← Chapters

အခန်း (၁၄၅)

Vol. 10 Ch. 145

အခန်း (၁၄၅)

Vol. 10 Ch. 145

" ဒီသီချင်းက အရမ်းမြူးပြီးတော့ မူးယစ်ဆေးလိုမျိုး ဒီသီချင်းကို မနားထောင်ပဲနဲ့ မနေနိုင်အောင်လို့ လူတစ်ယောက်ရဲ့ စိတ်ကို စွဲလန်းစေတယ်။ "

" ဒီသီချင်း ပထမဆုံး စစထွက်တုန်းက ကိုစိုးကြီးရဲ့ တယ်လီဖုန်းလိုမျိုး ပေါက်ကရသီချင်းတစ်ပုဒ်လို့ ငါက ထင်ခဲ့တာ။ ဒါပေမဲ့ နောက်တစ်ခါ အဲ့သီချင်းကို ငါ နားထောင်ပြန်တော့လည်း ဘာနားနားရဲ့ အရှုံးမပေးနဲ့ ကြိုးစားသီချင်းလိုမျိုး ပေါက်ကရသီချင်းပဲ ဖြစ်နေတယ်။ ငါ အဲ့လိုသီချင်းမျိုးကို သုံးကြိမ်တောင် နားထောင်ဖြစ်ခဲ့တယ်။ ဒီကမ္ဘာပေါ်မှာ ဒီလောက်မြူးကြွပြီး လူ့စိတ်ကို စွဲလန်းစေနိုင်တဲ့ အကသီချင်းမျိုးက ဘယ်လိုလုပ်ရှိနေနိုင်တာလဲ။ "

" အထူးသဖြင့် မြင်းစီအကက အရမ်းပဲ မိုက်လွန်းတယ်။ "

" မင်း မြင်လား ၊ အဆိုတော်က အနက် ရောင်မျက်လုံးတွေ ၊ အသားအဝါအရောင်နဲ့ ဆိုတော့ သူက ရန်နိုင်ငံက ဖြစ်ပုံရတယ်။ "

" လခွမ်း ၊ဒါအရမ်းပဲ မိုက်လွန်းတယ်။ "

နောက်ဆုံးမှာတော့ မြင်းစီးအကရဲ့ ထူးခြားမှုကြောင့် ထိုအကကို အတုခိုးပြီး လိုက်ကသူများလည်း အင်တာနက်ပေါ်တွင် ပလူပျံလာခဲ့သည်။

ထို့ပြင် လူအများကြီးကလည်း ထိုအကကို အတုခိုး၍ လိုက်ကလာကြပြီး စကွေးယား အကတွေတောင်မှ ထိုမြင်းစီးအကကို အတုခိုး၍ ကလာခဲ့ကြသည်။ ( စကွေးယားအကက ၊အမေရိကန်နိုင်ငံက အစပြုပြီးကခဲ့တဲ့ လူရှစ်ယောက်ပါတဲ့ လူမှုရေးအကပဲ ချိဖတို့။ သူတို့ကို နှစ်ယောက်တစ်တွဲ၊နှစ်ယောက်တစ်တွဲ နဲ့လေးထောင့်ပုံသဏ္ဍာန်ဖြစ် အောင်လုပ်ပြီး ကတဲ့ အက ပါချိဖတို့။ )

တချိန်တည်းမှာပဲ ထိုသီချင်းကို ကပြဖျော်ဖြေသီဆိုခဲ့သည့် အဆိုတော် လုမိုပိုင်သည်လည်း ကမ္ဘာတစ်ခုဝှမ်းလုံးတွင် အလျင်အမြန်ပဲ ကျော်ကြားလာခဲ့သည်။ထို့ပြင်သူသည် ဒီနေ့ခေတ်ရဲ့ အကျော်ကြားဆုံး အဆိုတော်လည်းဖြစ်လာပြီး သန်းရာနဲ့ချီတဲ့ ပရိတ်သတ်များ၏ အားပေး ထောက်ခံမှုကိုလည်း အခိုင်အမာရရှိခဲ့သည်။

