အခန်း (၁၄၇)
Vol. 10 Ch. 147
ချင်းရွဲ့ : မကြာသေးခင်က ယောင်္ကျားတစ်ယောက် လိုက်နှောက်ယှက်တာကို ကျွန်မ ခံခဲ့ရတယ်။အဲ့ဒါတော်တော်စိတ်ရှုပ်ဖို့ကောင်းတယ်။
တစ်ခြားတစ်ဖက်တွင် ရှိသော လုမိုပိုင်သည် ထိုစာကို ဖတ်ပြီး ပေါက်ကွဲသွားခဲ့သည်။
" သေစမ်း ၊ငါ့အချစ်လေးကို နှောက်ယှက်နေတဲ့သူ ရှိတယ်တဲ့လား။ "
သို့သော်လည်းပဲ သူသည် ထိုအကြောင်းကို ဂရုတစိုက်တွေးကြည့်လိုက်သောအခါ ၎င်းက မဖြစ်နိုင်စရာမရှိပေ။
ထို့ပြင် သူ့အချစ်လေးချင်းရွဲ့သည် အရမ်းပဲ လှပပြီး အရည်အချင်းရှိသည်။ ထို့ကြောင့်သူမကို လိုက်နေတဲ့သူများမရှိမှ သာလျှင် ၎င်းက ထူးဆန်းနေလိမ့်မည်ဖြစ်သည်။
သို့ပေမဲ့ သူသည် ၎င်းကို အတော်လေးမခံမရပ်နိုင်ဖြစ်နေတုန်းပဲဖြစ်သည်။
မိုပိုင် : သူက ဘယ်သူလဲ။
ချင်းရွဲ့ : ရှင် မသိရင် ၊ဘာလို့ မေးနေတာလဲ။
.
မိုပိုင် : မင်း စိတ်ညစ်ပြေအောင်လို့ ကိုယ်တို့သူအကြောင်းကို ပြောကြရအောင်လေ။
ချင်းရွဲ့ : ကောင်းပြီလေ။ အဲ့ဒီလူရဲ့နာမည်က တင်းရှောင်ကျီလို့ ခေါ်တယ်။ သူက အကြီးဆုံး ဖျော်ဖြေရေးကုမ္ပဏီတစ်ခုရဲ့ ဥက္ကဌရဲ့သားဖြစ်တယ်။နောက်ပြီး သူက ကျွန်မကို ချစ်မိသွားတဲ့အချိန်ကစပြီးတော့ ကျွန်မကို လိုက်နှောက်ယှက်နေတာ။
ချင်းရွဲ့ : ကျွန်မရဲ့ နောက်ခံမိသားစုကြောင့်သာမဟုတ်ရင် သူက ကျွန်မကို ဒီထက်ပိုပြီး လိုက်နှောက်ယှက်လိမ့်မယ်။
ချင်းရွဲ့ : ဒါကြောင့်မိုလို့ ကျွန်မသူ့ကို မြင်တဲ့အချိန်တိုင်း အတော်လေးစိတ်အနှောက်အယှက်ဖြစ်ပြီးတော့ နေမကောင်းချင်သလိုတောင်ဖြစ်တယ်။
" မအေမွေး တင်းရှောင်ကျီ ၊ မင်း နောက်တစ်ခါထပ်ပြီး ငါ့အချစ်လေးကို ကြာကူလီလုပ်ဖို့ ကြိုးစားနေပြန်ပြီပေါ့လေ။ " လုမိုပိုင်သည် အတော်လေးဒေါသထွက်သွားခဲ့သည်။
