အခန်း (၁၄၂)
Vol. 10 Ch. 142
အနက်ရောင်ဝတ်လူရှစ်ယောက်၏ လိုက်ဖမ်းမှုအောက်တွင် ဝူကော နှင့် ဖတ်တီးဝမ်တို့သည် သူတို့၏ အသက်ကို ကယ်တင်ရန်အတွက် အသက်လုပြီး ထွက်ပြေးခဲ့ကြသည်။
သို့သော်လည်းပဲ ဖတ်တီးဝမ်သည် အရမ်းဝလွန်းတာကြောင့် သူ့ရဲ့ ပြေးနှုန်း နှင့် သက်လုံက တစ်ခြားသူတွေလောက် သိပ်မကောင်းပေ။ထို့ကြောင့် သူသည် အမြဲတမ်း ခဏကြာ ပြေးပြီးတိုင်း အဖမ်းခံရ၍ ခပ်ကြမ်းကြမ်း ထုထောင်းရိုက်နှက်ခံရပြီးနောက် သူသည် ဆက်လက်၍ ပြေးခဲ့သည်။
ဝူကောသည်လည်း ဖတ်တီးဝမ်ကို စောင့်တာကြောင့် သူ့ နှင့်အတူ ရောယောင်ပြီး အရိုက်ခံခဲ့ရသည်။
" မအေမွေး ဖတ်တီး ၊ မင်း ကြည့်လိုက် မင်း နောက်တစ်ခါ အလုပ်ကောင်းကောင်းထပ်လုပ်နိုင်ခဲ့ပြန်ပြီ။ " ဝူကောက စောဒကတက်ခဲ့သည်။
" ဒီအတွက် မင်းငါ့ကို ဘယ်လိုလုပ် အပြစ်တင်လို့ရမှာလဲဟ။ ငါက လိမ်ညာရတာ ကြိုက်တာကို။ဒါပေမဲ့ ငါ့မှာ အမြင်ကောင်းတော့ ရှိသေးတယ်။ ငါ စော်ကားလို့မရတဲ့ သူတွေကို ငါ သေချာပေါက် စော်ကားမှာမဟုတ်ဘူး။ ပြီးတော့ ဒီအနက်ရောင်ဝတ်လူရှစ်ယောက်ကိုလည်း ငါ သေချာပေါက်မစော်ကားခဲ့ဘူး။ငါထင်တာတော့ မင်းပဲ တစ်ခြားလူတွေကို စော်ကားခဲ့တာဖြစ်ရမယ်။ ငါဆရာဖတ်တီးက မင်းနဲ့ ရောယောင်ပြီးတော့ ရိုက်နှက်ခံခဲ့ရတာပဲ ဖြစ်မယ်။ "
" ငါလား ။"
ဝူကော၏ စိတ်ထဲတွင် ပထမဆုံးအတွေးဝင်လာတာကတော့ လင်ပေ့ဖန်ပဲဖြစ်သည်။ဘာကြောင့်လဲဆိုတော့ လင်ပေ့ဖန်ကသာ သူ့ရဲ့ ရန်သူ ဖြစ်သောကြောင့် ဖြစ်ပြီး လင်ပေ့ဖန်တွင်လည်း ထို့သို့ လုပ်နိုင်စွမ်းမျိုးရှိသည်။
သို့သော်လည်းပဲ သူ့စိတ်ထဲတွင် ထိုအတွေးပေါ်လာသည်နှင့် တပြိုင်နက် ကွယ်ပျောက်သွားလေသည်။
အခု သူတို့နှစ်ယောက်ကြားရှိဆက်ဆံရေးက ကောင်းတာကြောင့် လင်ပေ့ဖန်သည် သူ့ကို လိုက်ဖမ်းဖို့အတွက် တစ်စုံတစ်ယောက်ကို စေလွှတ်လိမ့်မည်မဟုတ်ပေ။
ထို့ပြင် လင်ပေ့ဖန်သည် ထိုကဲ့သို အပြုအမှုမျိုးကို မလုပ်နိုင်ပေ။
အကယ်၍ လင်ပေ့ဖန်သာ သူ့ကို တကယ်လုပ်ချင်ပါက သူ့တွင် ပိုကောင်းတဲ့ နည်းလမ်းတစ်ခုရှိနိုင်သည်မဟုတ်ပါလော။ ဘာလို့ အလုပ်ရှုပ်ခံမည်နည်း။
