အခန်း (၁၄၄)
Vol. 10 Ch. 144
" မစ္စတာလင် ဘာလို့ဒီအကြောင်းကို အန်တီလျူကို သွားပြောခဲ့တာလဲ။ " ဝူကောက ကသိကအောက်အမူအရာဖြင့် ပြောခဲ့သည်။
လင်ပေ့ဖန်သည် အနည်းငယ် စိတ်ဆိုးသောအမူအရာဖြင့် ပြန်ပြောခဲ့သည်။
" ဒီလောက် ကိစ္စကြီးတစ်ခုကိုတောင် မင်းက ဘယ်လိုလုပ် အန်တီလျူကို မပြောပဲနေနိုင်တာလဲ။ နောက်ပြီး အန်တီလျူက မင်းဘဝရဲ့ တစ်ဦးတည်းသော ချစ်သူလေ။ သူမ နဲ့ မင်း ရဲ့ ဆက်ဆံရေးကလည်း ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးထက်တောင် ပိုနီးစပ်သေးတယ်။ "
ဖတ်တီးဝမ်ကလည်း ကောင်းညိတ်ပြီး သဘောတူ ထောက်ခံခဲ့သည်။
" ဟုတ်တယ်၊ဟုတ်တယ်။ ဒီလို ကိစ္စမျိုးကို အန်တီလျူကို ပြောကို ပြောသင့်တာ။ သူမလည်း သိပိုင်ခွင့်ရှိတယ်။ "
ဝူကော။ ။ "..."
" ဒါ့အပြင် မင်းက ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့အချိန်မှာ မလှုပ်ရှားနိုင်တော့ မင်း သူများရဲ့ အကူအညီ လိုအပ်တဲ့ နေရာအများကြီးရှိတယ်။ နောက်ပြီး အန်တီလျူက အသက်ကြီးတော့ တခြားသူတွေကို ကောင်းကောင်း ပြုစု နိုင်တယ်။ ဒါကြောင့် အန်တီလျူကို မင်းကို လာပြီးပြုစုစောင့်ရှောက်ပေးဖို့ ငါ မေးခဲ့တာ။ သူမ ဒီမှာ ရှိနေတော့ ငါလည်း စိတ်ချလက်ချ အနားယူနိုင်တာပေါ့။ "
ဖတ်တီးဝမ်က ခေါင်းညိတ်ပြီး ထောက်ခံခဲ့ပြန်သည်။
" ဟုတ်တယ် ၊ အန်တီလျူ ဒီမှာ ရှိနေရင် ၊ ငါလည်းကောင်းကောင်း စိတ်ချလက်ချအနားယူနိုင်တယ်။ "
ဝူကော : .....
" အစ်ကိုဝူ ငါလုပ်နေတာ အကုန်လုံးက အစ်ကိုဝူကောင်းဖို့အတွက်ပါပဲ။ နောက်ပြီး မင်းတို့ နှစ်ယောက် ချစ်နေပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ခွဲခွာနေရတာက ဘယ်လောက်ထိ ဆိုးရွားလဲဆိုတာ ကြည့်လိုက်ဦး။ ဒါကြောင့် အန်တီလျူကို မင်းခံစားနေရတဲ့ အချစ်ဝေဒနာကနေ သက်သာအောင် လုပ်ပေးဖို့ ဒီကို ငါ ခေါ်ခဲ့တာ။ " လင်ပေ့ဖန်က ပြောခဲ့သည်။
ဖတ်တီးဝမ်ကလည်း နောက်တစ်ကြိမ်ထပ်မံပြီး ခေါင်းညိတ်ခဲ့သည်။
" ဒါအမှန်ပဲ။ ငါ့ကိုလည်းပဲ အချစ်ဝေဒနာကနေ အန်တီလျူက သက်သာအောင်လုပ်ပေး နိုင်လိမ့်မယ်။ "
ဝူကော ၊လင်ပေ့ဖန် နှင့် အန်တီလျူတို့က တပြိုင်တည်း ဖတ်တီးဝမ်ကို ကြည့်ခဲ့ကြသည်။
အန်တီလျူသည် စိတ်တိုစွာဖြင့် ဖတ်တီးဝမ်ကို အော်ပြောခဲ့သည်။
" ရှင် ဘာစကားပြောလိုက်တာလဲ။ "
ဖတ်တီးဝမ်သည် ချက်ချင်းပဲ သူစကားပြောမှားသွားတာကို သိပြီး ပြန်ပြောခဲ့သည်။
" ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်ခုနကစကား ပြောမှားသွားတာ။ ကျွန်တော် ပြောချင်တာက ကျွန်တော့်ရဲ့ ညီအစ်ကိုကို သူခံစားနေရတဲ့ အချစ်ဝေဒနာကနေ သက်သာအောင်ကုစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်တာပါ။ နောက်ပြီး ကျွန်တော် အန်တီလျူကို ပြောပြရဦးမယ် ။မနေ့ညတုန်းက ကျွန်တော့်ရဲ့ညီအစ်ကိုက အန်တီလျူအကြောင်းကို တွေးနေတာ။ "
ဝူကော : ): ....
