဲလမ်းခဲ့လိမ့်မှာမဟုတ်ဘူး။ ဒီဘဝမှာလည်း မင်းမှ မဟုတ်ရင် ငါ ဘယ်သူ့ကိုမှ လက်ထက်မှာမဟုတ်ဘူး။ '

မိုပိုင် : ချင်းရွဲ့ ၊မင်းက အဆိုတော်တစ်ယောက်ဆိုတော့ ငါ့ကို အကြံအဉာဏ်အချို့လောက် ပေးနိုင်မလား။ မင်း ဘယ်လို သီချင်းမျိုးကို ကြိုက်လဲ။ ဒါမှမဟုတ် မင်းဘယ်လို ဂီတမျိုးကို နှစ်သက်လဲ။

ချင်းရွဲ့ : ရှင် ကျွန်မကို ဘာလုပ်ဖို့ မေးတာလဲ။

မိုပိုင် : မကြာသေးခင်က သီချင်းနားထောင်ဖို့အတွက် ကိုယ် သီချင်းတွေ ရှာကြည့်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်ကြိုက်တဲ့ သီချင်း တစ်ပုဒ်မှာ ရှာမတွေ့ခဲ့ဘူး။ဒါကြောင့်မိုလို့ မင်းလို ကျွမ်းကျင်တဲ့ အဆိုတော်တစ်ယောက်ရဲ့ အကြံဉာဏ်ကို ကိုယ် တောင်းကြည့်တာပါ။

ချင်းရွဲ့ : အွန် ၊ကျွန်မ သဘောပေါက်ပြီ။

All Chapters