သူသည် ထိုလူကို သိသည်။ ထိုလူသည် ဟန်တင်းဖျော်ဖြေရေးအုပ်စုဥက္ကဌရဲ့သားဖြစ်သည်။
ထိုလူသည် လင်ပေ့ဖန်ထက်တောင်ဆိုးရွားသည့် အသိဉာဏ်မဲ့သော ပလေးဘွိုင်းတစ်ယောက်ဖြစ်သည်။
လင်ပေ့ဖန်က ပလေးဘွိုင်းတစ်ယောက်လို ဟန်ဆောင်နေပေမဲ့လည်း တင်းရှောင်ကျီကတော့ တကယ့်ကို ယုတ်မာတဲ့ ပလေးဘွိုင်းစစ်စစ်တစ်ယောက်ဖြစ်သည်။
သူ့အဖေရဲ့ နောက်ခံဖြင့် တင်းရှောင်ကျီသည် မိန်းကလေးဘယ်လောက်များများကို ထိခိုက်နစ်နာစေခဲ့ပြီးပြီ ဆိုတာကို သူမသိပေ။
သူ့ရဲ့အတိတ်ဘဝတုန်းက တင်းရှောင်ကျီသည် ချင်းရွဲ့အတွက် သူ့နဲ့ ယှဉ်ပြိုင်ခဲ့ဖူးသည်။ ထို့ပြင် ထိုအချိန်တွင် တင်းရှောင်ကျီသည် သူ့ကို ဆန့်ကျင်ရာတွင် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့ပေမဲ့လည်း ကံကောင်းထောက်မစွာဖြင့် သူသည် ထိုအရာအားလုံးကို ဖြေရှင်းနိုင်ခဲ့သည်။အဆုံးတွင် သူသည် လင်ပေ့ဖန်ကို ရန်စမိခဲ့ပြီး လင်ပေ့ဖန်ကြောင့် သူ့မိသားစုတစ်ခုလုံး ပျက်စီး၍ သူသည်လည်း လင်ပေ့ဖန်ကြောင့် ထောင်ထဲအောင်းခဲ့ရသည်။
ချင်းရွဲ့ရဲ့ သတိပေးမှုကြောင့်သာမဟုတ်လျှင် သူသည် ထိုလူကို မေ့လုနီးပါး ဖြစ်နေလိမ့်မည်ဖြစ်သည်။
" တင်းရှောင်ကျီ ၊ မင်းက မင်းသေလမ်း မင်းရှာနေတာပဲ။ "
" ဟန်တင်းဖျော်ဖြေရေးအုပ်စု ရှိစရာ မလိုတော့ဘူး။ "
လုမိုပိုသည် ဒေါသတကြီးဖြင့် သက်ပြင်းချပြီး ပြောခဲ့သည်။
လင်ပေ့ဖန်က သူ့ကို ကြောက်ရွံ့အောင် ပြုလုပ်နိုင်ပြီးနဂါးဘုရင်ကျိုရှင်းကလည်း သူ့ကို အနည်းငယ် ကြောက်ရွံ့စေသည်။
ဒါပေမဲ့ တင်းရှောင်ကျီ......
