← Chapters

အခန်း (၁၄၈)

Vol. 10 Ch. 148

အခန်း (၁၄၈)

Vol. 10 Ch. 148

လင်ပေ့ဖန်သည် တည်ငြိမ်စွာဖြင့် ပြောခဲ့သည်။

" ချင်းရွဲ့ ၊မင်း ဘာလို့ အဲ့လို အတွေးမျိုးရှိနေတာလဲ။ "

လန်ချင်းရွဲ့သည် မျက်မှောင်ကြုတ်၍ လင်ပေ့ဖန်ကို စိုက်ကြည့်ပြီး သူ့ရဲ့ လှုပ်ရှားမှုအနည်းငယ်တိုင်းကိုလည်း သတိထားပြီးစောင့်ကြည့်၍ ပြောခဲ့သည်။

" မနေ့က တင်းရှောင်ကျီကို ဂရုစိုက်ဖို့ ကျွန်မ ရှင့်ကိုသတိပေးခဲ့ပြီးတာနဲ့ ညကျတော့ တင်းရှောင်ကျီရဲ့ နောက်က ကုမ္ပဏီက မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့တယ်။ ပြော ၊အဲ့ဒါကို ရှင်လုပ်ခဲ့တာမလား။ "

" အဲ့ဒါက တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်တယ်။ "လင်ပေ့ဖန်က တည်ငြိမ်စွာဖြင့် လန်ချင်းရွဲ့ကိုကြည့်ပြီး ပြောခဲ့သည်။

" ကြည့်လိုက် ၊ ဒါက ကျွန်မတို့ မနေ့က ဝီချက်က ပို့ထားတဲ့ စာတွေပဲ။ ကျွန်မတို့ စာပို့နေချိန်အတွင်းမှာ ရှင်က သူ့ကို လုံးဝ အလေးအနက်မထားနေဘူး။ ဒါကြောင့်မိုလို့ အဲ့ဒါကို ရှင်လုပ်ခဲ့တာလို့ ကျွန်မအတော်လေး သံသယဖြစ်နေတာ။ "

" တိုက်ဆိုင်မှုတစ်ခုပဲ ၊တကယ့်ကို တိုက်ဆိုင်မှုတစ်ခုသက်သက်ပဲ။ " လင်ပေ့ဖန်က တည်ငြိမ်သောအမူအရာဖြင့် ထပ်ပြောခဲ့သည်။

" ဟွန့် ၊အဲ့ဒါက တိုက်ဆိုင်မှုဆိုရင်....."

လန်ချင်းရွဲ့သည် လင်ပေ့ဖန်ဘေးနားသို့ ပိုတိုးလာပြီး သူ့နားနားကပ်၍ တိုတိုးပြောခဲ့သည် ။

" ကျွန်မ ရှင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ဟောင်ကောင်စတော့ဈေးကွက်မှာ ပွဲစားအလုပ်လုပ်နေတဲ့ ဦးလေးတစ်ယောက် ကျွန်မမှာရှိတယ်။နောက်ပြီး မနေ့တုန်းက လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက သူတို့ကို စတော့ရှယ်ယာတွေ ချေးငှားပြီးတော့ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ရှယ်ယာကို အတိုချုံးရောင်းချခိုင်းခဲ့တယ်လို့ သူက ကျွန်မကို ပြောခဲ့တယ်။အခု ရှင် ကျွန်မကို ဘယ်လိုများ ငြင်းနိုင်ဦးမှာလဲ။ "

လင်ပေ့ဖန်သည် ခေါင်းစောင်းပြီး ကြည့်လိုက်ချိန်တွင် လန်ချင်းရွဲ၏ အေးစက်စက် မျက်နှာပေါ်၌

ကိုယ့်ကိုကိုယ် ကျေနပ်အားရပြီး အောင်နိုင်တဲ့ အသွင်အပြင်ကို ရှာတွေ့ခဲ့သည်။ထိုအသွင်အပြင်ကို ကြည့်ရတာက ထူးထူးခြားခြားနဲ့ ဆွဲဆောင်မှုရှိသည်။

