← Chapters

အခန်း (၁၄၃)

Vol. 10 Ch. 143

အခန်း (၁၄၃)

Vol. 10 Ch. 143

ဝူကောသည် လိုက်ဖမ်းခံရပြီး ရိုက်ခံထိပြီးကတည်းက သူတို့ကို ဘယ်သူက ရိုက်ခိုင်းခဲ့လဲဆိုတာကို တွေးတောနေခဲ့သည်။

' အဲ့လိုမျိုး လုပ်နိုင်စွမ်း ဘယ်သူ့မှာ ရှိမလဲ ။ '

ဝူကောသည် အကြာကြီးစဉ်းစားပြီးမှ နဂါးဘုရင်ကျိုရှင်းသာလျှင် ထိုကဲ့သို့လုပ်နိုင်စွမ်းရှိတာကို သတိရသွားခဲ့သည်။

နဂါးဘုရင်ကျိုရှင်းလိုမျိုး လျှို့ဝှက်မိသားစုတစ်စုရဲ့ အမွေဆက်ခံသူသာလျှင် သူနဲ့ ဖတ်တီးဝမ်တို့ကို ကိုင်တွယ်ရန်အတွက် ထိုကဲ့သို့ အစွမ်းထက်ပြီးသန်မာသော လူရှစ်ယောက်ကို စေလွှတ်နိုင်လိမ့်မည်ဖြစ်သည်။

သူသည် နဂါးဘုရင်ကျိုရှင်းက သူ့ကိုဘာလို့ ရိုက်နှက်ခိုင်းလဲဆိုတာကို နားမလည်နိုင်ဖြစ်နေသည်။

ထို့ပြင် သူတို့နှစ်ယောက်သည် လင်ပေ့ဖန်ကို ကိုင်တွယ်ရန် အတူတကွ ပူးပေါင်းထားခဲ့ကြသည် မဟုတ်ပါလော။

' ငါ အရင်တုန်းက သူ့ကို လှောင်ပြောင်ရယ်မောခဲ့ဖူးလို့ ငါ့ကို ရိုက်နှက်ခိုင်းခဲ့တာများ ဖြစ်နိုင်မလား။ '

ထို့နောက် သူသည် ဖုန်းကို ကောင်းနေတဲ့ လက်တစ်ဖက်တည်းဖြင့် ကောက်ကိုင်ပြီး ရင်းနှီးတဲ့နံပါတ်တစ်ခုကို စာတစ်စောင်ပို့ခဲ့သည်။

ဝူကော : မင်းလုပ်ခဲ့တာလား။

တစ်ဖက်မှ အမြန်ပဲ စာပြန်ပို့လာခဲ့သည်။

အနက်ရောင်ဝတ်လူ : ဟုတ်တယ် ငါလုပ်ခဲ့တာ။ ဘယ်လိုလဲ ခံစားလို့ ကောင်းတယ်မလား။

အနက်ရောင်ဝတ်လူ : မင်း ဒူးထောက်ပြီးတော့ သနားညာတာဖို့အတွက် ငိုယိုပြီး တောင်းပန်နေတာကို မြင်ရတာ ငါ့ကို အရမ်းပဲ ပျော်ရွှင်စေတယ်။

အနက်ရောင်ဝတ်လူ : ဟားဟား...။

ဝူကော၏ မျက်လုံးများက ဒေါသမီးတောက်များဖြင့် တောက်လောင်သွားခဲ့သည်။

" မအေမွေး ၊ တကယ်ပဲ မင်း လက်ချက်ကို။ "

ဝူကော : မင်း ဘာလို့ အဲ့လို လုပ်တာလဲ။

အနက်ရောင်ဝတ်လူ : ဘာလို့လဲ ဟုတ်လား။ ငါ့ကို ဘာလို့လဲ ပြန်မေးဖို့ မင်းမှာ အရှက်ရှိသေးတယ်ပေါ့လေ။ ဟမ် ၊မင်း ဘာလုပ်ခဲ့လဲဆိုတာကို မင်း နားမလည် သေးဘူးလား။

