အခန်း (၁၄၀)
Vol. 10 Ch. 140
ချင်းရွဲ့ : ဘယ်လိုလဲ ရှင် ခန့်မှန်းကြည့်မလား။အကယ်၍ ရှင် ခန့်မှန်းတာမှန်ရင် ကျွန်မ ရှင့်ကို ဆုပေးမယ်လေ။
" ထပ်ပြီးတော့လား ။ မင်းက နောက်တောက်တောက်လူပြောင်မလေးပဲ ။ "
လုမိုပိုင်သည် ခေါင်းခါပြီး ရယ်မောခဲ့သည်။ထို့ပြင် ချင်းရွဲနှင့် စကားစမြည်းပြောခြင်းက သူ့စိတ်တွေကို အမြဲတမ်း ပေါ့ပါးသွက်လက်ပြီး လန်းဆန်းစေတာကို သူသည် ရှာဖွေတွေ့ရှိခဲ့သည်။
မိုပိုင် : မင်းရဲ့ စာပေစွမ်းရည်တွေက အရမ်းပဲကောင်းလွန်းတယ်။ပြီးတော့ မင်းက ကဗျာ၊ ကဗျာ နဲ့ပတ်သတ်တဲ့ ကဏ္ဍ မျိုးစုံမှာလည်း ကျွမ်းကျင် သေးတယ်။ ဒါကြောင့်မိုလို့ မင်းက ဂန္တဝင်ဂီတ ၊ တိတ်ဆိတ်ငြိမ်သက်တဲ့ ဂီတ၊ ရိုးရာဂီတ နဲ့ ရှေးခေတ်ပုံစံ ဂီတတွေကို ပိုကြိုက်လိမ့်မယ်လို့ကိုယ် ခန့်မှန်းတယ်။
မိုပိုင် : ကိုယ် ခန့်မှန်းတာ မှန်တယ်မလား။
ချင်းရွဲ့ : ရှင် မှန်းတာ မှားတယ်။
" အဲ့ဒါ မဟုတ်ဘူးလား...။ " လုမိုပိုင် အံ့အားသင့်သွားခဲ့သည် ။
သူ့ရဲ့အထင်မှာတော့ ချင်းရွဲ့သည် မကြာခဏ တရုတ်ရိုးရာဟန်ဝတ်စုံ အဖြူရောင်ကို ဝတ်ဆင်၍ အေးစက်သော မျက်နှာဖြင့် ရှေးခေတ်သီချင်းများကို ကျက်သရေရှိစွာဖြင့် သီဆိုလေ့ရှိသည်။ထို့ကြောင့် လူအများကြီးက သူမကို လနတ်သမီးဟု အမည်ပေး၍ တင်စားခေါ်ဆိုခဲ့ကြသည်။
" ဒါပေမဲ့ အခုတော့ ငါခန့်မှန်းတာ မှားသွားခဲ့တာလား။ "
မိုပိုင် : ဒါဆိုရင် မင်းက အချစ်သီချင်းတွေ ၊အ ဆွေးသီချင်းတွေနဲ့ စိတ်ခွန်အားဖြစ်တဲ့ သီချင်းအချို့ကို ကြိုက်တယ်လို့ ကိုယ် ခန့်မှန်းတယ်။
ချင်းရွဲ့ : ရှင်မှန်းတာ မှားနေတုန်းပဲ။ ထပ်ပြီးတော့ခန့်မှန်းကြည့်ပါဦး။
" ဒါလည်း မဟုတ်သေးဘူးလား။ " လုမိုပိုင်သည် နောက်တစ်ကြိမ် အံ့အားသင့်သွားခဲ့သည်။
ချင်းရွဲ့သည် သူ့အတိတ်ဘဝတုန်းက ရိုးရာသံစဉ်များမှလွဲ၍ အချစ်သီချင်းအများစုကိုသာ သီဆိုခဲ့သည်။ထို့ပြင် သူမ အချစ်သီချင်းများကို သီဆိုချိန်တွင်လည်း သူမသည် ခံစားချက်မျိုးစုံကို ပုံဖော်ပြီး သီဆိုလေ့ရှိသည်။