ရိုးရိုးသားသားပြောရရင် တင်းရှောင်ကျီက သူ့အတွက်တော့ ပမွှားလေးတစ်ယောက်သာဖြစ်သည်။
ဘာလို့လဲဆိုတော့ သူသည် ထိုလူနဲ့ ဆက်ဆံရန် သူ့မှာ အစီအစဉ်တစ်ခုရှိနေပြီးတာကြောင့် ဖြစ်သည်။
သူ့ရဲ့ အတိတ်ဘဝတုန်းက တင်းရှောင်ကျီသည် လင်ပေ့ဖန်ရဲ့ ရှင်းထုတ်ခြင်းကို ခံခဲ့ရသည်။
လင်ပေ့ဖန်သည် တင်းရှောင်ကျီရဲ့ အခွန်ရှောင်မှုများ နှင့် ဟန်တင်းကုမ္ပဏီ၏ အခွန်ရှောင်မှုများကို ထုတ်ဖော်ပြီး ဟန်တင်း ဖျော်ဖြေရေးအုပ်စုကို တိုက်ရိုက်ဆုတ်ယုတ်စေခဲ့သည်။
ထို့ပြင် လင်ပေ့ဖန်သည် ဟန်တင်း ဖျော်ဖြေရေးအုပ်စု ရဲ့ စတော့ရှယ်ယာများကို ကြိုးကိုင်ချယ်လှယ်ပြီး ဟန်တင်းဖျော်ဖြေရေးအုပ်စုကို နောက်တစ်ကြိမ် ထိုးနှက်ခဲ့သည်။ထို့နောက် လင်ပေ့ဖန်သည် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ တရားမဝင်သက်သေအထောက်အထားများကို ထုတ်ဖော်ပြီး ( လာဘ်စားထားတဲ့သူတွေကိုပြောတာ ) သူတို့တွေကို ထောင်ထဲသို့ ပို့ခဲ့သည်။
ဖျော်ဖြေရေးလုပ်ငန်း၌ ကသောင်းကနင်း ဖြစ်နေချိန်တွင် လင်ပေ့ဖန်သည် သူ့ညီအစ်ကို ဟဲရှီဝမ်ကို ခေါ်လာ၍ ထိုလုပ်ငန်းကို ဝယ်ယူပြီး ဒရှဖျော်ဖြေရေးနာမည်ဖြင့် ဟဲရှီဝမ်ကို တာဝန်ယူစီမံခိုင်းခဲ့သည်။
ထိုနည်းလမ်းက တကယ့်ကို အံ့ဩစရာကောင်းတဲ့ နည်းလမ်းဖြစ်သည်။
အကယ်၍ သူသာ လင်ပေ့ဖန်ရဲ့ ဖျော်ဖြေရေးကုမ္ပဏီ လက်အောက်သို့ နောက်ပိုင်းမှာ မဝင်ရောက်ခဲ့ပါက လင်ပေ့ဖန်လုပ်ခဲ့တာကို သိလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် သူသည် ထိုနည်းအတိုင်း တင်းရှောင်ကျီကို ရှင်းထုတ်ရန် အစီအစဉ်ဆွဲခဲ့သည်။
လင်ပေ့ဖန် လုပ်သလို သူလုပ်တာကြောင့် တင်းရှောင်ကျီကို ဖျက်ဆီးနိုင်လိမ့်မည်ဖြစ်သည်။
" လင်ပေ့ဖန် မင်းမထင်ထားဘူးမလား။ မင်းအရင်တုန်းက လုပ်ခဲ့တဲ့ အရာအားလုံးက အခု ငါ့အတွက်ဖြစ်သွားပြီ။ ငါ မင်းရဲ့ နည်းလမ်းကို သုံးပြီးတော့ တင်းရှောင်ကျီနဲ့ ဆက်ဆံလိုက်မယ်။ မင်းပိုင်သမျှအရာအားလုံးက ငါ့အပိုင်ပဲလေ။ ဟဲဟဲ။ "
လုမိုပိုင်က ရယ်မောပြီး ဖုန်းခေါ်ခဲ့သည်။
ထိုအချိန်တွင် လင်ပေ့ဖန်သည် ရုံးခန်းထဲမှာ ထွက်၍ ရောင်းဝယ်ရေးခန်းမထဲသို့ ဝင်လာပြီး အမိန့်တစ်ခုပေးခဲ့သည်။