ဝူကော : ငါ နားမလည်ဘူး။ ငါတို့ အတူတူ ကောင်းကောင်း ပူးပေါင်းခဲ့ကြတာမဟုတ်ဘူးလား။

အနက်ရောင်ဝတ်လူ : ကောင်းကောင်းပူးပေါင်းခဲ့တယ်ဟုတ်လား။ ငါ့ကို အရူးတစ်ယောက်လို့ မင်းထင်နေတုန်းပဲလား။

အနက်ရောင်ဝတ်လူ : မင်း လူယုတ်မာ ။ မင်း ငါ့ကို အစကနေ အဆုံးထိ လှည့်စားပြီးတော့ သရုပ်ဆောင်ခဲ့တာမဟုတ်ဘူးလား။နောက်ပြီး မင်း နဲ့ လင်ပေ့ဖန် ငါ့ကို လှည့်စားဖို့ အတူတူပူးပေါင်းပြီးတော့ ငါ့ကို ယွမ်နှစ်ဆယ်ဘီလီယံကျော် ဆုံးရှုံးအောင်လုပ်ခဲ့တယ်လေ။

အနက်ရောင်ဝတ်လူ : မင်း နဲ့ လင်ပေ့ဖန်က အစကတည်းက တစ်ဖက်တည်းပဲကို ဘယ်လိုလုပ်မင်းက ငါ့ကို ပြန်မေးရဲသေးတာလဲ။

ထိုစာကို ဖတ်ပြီး ဝူကောသည် သွေးအန်လုနီးပါးဖြစ်သွားခဲ့သည် ။

' ငါနဲ့ လင်ပေ့ဖန်က တစ်ဖက်တည်း ဟုတ်လား။ ငါသူ့ကို သတ်ချင်နေတာ ကြာလှပြီ။ '

ထိုအကြောင်းကို သေချာစဉ်းစားပြီးနောက် ဝူကော သည် တစ်ခြားလူက အရင်တုန်းက နှစ်ဆယ်ဘီလီယံ ဆုံးရှုံးခဲ့တာကို သူ့ကြောင့်ဟု အထင်မှားပြီး သူ့ကို ရန်ငြိုးထား၍ သူ့ကိုလည်း လင်ပေ့ဖန်နှင့် တစ်ဖက်တည်းဟု ထင်နေကြောင်း နားလည် သဘောပေါက်သွားခဲ့သည်။

ဝူကောသည် သူအတော်လေး နစ်နာသလို ခံစားခဲ့ရသည်။

၎င်းက မတော်တဆမှုတစ်ခုသာဖြစ်သည်။ သူသည် အစကနေ အဆုံးထိ လင်ပေ့ဖန်ကို လုံးဝ မကူညီခဲ့ရပေ။

' မင်းက မင်းရဲ့ ပိုက်ဆံတွေ ဆုံးရှုံးလိုက်ရလို့ စိတ်မချမ်းမသာဖြစ်နေတာလား။ ဒါပေမဲ့ လင်ပေ့ဖန် ပိုက်ဆံရှာနိုင်တာကို ကြည့်ပြီး ငါ့ကရော စိတ်ချမ်းသာနေတယ်လို့ မင်း ထင်နေလို့လား။ '

' ငါလည်း သုံးဘီလီယံကျော်တန်တဲ့ ရှေးဟောင်းပစ္စည်းတွေကို ဆုံးရှုံးခဲ့ရတာပဲ။ '

'အဲ့ဒါက ခုချိန်ထိ ငါ့ရင်ထဲမှာ နာကျင်နေတုန်းပဲ။ '

အနက်ရောင်ဝတ်လူ : ကောင်လေး ၊အကယ်၍ လင်ပေ့ဖန်သာ မရောက်လာရင် မင်း အခုဆို အခေါင်းထဲမှာ လဲအိပ်နေရလောက်ပြီ။ မင်း နောက်တစ်ခါ လင်ပေ့ဖန်ကို မကူညီနဲ့။ ဒါမှမဟုတ်ရင် မင်း ငါ့အဆိုး မဆိုနဲ့။ နောက်တစ်ခါဆို ငါ မင်းကို ဆေးရုံအစား ရေဝေးကိုအခမဲ့ အရောက်ပို့ပေးမယ်။