အန်တီလျူက ရှက်ရွံ့ပြီး ဝမ်းသာသောအမူအရာဖြင့် ဖတ်တီးဝမ်ကို မေးခဲ့သည်။
" တကယ်လား ။ "
" တကယ်ပေါ့ ။ ကျွန်တော် အန်တီလျူကို ပြောပြ..... "
" မအေမွေးဖတ်တီး ၊မင်းပါးစပ်ကို ပိတ်ထားစမ်း။ " ဝူကောက ဖတ်တီးဝမ်ကို အော်ပြောခဲ့သည်။
ဖတ်တီးဝမ်သည် ချက်ချင်းပဲ ပါးစပ်ပိတ်ခဲ့သည်။
ထိုအချိန်တွင် လင်ပေ့ဖန်က ညွှန်ကြားခဲ့သည်။
" အန်တီလျူ ၊ အန်တီလျူ အလုပ်အတွက် စိုးရိမ်စရာမလိုဘူး။ အန်တီ ကျွန်တော့်ရဲ့ အစ်ကိုဝူကို စိတ်ရောကိုယ်ကိုယ် ကောင်းကောင်းဂရုစိုက်ပေးဖို့ပဲ လိုတယ်။ နောက်ပြီး အစ်ကိုဝူကို ပြုစုစောင့်ရှောက်ပြီးတော့ သူ့ကို ကျန်းကျန်းမာမာနဲ့ ကုမ္ပဏီကို ပြန်ခေါ်လာခဲ့ပါ။ "
" ကျေးဇူးတင်ပါတယ် မစ္စတာလင် ၊ ကျွန်မ သေချာပေါက် သူ့ကို ကောင်းကောင်း ပြုစု စောင့်ရှောက်လိုက်ပါ့မယ်။" အန်တီလျူက ဝူကောလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး ပြောခဲ့သည်။
ထိုအချိန်တွင် ယောင်္ကျားကြီးတစ်ယောက်က ဝင်လာပြီး ပြောခဲ့သည်။
" အဖေ ၊ အမေ ၊ ကျွန်တော့် အဖေ့ကို လာကြည့်တာ။"
ဖတ်တီးဝမ်က အော်ပြောခဲ့သည်။
" မင်းက ဘယ်သူလဲ ၊ မင်း ဘာလို့ လူနာဆောင်ထဲမှာ ပြေးနေရတာလဲ ။ "
" သူက အပြင်လူ တစ်ယောက်မဟုတ်ဘူး။ "
လင်ပေ့ဖန်က အပြုံးဖြင့် ပြောခဲ့သည်။
" သူဌေးဝမ် ၊ ကျွန်တော် မင်းကို မိတ်ဆက်ပေးမယ်။ သူက ဝူကောရဲ့ သား တချွမ်ပဲ။ "
ထိုစကားကို ကြားပြီး ဖတ်တီးဝမ်သည် ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်သွားခဲ့သည်။
" ရှောင်ဝူ ၊ မင်းက သားတစ်ယောက် ရပြီးနေပြီလား။မင်းက အသက်အရမ်းကြီးနေပြီပဲ။ မင်းက ငါ့ထက်တောင် အသက်တော်တော်လေးကြီးတာပဲ။ "
" အဟွတ်... "
ဝူကောသည် ချောင်းဆိုးပြီး စိတ်တိုစွာဖြင့် ပြောခဲ့သည်။
" မင်း ဘာ ပေါက်ကရတွေ ပြောနေတာလဲ။။ သူက ငါ့သားမဟုတ်ဘူးဟ။ သူက အန်တီလျူရဲ့ သားပဲ။ "
ဖတ်တီးဝမ်က နားမလည်စွာဖြင့် ပြန်မေးခဲ့သည်။
" မင်းတို့ နှစ်ယောက်က ချစ်သူတွေဆိုတော့ အန်တီလျူရဲ့ သားကလည်း မင်းရဲ့ သားပဲ မဟုတ်ဘူးလား။ "
ဝူကောသည် ဘာပြန်ပြောရမှန်း မသိပဲနဲ့ စွံအသွားခဲ့သည်။
" ဖေဖေ "
တချွမ်သည် ဝူကောဘေးသို့ ပြေးလာပြီး ဝူကောရဲ့လက်ကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်၍ ပြောခဲ့သည်။
" ဖေဖေ့ကို ဒီလိုမျိုးဖြစ်အောင်လို့ ဘယ်သူက ရိုက်ခဲ့တာလဲ။ ဖေဖေ အဲ့ဒီ မအေမွေးတွေက ဘယ်သူတွေလဲ။ သူတို့က အရမ်းပဲ ရက်စက်လွန်းတယ်။ ဖေဖေကို သူတို့ရိုက်ထားတာ သားတောင် ဖေဖေ့ကို မမှတ်မိနိုင်တော့ဘူး။ "
