← Chapters

အခန်း (၁၄၁)

Vol. 10 Ch. 141

အခန်း (၁၄၁)

Vol. 10 Ch. 141

နဂါးဘုရင်ကျိုရှင်းသည် အစီရင်ခံစာကို ကောက်ယူပြီး တချက်ကြည့်ခဲ့သည်။

ထိုအစီအရင်ခံစာက တကယ်တော့ ဓာတ်ပုံများသာဖြစ်သည်။ထိုဓာတ်ပုံတွေထဲရှိ ဓာတ်ပုံတစ်ပုံက ဝူကောပုံဖြစ်ပြီး အခြားတစ်ပုံကတော့ ဖတ်တီးကြီး တစ်ယောက်ရဲ့ ပုံဖြစ်သည်။

ကျိုရှင်းသည် ထိုဖတ်တီးကြီးကို ဝူကောက ဖတ်တီးဝမ်လို့ ခေါ်တာကို သိသည်။ထို့ပြင် ထိုဖတ်တီးကြီးက ဝူကော၏ အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ်သည်။သို့သော်လည်းပဲ သူသည် ထိုဓာတ်ပုံများကို သူ့လက်အောက်ငယ်သားများက သူ့ကို ဘာကို ဆိုလိုပြီး ပေးတယ်ဆိုတာကို မသိပေ။

ထိုအချိန်တွင် အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်က ကျိုရှင်းကို တင်ပြခဲ့သည်။

" နဂါးဘုရင်ကို တင်ပြပါတယ်။ကျွန်တော်တို့ ဝူကောအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်စုံစမ်းစစ်ဆေးပြီးတဲ့အခါမှာ ဝူကောက တကယ်တော့ ဂူသင်္ချိုင်းဖောက်သူတစ်ယောက်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ရှာတွေ့ခဲ့ပါတယ်။ သူက ရှေးဟောင်းဂူသင်္ချိုင်းအချို့က ရတနာတွေနဲ့ ရှေးဟောင်းပစ္စည်းတွေကို မကြာခဏ ခိုးယူပြီးတော့ ပြန်ရောင်းပါတယ်။ "

" နဂါးဘုရင် ၊ဝူကောမှာ ဖတ်တီးဝမ်လို့ လူသိများတဲ့ လုပ်ဖော်ကိုင်တစ်ယောက်လည်း ရှိပါတယ်။ အဲ့ဒီလူကတော့ ဓာတ်ပုံထဲက ဖတ်တီးကြီးပါ။ နောက်ပြီး သူက တင်းယွင်ရွမ်လို့ အမည်ရတဲ့ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။ ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကလည်း သေအတူရှင်မကွာ ညီအစ်ကိုလို ဆက်ဆံရေးမျိုးဖြစ်ပါတယ်။ နဂါးဘုရင်။"

" သူတို့ဂူသင်္ချိုင်းဖောက်ပြီးရတဲ့ ရှေးဟောင်းပစ္စည်းတွေကိုလည်း အဲ့ဒီဆိုင်ကနေတဆင့် အဓိကထားပြီးတော့ ရောင်းချပါတယ်။ "

" ဝူကောက တခါတုန်းက လင်ပေ့ဖန် ရှေးဟောင်းပစ္စည်းဝယ်မယ်ပြောတော့ သူ့ကို တင်းယွင်ရွမ်ကို ခေါ်သွားပြီးတော့ ယွမ်သုံးဘီလီယံကျော် ထိုက်တန်တဲ့ စုန်ဟွေ့ကျုံးရဲ့ မိတ္တူစာအုပ် နဲ့ ဝမ်ကျွမ်းရဲ့ ရှေးဟောင်းပစ္စည်းတွေကို ယွမ်သန်းနှစ်ဆယ်ကျော်ထဲနဲ့ လင်ပေ့ဖန် ဝယ်ယူလို့ရအောင်လို့ သူက ဖတ်တီးဝမ်ကို ပြောပြီး လုပ်ပေးခဲ့ပါတယ်။အဲ့ဒါက တကယ့်ကို ထူးဆန်းပါတယ်။ "