ဝူကော : ငါ ဘယ်လိုလုပ်ရမလဲဆိုတာ မင်းငါ့ကို သင်ပေးစရာမလိုဘူး။

ဝူကော : ငါမင်းကို ဒီလုပ်ရပ်အတွက် သေချာပေါက်လက်စားပြန်ချေမယ်။မင်းငါ့ကိုစောင့်နေလိုက်။

အနက်ရောင်ဝတ်လူ : ကောင်းပြီ ၊ မင်းငါ့ကိုဘယ်လိုလက်စားချေမလဲဆိုတာ ငါ စောင့်ကြည့်နေမယ်။

အနက်ရောင်ဝတ်လူ : ဟားဟား...။

စာပို့ပြီးနောက် နဂါးဘုရင်ကျိုရှင်းသည် သူ့ဖုန်းကို အဝေးသို့ ပစ်လိုက်ပြီး ဝူကောလို ဂူသင်္ချိုင်းဖောက်သူ တစ်ယောက်ကို အလေးအနက်မထားခဲ့ပေ။

တစ်ခြားတစ်ဖက်တွင် ဝူကောသည် စာပို့ထားတဲ့ စာများကို ဖျက်၍ ထိုဖုန်းနံပါတ်ကိုလည်း ဘလော့ဂ်လိုက်ပြီး သူ့ဒဏ်ရာများ ပြန်လည်သက်သာလာစေရန် မျက်စိမှိတ်၍ အနားယူခဲ့သည်။

ဘာအကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် တစ်ခြားလူသည် သူနှင့် ဖတ်တီးဝမ်ကို ရိုက်နှက်ဖို့အတွက် သူ့လူများကို စေလွှတ်ပြီး သူတို့နှစ်ယောက်ကိုလည်း သတ်လုနီးပါးအထိဖြစ်စေခဲ့သည်။ ထိုရန်ငြိုးက လုံးဝ ပြေပျောက်နိုင်လိမ့်မည်မဟုတ်ပေ။

သူ အခု လုပ်ရမည့် အရေးကြီးဆုံးအရာက သူ့ဒဏ်ရာတွေကို အရင် ကုသပြီး ကျိုရှင်းကို လက်စားပြန်ချေရန်ဖြစ်သည်။

ဒုတိယနေ့တွင် ဖတ်တီးဝမ်သည်လည်း သတိရလာပြီး သူတို့နှစ်ယောက် ဘယ်လိုလွတ်ခဲ့လဲဆိုတာကို မေးမြန်းခဲ့သည်။

ဝူကောသည် ထိုညက လင်ပေ့ဖန်က သူတို့ကို ကယ်တင်ခဲ့ကြောင်း ဝမ်ပန်ဇီကို ရိုးရှင်းစွာဖြင့် ရှင်းပြခဲ့သည်။ထို့ပြင် သူသည် နဂါးဘုရင်ကျိုရှင်းအကြောင်းကိုလည်း ဝမ်ပန်ဇီကို ဘာမှမပြောခဲ့ပေ။

" အဲ့ဒီနေ့တုန်းက ငါသေတော့မလိုဘဲ။ ကံကောင်းချင်တော့ ငါ အသက်ရှင်နေသေးတယ်။ "

ထို့နောက် ဖတ်တီးဝမ်သည် ငိုယိုပြီး ပြောခဲ့သည်။

" ဝူကော ၊ငါတို့ မကောင်းတာအများကြီးလုပ်ခဲ့လို့များ ပြန်ပြီးတော့ ဝဠ်လည်တာများဖြစ်နေမလား။ ဒါကြောင့် ..... "

ဝူကောက အော်ပြောခဲ့သည်။

" ဟျောင့် ဖတ်တီး ၊ မင်း အဲ့အကြောင်းကို မပြောနဲ့တော့။ မင်းရဲ့ဒဏ်ရာတွေပြန်ကောင်းလာဖို့ကိုပဲ မင်း ဂရုစိုက်။ "

' ကောင်းပြီ ၊ငါ ထပ်မပြောတော့ဘူး။ "