ဝူကော : ):
" ဖေဖေ့ကို ဘယ်သူလုပ်ခဲ့တာလဲဆိုတာ သားကို မြန်မြန်ပြောပြ။ "
တချွမ်သည် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။
" သားကို မြန်မြန်ပြော။ မြန်မြန်ပြောပြ။ "
" ငါ မင်းကို ပြောပြရင်ရော မင်းက ချက်ချင်းပဲငါ့အစား လက်စားသွားချေပေးမှာလား။ " ဝူကောက မေးလိုက်သည်။
" ဘယ်ဟုတ်မလဲ။ "
" သား ရဲတွေကို အကူအညီတောင်းပြီးတော့ သူတို့ကို ဥပဒေအရ အရေးယူခိုင်းမှာ ပေါ့။ " တချွမ်က စိတ်အားထက်သန်စွာဖြင့်ပြောခဲ့သည် ။
ဝူကော : ဒီဖေ ။
လင်ပေ့ဖန်သည် အတော်လေး အားရကျေနပ်စွာဖြင့် ပြောခဲ့သည်။
" အစ်ကိုဝူ ၊ မင်း သားက အတော်လေး ဉာဏ်ကောင်းတာပဲ။ သူ့ရဲ့ ပြဿနာကို ဖြေရှင်းပုံကလည်း အတော်လေး လက်တွေ့ဆန်တယ်။ တကယ့်ကို အထင်ကြီးစရာကောင်းတယ်။ "
ဝူကော : ): ...
" သူက ...." တချွမ်သည် ဖတ်တီးဝမ်ကို လှည့်ကြီးပြီး မေးခဲ့သည်။
လင်ပေ့ဖန်သည် နွေးထွေးစွာဖြင့် မိတ်ဆက်ပေးခဲ့သည်။
" တချွမ် ၊ တခြားကုတင်မှာ လဲအိပ်နေတဲ့သူက မင်းအဖေရဲ့ သူငယ်ချင်းပဲ ။ သူ့ရဲ့ ရှေ့နာမည်က ဝမ်။ ဒါကြောင့် မင်းသူ့ကို ဦးလေးဝမ်လို့ ခေါ်လို့ရတယ်။ "
တချွမ်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူ့ရဲ့အသံကလည်း တုန်ယင်သွားခဲ့သည်။
" ဦးလေးက ကျွန်တော့်အဖေရဲ့သူငယ်ချင်း ဦးလေးဝမ်လား။ "
ဖတ်တီးဝမ်သည် နားလည်ရခက်စွာဖြင့် ခေါင်းညိတ်ပြီး ပြောခဲ့သည်။
" ဟုတ်တယ် ။ "
တချွမ်က ထပ်ပြောခဲ့သည်။
" ဦး...ဦးလေးက ကျွန်တော့်အဖေရဲ့သူငယ်ချင်း ဦးလေးဝမ်လား။ "
ဖတ်တီးဝမ်သည် တဖန်ခေါင်းညိတ်ပြီး ပြောခဲ့သည်။
" မင်းကို ကြည့်ရတာ ဒီစကားတစ်ခွန်းတည်းပဲ ပြောနိုင်ပုံရတယ်။ "
တချွမ်သည် ပိုပြီးတော့တောင်မှ စိတ်လှုပ်ရှားစွာဖြင့် ဖတ်တီးဝမ်နား ပြေးလာပြီး ပြောခဲ့သည်။
" ဦးလေးဝမ် ၊ ကျွန်တော် နောက်ဆုံးတော့ ဦးလေးကို အရှင်လက်လက်ကြီး မြင်ဖူးပြီ။ ကျွန်တော် အရင်တုန်းက ဦးလေးကို အိမ်မက်ထဲမှာပဲ မြင်ဖူးခဲ့တာ။ "
ဖတ်တီးဝမ်က ပြောလိုက်သည်။
" အို့ ၊ မင်းက ဉာဏ်ကောင်းပြီးတေ့ာ အရမ်းလည်း လိမ်မာတဲ့ ကလေးလေးတစ်ယောက်ပဲ။ ဦးလေးလည်း မင်းကို ပထမအဆုံးအကြိမ် မြင်ရတာ အရမ်းပဲဝမ်းသာပြီးတော့ စိတ်လှုပ်ရှားမိတယ်။ "
" ကျွန်တော်လည်း အရမ်းပဲ စိတ်လှုပ်ရှား နေတာ။ ကျွန်တော် တစ်သက်လုံး ဦးလေးဝမ်ကို မြင်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ "
ထို့နောက် တချွမ်သည် တုန်တုန်ယင်ယင်ဖြင့် ဖတ်တီးဝမ်၏ မျက်နှာကို ပွတ်သပ်ပြီး ပြောလိုက်သည်။
" တူတယ် ၊ အရမ်းကိုတူတာ။ မသိရင် အမွှာပူးတွေလိုပဲ တကယ့်ကို ချွတ်ဆွတ် တူတာ။ "
ဖတ်တီးဝမ်သည် တစ်ခုခုမှားယွင်းနေသလိုမျိုး ခံစားနေရသည်။
" ကျွန်တော် ဦးလေးဝမ်ကို မြင်တာနဲ့ ရင်းနှီး နေသလို ခံစားရတာ အံ့ဩစရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သွေးတွေက တစ်မိသားစုထဲနေ ဆင်းသက်လာလို့ပဲ။ "
ဖတ်တီးဝမ်သည် တချွမ်ပြောတာကို နားမလည်နိုင်ဖြစ်နေသည် ။
တချွမ်က အခိုင်အမာ ပြောလိုက်သည်။
" ဦးလေး ၊ ဦလေးက ကျွန်တော့်ကို မမွေးခဲ့ပေမဲ့ ဦးလေးရဲ့ ကျေးဇူးတွေက ကျွန်တော့်အပေါ်မှာ တောင်ကြီး တစ်လုံးလိုမျိုး ကြီးမားလွန်းတယ်။ ဒါကြောင့် ဦးလေး မစိုးရိမ်နဲ့။ ကျွန်တော် ဦးလေးကို သေချာပေါက်အဖေတစ်ယောက်လိုမျိုး ဆက်ဆံပါ့မယ် ။ နောက်ပြီး ကျွန်တော် ဦးလေးကိုလည်း သေချာပေါက် ပြုစုစောင့်ရှောက်ပေးပါ့မယ်။ " ဟု ပြောပြီး သူသည် သူ့ဘာသာသူ ငိုကြွေးခဲ့သည် ။
ဖတ်တီးဝမ်သည်လည်း တချွမ်ကို ကြည့်၍ စိတ်လှုပ်ရှားပြီး မျက်ရည်ဝဲလာခဲ့သည်။
" လိမ္မာတဲ့ ကောင်လေးပဲ။ တကယ့်ကို လိမ္မာတဲ့ ကောင်လေး။ "
ဝူကောသည် ထိုမြင်ကွင်းကို ကြည့်ပြီး သူ့မျက်နှာကိုသူ ဖုံးအုပ်ချင်ပေမဲ့လည်း ဖုံးအုပ်လို့ မရခဲ့ပေ။( လက်တစ်ဖက်ကဒဏ်ရာရထားတာ ၊နောက်တစ်ဖက်က အန်တီလျူ ကိုင်ထားလို့။ )
' သူတို့ နှစ်ယောက်ကမှ တကယ့်ကို အဖေနဲ့ သားလိုပဲ။ '
တချွမ်သည် ငိုပြီးနောက် ဝူကော၏ လက်ကို သူ့လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ဖတ်တီးဝမ်၏ လက်ကို သူ့လက်နောက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး အလွန်စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။
" ကျွန်တော် ဒီနေ့ အရမ်း ပျော်တယ်။ ကျွန်တော် ကျွန်တော့်ရဲ့ အဖေကိုပဲ ရှာနိုင်ခဲ့တာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ ဦးလေးကိုလည်း ရှာတွေ့ခဲ့တယ် ။ နောက်ပြီး ကျွန်တော်တို့ မိသားစုတစ်ခုလုံးလည်း ပြန်လည်စုံစည်းခဲ့ရပြီ။ အခုကစပြီး ကျွန်တော်တို့ မိသားစုတစ်ခုလုံး သာသာယာယာ ပျော်ပျော်ရွှင်ရွှင် နဲ့ ကျွန်တော်တို့ရဲ့မိသားစု ဘဝကို ဖြတ်သန်းလို့ရပြီ။ "
" တချွမ် ပြောတာ ကောင်းတယ်။ " လင်ပေ့ဖန်သည် ထိုမြင်ကွင်းကို ကြည့်ပြီး မနေနိုင်ပဲနဲ့ လက်ခုပ်တီးပြီး ရယ်မော၍ ပြောခဲ့သည်။
" ဟားဟားဟား..."