" နောက်ပြီး ဝယ်ယူနေစဥ်အတွင်းမှာလည်း သူ့နဲ့ ဖတ်တီးဝမ်တို့နှစ်ေယာက်က တစ်ယောက်နဲ့တစ်ယောက် မသိသလိုမျိုး ဟန်ဆောင်နေတာက အတော်လေးကို သံသယဖြစ်စရာကောင်းပါတယ်။ "

" ဒါကြောင့် သူတို့နှစ်ယောက်က လင်ပေ့ဖန်အတွက် သရုပ်ဆောင်နေကြတာလို့ ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေက ခန့်မှန်းခဲ့ကြပါတယ်။ေနာက်ပြီး သူတို့က ယွမ်သုံးဘီလီယံကျော်တန်ကြေးရှိတဲ့ ရှေးဟောင်းရတနာတွေကို စတေးပြီးတော့ လင်ပေ့ဖန်ရဲ့ ယုံကြည်မှုကို ရရှိခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ ဝူကောက သိသိသာသာ ထင်ပေါ်ကျော်ကြားလာခဲ့ပါတယ်။ "

" ဒါပေမဲ့ ကျွန်တော်တို့နားမလည်တဲ့ အရာတစ်ခုရှိပါတယ် နဂါးဘုရင်။ သူတို့ လင်ပေ့ဖန်ရဲ့ ယုံကြည်မှု ရရှိဖို့အတွက်နဲ့ ယွမ်သုံးဘီလီယမ်ကျော်တဲ့ ရတနာတွေကို စတေးတာက တကယ်ပဲ ထိုက်တန်လို့လား နဂါးဘုရင်။ "

" သူတို့မှာ ပိုကြီးတဲ့အကြံအစည်တစ်ခုခုရှိလို့နေမယ်။ ဒါပေမဲ့ ယွမ်သုံးဘီလီယံကျော်နဲ့ နှိုင်းယှဉ်နိုင်တဲ့ အကျိုးအမြတ်က ဘာအကျိုးအမြတ်များ ရှိမှာမို့လို့လဲ။ "

" မဟုတ်ဘူး ။ အဲ့ဒါအမှန်မဖြစ်နိုင်ဘူး။ သူတို့က လင်ပေ့ဖန်အတွက် သရုပ်ဆောင်နေတာ မဟုတ်ဘူး။သူတို့က ငါတို့ကို လှည့်စားဖို့အတွက် သရုပ်ဆောင်နေတာ။ သူနဲ့ လင်ပေ့ဖန်က အစကတည်းက တစ်ဖွဲ့ထဲပဲ။ သူတို့နှစ်ယောက်ပေါင်းပြီးတော့ ငါတို့ကို အစကတည်းက လှည့်စားနေတာ။ မအေမွေးတွေ.."

နဂါးဘုရင်ကျိုရှင်းသည် ဒေါသအရမ်းထွက်တာကြောင့် စားပွဲပေါ်က ဖန်ခွက်ကို ပစ်ခွဲခဲ့သည်။

အနက်ရောင်ဝတ်လူများသည် ထိတ်လန့်သွားခဲ့သည်။

" အာ.....နဂါးဘုရင် "

ကျိုရှင်းသည် စားပွဲပေါ်က ဖန်ခွက်ကို ပစ်ခွဲပြီးနောက် ဒေါသထွက်နေသေးတာကြောင့် သူသည် ဘေးနားရှိ ပစ္စည်းများကို ထပ်မံ ရိုက်ခွဲခဲ့သည်။

သူသည် အစတုန်းက လင်ပေ့ဖန်ကို ဝူကော ချဉ်းကပ်လာတာက အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအတွက် မဟုတ်ရင် အဖိုးတန်ရတနာအချို့ကြောင့်ဟု ထင်ခဲ့သည်။

' ဒါပေမဲ့ ဘယ်လို အကြံအစည်မျိုးက ယွမ်သုံးဘီလီယံကျော်နဲ့ နှိုင်းယှဉ်နိုင်မှာလဲ။ '