ထိုအချိန်တွင် လင်ပေ့ဖန်က အဖြူရောင်ပန်းစီး နှစ်စီးဖြင့် ဝင်လာ၍ တစ်စီးကို ဝူကောရဲ့ အရှေ့တွင်ထားပြီး နောက်တစ်စီးကို ဖတ်တီးဝမ်၏ အရှေ့တွင် ထား၍ စိုးရိမ်စွာဖြင့် မေးခဲ့သည်။

" ဘယ်လိုလဲ ၊ မင်းတို့နှစ်ယောက် အရင်ကထက် ပိုသက်သာလာလား။ "

ဝူကောသည် ခေါင်းကို ဖြေးဖြေးညိတ်ပြီး ပြောလိုက်သည်။

" ပိုသက်သာလာတယ်။ ကျေးဇူးတင်ပါတယ် မစ္စတာလင်။ "

ဖတ်တီးဝမ်က ပိုပြီး စိတ်အားထက်သန်စွာဖြင့် ပြောခဲ့သည်။

" မစ္စတာလင် ကျေးဇူးတင်ပါတယ်။ အကယ်၍ အဲနေ့က မစ္စတာလင်သာ မရောက်လာခဲ့ရင် အခုချိန်ဆို ဝူကော နဲ့ ကျွန်တော်က ယမမင်းနဲ့ သွားတွေ့နေရလောက်ပြီ။ မစ္စတာလင်က ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ အသက်သခင် ကျေးဇူးရှင်ကြီး တစ်ယောက်ပဲ။ တကယ်လို့ အနာဂတ်မှာ မစ္စတာလင်သာ ကျွန်တော့်ရဲ့ အကူအညီလိုအပ်ခဲ့ရင် ကျွန်ေတာ့်ကို တစ်ခွန်းတည်းပဲပြောလိုက်။ ဓားတောင်ကို ဖြတ်ပြီး မီးပင်လယ်ကို ကူးရမယ်ဆိုရင်တောင် ကျွန်တော် သေချာပေါက် မစ္စတာလင်ကို ကူညီပေးမယ်။ "

" ရပါတယ်ဗျာ ၊ ကျွန်တော်က ကျွန်တော်လုပ်သင့်တာကို လုပ်ခဲ့ရုံပါပဲ။ ပြီးတော့ ဝူကောက ကျွန်တော့်ရဲ့ ညီအစ်ကိုပဲလေ။ ဒါကြောင့်ကျွန်တော် ဘယ်လိုလုပ်လစ်လျူရှုနိုင်မှာလဲ။ " လင်ပေ့ဖန်က လက်ခါပြီး အပြုံးဖြင့် ပြောခဲ့သည်။

" မစ္စတာလင် မင်းကအရမ်းပဲပွင့်လင်းပြီးတော့ အရမ်းပဲ သစ္စာရှိတာပဲ။ ကျွန်တော်ဖတ်တီးက မစ္စတာလင်လို လူတွေကို အလေးစားဆုံးပဲ။ " ဖတ်တီးဝမ်က လေးစားစွာဖြင့်ပြောခဲ့သည်။

ထို့နောက် လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ဝူကောကို ပြောခဲ့သည်။

" အစ်ကိုဝူရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာရထားတယ်ဆိုတော့ အစ်ကိုဝူကို ဂရုစိုက်ဖို့အတွက် တစ်စုံတစ်ယောက်ကို ကျွန်တော် ရှာထားခဲ့တယ်။ "

" ဘယ်သူ့ကို ရှာထားတာလဲ ။ " ဝူကောက မေးမြန်းခဲ့သည်။

လင်ပေ့ဖန်သည် သူ့ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။

" သူမ ဒီကို ရောက်နေပြီ။ ငါ သူမကို သွားခေါ်လာခဲ့မယ်။ "

လင်ပေ့ဖန်ထွက်သွားတာကို ကြည့်ပြီး ဖတ်တီးဝမ်က လက်မထောင်၍ ဝူကောကို ပြောခဲ့သည်။

" ဝူကော ၊မင်းရဲ့ သူဌေးက တကယ်ကောင်းတယ်။ အဲ့လို သူဌေးမျိုး နောက်ကို လိုက်ရတာ တကယ် ထိုက်တန်တယ်။ မင်း ဘယ်တော့မှ ထမင်း ငတ်ပြီး သေးမှာမဟုတ်တော့ဘူး။ "