" ဟောင်ကောင် စတော့ဈေးကွက်ကိုဝင်ပြီးတော့ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာကို အတိုချုံးရောင်းချလိုက်။ "
ကုန်သည်များသည် ချက်ချင်းပဲ အလုပ်များသွားခဲ့သည်။
" မစ္စတာလင် ၊ ဘယ်လောက်များများ အတိုချုံးရောင်းမလို့လဲ။ "
" မင်းတို့ ရောင်းနိုင်သလောက် မြန်မြန်ရောင်းလိုက်။"
" ဟုတ်ကဲ့ ၊မစ္စတာလင်။ "
ရလဒ်အနေဖြင့် လင်ပေ့ဖန်၏ ရန်ပုံငွေများသည်ဟောင်ကောင် စတော့ရှယ်ယာဈေးကွက်ထဲသို့ ဝင်ရောက်ရိုက်ခတ်လာခဲ့သည်။
ညအချိန်၌ လုမိုပိုင်သည် သက်သေအထောက်အထားအချို့ကို ရှာဖွေ စုဆောင်းစီစစ်ခဲ့ပြီးပြီ ဖြစ်သည်။
" ငါ ဒီသက်သေတွေကိုသာ ထုတ်ဖော်လိုက်ရင် ဟန်တင်းဖျော်ဖြေရေးအုပ်စုတော့ သေချာပေါက် အထိနာသွားလိမ့်မယ်။ တင်းရှောင်ကျီ မင်း ဘယ်လောက်ထိ အထိနာမလဲ ဆိုတာ ကြည့်ကြတာပေါ့။ "
လုမိုပိုင်သည် ကျေနပ်သော အပြုံးဖြင့် ပြုံးပြီး သူ့ဘေးနားက လက်ထောက်ကို ကြည့်၍ မေးခဲ့သည်။
" ဒါနဲ့ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာကရော ဘယ်လိုလဲ။ ငါတို့ ဘယ်လောက်များများဝယ်ခဲ့လဲ။ "
သူသည် ထိုကနေ ပိုက်ဆံရှာချင်ခဲ့သည်။ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့စတော့ရှယ်ယာကို အတိုချုံးရောင်းလိုက်ပါက သေချာပေါက် ပိုက်ဆံအနည်းငယ် ရနိုင်လိမ့်မည်ဖြစ်သည်။
လက်ထောက်က သတိထားပြီး ပြောခဲ့သည်။
" ဘော့စ် ၊ကျွန်တော်တို့ရဲ့ ဟန်တင်းဖျော်ဖြေရေးအုပ်စုစတော့ရှယ်ယာတွေကို တစ်ခြားသူတွေက အကုန်လုံး ဝယ်ယူသွားလို့ ကျွန်တော်တို့ ဝယ်ယူလို့မရနိုင်တော့ပါဘူး။ ဒါကြောင့် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့စတော့ရှယ်ယာကို အတိုချုံးဝယ်ဖို့ နည်းလမ်းမရှိပါဘူး။ "
" အဲ့လိုလား....။ " လုမိုပိုင်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူသည် ဟောင်ကောင် စတော့များ၏ အတိုချုံးရောင်းချမှုစနစ်ကို သိသည်။
သင်သည် ၎င်းတွင် အတိုချုံးရောင်းချင်ပါက သင့်ရဲ့ ရှယ်ယာများ ၊စာချုပ်စာတမ်းများကို ချေးဌားရမည်ဖြစ်သည်။