လုမိုပိုင်သည် တိုက်ဆိုင်တာလား ၊ကံကြမ္မာ၏ စနောက်မှုကြောင့်လား မသိပေမဲ့လည်း သူသည် နောက်တစ်ခါထပ်ပြီး အစ်ကိုဌက်ဟူသော နာမည်ပြောင်ကို ရောင်စုံဌက်တစ်ကောင်လိုမျိုး သူ့ရဲ့ ရောင်စုံအဝတ်အစားများကြောင့် ထပ်မံ၍ ရရှိခဲ့သည်။

ထိုအချိန်တွင် ဗျူးတီးနိုင်ငံတွင် လုမိုပိုင်တည်ထောင်ခဲ့သော ဖျော်ဖြေရေးကုမ္ပဏီရှိ ဝန်ထမ်းအားလုံးသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

" ဒီသီချင်းက ချက်ချင်းပေါက်ပြီး ချက်ချင်း ရေပန်းစားသွားတာပဲ။ "

" နောက်ပြီး ဒီသီချင်း ကမ္ဘာတစ်ခုဝှမ်းလုံးကို ကျော်ကြားသွားတာ တကယ့်ကို အံ့ဖွယ်ဖြစ်ရပ်တစ်ခုပဲ။ "

" အခု ကျွန်တော်တို့ ချမ်းသာတော့မယ်။ကျနော်တို့ဒီသီချင်းနဲ့ ပိုက်ဆံအများကြီး ရှာနိုင်တော့မယ် ။ "

" သူဌေး ၊ သူဌေးကျော်ကြားနေတာကို သူဌေးသိလား။ "

" နောက်ပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျော်ကြားနေတာကို သူဌေးသိလား။

လက်ရှိတွင် လုမိုပိုင်ကုမ္ပဏီ၌ သူတစ်ယောက်တည်းသာလျှင် အတော်လေးတည်ငြိမ်နေသည်။

ဘာလို့လဲဆိုတော့ ထိုအရာတွေကို သူကြုံဖူးပြီးတာကြောင့် ဖြစ်သည်။

ထို့ပြင် သူသည် ရလဒ်ကိုလည်း ကြိုသိနေတာကြောင့် ၎င်းက သူ့ကို အများကြီး စိတ်မလှုပ်ရှားစေခဲ့ပေ။

" ဒီသီချင်းကို တစ်ကြိမ်ထုတ်လွှင့်လိုက်တာနဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ငါ သေချာပေါက် နာမည်ကြီးလာလိမ့်မယ်လို့ ငါ မင်းတို့ကို ပြောပြီးသားမလား။ အကယ်၍ ဒီသီချင်း ရေပန်းမစားရင်တောင် ငါ့မှာ သီချင်းအများကြီး ရှိသေးတယ်။ အဲ့ဒီသီချင်းတွေက အဆုံးမှာ သေချာပေါက်နာမည် ကြီးပြီးတော့ လူကြိုက်များလာလိမ့်မယ်။ " လုမိုပိုင်က ယုံကြည်မှုရှိသော အသံဖြင့် ပြောခဲ့သည်။

လူတိုင်းက သူ့ကို လေးစားသွားခဲ့သည်။

" ကြည့်လိုက် ၊ဒါက ငါတို့ရဲ့ ဘော့စ်ပဲ။ "

" သူက အရမ်းကျော်ကြားနေတာတောင် အလွန်တည်ငြိမ်နေသေးတယ်။ "

" ငါတို့ ဘော့စ်က တကယ့်ကို စံပြအတုယူစရာကောင်းတယ်။ "

" ငါတို့သာ ဘော့စ်နေရာမှာဆိုရင် ရူးသွားလိမ့်မယ်။"

" ဒီလိုသူဌေးမျိုးနောက်ကို လိုက်ရတာ တောက်ပတဲ့အနာဂတ်တစ်ခု ပိုင်ဆိုင်ရလိမ့်မယ်လို့ ငါခံစားနေရတယ်။ "

