← Chapters

အခန်း (၁၄၉)

Vol. 10 Ch. 149

အခန်း (၁၄၉)

Vol. 10 Ch. 149

ထို့နောက် လုမိုပိုင်သည် တကယ်ပဲ ပိတ်ပင်ခံခဲ့ရသည်။

ထို့ပြင် သူရေးထားခဲ့တဲ့ မှတ်ချက်ကိုလည်း ပင်ပို့စ်ထောက်၍ လူအယောက်တစ်သိန်းလောက်က အတူတကွ သူ့ကို အပြစ်တင်ပြောဆို ကြိမ်းမောင်းကျိန်ဆဲခဲ့ကြသည်။

" မင်းက လူကောင်းတွေကို မသိတဲ့ရူးနှမ်းနေတဲ့ လူမိုက်တစ်ယောက်ပဲ။ "

လုမိုပိုင်သည် သူ့ရဲ့ မကျေနပ်ချက်များကို အော်ဟစ်၍ ဖွင့်ထုတ်ခဲ့သည်။

အစတုန်းက သူသည် စိတ်ရှုပ်မခံချင်တာကြောင့် ဘိုင်ဒူကနေ ထွက်ချင်ခဲ့ပေမဲ့လည်း သူ့အချစ်ကလေး၏ သတင်းသစ်တွေကို လွှဲချော်သွားလိမ့်မည်စိုးတာကြောင့် သူသည် ဆက်လက်၍ သည်းခံပြီး ကြည့်နေခဲ့သည်။

ထို့ပြင်သူသည် သူ့ရန်သူ လင်ပေ့ဖန် ဘာလုပ်မလဲဆိုတာကို ပိုလို့တောင်ကြောက်သည်။

မကြာမီ သူ့အချစ်ကလေးက တစ်ခြားသူလက်ထဲသို့ ကျဆင်းတော့မဲ့အကြောင်းကို တွေးမိတာနဲ့ သူသည် ဒေါသတကြီး ပေါက်ကွဲတော့မလို ခံစားခဲ့ရသည်။

ရလဒ်အနေဖြင့် သူသည် ပရိတ်သတ်ထောင်ပေါင်းများစွာ၏ ဆဲဆိုကြိမ်းမောင်းမှုများကိုသာလျှင် သည်းခံ၍ ကြည့်နေနိုင်သည်။

ရလဒ်က မကောင်းပေမဲ့ သူ့မျက်နှာက စိမ်းလာခဲ့သည်။

ဘာကြောင့်လဲဆိုတော့ နောက်တစ်ခါ ထပ်တင်လိုက်တဲ့ လင်ပေ့ဖန်နဲ့ သူ့အချစ်ကလေးရဲ့ ရင်သပ်ရှုမောဖွယ် ဓာတ်ပုံများကြောင့်ဖြစ်သည်။ထိုဓာတ်ပုံများထဲတွင် လင်ပေ့ဖန်၏ လက်သည် သူ့အချစ်ကလေးလန်ချင်းရွဲ့၏ မိုးမခသဏ္ဌာန် ခါးပေါ်တွင် တင်ထားတာပြီး ဖက်ထားတာကြောင့်ဖြစ်သည်။

" မအေမွေး ၊ငါတောင် ချင်းရွဲ့ရဲ့ လက်ကို မကိုင်ရသေးဘူး။ "

" မင်း လူယုတ်မာ ၊မင်းရဲ့ လက်ကို ဘယ်မှာ ထားထားတာလဲ။အခုချက်ချင်း ဖယ်လိုက်စမ်း။ အခုချက်ချင်းဖယ်လိုက်...။ "

" မင်းက ချင်းရွဲ့ ရဲ့ နှလုံးသားနဲ့ ထိုက်တန်လို့လား။ မင်းက ချင်းရွဲ့နဲ့ တန်ရောတန်လို့လားဟ။ မင်းက အရှက်မရှိတဲ့ လူယုတ်မာပဲ။ "

" လင်ပေ့ဖန် ၊မင်း နဲ့ ငါ နဲ့ ကမ္ဘာမကြေဘူး။ "

ထိုဓာတ်ပုံကို ကြည့်ပြီး သူ့မျက်လုံးများက ပို၍ ပို၍ နီလာပြီး ဘီလူးတစ်ကောင်ရဲ့ မျက်လုံးလိုမျိုး ပြောင်းသွားခဲ့သည်။နောက်ဆုံးမှာတော့ သူသည် သူ့ဒေါသကို ဆက်ပြီးတော့ မထိန်းနိုင်တော့ပဲ ပေါက်ကွဲသွားခဲ့သည်။

" အား........."