ဆိုလိုတာကတော့ ဟောင်ကောင်စတော့ ဈေးကွက်၏ အကောင့်ဖွင့်ပေးသည့် ပွဲစား များကို သူတို့ အတိုချုံးမရောင်းချမှီ အလားတူစတော့ရှယ်ယာများကို ချေးငှားပေးရမည်ဖြစ်သည်။ အကယ်၍ အကောင့်ဖွင့်ပေးသည့် ပွဲစားတွင် အလားတူ စတော့ရှယ်ယာများ မရှိပါက ၎င်းကို အတိုချုံးရောင်းရန် နည်းလမ်းမရှိပေ။
" မင်း ဝယ်လို့ မရရင်လည်း ထားလိုက်တော့။ "
သူ့အတွက်တော့ ငွေကြေးအနည်းငယ် ဆုံးရှုံးသွားသော်လည်း ၎င်းက အရေးမကြီးပေ။သူ့ရဲ့ ခေါင်းထဲရှိ အရည်အချင်းများကြောင့် ငွေရှာတာက အရမ်းပဲ လွယ်ကူလွန်းသည်။
အခုအရေးကြီးဆုံးအရာက ဟန်တင်းဖျော်ဖြေရေးအုပ်စုကို ဒေဝါလီခံရအောင်လုပ်ပြီး တင်းရှောင်ကျီကို အနိုင်ယူရန် ဖြစ်သည်။
" မင်း ဒီသတင်းကို တိတ်တိတ်ကလေး ဖွင့်ထုတ်ပြီးတော့ အလျင်အမြန် အုတ်အော်သောင်းတင်းဖြစ်အောင်လုပ်လိုက် ၊ မင်းသိတယ်မလား ..? ။ "
" သိပြီ ဘော့စ်။ "
ထို့နောက် ထိုသတင်းက အင်တာနက်ပေါ်တွင် နာမည်ကြီးပြီး ကြီးမားတဲ့ ဂယှက်ရိုက်မှုတစ်ခု ဖြစ် စေခဲ့သည်။
ထိုသို့ ဝင်ငွေကောင်းသော နာမည်ကြီး အနုပညာရှင်သည် ဝင်ငွေလျှော့ပြရန် စာချုပ်နှစ်မျိုးပြုလုပ်၍ တကယ်ပဲ အခွန်ရှောင်လိမ့်မည်ဟု ဘယ်သူကမှ မထင်ထားခဲ့ကြပေ။
ထို့ကြောင့် ထိုသတင်းကို ထုတ်ဖော်သူသည် အတော်လေးဒေါသထွက်ပြီး ထိုအနုပညာရှင်များကို အပြစ်ပေးရန် သူတို့ရဲ့အပြစ်ကိုရှာပြီး လိုင်းပေါ်တင်ခဲ့ခြင်းဖြစ်သည်။
ရလဒ်အနေဖြင့် ပြည်နယ်ရှိသက်ဆိုင်ရာ ဌာနများက အရေးယူဆောင်ရွက်ခဲ့ရာ ဖျော်ဖြေရေးလုပ်ငန်းနယ်ပယ် တစ်ခုလုံးရှိ လူတိုင်းကို စိုးရိမ်ပူပန်စေခဲ့သည်။
ထိုထဲတွင် ဟန်တင်းဖျော်ဖြေရေးအုပ်စုသည် အဆိုးရွားဆုံးခံစားခဲ့ရသည်။
ဒုတိယနေ့၌ စတော့ဈေးကွက်ဖွင့်ချိန်တွင် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာများသည် တိုက်ရိုက်ကျဆင်းသွားပြီး ၂၀ရာခိုင်နှုန်း ထိုးကျသွားခဲ့သည်။
ထို့ပြင်အခြေအနေပေါ်မူတည်ပြီး နှစ်ပတ်ဆက်တိုက် ထိုကဲ့သို့ ကျဆင်းတာလည်း ဖြစ်နိုင်သည်။
ရင်းနှီးမြှုပ်နှံသူအများအပြားသည် အတိုချုံးမရောင်းလိုက်ရတာကြောင့် ထိုမြင်ကွင်းကို ကြည့်ပြီး မတတ်နိုင်ပဲ ငိုကြွေးခဲ့ကြသည်။