ဝူကောသည် ထိုစကားကိုကြားပြီး မျက်လုံးလှိမ့်ခဲ့သည်။

' မင်းကို သိမ်သွင်းရတာ တကယ်ပဲ အရမ်းလွယ်လွန်းတယ်။ '

' ဒီကောင်က ဝံပုလွေအရေခွံ ခြုံထားတဲ့ လူတစ်ယောက်ပဲ ။ '

' အတိတ်ဘဝတုန်းက သူ့ကြောင့် ဘယ်လို ခံစားခဲ့ရလဲဆိုတာကို မင်း မသိဘူးလား။ အဲ့တုန်းက မင်းပဲ ပြောတော့ သူ့အသားကို စားပြီး သူ့သွေးကို သောက်ပစ်မယ်ဆို။ နောက်ပြီး သူ့အရိုးကိုလည်း မင်း သွားကြားထိုးတံလုပ်ပစ်မယ်ဆို။ '

' အခုတော့ မင်းက ဒီဘဝမှာ သူ့ကို အရမ်းပဲ ကျေးဇူးတင်ပြီးတော့ သူ့လက်အောက်မှာ နေဖို့ စဉ်းစားနေတယ်ပေါ့လေ။ '

ဝူကောသည် ခေါင်းခါပြီး ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။

ဘာကြောင့်လဲဆိုတော့ အခုချိန်တွင် သူပြောသမျှစကားလုံးတိုင်းက ဘာမှ အသုံးမဝင်တာကို သူ သိနေသောကြောင့်ဖြစ်သည်။

ခဏအကြာတွင် လင်ပေ့ဖန်သည် လူတစ်ယောက်နဲ့အတူတူ လမ်းလျှောက်ဝင်လာပြီး ဂုဏ်ယူနေသောအပြုံးဖြင့် ဝူကောကို မေးခဲ့သည်။

" ကြည့်လိုက် ၊ ဒီမှာငါ ဘယ်သူ့ကို ခေါ်လာခဲ့လဲ။ "

" အန်တီလျူ ၊ ဘယ်လိုလုပ် ဒီကိုရောက်လာခဲ့တာလဲ။" ဝူကောနှင့် ဖတ်တီးဝမ်တို့နှစ်ယောက်သည် တပြိုင်တည်း ပြောခဲ့ကြသည်။

သူတို့ရှေ့မှာ ရှိနေတဲ့ သူကတော့ တခြားလူမဟုတ်ပဲနဲ့ ၊ဝူကောရဲ့အချစ်လေးဖြစ်တဲ့ အန်တီလျူသာ ဖြစ်သည်။

အန်တီလျူသည် ဝူကောစီသို့ စိုးရိမ်ပူပန်နေသောမျက်နှာဖြင့် လာပြီး စိုးရိမ်စွာဖြင့် မေးခဲ့သည်။

" ရှောင်ဝူ ၊ ဘာလို့ ဒီလိုဖြစ်တယ်ဆိုတာ ဒို့ကို မပြောတာလဲ။ အကယ်၍ မစ္စတာလင်သာ ဒို့ကို မပြောရင် ရှင်ကြီး ဆေးရုံတင်ထားရတာကိုတောင် ဒို့ သိလိမ့်မှာ မဟုတ်ဘူး။ " ( အော်ဂလီဆန်လိုက်တာ )

ဝူကော : ): .......