' ဒီလောက်အဖိုးတန်တဲ့ ယွမ်သုံးဘီလီကျော်တန်ဖိုးရှိတဲ့ ရတနာတွေကို အသုံးမလိုတဲ့ ပစ္စည်းလိုမျိုး ဘယ်သူက ပေးပစ်ဖို့ဆန္ဒရှိမှာလဲ။ '

' ဒါတွေအားလုံးက လုံးဝယုတ္တိမရှိဘူး။ '

' ဒါကြောင့် ဒါတွေအားလုံးက ငါ့ကို ဆန့်ကျင်ဖို့အတွက် သူတို့နှစ်ယောက်ရဲ့ ပူးပေါင်းကြံစည်မှုတစ်ခုပဲဖြစ်ရမယ်စ။ '

' တကယ်တော့ ဝူကောက လင်ပေ့ဖန်ရဲ့ လူယုံ အစကတည်းက ဖြစ်နေနိုင်တယ်။ '

' သူတို့နှစ်ယောက်က အစကတည်းက ပူးပေါင်းပြီးတော့ ငါ့အာရုံကို ဆွဲဆောင်ဖို့အတွက် ထောင်ချောက်တစ်ခု စီစဉ်ခဲ့တာဖြစ်ရမယ်။ နောက်ပြီး သူတို့က အစကနေအဆုံးထိ ငါ့ကို အသုံးချ တပတ်ရိုက်ပြီးတော့ လှည့်စားခဲ့တာဖြစ်မယ်။ '

အခုမှ ကျိုရှင်းသည် အမှန်တရားကို မြင်နိုင်ခဲ့သည်။

အစတုန်းက သူသည် လင်ပေ့ဖန်၏ ကုမ္ပဏီသို့ ခိုးဝင်ရန်အတွက် တစ်စုံတစ်ယောက်ကို စေလွှတ်၍ အလုပ်လျှောက်ထားခိုင်းခဲ့သော်လည်း လင်ပေ့ဖန်က တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရှာတွေ့ခဲ့သောကြောင့် အင်တာဗျူးကို သူကိုယ်တိုင် စစ်ဆေးပြီး သူစေလွှတ်ခဲ့သမျှ လူတိုင်းကိုလည်း ဖယ်ထုတ်ပစ်ခဲ့သည်။

ထို့နောက် လင်ပေ့ဖန်သည် အပြစ်ကင်းစင်တဲ့ပုံသဏ္ဏာန်ရှိပြီး လူစိမ်း တစ်ယောက်ဖြစ်သော ဝူကောကို မိတ်ဆက်ပေးခဲ့သည်။

ထို့ပြင် သူသည် လင်ပေ့ဖန်ကုမ္ပဏီမှ ဝန်ထမ်းအချို့ကို ငွေပေးပြီး သူ့ဘက်ပါအောင် ဆွဲခေါ်ဖို့ကြိုးစားခဲ့သော်လည်း လင်ပေ့ဖန်က ရှာဖွေ တွေ့ရှိခဲ့သည်။

ထို့ကြောင့် လင်ပေ့ဖန်သည် အပြစ်ကင်းစင်တဲ့ ပုံသဏ္ဏာန် ရှိသော ဝူကောကို သူ့လူတွေနဲ့ ဆက်သွယ်ခိုင်းပြီး သူရဲ့ အကြောင်းများ ၊သူ ဝယ်ယူသော စတော့ဈေးကွက်များအကြောင်း နှင့် ကုမ္ပဏီရှိ သစ္စာဖောက်များ၏ အကြောင်းကိုပါ ရှာဖွေခိုင်းခဲ့သည်။ တချိန်တည်းမှာပဲ လင်ပေ့ဖန်သည် ဝူကောကို ရာထူးမြင့်မြင့်ပေးခဲ့သည်။

ထို့နောက် သူ့ကို ဆွဲဆောင်ရန်အတွက် လင်ပေ့ဖန်နှင့် ဝူကောတို့သည် ပြပွဲတစ်ခုကို သရုပ်ဆောင်ပြီး ဖျော်ဖြေခဲ့ကြသည်။