ထိုအရာက သူမသည် ထိုသီချင်းအမျိုးအစားများအတွက် ထူးခြားတဲ့ ခံစားချက်တစ်ခု ရှိနေတာကို ပြသနေခဲ့သည်။
' အခုတော့ သူခန့်မှန်းတာက နောက်တစ်ကြိမ် မှားသွားခဲ့တယ်တဲ့လား။ '
မိုပိုင် : ဒါဆိုရင်တော့ ကိုယ်အရှုံးပေးတယ် ။မင်း ကိုယ့်ကို ပြောပြတော့။
ချင်းရွဲ့ : ဟီးဟီး..။ ရှင် မခန့်မှန်းနိုင်ဘူးမလား။
ချင်းရွဲ့ : တကယ်တော့ ကျွန်မက မြူးမြူးကြွကြွကြွနဲ့ ဒွန့်လို့ ပိုကောင်းတဲ့ သီချင်းတွေကို ပိုကြိုက်တာ။ ရှင် အဲ့ဒီသီချင်းတွေကို နားထောင်ပြီးတော့ ရှင့်ဘာသာရှင် ကနိုင်တယ်။ ကျွန်မ ဆိုလိုတာကို ရှင်သဘောပေါက်လား။
" နိမေကလွှား...။ " လုမိုပိုင်သည် ထိုစာကို ဖတ်ပြီး ပါးစပ်အဟောင်းသားဖြင့် ထိန်လန့်သွားခဲ့သည်။
သူဘယ်တုန်းကမှ ထိုအရာကို မထင်ထားခဲ့ပေ။
သူ့ရဲ့ စိတ်ထဲရှိ တည်ငြိမ်အေးချမ်းသည့် လနတ်သမီးလေးက တကယ်တမ်းကျတော့ မြူးကြွပြီး ကခုန်လို့ကောင်းသည့် သီချင်းတွေကို ပိုကြိုက်နေခဲ့သည်။
ချင်းရွဲ့ : ဟီးဟီး ၊ ရှင် မထင်ထားခဲ့ဘူးမလား။
မိုပိုင် : ဟုတ်တယ် ၊ကိုယ်လုံးဝ မထင်ထားခဲ့မိဘူး။
မိုပိုင် : မင်း ဘယ်လိုလုပ် အဲ့လို ဂီတမျိုးကို ကြိုက်တာလဲ။ ကိုယ် မင်းနဲ့ စကားစမြည်းပြောဆိုမှုအရတော့ မင်းမှာ အဲ့လို အကြိုက်မျိုးရှိပုံမရပါဘူး။
ချင်းရွဲ့ : တကယ်တော့ ကျွန်မ အမြဲတမ်း အဲ့လိုဂီတမျိုးကို ကြိုက်တာ။ အဲ့လို ကရတာက အတော်လေး စိတ်ဝင်စားဖို့ကောင်းပြီးတော့ ကျွန်မရဲ့ စိတ်ကိုလည်း ဖြေလျော့ပေးနိုင်တယ်လေ။ ဒါပေမဲ့ ကျွန်မ အဲ့လိုကရတာ ကြိုက်တာကို လူသိထင်ရှား သိအောင်ဖော်ပြလို့မရဘူး။
ချင်းရွဲ့ : ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ပရိသတ်တွေနဲ့ ကျွန်မရဲ့ မိသားစုကပါ အဲ့ဒါကို ခွင့်ပြုမှာ မဟုတ်ဘူး။
ချင်းရွဲ့ : ဒါကြောင့် ကျွန်မ အမြဲတမ်း ဘယ်သူမှမသိအောင်လို့ အဲ့ဒီသီချင်းတွေကို ခိုးနားထောင်ဖြစ်တယ်။
" ချင်းရွဲ့ ကိုယ်မင်းကို အထင်မှားမိခဲ့လို့ တောင်းပန်ပါတယ်။ " လုမိုပိုင်သည် ချက်ချင်းပဲ သူ့အချစ်ကလေး၏ အကူအညီမဲ့နေပုံကို နားလည်ခဲ့သည်။