ထို့ပြင် စတော့ရှယ်ယာများ ကျဆင်းနှုန်းက အရမ်း မြန်လွန်းတာကြောင့် သူတို့သည် ဘာမှ လုပ်ချိန်တောင်မရလိုက်ပေ။
သို့သော်လည်းပဲ လင်ပေ့ဖန်ကတော့ ရယ်မောနေခဲ့သည်။လင်ပေ့ဖန် ကုမ္မဏီရှိလူများကလည်း ရယ်မောနေခဲ့ကြသည်။
ထိုဆက်တိုက်လှုပ်ရှားမှုအပေါ်အခြေခံ၍ သူတို့သည် ပိုက်ဆံသုံးဘီလီယံ ရ ရှိခဲ့သည်။ထို့ပြင် သူတို့သည် နောက်ထပ်သုံးဘီလီယံကိုလည်း စုဆောင်းနိုင်ခဲ့သည်။
" မစ္စတာလင်က တကယ့်ကို လေးစားစရာကောင်းတယ်။ သူက နောက်တစ်ခါ မှန်ကန်တဲ့ စတော့ဈေးကွက်ကို ရှာနိုင်ခဲ့တယ်။ ပထမ ဈေးကွက်လှုပ်ရှားမှုကတော့ အရမ်းကောင်းတယ်။ "
" မစ္စတာလင် နောက်ကို လိုက်ရတာ ဘယ်တော့မှ မှားလိမ့်မှာမဟုတ်ဘူးဆိုတာကို ငါ သိနေတယ်။ "
" ငါတို့ရဲ့ ဒီလဘောနပ်စ်ကတော့ နှစ်ဆရတော့မယ်။ ဟားဟား....။ "
" မစ္စတာလင်ကိုပဲ အားလုံးကျေးဇူးတင်ရမယ်။"
" သူဌေးလင်က လေးစားစရာကောင်းတယ်။ "
လင်ပေ့ဖန်သည် မြှောက်ပင့်သံတွေကို နားထောင်ပြီး အတော်လေးပျော်ရွှင်သွားခဲ့သည်။
ထို့နောက် သူသည် သူ့ဘာသာသူ စဉ်းစားခဲ့သည်။
' ဗီလိန်ကို ဆက်ဆံဖို့ဆိုရင် ဇာတ်လိုက်က အလုပ်ဖြစ်တုန်းပဲ။ '
' ဒါကြောင့် အနာဂတ်မှာ ငါ ဗီလိန်တွေနဲ့ တွေ့ရင် ဇာတ်လိုက်တွေကို လွှတ်ပေးပြီးတော့ ငါက နောက်ကွယ်ကနေ တိတ်တိတ်ကလေး ပိုက်ဆံရှာလို့ရတယ်။ '
" ကောင်းပြီ ၊ မြှောက်ပြောနေတာတွေ ရပ်ပြီးတော့ မင်းတို့ ဖန်သားပြင်ကို ( စတော့ေစျးကွက်ပြတဲ့ဖန်သားပြင်) သေသေချာချာ စိုက်ကြည့်နေကြ။ ငါ အရင် ပြန်ပြီ။ "
" ဟုတ်ကဲ့ မစ္စတာလင် "
ထို့နောက် လင်ပေ့ဖန်သည် အောက်သို့ ဆင်းလာပြီး ပရဟိတပွဲ တက်ရောက်ရန် လန်ချင်းရွဲ့မှ သူ့ကို ခေါ်ဆောင်သွားခဲ့သည်။
လမ်းတွင် လန်ချင်းရွဲ့သည် လင်ပေ့ဖန့်ကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေခဲ့သည်။
" မင်း ငါ့ကို ဘာလို့ ဒီလို မျိုးကြည့်နေတာလဲ ။ " လင်ပေ့ဖန်က မနေနိုင်ပဲနဲ့ မေးလိုက်သည်။
လန်ချင်းရွဲ့သည် လင်ပေ့ဖန်ဘေးနားတိုးလာပြီး အသံတိုးတိုးဖြင့် မေးခဲ့သည်။
" ကျွန်မရှင့်ကို တစ်ခု လောက်မေးမယ်။ ရှင် ကျွန်မကို မလိမ်ပဲနဲ့ ရိုးရိုးသားသားပြောရမယ်နော်။ ဟန်တင်းဖျော်ဖြေရေးအုပ်စုကို ရှင်လုပ်ခဲ့တာလား။ “