လင်ပေ့ဖန်သည် သက်ပြင်းချပြီး စိတ်ထဲကနေ ညည်းတွားခဲ့သည်။

' မိုပိုင် ၊ငါမင်းကို မကူညီခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ သူမက ငါပြောတာကို မယုံကြည်နေဘူး။ '

' မင်း အနာဂတ်မှာ ငါ့ကို အပြစ်မတင်ပါနဲ့။ '

" မမျှော်လင့်ပဲနဲ့ မင်းက ဒါတွေအားလုံးကို ရှာတွေ့ခဲ့တာပဲ။ "

လင်ပေ့ဖန်က တိုးတိုးလေး ပြန်ပြောခဲ့သည်။

" ငါလည်း မင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။ ဒီကိစ္စက ငါ့နဲ့ တစ်ခုခုတော့ ပတ်သတ်နေတယ်။ဒါကို မင်း ဘယ်သူ့ကိုမှ ပြန်မပြောဘူးလို့ ငါမျှော်လင့်ပါတယ်။ "

" ကျွန်မသိပြီ ၊ ဘာလို အဲ့လို ပြောတာလဲ ။ ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မကို ကူညီပေးနေတာပဲလေ။ဒါကြောင့် ကျွန်မရှင့်ကို ကျေးဇူးတင်ပါတယ်။ "

သူမရှေ့က လူသည် သူမရဲ့ ပြဿနာများကို တိတ်တဆိတ် ကူညီ ဖြေရှင်း၍သူမအစား အရာအားလုံးကို တွန်းလှန်ပေးခဲ့သည်ကို သိလိုက်ရသဖြင့် လန်ချင်းရွဲ့၏ ရင်ထဲတွင် ချိုမြန်သွားသလို ခံစားရပြီး အထူးခံစားချက်တစ်ခု သူမရဲ့ ရင်ထဲတွင် ပျံ့နှံ့သွားခဲ့သည်။

" ကျေးဇူးတင်စရာမလိုပါဘူး။ သူမင်းကို လိုက်မနှောက်ယှက်စေချင်ရုံ သက်သက်ပါပဲ။ " လင်ပေ့ဖန်က ရိုးရိုးသားသားကြည့်ပြီး ပြန်ပြောခဲ့သည်။

" ရှင့်ကို ပြောပြမယ်။ဒီလောက် ကြီးမားတဲ့ကိစ္စကြီးတစ်ခု ဖြစ်ပြီးတဲ့ နောက်မှာ တင်းရှောင်ကျီ ရဲ့ အဖေက သူ့ကို ပြန်ခေါ်သွားပြီးတော့ သူ့ကို အပြင် လုံးဝ မထွက်ခိုင်းတော့ဘူး။ နောက်ပြီး အခုဆိုရင် ဟန်တင်း ဖျော်ဖြေရေးအုပ်စုရဲ့ အနုပညာရှင်အများစုကလည်း သူတို့ကိုယ်သူတို့တောင် မနည်းကာကွယ်နေရလို့ ပရဟိတပါတီပွဲကို မတက်ရောက်နိုင်တော့ဘူး။ဒီလူတွေအကုန်လုံး ဝဋ်လည်တာနေမယ်။ ရှင်မွှေလိုက်တဲ့ မီးက အခုဆိုရင် တော်တော်လေးကြီး နေပြီ။ ဟန်တင်းအုပ်စုလည်း တော်တော်လေး အထိနာသွားတယ်။ " လန်ချင်းရွဲ့က တောက်ပသောအပြုံးဖြင့် ပြောခဲ့သည်။

" အကယ်၍ သူတို့သာ အဲ့ဒါကို မလုပ်ခဲ့ရင် ဘယ်လိုလုပ် ဒီကိစ္စကဖြစ်ပွားလာမှာမို့လို့လဲ။ " လင်ပေ့ဖန်က ရယ်မောပြီး ပြောခဲ့သည်။