" ကောင်းပြီ၊ မင်းတို့အားလုံး သွားပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကြတော့။ငါ တစ်ယောက်တည်း ခဏနေချင်တယ်။ "

" ဟုတ်ကဲ့ သူဌေး "

လူတိုင်းထွက်သွားပြီးနောက် လုမိုပိုင်သည် သူ့ဖုန်းကို ကောက်ကိုင်ပြီး ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့သည်။

အခုတော့ သူဂရုအစိုက်ဆုံး သဘောထားက တစ်ခြားလူတစ်ယောက်ရဲ့ သဘောထားသာဖြစ်သည်။

" ချင်းရွဲ့ ၊ မင်း မြင်လား။ အဲ့ဒီ ဂမ်းနန်းစတိုင် အကသီချင်းကို ကိုယ်မင်းအတွက် အသေအချာဂရုစိုက်ပြီး ရွေးချယ်ခဲ့တာ။ မင်း အဲ့သီချင်းကို ကြိုက်လား ၊မကြိုက်လားတော့ ကိုယ်မသိဘူး။ "

ထိုသို့ပြောပြီး သူသည် ဝီချက်စာတစ်စောင်ကို ပေးပို့ခဲ့သည်။

မိုပိုင်။ ။ ချင်းရွဲ့ ၊အခုအရမ်း နာမည်ကြီးနေတဲ့ ဂမ်းနန်းစတိုင် သီချင်းကို မင်း ကြိုက်လား။

ထိုဝီချက်စာကို ပို့ပြီးနောက် သူသည် စိတ်လှုပ်ရှားစွာဖြင့် တစ်ဖက် မှ ပြန်စာကို စောင့်နေခဲ့သည်။

တစ်ခြားတစ်ဖက်မှာတော့ လင်ပေ့ဖန်သည် သူ့ဖုန်းတုန်ခါလာတာကို သိရှိခဲ့သည်။

ထို့နောက် သူသည် သူ့ဖုန်းကို ကောက်ကိုင်၍ ကြည့်လိုက်ချိန်တွင် ထိုစာကို မြင်ပြီး မနေနိုင်ပဲနဲ့ ခေါင်းခါ၍ ရယ်မောခဲ့သည်။

" ဒီအစ်ကိုဌက်က သူနာမည်ကြီးလာတာနဲ့ သူ့ကိုယ်ကိုယ်သူ မထိန်းနိုင်တော့ဘူးပဲ။ ကောင်မလေးတစ်ယောက်ကိုပဲ စွဲစွဲမြဲမြဲ ချစ်တဲ့ ဒီလိုယောင်္ကျားတစ်ယောက်ကို ငါ နာကျင်အောင် မလုပ်သင့်ဘူး။ ငါ မင်းကို စကားနည်းနည်းပြောပြီး နှစ်သိမ့်ပေးမယ်။ "

ထို့ကြောင့် သူသည် လုမိုပိုင်ကို ချက်ချင်းပဲ စာပြန်ခဲ့သည်။

ချင်းရွဲ့။ ။ ကျွန်မကြိုက်တယ်။ ကျွန်မ အဲ့သီချင်းကို တကယ်ကြိုက်တယ်။ ဒီလိုအကသီချင်းမျိုးရှိလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ အဲ့သီချင်းက တစ်ကြိမ်လောက်နားထောင်ပြီးတာနဲ့ လူတွေကို ဆက်ပြီးတော့ နားထောင်ချင်အောင်ပြုလုပ်နိုင်တယ်။ နောက်ပြီး မြင်းစီးအကကလည်း အရမ်းပဲ မိုက်လွန်းတယ်။

ချင်းရွဲ့။ ။ ကျွန်မတောင် အဲ့ဒီအကကို ကချင်နေတာ။

" မင်းကြိုက်ရင် ပြီးတာပါပဲ။ " လုမိုပိုင်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချပြီး ပြုံးခဲ့သည်။