" ငါတော့ မဖြစ်နိုင်ဘူး။ ငါ ဒီရက်ပိုင်း အလုပ်ထဲမှာ ဘာတစ်ခုမှ မလုပ်ရသေးဘူး။ "
" အခု အဲ့ကြောင်းကို ပြောနေရမယ့်အချိန်မဟုတ်ဘူး။အခု မေးရမှာက သူတို့လက်ထဲကနေ လွတ်မြောက်ဖို့ငါတို့ ဘာလုပ်သင့်လဲဆိုတာပဲ....။ "
" ဝူကော ကျေးဇူးပြုပြီးတော့ နည်းလမ်းတစ်ခုစဉ်းစားဦး။ မဟုတ်ရင် ငါတို့ သေတဲ့အထိ ရိုက်ခံရလိမ့်မယ်။ ငါတို့ ပြေးနေရတာ ကြာတော့ ပင်ပန်းနေပြီ။ "
ဖတ်တီးဝမ်က မောပန်းနေသော လေသံဖြင့် ပြောခဲ့သည်။
" ငါတို့ ရဲစခန်းကို ရောက်တဲ့အချိန်ကျရင်တော့ သူတို့ ငါတို့နောက်ကို လိုက်ရဲမှာ မဟုတ်လောက်တော့ဘူး။ "
" ငါတို့ ရဲစခန်းကိုသွားလို့မရဘူး။ "
" ဘာလို့သွားလို့မရတာလဲ။ "
" ငါတို့ဘာအလုပ် လုပ်လဲဆိုတာကို မင်းမေ့သွားပြီလား။ အကယ်၍ ရဲတွေသာ ငါတို့ဘာအလုပ်လုပ်လဲဆိုတာကို ရှာတွေ့သွားရင် ငါတို့ထောင်ထဲဝင်ရမှာ အသေအချာပဲ။ "
" မင်းက ဒီအချိန်ထိတောင် သတိရှိနေတုန်းပဲ။ ဒါဆိုရင် ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ။ "
" ငါ ဘယ်လိုလုပ်သိမှာလဲဟ။ ငါ သိရင် မင်းကို မေးနေပါ့မလား။ "
ထို့နောက် သူတို့နှစ်ယောက်သည် ဟိုလူတွေလက်ထဲကနေ လွတ်မြောက်ဖို့အတွက် နာရီဝက်ကျော်ကြာအောင် ပြေးလာခဲ့ကြသည်။
ထို့ပြင် နာရီဝက်ကျော်ကြာ ပြေးရတာက တကယ့်ကို ပင်ပန်းသည်။
တောတောင်တွေထဲတွင် အချိန်အကြာကြီးရှိနေသူတွေတောင် နာရီဝက်ကျော်ကြာ မရပ်နားဘဲ ပြေးရဲလိမ့်မည်မဟုတ်ပေ။ထိုထက်ပိုပြီး ဆိုးတာက သူတို့သည် မကြာသေးခင်ကမှ အကြိမ်အနည်းငယ် ရိုက်ခံရပြီး ဒဏ်ရာရထားတာကြောင့် ထိုဒဏ်ရာများက သူတို့ရဲ့ သက်လုံကို လျော့ကျစေပြီး အတော်လေး မောပန်းနွယ်နယ်၍ သူတို့ကို အသက်ရှုမဝ ဖြစ် စေခဲ့သည်။
ဖတ်တီးဝမ်သည် ပြေးနေရင်းဖြင့် ကြိမ်းမောင်းခဲ့သည်။
" ငါတို့ ဘယ်လိုလုပ်ပြီးတော့ သူတို့ကို သွားစော်ကားမိခဲ့တာလဲ။ ဘာလို့ သူတို့က ငါတို့နောက်ကိုပဲ တောက်လျှောက်လိုက်နေရတာလဲ ။ "