" ဟုတ်တယ် "

ထို့နောက် လန်ချင်းရွဲ့သည် နီရဲသော မျက်နှာဖြင့် ပြောခဲ့သည်။

" ရှောင်ဖန် ၊ရှင့်ရဲ့ လက်ကို ကျွန်မရဲ့ခါးမှာ ထားလိုက်။ "

" မင်းဘာလုပ်နေတာလဲ ။ ချင်းရွဲ့ ၊ငါက ဖြောင့်မတ်တည်ကြည်တဲ့ လူကြီးလူကောင်းတစ်ယောက်နော်။ " လင်ပေ့ဖန်က ဖြောင့်မတ်သော အမူအရာဖြင့် ပြောခဲ့သည်။

လန်ချင်းရွဲ့က ဒေါသတကြီး ပြောခဲ့သည်။

" ရှင်က ဘာတွေတွေးနေတာလဲ။ ပါတီပွဲမတက်ခင်မှာ ယောင်္ကျားတစ်ယောက်ရဲ့ လက်က မိန်းမတစ်ယောက်ရဲ့ ခါးမှာ ထားပြီး ပွဲတက်ဖို့ လိုတယ်။ရှင်ဒါကို မသိဘူးလား။ကျွန်မတို့ အခုကြိုပြီးတော့ လိုက်ဖက်အောင် ပြင်ဆင်ထားရမယ်။ "

" အဲ့ဒါက လိုအပ်လို့လား။ ငါမှတ်မိတာတော့ အဲ့ဒါက မလိုအပ်ဖူးမို့လား။ "

" လိုအပ်ရင်ရော ဘယ်လိုလုပ်မလဲ။ "

လင်ပေ့ဖန်သည် ခဏကြာစဉ်းစားပြီးနောက် ခေါင်းညိတ်ပြီး လေးနက်စွာဖြင့် ပြောခဲ့သည်။

" အဲ့ဒါအမှန်ပဲ ။ "

ထို့ကြောင့် လင်ပေ့ဖန်သည် သူ့ရဲ့ လက်ကို လန်ချင်းရွဲ့၏ မိုးမခသဏ္ဍာန် ခါးပေါ်တွင် ထားလိုက်သည်။လန်ချင်းရွဲ့သည် သူမ၏ ခေါင်းကို လင်ပေ့ဖန်၏ ပုခုံးပေါ်တွင် ညင်သာစွာဖြင့် မှီချခဲ့သည်။

ထိုအချိန်၌ ဗျူးတီးနိုင်ငံတွင် လုမိုပိုင်သည် ဟန်တင်းဖျော်ဖြေရေးအုပ်စု၏ စတော့ရှယ်ယာများက အလျင်အမြန်ပဲ နှစ်ဆယ်ရာခိုင်နှုန်း ကျဆင်းသွားတာကို မြင်လိုက်ရပြီး စိတ်လှုပ်ရှားသွားခဲ့သည်။

" မှတ်ပလား ၊ အဲ့ဒါ ငါ့ကို စော်ကားတဲ့ သူရဲ့ ကံကြမ္မာပဲ။ "

" အဲ့ဒါ ငါ့အချစ်လေးကို လိုက်နှောက်ယှက်တဲ့ သူရဲ့ ကံကြမ္မာပဲ။ "

" တင်းရှောင်ကျီ နဲ့ သူ့နောက်က ဟန်တင်းဖျော်ဖြေရေးအုပ်စု ၊ငါမင်းတို့ကို ပြောလိုက်မယ်။ ဒါက အစပဲ ရှိသေးတယ်။ နောက်မှာ ငါ ဒီထက် ပိုကြီးတဲ့ လက်ဆောင်တွေကို မင်းတို့အတွက် ပြင်ဆင်ပေးထားတယ်။ မင်းတို့ အဲ့ဒါကို သဘောကျမယ်လို့ ငါမျှော်လင့်ပါတယ် ဟားဟား။ "