ဘာကြောင့်လဲဆိုတော့ သူမက အတော်လေး ကျော်ကြားတဲ့စူပါစတား တစ်ယောက်ဖြစ်တာကြောင့်ဖြစ်သည်။ထို့ပြင် သူမသည် လူအများအသိအမှတ်ပြုခံရသည့် နတ်သမီးတစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် သူမသည် ရူးသွပ်စွာ ကခုန်နေရမည့်အစား လူတိုင်း၏ အသိအမှတ်ပြုမှုကို ရရန်အတွက် ငြိမ်သက်စွာဖြင့် မတ်တပ်ရပ်နေသင့်သည်။ထိုသို့ မလုပ်ပါက သူမ၏ ပုံရိပ်က လူအများ၏အမြင်တွင် ပျက်စီးသွားလိမ့်မည်ဖြစ်သည်။
ထို့အပြင် သူမသည် အတော်လေးရှေးရိုးဆန်သည့် လျှို့ဝှက်မိသားစုတစ်စုမှ မွေးဖွားလာခဲ့သည်။ ထိုမိသားစုက သူမကို သီချင်းဆိုခွင့်ပေးထားတာကပင် အတော်လေး ရက်ရောနေသည် ။
အကယ်၍ သူမသာ ကခုန်ပြီး သီချင်းသီဆိုပါက ပြဿနာဖြစ်မှာ အသေအချာပဲဖြစ်သည်။
လက်တွေ့မှာတော့ သူမသည် အသက်နှစ်ဆယ်သာရှိသေးသည့် မိန်ကလေးတစ်ယောက် ဖြစ်သည်။ထို့ကြောင့် ထိုကဲ့သို့အရာများကို ကြိုက်တာက အတော်လေးကို ပုံမှန်ပဲဖြစ်သည်။
အမှန်အတိုင်းပြောရမည်ဆိုလျှင် သူသည်လည်း ထိုကဲ့သို့ အမျိုးသမီးမျိုးကို ပိုကြိုက်သည်။
မဟုတ်ရင်တော့ ကဗျာနှင့် စာပေများဖြင့် နေ့တိုင်းသာ အလုပ်လုပ်ရပါက သူ့အတွက်တော့ ၎င်းက အတော်လေးပျင်းစရာကောင်းလိမ့်မည်ဖြစ်သည်။
မိုပိုင် : တကယ်တော့ ၊ကိုယ်လည်းအတူတူပဲ အဲ့လို့မျိုးကခုန်ရတာကို ကြိုက်တာ။ ကိုယ်မကြာခဏ အဲ့လိုသီချင်းတွေကို ခိုးနားထောင်ဖြစ်တယ်။
ချင်းရွဲ့ : ဟုတ်လား။ မသိပါဘူး။ ကျွန်မက ရှင့်ကို ပညာတတ်စာပေပညာရှင်တစ်ယောက်လို့ ထင်ခဲ့တာ။ ရှင်လည်း ကျွန်မလို ကြိတ်ပုန်း တစ်ယောက် ဖြစ်လိမ့်လို့ မထင်ထားခဲ့ဘူး။ ခစ်ခစ်...။
မိုပိုင် : နောက်ပြီး အဲ့ဒီလိုမျိုးသီချင်းတွေမှာ အထူးလိုအပ်ချက်တွေများရှိသေးလား။
ချင်းရွဲ့ : ရှိတယ်။ အဲ့ဒီသီချင်းတွေက လူတွေကို နားထောင်လို့မဝအောင်လို့ ချက်ချင်းပဲ ဆွဲဆောင်နိုင်ရမယ်။ ဒါမှမဟုတ် အဲ့ဒီသံစဉ်က စည်းချက်ညီညီနဲ့ ခြေထောက်နဲ့ ကခုန်လို့ကောင်းမယ့် သံစဉ်ဖြစ်ရမယ်။
မိုပိုင် : အွန် ၊ကိုယ် နားလည်ပြီ။