" တစ်ခြားနည်းမရှိတော့ဘူး။ ငါ အခု သူ့ကိုပဲ ဖုန်းဆက် ခေါ်လိုက်တော့မယ်။ "
" မင်း ဘယ်သူ့ကို ခေါ်မှာလဲ ။ "
" လင်ပေ့ဖန်ကို ခေါ်မှာ။ "
" သူက မင်းတို့ သူဌေးမဟုတ်ဘူးလား။ သူက ဒီအဖွဲ့ကို ရိုက်နိုင်ပါ့မလား ။ "
" သူမရိုက်နိုင်ရင် ဘယ်သူမှ သူတို့ကို ရိုက်နိုင်မှာမဟုတ်လောက်တော့ဘူး။ "
" ဒါဆိုရင် ခေါ်လေ။ "
ဝူကောသည် သူ့ဖုန်းကိုကောက်ကိုင်ပြီး လင်ပေ့ဖန်ကို အမြန် ခေါ်ခဲ့သည် ။
" အစ်ကိုဝူ မင်း ငါ့ကို ညမှ ဖုန်းဆက်ခေါ်တာက ကေတီဗွီမှာ သွားကဲဖိို့ပဲ ဖြစ်ရမယ်။ ကြည့်ရတာ နောက်ဆုံးတော့ မင်းလည်း ဘဝကို ဘယ်လိုပျော်ရွှင်အောင်လုပ်ရမလဲဆိုတာ သိသွားပုံရတယ်။ ဟားဟား..။ ငါ့ကို တည်နေရာပို့လိုက်။ ငါ မကြာခင် အဲ့ကို ရောက်လာမယ်။ "
" မဟုတ်ဘူး၊မစ္စတာလင်။ ကျွန်တော် အကူအညီတောင်းဖို့အတွက် မစ္စတာလင်ကို ဖုန်းခေါ်ခဲ့တာပါ။ "
" အကူညီတောင်းဖို့လား။ မင်း ဘာဖြစ်လို့လဲ။ "
ဝူကောက အမြန် ပြန်ပြောခဲ့သည်။
" ကျွန်တော် အခု အဖွဲ့တစ်ဖွဲ့လိုက်ဖမ်းတာ ခံနေရတယ် ။ သူတို့က စုစုပေါင်းလူရှစ်ယောက်ရှိပြီးတော့ အရမ်းပဲ သန်မာလွန်းတယ်။ "
" မင်း အခုဘယ်မှာလဲ။ ငါ အခု အဲ့ကို အမြန်လာခဲ့မယ်။ " လင်ပေ့ဖန်က လေးလေးနက်နက် ပြန်ပြောခဲ့သည်။
ဝူကောသည် လင်ပေ့ဖန်ကို တည်နေရာပြောပြီးနောက် အမြန် တိုက်တွန်းခဲ့သည်။
" မစ္စတာလင် ၊ မြန်မြန်လာခဲ့နော်။ ဒါမှမဟုတ်ရင် ကျွန်တော် ဒီထက်ပိုပြီး မတောင့်ခံနိုင်လောက်တော့ဘူး။ "
" မစိုးရိမ်နဲ့ ၊ငါ ခဏနေ အဲ့ကို ရောက်လာမယ်။ "
ဝူကောသည် လင်ပေ့ဖန်နှင့် ဖုန်းပြောပြီးနောက် ဝမ်ပန်ဇီကို ပြောခဲ့သည်။
" သူ ငါဖုန်းခေါ်တာကို ကိုင်ပြီးတော့ ဒီကို အမြန်လာနေပြီ။ သူ ဒီနေရာနဲ့ သိပ်မဝေးဘူး။ နောက်ပြီး ဆယ်မိနစ်အတွင်း သူ ဒီကို ရောက်လာလိမ့်မယ်။ဒါကြောင့် ငါတို့ အဲ့ဒီအချိန်ထိ တောင့်ခံထားဖို့ပဲ လိုတယ်။ "
" ကောင်းပြီ ၊ ဆယ်မိနစ်လောက်ကတော့ ငါဆရာဖတ်တီးအတွက် ပြဿနာမရှိဘူး။ "
တစ်ခြားတစ်ဖက်တွင် လင်ပေ့ဖန်သည် ဖုန်းချပြီးနောက် သူ့ရဲ့ ယာဉ်မောင်းကို ပြောခဲ့သည်။