ထို့နောက် လုမိုပိုင်သည် သူ့မျက်နှာပေါ်တွင် အပြုံးချိုချိုလေးတစ်ပွင့်ဖြင့် သူ့ဖုန်းကို ကောက်ကိုင်ခဲ့သည်။

" ချင်းရွဲ့ ၊ အခုဆို အရမ်းပျော်ရွှင်နေလောက်ပြီ ဖြစ်ရမယ်။ ဟုတ်တယ်မလား ။ "

သူသည် လန်ချင်းရွဲ့၏ အသွင်အပြင်ကိုစဉ်းစားရင်း မနေနိုင်ပဲနဲ့ ဝီချက်ကနေ သူမကို စာပို့ခဲ့သည်။

မိုပိုင် : ချင်းရွဲ့ ၊ မင်း အခု ဘာလုပ်နေလဲ။

မိုပိုင် : ချင်းရွဲ့ ၊ ဟိုလူ မင်းကို လိုက်နှောက်ယှက်နေတုန်းပဲလား။

မိုပိုင် : မင်း အခု အလုပ်များနေတာလား။

ထိုနည်းဖြင့် မယားဒရူး လုမိုပိုင်သည် မိနစ်အနည်းငယ်ကြာတိုင်း ဝီချက်ကနေ စာတစ်စောင်ပို့ခဲ့သည်။

ရလဒ်အနေဖြင့် တစ်ဖက်က အကြောင်းမပြန်ခဲ့ပေ။

" ချင်းရွဲ့ ၊အရမ်းအလုပ်များနေတာပဲ ဖြစ်ရမယ်။ သူမက နာမည်ကြီး ကြယ်ပွင့်အဆိုတော်တစ်ယောက်ဆိုတော့ သီချင်းတွေကိုလည်း မကြာခဏ သီဆိုရပြီးေတာ့ ရှိုးပွဲတွေကိုလည်း မကြာခဏ တက်ရောက်ရတယ်။ နောက်ပြီး သူမက လေယာဉ်ခရီးစဉ်လည်း မကြာမကြာ သွားရလို့ သူမရဲ့ ဖုန်းကို လေယာဉ်ပျံ လွှတ်တင်ထားတာ မဟုတ်ရင် သူမ ဖုန်းကို ယူလာလို့မရတာဖြစ်နိုင်တယ်။ ဒီလိုပဲ ဖြစ်ရမယ်။" လုမိုပိုင်သည် သူမအတွက် အကြောင်းပြချက်တစ်ခုကို ရှာတွေ့ခဲ့သည်။

" ဒါဆိုရင် ၊သူမ အခု ဘာလုပ်နေလဲဆိုတာ ငါ ကြည့်ကြည့်မယ်။ "

သူသည် လန်ချင်းရွဲ့ရဲ့ ဘိုင်ဒူအကောင့်ထဲသို့ ဝင်ခဲ့သည်။( ဘိုင်ဒူက တရုတ်ရဲ့ နာမည်ကြီး အင်တာနက် ဆွေးနွေးဖလှယ်ရေး ဖိုရမ်တစ်ခုပါ )

ထိုဘိုင်ဒူကို သူမရဲ့ ပရိသတ်များက ဖွင့်ထားခဲ့ခြင်းဖြစ်သည် ။ထို့ပြင် ပရိသတ်သတ်အချင်းအချင်း ပြောဆို ဆက်ဆံနိုင်ရန်အတွက် ၎င်းက လန်ချင်းရွဲ့ လတ်တလောလှုပ်ရှားမှုများကိုလည်း အချိန်မရွေး ၊နေရာမရွေး တပြေးညီ တင်ပေးသည်။