" မစ္စတာလင် ကျွန်မ ရှင့်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ "

ထို့နောက် အန်တီလျူက ဝမ်းနည်းစွာဖြင့် ပြောခဲ့သည်။

" ရှင့်ကို ဒီလိုမျိုးဖြစ်အောင် ဘယ်သူကရိုက်ခဲ့တာလဲ။ အရမ်းပဲ ရက်စက်တာပဲ။ ဒို့အရင်ယောင်္ကျား ဆုံးသွားတုန်းကတောင် ဒို့ ဒီလောက်ထိ ဝမ်းမနည်းခဲ့ဖူးဘူး။ အခု ရှင့်ပုံကိုကြည့်ပြီး ဒို့အရမ်းပဲ ဝမ်းနည်းတာပဲ။ "

" ဆရာဝန် ပြောတာတော့ ရှင် ပြန်ကောင်းလာနိုင်မလား ၊ မလာဘူးလားဆိုတာ သိပ်ပြီး မသေချာဘူးတဲ့။ ဒါပေမဲ့ ရှောင်ဝူ ရှင် မစိုးရိမ်နဲ့ နော်။ အကယ်၍ တသက်လုံး ရှင် အိပ်ယာထဲကနေ ပြန်မထနိုင်ရင်တောင် ဒို့ တစ်သက်လုံး ရှင့်ကို ပြုစုပေးမယ်။ နောက်ပြီးရှင့်ကို ဒို့လက်ထပ်ပြီးတော့ ဒို့နှစ်ယောက် ဘဝကို ကောင်းကောင်းဖြတ်သန်းကြမယ်။ "

အန်တီလျှူသည် ဝူကောရဲ့ကောင်းနေတဲ့ လက်တစ်ဖက်ကို နွေးထွေးသောချစ်ချင်းမေတ္တာအပြည့်ဖြင့် ခပ်တင်းတင်းဆုပ်ကိုင်ပြီး အားပေးနှစ်သိမ့်ခဲ့သည်။

သနားစရာ ဝူကောလေးခဗျားတော့ သူ့လက်ကို လွတ်မြောက်အောင် ရုန်းချင်ပေမဲ့လည်း မလွတ်မြောက်နိုင်ခဲ့ပေ။

ထို့ပြင် သူသည် မလွတ်မြောက်မဲ့အတူတူ သည်းခံနိုင်ရုံပဲ ရှိတော့သည်။

သို့သော်လည်းပဲ အန်တီလျူသည် နားလည်မှုလွဲပြီး လွတ်ပေးရမည့်အစား ပိုပြီးတော့ ခပ်တင်းတင်းဆုပ်ကိုင်ပြီး ပြောခဲ့သည်။

" ရှောင်ဝူ ၊ ရှင် စိတ်မလှုပ်ရှားပါနဲ့။ ဒို့ သေတဲ့အထိ ရှင့်ကို ပစ်မသွားပဲနဲ့ ရှင့်ဘေးမှာပဲ ထာဝရတစ်သက်လုံး ရှင့် နဲ့အတူတူ မခွဲပဲ နေသွားမှာပါ။ "

" ဟင့် ....."

ဝူကောသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချပြီး မျက်လုံးမှိတ်ခဲ့သည်။

ဖတ်တီးဝမ်သည်လည်း နှာမှုတ်ပြီး ခေါင်းခါ၍ ပြောလိုက်သည်။

" ငါ မင်းတို့ကို ကြည့်ပြီး အရမ်းပဲ ကြည်နူးမိတယ်။ ဒီကမ္ဘာပေါ်မှာ အချစ်စစ် မရှိဘူးလို့ ငါ အမြဲတမ်းထင်ခဲ့တာ။ဒါပေမဲ့ အချစ်စစ်က ငါ့ဘေးနားမှာပဲ ရှိလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားမိခဲ့ဘူး။ ဝူကော မင်း အန်တီလျူလို သစ္စာရှိတဲ့မိန်းမမျိုးနဲ့ တွေ့တာ တကယ့်ကို ကံကောင်းတယ်။ ဒါကြောင့် မင်းသူမကို မြတ်နိုးတန်ဖိုးထားရမယ်။ ဒါမှမဟုတ်ရင် ငါ သေပြီ သရဲဖြစ်သွားရင်တောင် ငါမင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး။ "

လင်ပေ့ဖန်ကလည်း ပြောခဲ့သည်။

" ဟုတ်တယ် ၊ဖတ်တီးဝမ် ပြောတာ ငါလည်း သဘောတူတယ်။ "

ဝူကော : ): .....

All Chapters