သူ ခက်ခက်ခဲခဲ ကြိုးစားခဲ့သမျှအရာအားလုံးက အချည်းအနှီး မဖြစ်သွား ခဲ့ပေ။

ချင်းရွဲ့။ ။ ရှင်ရော ကြိုက်လား။ ကျွန်မ ရှင့်စီကနေ မကြိုက်ဘူးဆိုတဲ့စကားကို မကြားချင်ဘူးနော်။ဟွန့်။

မိုပိုင်။ ။ ကိုယ်လည်းအဲ့သီချင်းကို ကြိုက်တာပေါ့။ အဲ့သီချင်းက အရမ်းပဲ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ကိုယ်ထင်တယ်။ ဒါကြောင့်ကိုယ်နေ့တိုင်း အဲ့သီချင်း ကို နားထောင်တယ်။

ချင်းရွဲ့။ ။ ဒီလိုမှပေါ့။

မိုပိုင်။ ။ ဒါနဲ့ စကားမစပ် ၊ အဲ့သီချင်းကို သီဆိုခဲ့တဲ့ အဆိုတော်ကို မင်းဘယ်လိုထင်လဲ။

ထိုစာကို ပို့ပြီးနောက် လုမိုပိုင်သည် နောက်တစ်ကြိမ် စိတ်လှုပ်ရှားလာခဲ့ပြန်သည်။

ချင်းရွဲ့။ ။ ဒီသီချင်းရေးတဲ့ တေးရေးဆရာ နဲ့ အဆိုတော်က အစ်ကို ဌက်လို့ လူသိများတဲ့ လုမိုပိုင် ပဲမလား။

မိုပိုင်။ ။ ဟမ်...

ချင်းရွဲ့။ ။ သူက အတော်လေး အရည်အချင်းရှိတယ်လို့ ကျွန်မထင်တယ်။ သူ ပထမဆုံးပွဲဦးထွက်ခဲ့တဲ့ သီချင်းက ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျော်ကြားနေပြီ။ ဒါက အံ့ဩစရာကောင်းတယ်။

ချင်းရွဲ့။ ။ သူက အဆိုလည်း ကောင်းသလို အကလည်း တော်တယ်။ သူက ဒီအကကို အကြိမ်ပေါင်းရာနဲ့ချီ လေ့ကျင့်ထားသလိုမျိုး အတော်လေးစည်းချက်ကျပြီးတော့ အတော်လေးကျွမ်းကျင်တယ်။ ကျွန်မ ကြားတာတော့ ဒီအကကို သူ့ကိုယ်တိုင် ဖန်တီးခဲ့တာတဲ့။ ဒါက အတော်လေးကို အထင်ကြီးစရာကောင်းတယ်။

ချင်းရွဲ့။ ။ သူက အတော်လေးကြည့်ကောင်းပြီးတော့ ကျွန်မရဲ့ အလှအပဆိုင်ရာ စံသတ်မှတ်ချက်တွေနဲ့လည်း လုံးဝ ကိုက်ညီတယ်။ နောက်ပြီး သူကတာကလည်း အတော်လေး ဆွဲဆောင်မှုရှိတယ်။

ချင်းရွဲ့။ ။ သူလည်း ရန်နိုင်ငံကလို့ ကျွန်မကြားတယ်။ဒါပေမဲ့ သူက သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်သီချင်းကို ဗျူးတီးနိုင်ငံမှာ ပွဲဦးထွက်ပြီးတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျော်ကြားလာတာက တကယ့်ကို အထင်ကြီးစရာကောင်းတယ်။

ချင်းရွဲ့။ ။ အကယ်၍ ကျွန်မတို့က နိုင်ငံမတူတာကြောင့် သာမဟုတ်ရင် ကျွန်မ သူ့ကို တကယ် ဆုံတွေ့ချင်တယ်။

လုမိုပိုင်သည် ထိုစာကို မြင်ပြီး အတော်လေး ပျော်ရွှင်သွားခဲ့သည်။

' ချင်းရွဲ့ရဲ့ အမြင်မှာ ကိုယ်က ဒီလောက်ထိ မြင့်မားလိမ့်မယ်လို့ ကိုယ် မမျှော်လင့်ခဲ့ဘူး။ '