သူသည် ဘိုင်ဒူကို ဖွင့်ကြည့်ပြီး မကြာခင်မှာ သူဒေါသထွက်သွားခဲ့သည်။

ဘာကြောင့်လဲဆိုတော့ သူ့အချစ်ကလေး လန်ချင်းရွဲ့ သည် ပရဟိတပါတီပွဲတစ်ပွဲကို တက်ရောက်နေခဲ့တာကြောင့်ဖြစ်သည် ။ထို့ပြင် သူမနဲ့ အတူတူ လက်ချင်းချိတ်၍ ကော်ဇော်နီပေါ်တွင် လမ်းလျှောက်လာသည့် အမျိုးသားအဖော်ကလည်း တကယ်တမ်းတော့ သူ့ရဲ့ ရန်သူတော်ကြီး လင်ပေ့ဖန်ဖြစ်နေခဲ့တာ ကြောင့်ဖြစ်သည်။

ထိုလူက သူဘယ်တော့မှ မေ့လို့မရတဲ့သူ လင်ပေ့ဖန်ပဲဖြစ်သည်။

သူတို့နှစ်ယောက်သည် ပွဲတက်ဝတ်စုံဖြင့် တစ်ယောက်လက်ကို တစ်ယောက်ကိုင်၍ ချိုမြိန်ပြီး တောက်ပသောအပြုံးဖြင့် ပရဟိတပွဲသို့ တက်ရောက်လာခဲ့သည်။

လုမိုပိုင်သည် သူ ဦးထုပ်စိမ်း စောင်းခံခဲ့ရသလို ခံစားခဲ့ရသည် ။

သူ့ဘဝနှစ်ခုစလုံးတွင် လုမိုပိုင်သည် ဘယ်တုန်းကမှသူ့ နတ်ဘုရားမလေးရဲ့လက်ကို မကိုင်ခဲ့ဖူးပေ။

အဆုံးမှာတော့ လင်ပေ့ဖန်က သူ့နတ်ဘုရားမလက်ကို ကိုင်ပြီး ထွက်လာခဲ့သည်။

" သူတို့ ဘယ်လိုလုပ် အတူတူရှိနေခဲ့တာလဲ။ "

" ဘာလို့ အရမ်းမြန်ရတာလဲ။ "

" အရင်ဘဝတုန်းက သူတို့နှစ်ယောက် ဆုံတွေ့ခဲ့တာ နောက်တစ်နှစ်ကြာပြီးမှလေ။ "

" သေလိုက်စမ်းပါကွာ။ "

လုမိုပိုင်သည် အတော်လေး စိုးရိမ်သွားပြီး အဖြေရှာရန်မျှော်လင့်ချက်ဖြင့် မှတ်ချက်များကို ကြည့်ခဲ့သည်။

ရလဒ်ကတော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်းပဲဖြစ်သည်။

" နတ်ဘုရားမ နဲ့ အတူတူ ပွဲတက်လာတဲ့ ယောင်္ကျားက ဘယ်သူလဲ။ သူက အရမ်းချောတာပဲ။ "

" ဟုတ်တယ် ၊ သူက အရမ်းပဲ ကြည့်လို့ကောင်းတယ်။ ပွဲတက်ဝတ်စုံနဲ့ဆိုတော့ သူ့ကိုကြည့်ရတာ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ဥက္ကဌတစ်ယောက်လိုမျိုး သူ့ရဲ့ အော်ရာက အရမ်းပဲ လွှမ်းမိုးချုပ်ကိုင်နိုင်လွန်းတယ်။ "

" ဖျော်ဖြေရေးနယ်ပယ်မှာရှိတဲ့ ယောင်္ကျားလေးကြယ်ပွင့်တွေတောင် သူ့နဲ့ ယှဉ်လိုက်ရင် နံသာဆီ နဲ့ ဟိုဟာလိုပဲ ။ "