" ငါ့အစ်ကိုဝူက အဖွဲ့တစ်ဖွဲ့ လိုက်ဖမ်းတာ ခံရပြီးတော့ ရိုက်နှက်ခံနေရတယ်။အခြေအနေကလည်း အတော်လေးပြင်းထန်တယ်။ ဒါကြောင့် လီကျန်းလမ်းကို ငါတို့ အခု အမြန်သွားရမယ်။ "
" ဟုတ်ကဲ့မစ္စတာလင် ။ "
ထိုအချိန်တွင် လင်ပေ့ဖန်၏ ကားကို မောင်းနေသည့် ယာဉ်မောင်းသမားက သက်တော်စောင့် ကျောက်ဟူပဲ ဖြစ်သည်။
ထိုလူသည် လင်ပေ့ဖန်၏ အတိတ်ဘဝတုန်းကလည်း သူ့ရဲ့ နောက်လိုက်ဖြစ်သည်။ထို့ပြင် သူသည် အမြဲတမ်းသစ္စာရှိပြီး အလုပ်လည်းအရမ်းကြိုးစားသည်။သို့ပေမဲ့လည်း အခုမှသာ လင်ပေ့ဖန်က သူ့ကို သူ့အဖေလက်ထဲကနေ လွှဲပြောင်းယူခဲ့ခြင်းဖြစ်သည်။
လင်ပေ့ဖန်ရဲ့ အမိန့်ကို ရရှိပြီးနောက် ကျောက်ဟူသည် လီကျန်းလမ်းသို့ ကားကို ချက်ချင်းပဲ မောင်းနှင်ခဲ့သည်။
ထိုအချိန်တွင် ကားပေါ်မှာထိုင်နေသော လင်ပေ့ဖန်သည် စနစ်စီကနေ တိတ်တဆိတ် ဆုတစ်ခု တောင်းခဲ့သည်။
" အစ်ကိုဝူ မစိုးရိမ်နဲ့ ၊ ငါမကြာခင်ရောက်လာခဲ့မယ်။"
" ငါ မင်းကို အရင်ဆုံး လက်ဆောင်တစ်ခု ပေးလိုက်မယ်။ မင်း အဲ့ဒါကို ကြိုက်မယ်လို့ ငါမျှော်လင့်ပါတယ် ။"
[ စနစ် ၊ငါ ဆုတစ်ခုတောင်းမယ် : ငါ့ခြေထောက်တွေ ငါးမိနစ်လောက် အားမရှိဘဲနဲ့ ပျော့ခွေသွားပါစေ။ ]
[ ဒင် ၊ ပိုင်ရှင်၏ ဆုတောင်းကို ဖြည့်ဆည်းပေးလိုက်ပါပြီ ။ ]
ထိုအချိန်တွင် ပြေးနေတဲ့ ဝူကောသည် ရုတ်တရက် သူ့ခြေထောက်တွေ အားနည်းပြီး ပျော့ခွေသွားတာကြောင့် လဲကျသွားခဲ့သည်။
" ဝူကော ၊ မင်း ဘာဖြစ်တာလဲ ။ မြန်မြန် မတ်တပ်ရပ်ပြီးတော့ ပြေးလေ။ "
ဝူကောသည် မြေပြင်ပေါ်တွင် လဲလျောင်း၍ သူ့ရဲ့ခြေထောက်များကို သူ့ရဲ့ လက်များဖြင့် ကိုင်ပြီး ဖတ်တီးဝမ်ကို ခက်ခက်ခဲခဲ ပြောခဲ့သည်။
" ငါ ထလို့မရတော့ဘူး။ အကြာကြီး ပြေးနေရလွန်းလို့ ငါ့ခြေထောက်တွေ ကြွက်တက်ပြီးတော့ ငါ့ရဲ့ အားအင်တွေ ကုန်ခမ်းသွားတာဖြစ်ရမယ်။ "
ဖတ်တီးဝမ်သည် ထိတ်လန့်သွားခဲ့သည်။
" ဘယ်လို ၊ဘယ်လိုလုပ်ပြီးတော့ ဒီလိုအချိန်မှာမှ ကြွက်တက်ရတာလဲ။ ဒါဆို ငါမင်းကို ကုန်းပိုးပြီးတော့ ပြေးလိုက်မယ်။ "