မိုပိုင် : ဒါနဲ့ တခြား လိုအပ်ချက်တွေများရှိသေးလား။
ချင်းရွဲ့ : ရှိသေးတယ်။ ဖြစ်နိုင်ရင် အဲ့ဒီသီချင်းက မြင်းစီးပြီး ကဆုန်ပေါက်နေတဲ့ ခံစားချက်မျိုးပေးစွမ်းနိုင်ရမယ်။
ထိုအချိန်တွင် လုမိုပိုင်သည် အတွေးနက်သွားခဲ့သည်။
' သံစဉ်က စည်းချက်ညီပြီးတော့ မြူးမြူးကြွကြွနဲ့ ကလို့ ကောင်းရမယ်။ ပြီးတော့ အဲ့ဒီသံစဥ်က ချက်ချင်းပဲ လူတွေကို ဆွဲဆောင်နိုင်ပြီးတော့ စည်းချက်ညီညီနဲ့ သူတို့ရဲ့ ခြေထောက်တွေကို မရပ်တန့်ချင်လောက်တဲ့အထိကို ကခုန်ချင်စိတ် ဖြစ်စေရမယ်။ နောက်ပြီး အဲ့ဒါက မြင်းစီးသလိုမျိုး ကဆုန်ပေါက်နေတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်ရမယ်။ '
သူ့ရဲ့ စိတ်ထဲတွင် သူ့အတွက်တော့ ရင်းနှီးပြီး ကြောက်ဖို့ကောင်းသည့် သီချင်းတစ်ပုဒ်ရဲ့ နာမည်က ချက်ချင်းပဲ ပေါ်လာခဲ့သည်။
' နိမေကလွှား ၊ အဲ့ဒါက ဂမ်းနမ်းစတိုင်ကြီး မဟုတ်ဘူးလားဟ။ '
အတိတ်ဘဝတုန်းက သူသည် လင်ပေ့ဖန်ရဲ့ အမိန့်ကို လိုက်နာပြီး သူ့ရဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်လာခဲ့သည်။
ထို့နောက် လင်ပေ့ဖန်က သူ့ကို ဂမ်းနန်းစတိုင်သီချင်းထုတ်ပေးပြီး ကပြ သီဆိုဖျော်ဖြေခိုင်းခဲ့သည်။သူ့မျက်လုံးထဲမှာတော့ ထိုသီချင်းက ရသကင်းမဲ့ပြီး အခြေအမြစ်မရှိသော ပေါက်ကရ သီချင်းတစ်ပုဒ်ဖြစ်နေခဲ့သည်။
သို့သော်လည်းပဲ ထိုသီချင်းထွက်လာပြီးမကြာခင်မှာပင် ထိုသီချင်းက တစ်ကမ္ဘာလုံးတွင် ရေပန်းစားလာခဲ့ပြီး ထိုသီချင်းထဲက အကကိုလည်း လူတိုင်းက အတုခိုး၍ လိုက်ကခဲ့ကြသည်။
ထို့ပြင် ထိုမြင်းစီးအကကြောင့် လူတိုင်းက သူ့ကိုတောင် ချစ်စနိုးဖြင့် ' အစ်ကိုဌက် ' ဟု ခေါ်ဆိုခဲ့ကြသည်။
သို့သော်လည်းပဲ သူသည် တစ်ကမ္ဘာလုံးတွင် ကျော်ကြားလာခဲ့သော်လည်း အတော်လေး အရှက်ရသလို ခံစားနေခဲ့ရသည်။
ဘာကြောင့်လဲဆိုတော့ ထိုအချိန်တုန်းက သူ့ကို လင်ပေ့ဖန်က ( စကော့တလန်အမျိုးအသားဝတ် ရိုးရာကော့လ် ) အနီရောင်ဒူးဖုံး စကဒ် ကို ဝတ်ဆင်ပြီး ကပြဖျော်ဖြေခိုင်းခဲ့တာကြောင့်ဖြစ်သည်။ ထို့ပြင် ထိုအကက အတော်လေး ဆွဲဆောင်မှုရှိပြီး မျက်စိပဒသာဖြစ်လွန်းတာကြောင့် သူ့မျက်လုံးများကို ထိုစကဒ်ဖြင့် ဖုံးအုပ်လုနီးပါးဖြစ်စေခဲ့သည်။