" သူက ဒုတိယမျိုးဇာတ် လူချမ်းသာသခင်လေးတစ်ယောက်တော့မဟုတ်ဘူးမလား။ ပွဲစီစဉ်သူတွေနဲ့ တစ်ခြားသူတွေက သူ့ကို အရမ်းပဲ ယဉ်ယဉ်ကျေးကျေးဆက်ဆံနေသလိုပဲ။ "

" နတ်ဘုရားမရဲ့ လက်ကို ကိုင်ခွင့်ရတာကတကယ့်ကို သာမှန်ကိစ္စမဟုတ်ဘူး။ "

" ငါ သူ့ကို တကယ်ပဲ အရမ်းကြိုက်တယ်။ သူ အနုပညာနယ်ပယ်ထဲမှာ ပွဲထွက်လာဖို့ ငါတကယ်မျှော်လင့်တယ်။ "

" ငါ အရင်တုန်းက နတ်ဘုရားမ လန်ချင်းရွဲ့ လက်ထပ်သွားမှာကို သဘောမတူပေမဲ့ ဒီလူနဲ့ဆိုရင်တော့ စဉ်းစားပေးနိုင်တယ်။ "

" ငါလည်း ထောက်ခံတယ်။ "

ထိုမှတ်ချက်များကို ဖတ်ပြီး လုမိုပိုင်သည် ပိုပြီးတော့တောင်မှ ဒေါသထွက်လာခဲ့သည်။

ထို့နောက် သူသည် ချက်ချင်းပဲ မှတ်ချက်တစ်ခုပေးခဲ့သည်။

" သခင်လေးဟုတ်လား ။ သူ့ကိုကြည့်ရတာ မျောက်တစ်ကောင်လိုပဲ။ သူရုပ်ကတော့ ကြည့်ကောင်းတယ်။ ဒါပေမဲ့ သူက အနောက်မှာ တကယ်ပဲ သူ့ဖင်မှာ အမြှီးထွက်နေတဲ့ မျောက်မသားတစ်ကောက်ပဲ ။သူက မျောက်တောင် ရိုးရိုးမျောက်မဟုတ်ဘူး ၊ဖင် နီနေတဲ့ မျောက်ဖင်နီပဲ။ "

ပရိတ်သတ်များက ချက်ချင်းပဲ လုမိုပိုင်ကို မှတ်ချက်ပြန်ပေးခဲ့သည်။

" မင်း ဒီလို ပြောတာမကောင်းဘူးလို့ မထင်ဘူးလား။ မင်း ရဲ့ ပုံကို လူတိုင်းမြင်ရအောင်လို့ ဘိုင်ဒူမှာ ပုံတင်လိုက်။ "

" သူက မနာလိုဖြစ်နေတာ။ ဟိုလူချောလေးက သူ့ထက် ပိုချောနေလို့ မနာလို ဖြစ်နေတာ။ "

" ငါက အပြင်မှာ မဆဲရဲပေမဲ့ အင်တာနက်မှာတော့ အဆဲ ဝိဇ္ဇာတစ်ယောက်ပဲ။ မအေမွေး ၊မွေးလာကတည်းက အသေလေးမွေးလာ ရာမှာ ၊လူ့လောကကို ကောင်းကျိုးမပေးတဲ့အကောင်.....။ "

" ရုပ်ဆိုးတဲ့ သူတွေက ပြဿနာရှာတတ်တယ်။ သူ့ကို ဂရုမစိုက်ကြနဲ့။ "

" မင်းသူ့ကို ပိုပြီးတော့ အရှက်ရအောင် ပြောလေလေ သူက ပိုပြီးတော့ မင်းကို ပြန်ကိုက်လေလေပဲ။ "

" အက်မင်တွေ သူ့ကို ထပ်ပြီးတော့ မှတ်ချက်မပေးနိုင်အောင်လုပ်ပေးပါ။ "

လုမိုပိုင်သည် ထိုမှတ်ချက်များကို ဖတ်ပြီး သွေးတစ်လုတ်အန်ထုတ်ခဲ့သည်။

All Chapters