" ငါ့ကို မစိုးရိမ်နဲ့ ၊ မင်းသာ လွတ်အောင်ပြေး။ "
" ငါတို့က အချစ်ဆုံး သူငယ်ချင်းတွေလေ။ ငါမင်းကို ဘယ်လိုလုပ် ထားခဲ့နိုင်မှာလဲ။ "
ထို့နောက် ဖတ်တီးဝမ်သည် ဝူကောကို ကုန်းပိုးပြီး အရှေ့ကို ဆက်ပြေးခဲ့သည်။
သို့သော်လည်းပဲ ဒီတစ်ကြိမ်မှာတော့ သူတို့ မလွတ်မြောက်နိုင်ခဲ့ပေ။ ခဏအကြာတွင် သူတို့ကို အနက်ရောင်ဝတ်လူများက ဖမ်းမိပြီးနောက် ခပ်ကြမ်းကြမ်းရိုက်နှက်ခဲ့ကြသည်။
သူတို့ရဲ့ အော်သံများက မီတာရာပေါင်းများစွာ ပတ်လည်ရှိ လူများကိုပင် ထိတ်လန့်စေခဲ့သည်။
လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ဌာနချုပ်တွင် နဂါးဘုရင်ကျိုရှင်းသည် သူ့ဖုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်၍ ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် ကြမ်းတမ်းစွာပြောခဲ့သည်။
" ဟုတ်တယ် ၊အဲ့လိုရိုက်။ သူတို့ကို ငါ့အစား နာနာရိုက်။ ဒီကောင်တွေကို မှတ်လောက်သားလောက်အောင် ရိုက်စမ်း။ ငါ့ကို လှည့်စားချင်ဦး။ အဲ့ဒါ ငါ့ကို လှည့်စားသူတွေရဲ့ အဆုံးသတ်ပဲ။ "
ဆယ်မိနစ်ကြာပြီးနောက် လင်ပေ့ဖန်ရောက်ရှိလာချိန်တွင် သူတို့နှစ်ယောက်သည် လူရုပ်မပေါ်သည်အထိ ရိုက်နှက်ခံထားခဲ့ရသည်။
လင်ပေ့ဖန်သည် တုန်တုန်ယင်ယင်ဖြင့် နှာခေါင်းသွေးယိုပြီးမျက်နှာတစ်ခုလုံး ရောင်ကိုင်း နေသော ဝူကောကို မပြီး မေးခဲ့သည်။
" အစ်ကိုဝူ မင်းကို ၊ ဒီလိုမျိုးဖြစ်အောင်လို့ ဘယ်သူရိုက်ခဲ့တာလဲ။ တော်တော်လေးကို လူစိတ်မရှိတဲ့ကောင်တွေပဲ။ "
" မစ္စတာလင် ၊ နောက်ဆုံးတော့ ဒီကို မင်းရောက်လာပြီ ။ " ဝူကောသည် မျက်လုံးများဖွင့်၍ ပြောပြီးနောက် မေ့လဲသွားခဲ့သည်။
သူ တဖန် ပြန်နိုးလာချိန်တွင် သူသည် ဆေးရုံကုတင်တွင် လဲလျောင်း၍ မံမီတစ်ကောင်လိုမျိုး ပတ်တီးများဖြင့် ပတ်ခံထားခဲ့ရသည်။
သူ့အချစ်ဆုံးသူငယ်ချင်း ဖတ်တီးဝမ်သည်လည်း တစ်ခြားဆေးရုံကုတင်တွင် လှဲလျောင်း၍ မံမီတစ်ကောင်လိုမျိုးပတ်တီးများဖြင့် ပတ်ထားခံခဲ့ရပြီး အခုချိန်ထိ သတိမရသေးပေ။
.