ထိုပြပွဲတွင် ဝူကောသည် တင်းယွင်ရွမ်ကို သွားပြီး ရှေးဟောင်းပစ္စည်းသွားဝယ်ချိန်တွင် သူ့ရဲ့ ကျွမ်းကျင်တဲ့ ရတနာပစ္စည်း အကဲဖြတ်နိုင်စွမ်းကို ပြသခဲ့သည်။ထို့ပြင် သူ့ရဲ့ သူဌေးကိုလည်း ယွမ်သုံးဘီလီယံကျော် တန်တဲ့ ရတနာပစ္စည်းကို ကူရွေးပေးခဲ့ပြီး ကုမ္ပဏီရှိ သူ့ရဲ့ အဆင့်အတန်းကို တည်ငြိမ်သွားစေခဲ့သည်။ ၎င်းက သူတို့အတွက်တော့ မိမိကိုယ်ပိုင်ပစ္စည်းတစ်ခုကို ဘယ်လက်ထဲကနေ ညာလက်သို့ ပြောင်းလိုက်သလိုမျိုး ဆုံးရှုံးစရာ ဘာမှ မရှိ ပေ။

သို့သော်လည်းပဲ သူတို့သည် ကျိုရှင်း၏ ယုံကြည်မှုကို လှည့်စား၍ ရယူနိုင်ခဲ့ပြီး သူတို့၏ အစီအစဥ်ကလည်း အောင်မြင်သွားခဲ့သည်။

ထို့နောက် ဝူကောသည် သူ့ကို ရောင်းဝယ်မှု ဆိုင်ရာ သတင်းအမှားများကို ပေးပို့၍ သူ့ကို ဆုံးရှုံးစေပြီး လင်ပေ့ဖန်ကို အကျိုးအမြတ် ရရှိစေခဲ့သည်။

သူ့ရဲ့ ပိုက်ဆံ ယွမ် ဘီလီယံ နှစ်ဆယ်ကျော်ကိုလည်း ထိုလူယုတ်မာ နှစ်ယောက်က လိမ်လည်လှည့်ဖြားသွားခဲ့သည်။

' အကယ်၍ ငါသာ ဒါအဖြစ်မှန်ကို ရှာမတွေ့ခဲ့ရင် ၊သူတို့နှစ်ယောက်လှည့်စားတာကို ငါဆက်ပြီးတော့ ခံနေရဦးမှာပဲ။ '

' ပြီးတော့ ငါက သူတို့နှစ်ယောက် အသုံးချခံ ဖြစ်နေဦးမှာပဲ။ '

ကျိုရှင်းသည် ထိုအကြောင်းကို တွေးပြီး ထိတ်လန့်သွားခဲ့သည်။

' သူတို့နှစ်ယောက် ငါ့ဘက်လှည့်လာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိဘူး။ '

အထူးသဖြင့် ထိုနှစ်ယောက်သည် သူ့ကွယ်ရာတွင် ဟားတိုက်ပြီး လှောင်ရယ်နေပုံကို တွေးမိချိန်တွင် သူသည် သေချင်စိတ်တောင် ပေါက်လာခဲ့သည်။တချိန်တည်းမှာပင် သူသည် အတော်လေး နောင်တရနေခဲ့သည်။

တကယ်တော့ လင်ပေ့ဖန်နှင့် ဆက်ဆံရတာက အစကတည်းက မလွယ်ကူတာကို သူ တွေးမိခဲ့သင့်သည်။

ကျိုရှင်းရဲ့အတိတ်ဘဝတုန်းကလည်း လင်ပေ့ဖန်သည် ထိုနည်းလမ်းဖြင့် သူ့ရဲ့ ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် ရှင်းပစ်ခဲ့သည်။

ရလဒ်အနေဖြင့် သူသည် ပြန်လည်မွေးဖွားလာခဲ့ပြီးနောက်တွင်လည်း သတိလက်လွှတ်ဖြစ်နေတုန်းပဲဖြစ်သည်။