ထို့နောက်သူသည် ဆက်လက်ပြီး စမ်းသပ်ခဲ့သည်။

မိုပိုင်။ ။ သူ့လိုလူမျိုးကို မင်းရဲ့ ရည်းစားအနေနဲ့ရော ထားဖို့ စဉ်းစားဖူးလား။

ချင်းရွဲ့။ ။ ကြည့်ရတာ အရမ်းကောင်းမဲ့ပုံပဲ။ သူငယ်ချင်းဖြစ်တာ ကောင်းတယ်။ဒါပေမဲ့ ရည်းစားဖြစ်လည်း အဆင်ပြေပါတယ်။

လုမိုပိုင်သည် စိတ်လှုပ်ရှားလာပြီး ချက်ချင်းပဲ စာရိုက်ခဲ့သည်။

မိုပိုင်။ ။ ဘာလို့လဲ။

ချင်းရွဲ့။ ။ ဘာလို့လဲဆိုတော့ ကျွန်မက အရည်အချင်းရှိပြီး ရုပ်ချောတဲ့ လူမျိုးကိုမှ ကြိုက်တာ။

ချင်းရွဲ့။ ။ နောက်ပြီး ကျွန်မက ရုပ်ရည်ကို အဓိက ထားကြည့်တတ်တဲ့သူမျိုးပဲ။

ချင်းရွဲ့။ ။ ကျွန်မရဲ့ အရည်အချင်းစံသတ်မှတ်ချက်က အရမ်းပဲ မြင့်လွန်းတယ်။ သီချင်းသီဆိုတဲ့ဘက်မှာပဲ အရည်အချင်း ရှိလို့မရဘူး။ စာပေ အနုပညာဘက်မှာလည်း အရည်အချင်းရှိရမယ်။ အကယ်၍ ရှင့်ရဲ့ အားသာချက် နဲ့ သူ့ရဲ့ အားသာချက်ကို ပေါင်းစပ်နိုင်ရင် အဲ့ဒါက အကောင်းဆုံးဖြစ်လိမ့်မယ်။

ချင်းရွဲ့။ ။ ကျွန်မ ရဲ့ စံသတ်မှတ်ချက်က အရမ်းပဲ မြင့်လွန်းအားကြီးသွားလား။

လုမိုပိုင်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချပြီး သူ့မျက်နှာပေါ်တွင် နောက်တစ်ကြိမ် ယုံကြည်မှုရှိသော အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။

ဘာကြောင့်လဲဆိုတော့ သူ့အချစ်ကလေးရဲ့ လိုအပ်တဲ့ စံသတ်မှတ်ချက်တွေအကုန်လုံး သူ့မှာ လုံးဝ ရှိ နေတာကြောင့်ဖြစ်သည်။

ချင်းရွဲ့။ ။ ဒါပေမဲ့ အဲ့ဒါ တစ်ခုတည်းနဲ့ မလုံ လောက်သေးဘူး။

မိုပိုင်။ ။ တစ်ခြားဘာ လိုသေးလို့လဲ။

လုမိုပိုင်သည် တဖန် စိတ်လှုပ်ရှားလာခဲ့သည်။

သူသည် သူ့ကိုယ်ကိုယ်သူ မန်ယူပွဲကြည့်နေသလိုမျိုး ခံစားနေရသည်။ ( နိုင်ပါ့မလား၊နိုင်ပါ့မလားလို့ )

ချင်းရွဲ့။ ။ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ နောက်ခံကြောင့် ကျွန်မရဲ့ လက်ထပ်ပွဲကို ကျွန်မဘာသာကျွန်မ လွတ်လွတ်လပ်လပ် ဆုံးဖြတ်လို့မရဘူး။

ချင်းရွဲ့။ ။ နောက်ပြီး ကျွန်မရဲ့ကောင်လေးက ကျွန်မရဲ့ မိသားစုကို ယှဉ်နိုင်တဲ့အာဏာရော စွမ်းအားရော ရှိရမယ်။ ဒီလိုမှမဟုတ်ရင် ကျွန်မရဲ့ မိသားစုက ကျွန်မတို့ကို သဘောတူမှာမဟုတ်ဘူး။