ဝူကောသည် အနည်းငယ် လှုပ်ကြည့်ခဲ့သည်။ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးက အရမ်းပဲ နာကျင်လာတာကို သိရှိခဲ့သည်။
" မလှုပ်နဲ့ ဦး။ မင်းရဲ့ အရိုးတွေ နည်းနည်းကျိုးပြီးတော့ မင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေ သွေးထွက်ထားတယ်။ အခုပဲ ဆရာဝန်က မင်းကို လာစစ်ဆေးပြီးတော့ ပြောသွား သေးတယ်။ မင်းကို မလှုပ်ရှားခိုင်းနဲ့ဦးတဲ့။ မင်း လှုပ်ရှားရင် မင်းရဲ့ အခြေအနေက ပိုဆိုးလာလိမ့်မယ်တဲ့။ " လင်ပေ့ဖန်က စိုးရိမ်စွာဖြင့် ပြောခဲ့သည်။
" ကျေးဇူးတင်ပါတယ် မစ္စတာလင် ။ ဒါနဲ့ ဖတ်တီးဝမ်ကရော ဘယ်လိုလဲ။ သူ့ရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။ "
" ဖတ်တီးဝမ်လား။ အော် ၊မင်းပြောတာ ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့ဆိုင်ရဲ့ ပိုင်ရှင်မလား။ သူက ဟိုဘက်ခြမ်းက ကုတင်မှာလဲလျောင်းနေတယ်။ သူ့ရဲ့အခြေအနေကလည်း မင်းထက် ပိုမကောင်းဘူး။ သူက အခု အသက်အန္တရာယ်မရှိတော့ဘူး။ဒါပေမဲ့ သတိမေ့နေတုန်းပဲ။ "
" ကျေးဇူးတင်ပါတယ် မစ္စတာလင် ။ " ဝူကောသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချခဲ့သည်။
" ဒါနဲ့ စကားမစပ် ၊မင်းတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ သိနေခဲ့တာလဲ။ နောက်ပြီးတော့ မင်းဘယ်လိုလုပ် အဲ့ဒီလူတွေကို ရန်စခဲ့တာလဲ။ " လင်ပေ့ဖန်က မေးမြန်းခဲ့သည်။
" အဲ့ဒီနေ့ကတည်းက စပြီးတော့ ကျွန်တော် နဲ့ ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်က တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပြီးတော့ သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့တာ။ နောက်ပြီး ကျွန်တော်တို့က မကြာခဏလည်း ညစာအတူတူစားဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီညက ဘာဖြစ်လဲတော့ ကျွန်တော်လည်း မသိဘူး။ အဲ့ဒီအနက်ရောင်ဝတ်လူတွေက ရုတ်တရက်ရောက်လာပြီးတော့ ဘာမပြောညာမပြောနဲ့ ကျွန်တော်တို့ကို ဝိုင်းပြီး ဆွမ်းကြီး ဝိုင်းလောင်းကြတာ။ ရိုးရိုးသားသားပြောရင် ကျွန်တော်က အမြဲတမ်း တခြားသူတွေကို ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်တယ်။( တကယ့်ကို ရိုးသားလွန်းသူကြီး ) သူတို့ ဘာလို့ အဲ့လိုလုပ်ခဲ့လဲဆိုတာကို ကျွန်တော် မသိဘူး... အဟွတ်ဟွတ် ။ "
ဝူကောသည် လင်ပေ့ဖန်ကို အမှားတစ်ဝက်အမှန်တစ်ဝက်ဖြင့် ရှင်းပြနေချိန်တွင် သူ့ဒဏ်ရာကို ထိမိပြီး ချောင်းဆိုးခဲ့သည်။( ကိုယ်တွင်းဒဏ်ရာထင်တာပဲ။ )
လင်ပေ့ဖန်က ဝူကောကို အလျင်အမြန်ပဲ ဖျောင်းဖျခဲ့သည်။
" ကောင်းပြီ ၊ အခုတော့ အဲ့အကြောင်းကို မပြောသေးနဲ့ဦး။ အခု မင်းအတွက် အရေးကြီးဆုံးအရာက မင်းရဲ့ ဒဏ်ရာတွေကို ကောင်းကောင်းဂရုစိုက်ဖို့ပဲ။ ကျန်တာတွေကို ငါ့နဲ့သာ လွှဲထားလိုက်။ "
" ကျေးဇူးတင်ပါတယ် မစ္စတာလင် "
လင်ပေ့ဖန်ထွက်သွားပြီးနောက် ဝူကောသည် သူ့မျက်လုံးများကို နောက်တစ်ကြိမ်ဖွင့်ပြီး အံကြိတ်၍ ပြောခဲ့သည်။
" နဂါးဘုရင်ကျိုရှင်း ..”