' ငါ အခု ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူပြီးတော့ ရုန်းထွက်ဖို့လိုနေပြီ။ '

" တစ်ယောက်ယောက်လာစမ်း " ကျိုရှင်းသည် ကျယ်လောင်စွာဖြင့် ပြောခဲ့သည်။

" နဂါးဘုရင် ၊ ကျွန်တော်တို့ကို ဘာအမိန့်များညွှန်ကြားစရာ ရှိပါသလဲ ။ " အနက်ရောင်ဝတ်လူများက သံပြိုင် ပြန်ဖြေခဲ့ကြသည်။

" ဗာဂျရာ ရှစ်ယောက်ကို ခေါ်ပြီး ဝူကောကို သွားရှင်းခိုင်းလိုက်။ " ကျိုရှင်းက ကျယ်လောင်စွာဖြင့် ပြောခဲ့သည်။

သူသည် အခုချိန်တွင် လင်ပေ့ဖန် နှင့် မရှုပ်ရဲသေးသော်လည်း ဝူကောလို ငချွတ်လေးတစ်ယောက်ကိုတော့ အေးအေးဆေးဆေး ရှင်းပစ်နိုင်သည်။

" ဟုတ်ကဲ့ ၊ နဂါးဘုရင်။ " အနက်ရောင်ဝတ်လူများက ပြန်ဖြေခဲ့ကြသည်။

ထိုညတွင် ဝူကောနှင့် ဖတ်တီးဝမ်တို့သည် ညစားစားပြီးနောက် အပြင်သို့ လမ်းလျှောက်ထွက်ခဲ့သည်။

ထိုအချိန်တွင် အနက်ရောင်အင်္ကျီ ဝတ်ထားသော ယောင်္ကျားကြီး ရှစ်ယောက်သည် သူတို့ကို ရုတ်တရက် တိုက်ခိုက်ပြီး ဝိုင်းရံခဲ့ကြသည်။

ဝူကောနှင့် ဖတ်တီးဝမ်တို့သည် တစ်ယောက်နှင့် တစ်ယောက် ကျောချင်းကပ်ပြီး ပြန်လည်ခုခံဖို့ ပြင်ဆင်ထားခဲ့ကြသည်။

ဝူကောသည် သူတို့နှစ်ဖက်စလုံးရှိ ခွန်အားကို နှိုင်းယဉ် ကြည့်လိုက်ချိန်တွင် ထိုလူတွေ၏ ခွန်အားက သူ့အောက်မလျော့ကြောင်းကို ရှာတွေ့ခဲ့သည်။သို့သော်လည်းပဲ ထိုလူတွေဘက်တွင် လူရှစ်ယောက်ရှိပြီး သူတို့ဘက်တွင်တော့ လူနှစ်ယောက်သာရှိသည်။ ထို့ပြင် ထိုလူတွေဘက်တွင်လည်း ဖတ်တီးဝမ်လို ဖတ်တီးကြီးတစ်ယောက်ရှိနေခဲ့သည်။ထို့ကြောင့် သူတို့နှစ်ဖက်အင်အားက အတော်လေး ကွာဟနေခဲ့သည်။

သူသည် ခါးခါးသီးသီးပြုံးပြီး ဝမ်ပန်ဇီကို မေးလိုက်သည်။

" ဖတ်တီး ၊ မင်း ပစ္စည်း အတုတွေ နောက်တစ်ခါရောင်းပြီးတော့ ဘယ်သူ့ကို ရန်စခဲ့တာလဲ။ "

" မရောင်းပါဘူးဟ။ နောက်ဆုံး ယွမ် သုံးဘီလီယံ ရှုံးပြီးကတည်းက ငါ ဆိုင်ပိတ်ထားခဲ့တာ အခုချိန်ထိပဲ။ "