" ဒါေတာ့ ဟုတ်တယ်။ "

လုမိုပိုင်သည် သူမပြောတာကို အပြည့်အဝနားလည်သည်။

လန်ချင်းရွဲ့သည် ကြောက်ဖို့ကောင်းတဲ့ လျှို့ဝှက်မိသားစုတစ်ခုကနေ မွေးဖွားလာသည့် အဲ့ဒီမိသားစုခေါင်းဆောင်ရဲ့ သမီးပဲဖြစ်သည်။

ထို့ကြောင့် သူမရဲ့ ခင်ပွန်းလောင်းအတွက် စံသတ်မှတ်ချက်မြင့်မားတာက သဘာဝကျပြီး ထိုမိသား၏ မိသားစုဝင်ဖြစ်ဖို့ကလည်း အခြေခံအကျဆုံး လိုအပ်ချက်သာဖြစ်သည်။

ထို့ပြင်သူမခင်ပွန်းေလာင်းရဲ့ အသားတင်ပိုင်ဆိုင်မှုကလည်း ဘီလီယံရာနဲ့ချီ မပိုင်ဆိုင်လျှင် အနည်းဆုံးတော့ ဆယ်ဘီလီယံလောက် ပိုင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

ထိုသို့မဟုတ်လျှင် ဘယ်သူမှ မင်းကို လှည့်ကြည့်လိမ့်မည်မဟုတ်ပေ။

' ချင်းရွဲ့ မစိုးရိမ်နဲ့။ ကိုယ်မကြာခင် အမြန်ဆုံး တိုးတက်လာပြီးတော့ မင်းရဲ့ မိသားစုနဲ့ ယှဉ်နိုင်တဲ့ စွမ်းအားကို ကိုယ်ရရှိလာလိမ့်မယ်။ ' လုမိုပိုင်က သူ့စိတ်ထဲကနေ ပြောလိုက်သည်။

ချင်းရွဲ့။ ။ ဒါနဲ့ အဆိုတော်ရဲ့ နာမည်က လုမိုပိုင်ဖြစ်ပြီးတော့ ရှင့်ရဲ့ ဝီချက်အိုင်ဒီကလည်း မိုပိုင်ဖြစ်နေတယ်ဆို တော့ ရှင်တို့နှစ်ယောက်က အတူတူပဲလား။ ကျွန်မကို မြန်မြန်အမှန်တိုင်း ပြောပြ။

" ကိုယ်မျှော်လင့်ခဲ့သလို မင်းက ကိုယ့်ကို မြန်မြန်ခန့်မှန်းနိုင်ခဲ့တာပဲ။ ဒါပေမဲ့ ချင်းရွဲ့ ကိုယ်မင်းကိုတောင်းပန်ပါတယ်။ ကိုယ်မင်းကို အမှန်အတိုင်းပြောပြလို့မရသေးဘူး။ "

လုမိုပိုင်သည် အပြည့်အဝ ပြင်ဆင်ပြီးမှ သူ့အချစ်ကလေး ရှေ့တွင် လူကိုယ်တိုင် ရုပ်လုံးထွက်ပြချင်ခဲ့သည်။

မိုပိုင်။ ။ မဟုတ်ပါဘူး။ ဒါက တိုက်ဆိုင်တာ သက်သက်ပဲ။ ကိုယ် ဒီဝီချက်အကောင့်ကို ကျပန်းယူခဲ့တာ။

ထိုနည်းဖြင့် သူတို့နှစ်ယောက်သည် ဆက်လက်၍ စကားပြောခဲ့ကြသည်။

ထိုအချိန်တွင် လင်ပေ့ဖန်၏ နောက်ဖုန်းတစ်လုံး၌ စာတစ်စောင် ဝင်လာခဲ့သည်။

ထိုစာက အစစ်အမှန် လန်ချင်းရွဲ့စီက စာဖြစ်သည်။

" ဝေ့ ဉာဏ်ကြီးရှင် ၊ ရှင် မနက်ဖြန်ည အားလား။ “

All Chapters