" ကျွန်တော့်ရဲ့ အဖေ နဲ့ ကျွန်တော့်ရဲ့ အချိန်အကြာကြီးပျာက်ဆုံးနေတဲ့ ဦးလေးကို ကူညီပြီး ရှာပေးတဲ့အတွက် မစ္စတာလင်ကို ကျေးဇူးတင်ပါတယ်။ မစ္စတာလင်က ကျွန်တော်တို့ရဲ့ မိသားစုလေးကို ပြန်လည်စုံစည်းစေခဲ့တာပဲ။ " တချွမ်က ကျေးဇူးတင်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။
" အဲ့လို ပြောစရာ မလိုဘူး။ ဒါက ငါလုပ်သင့်တာပဲ။ "
လင်ပေ့ဖန်က ပြုံးပြီး ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။
" တချွမ် ၊ မင်းရဲ့ အဖေနဲ့ မင်းရဲ့ ဦးလေးဝမ်ကို ကောင်းကောင်းဂရုစိုက်လိုက်ဦး။ ငါ အရင်ပြန်လိုက်ဦးမယ်။ လူတိုင်းကို နှုတ်ဆက်ပါတယ်။ "
" ကောင်းကောင်းသွားပါ မစ္စတာလင်။ "
ထို့နောက် လင်ပေ့ဖန်သည် ရှောင်ချန်း နဲ့ ရဲရှင်းချန်တို့နှစ်ယောက်စီ သွားလည်ပြီး သူတို့ကို ဝူကောဆေးရုံတက်နေရတဲ့သတင်း ပြောခဲ့သည်။
ထိုသတင်းကို ကြားပြီး ရှောင်ချန်းနှင့် ရဲ့ရှင်းချန်တို့နှစ်ယောက်လုံးသည် ပျော်ရွှင်သွားခဲ့သည်။
' မင်းလို လက်ပါးစေလည်း ဒီလိုနေ့မျိုး ရှိလာပြီပေါ့လေ။ '
အထူးသဖြင့် ရှောင်ချန်းသည် ဝူကော၏ လူနာဆောင်သို့ သူကိုယ်တိုင် သွားပြီး ကြည့်ချင် နေခဲ့သည်။
ဖြစ်နိုင်လျှင်သူသည် နတ်ဆေးဆရာဖြစ်တဲ့ သူ့ကို စော်ကားတာကြောင့် ဝူကောကို ဆေးအနည်းငယ် ထိုးပေးချင်သည်။
ဇာတ်လိုက်သုံး ေယာက်လုံးက ဆေးရုံတက်နေရတာကြောင့် လင်ပေ့ဖန်ရဲ့ ဘဝလေးက တဖန် ပြန်ပြီး ငြိမ်းချမ်းသွားခဲ့သည်။
ထိုအချိန်တွင် " ဂမ်းနန်းစတိုင် " နာမည်ဖြင့် သီချင်းတစ်ပုဒ်က ဗျူးတီးနိုင်ငံတွင် စတင်ကျော်ကြားလာခဲ့သည်။
ထိုသီချင်း၏ သံစဉ်က အတော်လေးမြူးကြွပြီး မြင်းစီးအကကလည်း မျက်စိပဒဿဖြစ်တာကြောင့် ကမ္ဘာတစ်ခုလုံးသို့ လျင်မြန်စွာဖြင့် ကျော်ကြားသွားခဲ့သည်။