" ငါ သူများကို လိမ်ညာဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

ထို့နောက် ဖတ်တီးဝမ်သည် သူ့လက်သီးကို ဝှေ့ယမ်းပြီး ခြိမ်းခြောက်ခဲ့သည်။

" မင်းတို့က ဘယ်သူတွေလဲ။ မင်းတို့ ငါတို့ကို ဘာလုပ်ချင်လို့လဲ။ ငါ မင်းတို့ကို ပြောလိုက်မယ်။ ငါ ဆရာဖတ်တီးနဲ့ လာမရှုပ်နဲ့နော်။ မင်းတို့ အားလုံး ဝူရှူးဝါးတွေ ဖြစ်ကုန်မယ်။ မင်းတို့ ငါ့လက်သီးလိုမျိုး ပန်းကန်လုံးအရွယ်အစားလောက်ရှိတဲ့ လက်သီးမျိုးကို မြင်ဖူးလို့လား။ "

အနက်ရောင်အင်္ကျီဝတ်အမျိုးသား ရှစ်ယောက်သည် တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပြီး ညာသံပေးကာ ဝူကော နှင့် ဖတ်တီးဝမ်တို့ကို အရင်ဦးဆုံး တိုက်ခိုက်ခဲ့ကြသည်။

သူတို့တိုက်ခိုက်ပြီး မကြာခင်မှာပင် ဂူသင်္ချိုင်း ဖောက်သူနှစ်ယောက်သည် တစ်ကိုယ်လုံး ရစရာမရှိအောင် ရိုက်နှက်ခံခဲ့ရသည်။

" မင်းတို့ကောင်..... " ဖတ်တီးဝမ်သည် ပန်းကန်လုံးအရွယ်လက်သီးဖြင့် အချက်အနည်းငယ် ထိုးခံထိသောကြောင့် ကျယ်လောင်စွာဖြင့် အော်ဟစ်ခဲ့သည်။

" ဝူကော ၊ ငါတို့ အခုဘာလုပ်သင့်လဲ ။ "

" ငါတို့ ဘာလုပ်လို့ ရနိုင်မှာလဲ။ ငါတို့ သူတို့ကို မတိုက်နိုင်ရင် ဝေးဝေး ပြေးကြတာပေါ့။ "

" ဒါအမှန်ပဲ ၊ ဝေးဝေးပြေးကြတာပေါ့။ "

သူတို့နှစ်ယောက်သည် တိုက်ခိုက်ရာတွင် မကျွမ်းကျင်သော်လည်း ထွက်ပြေးတဲ့ နေရာမှာတော့ သူတို့နှစ်ယောက်က ဆရာနှစ်ဆူပဲဖြစ်သည်။

အဲ့လိုမှမဟုတ်လျှင် အချိန်အကြာကြီးကတည်းက သူတို့နှစ်ယောက်သည် ဂူသင်္ချိုင်းထဲတွင် သေပြီးနေပြီ ဖြစ်သည်။

ထို့နောက် သူတို့နှစ်ယောက်သည် ဘောလုံးသေးသေးလေးတစ်လုံးကို ထုတ်ယူပြီး မြေပြင်သို့ ခပ်ကြမ်းကြမ်း ပစ်ခွဲခဲ့သည်။ ထိုဘောလုံးလေး ပေါက်ကွဲသွားပြီး မကြာခင်မှာင် တစ်ဆယ်မီတာကျော် အချင်းဝက်ထိ ဖုံးလွှမ်းသွားစေနိုင်သော မီးခိုးရောင်အငွေ့များ ထွက်ပေါ်လာခဲ့သည်။

ထိုမီးခိုးရောင် အငွေ့များသည် လူတွေကို ဘာမှမ မြင်နိုင်စေရုံသာမက လူတွေရဲ့ မျက်လုံးများကိုလည်း အလွန်အမင် စပ်စေတာကြောင့် လူတွေကို မျက်လုံး ဖွင့်မကြည့်ရဲအောင်ဖြစ်စေသည်။

ဝူကောနှင့် ဖတ်တီးဝမ်တို့သည် ထိုအချိန်ကို အခွင့်ကောင်း ယူပြီး လစ်ပြေးခဲ့ကြသည်။

" သူတို့နောက်ကို လိုက်။ "

" သူတို့ကို အဝေး ထွက်မပြေးစေနဲ့။ “

All Chapters