သူသည် တစ်ကမ္ဘာလုံးရှိ ပရိတ်သတ်များ၏ ရှေ့တွင်လည်း ထိုအကကို အကြိမ်ပေါင်းရာနဲ့ချီ ကပြပြီး ဖျော်ဖြေခဲ့ရသည်။
အခု ပြန်စဉ်းစားကြည့်ပြီး ထိုအရာက သူ့အတွက် တော့ အိမ်မက်ဆိုးကြီးတစ်ခုဖြစ်နေခဲ့သည်။
တကယ်တော့ ထိုသီချင်းကို သူသည် အခုထိ သီဆိုနိုင်စဲဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ထိုသီချင်းက သူ့အတိတ်ဘဝတွင် ကမ္ဘာတစ်ဝန်းလုံးမှာ နာမည်ကြီးခဲ့သည့် သီချင်းတစ်ပုဒ်ဖြစ်တာကြောင့် ၎င်းကို မသီဆိုဘဲ ထားတာက နှမြောစရာ ကောင်းသည်။
သို့သော်လည်းပဲ အဝတ်အစားနှင့် အကကိုတော့ ပိုကောင်းအောင် ပြုပြင် ပြင်ဆင်ဖို့ လိုသည်။
' အရမ်း မျက်စိပဒဿဖြစ်လို့မရဘူး။ '
လုမိုပိုင်သည် ထိုအတွေးကိုတွေးပြီး အကြံရသွားခဲ့သည်။
ထို့ပြင် သူသည် ထိုအကြောင်းကို ပိုပြီးတွေးလေလေ ၊ ထိုအတွေးက ဖြစ်နိုင်သလို ခံစားခဲ့ရသည်။
" ငါ ဆုံးဖြတ်လိုက်ပြီ ၊ငါ ပထမဦးဆုံး ပွဲဦးထွက်မယ့်သီချင်းက ' ဂမ်းနန်းစတိုင် ' ပဲ ။ "
ထို့ကြောင့် သူသည် ' နဂါးဘုရင်ရဲ့ သမက်တော် ' ဝတ္ထုကို ညတွင်းချင်း စာလုံးရေငါးသောင်းရေးပြီးနောက် ထိုကိစ္စများကို ပြင်ဆင်ဖို့အတွက် ကုမ္ပဏီသို့ ချက်ချင်းပဲ ပြန်လာခဲ့သည်။
ထိုစဉ် အင်တာနက်ပေါ်တွင် ' နဂါးဘုရင်ရဲ့သမက်တော် ' ဝတ္ထုကို အပိုင်းသစ်တင်ထားသောကြောင့် အုတ်သောင်းအုတ်နင်းဖြစ်စေခဲ့သည်။
" နိမေဘိုးရေ ၊ ဒီဝတ္ထုက စာလုံးရေ ငါးသောင်းရှိတဲ့ အပိုင်းသစ်ကို နောက်တစ်ကြိမ် ထပ်တင်ခဲ့ပြီ။ ဂုဏ်ပြုပါတယ် နဂါးဘုရင် ။ မင်း ဘယ်လိုနည်းနဲ့ ခြေထောက်ဆေး မလဲဆိုတာကို ငါတို့ မြင်နိုင်တော့မယ်။ အာ ၊ အရမ်းပဲ လန်းဆန်းသွားတာပဲ ။ဟဲဟဲ..။ "
" ငါ အရင်တုန်းက ဒီဝတ္ထုကို မကောင်းဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒီဝတ္ထုကို ငါပိုဖတ်လေလေ ၊ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းလာလေပဲ ။ "
" ခင်ဗျား ပြောတာ အမှန်ပဲ။ အရမ်းပဲ ဘုန်းတန်ခိုးဩဇာကြီးမားတဲ့ နဂါးဘုရင်တောင် ဒီလိုမျိုး ဆင်းရဲဒုက္ခ နဲ့ နေနေရတာကို မြင်ပြီး ၊ ငါ့ကိုယ်ကိုယ်ငါ ပိုပြီးတော့တောင် ယုံကြည်မှုရှိလာတယ်။ "
" နဂါးဘုရင်ရဲ့ သမက်တော် ဝတ္ထုက ငါ့ရဲ့ ခြေဆေးမြို့တော်မှာ မဖြစ်မနေ ဖတ်ရမယ့် ဝတ္ထုတစ်ပုဒ်ဖြစ်လာနေပြီ။ "
" ဒီဝတ္ထု ရပ်နေတာ ကြာနေတော့ စာရေးဆရာကို နဂါးဘုရင်က ရှင်းလိုက်ပြီလို့တောင် ငါက သံသယဝင်နေမိတာ။ ဘာပဲဖြစ်ဖြစ် သူက ဝတ္ထုထဲက လူတွေကို အရမ်းပဲ သနားစရာကောင်းအောင်ရေးခဲ့တာလေ။ ဒါကြောင့် သူ့ကို ဝတ္ထုထဲက လူ တစ်ယောက်ယောက်ထွက်လာပြီးတော့ ရိုက်သက်သွားတာဖြစ်နိုင်တယ်လို့ ငါက ထင်နေတာ။ "
" ငါမင်းတို့ကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။တကယ်တော့ ကျိုရှင်းလို့ခေါ်တဲ့ နဂါးဘုရင် တစ်ယောက် အပြင်မှာ တကယ်ရှိတယ်။ "
လုံယ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဌာနချုပ်တွင် နဂါးဘုရင်ကျိုရှင်းသည် အပိုင်းသစ်တင်ထားတဲ့ ' နဂါးဘုရင်ရဲ့ သမက်တော် 'ဝတ္ထုကို ကြည့်ပြီး ဒေါသအကြီးအကျယ်ထွက်နေခဲ့သည်။
" မင်းတို့ ဒီဝတ္ထုကို ရေးတဲ့ နောက်ကွယ်က လူယုတ်မာစာရေးဆရာအကြောင်းကို မသိသေးဘူးလား။ "
အနက်ရောင်ဝတ်လူတစ်ယောက်ချင်းစီသည် တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေခဲ့သည်။
" နဂါးဘုရင်... မသိသေးပါဘူး။
" အသုံးမကျတဲ့ကောင်တွေ " နဂါးဘုရင်က ဒေါသတကြီးဖြင့် ဟောက်ခဲ့သည်။
" ဒါပေမဲ့ နဂါးဘုရင် ၊နဂါးဘုရင်ရဲ့ ညွှန်ကြားချက်တွေအတိုင်း ကျွန်တော်တို့ ဝူကောအကြောင်းကို နောက်တစ်ကြိမ် ထပ်မံပြီး စုံစမ်းစစ်ဆေးကြည့်တော့ တကယ်ပဲ သူ့မှာ ထူးခြားမှုအချို့ရှိတာကို ကျွန်တော်တို့ ရှာတွေ့ခဲ့ပါတယ်။ နဂါးဘုရင် ၊ကျေးဇူးပြုပြီး တချက်လောက်ကြည့်ပေးပါဦး ။ " အနက်ရောင်ဝတ်လူတစ်ယောက်က ကြောက်ရွံ့စွာဖြင့် အစီအရင်ခံစာတစ်စောင်ကို ထုတ်ယူခဲ့သည်။
" အဲ့ဒါကို ၊ဒီကို ယူလာခဲ့စမ်း ။ "