ထို့နောက် သူသည် စိုးရိမ်စွာဖြင့် သူ့ဖုန်းကို နောက်တစ်ကြိမ်ကောက်ကိုင်ပြီး ဝီချက်ကနေ စာအများကြီးကို ပို့ခဲ့သည်။သို့သော်လည်းပဲ တစ်ဖက်က တုန့်ပြန်မှုမရှိပဲ ငြိမ်သက်နေတုန်းပဲဖြစ်သည်။

လုမိုပိုင်သည် ဒေါသထွက်သွားခဲ့သည်။

" ဘာလို့ ပရဟိတပွဲက မပြီးသေးတာလဲ။ "

" ဘယ်အချိန်မှ ပြီးမှာလဲ။ "

" ဒါက တကယ့်ကို စိတ်ပျက်စရာပဲ။ "

တစ်ခြားတစ်ဖက်၌ ကော်ဇော်နီပေါ်တွင် လမ်းလျှောက်ပြီးနောက် ခန်းမထဲသို့ ဝင်လာသော လင်ပေ့ဖန်သည် သူ့ဖုန်းနောက်တစ်လုံးက တုန်ခါသွားတာကို သိရှိခဲ့သည် ။

သူ့ ဖွင့်ကြည့်လိုက်ပြီးနောက် လုမိုပိုင်စီက ဝီချက်ကနေ ပို့လိုက်တဲ့ စာတွေ ဖြစ်တာကြောင့် လင်ပေ့ဖန် ချက်ချင်းပဲ ပျော်ရွှင်သွားခဲ့သည်။

ထို့ပြင် စာတွေက နောက်ပိုင်းရောက်လေလေ အကြိမ်ရေ ပိုစိပ်လာတာကြောင့် လုမိုပိုင်အခုချိန်တွင် ဘယ်လောက်ထိ စိုးရိမ်နေလဲဆိုတာ ပေါ်လွင်နေခဲ့သည်။

လင်ပေ့ဖန်သည် သူ့မျက်လုံးများကို မှေးကျဉ်းပြီးပြောလိုက်သည်။

" ဒီအချိန်မှာမှ ဒီလောက်ထိ စိုးရိမ်တကြီးနဲ့ ဝီချက်ကနေ ဒီကောင် စာတွေ ဆက်တိုက်ပို့နေတာဆိုတော့ .....ဖြစ်နိုင်တာက..."

" အရေးကြီးကိစ္စရှိလို့လား ။ " လန်ချင်းရွဲ့က ခေါင်းလှည့်ပြီး မေးခဲ့သည်။

လင်ပေ့ဖန်သည် သူ့ဖုန်းကို သိမ်းလိုက်ပြီး ပြန်ပြောခဲ့သည်။

" အရေးကြီးကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒါက သူများတွေ လျှောက် ပို့လိုက်တဲ့ စာလေးပါပဲ။ စိုးရိမ်စရာမလိုပါဘူး။ "

ထို့နောက် လင်ပေ့ဖန်သည် ပရဟိတပွဲတွင်သာ စိတ်နစ်ထားခဲ့သည်။

သုံးနာရီကြာပြီးနောက် ပရဟိတပွဲက နောက်ဆုံးမှာတော့ ပြီးဆုံးသွားခဲ့သည်။

လုမိုပိုသည် သုံးနာရီကျော်ကြာသည်အထိ သည်းခံပြီး စောင့်ကြည့်နေခဲ့သည်။

မိနစ်တိုင်း နဲ့ စက္ကန့်တိုင်းက သူ့အတွက်တော့ နှိပ်စက်မှုတစ်ခုသာဖြစ်သည်။

ပရဟိတပွဲပြီးဆုံး၍ မိနစ်နှစ်ဆယ်ကြာပြီး နောက်တွင် သူ့ရဲ့ဖုန်းက ဝီချက်ကနေ အကြောင်းပြန်စာရရှိခဲ့သည်။

ချင်းရွဲ့ : ဘာကိစ္စရှိလို့လဲ။ ရှင် ဝီချက်ကနေ ကျွန်မကို စာအများကြီး ပို့ထားတာ ကျွန်မတွေ့တယ်၊ အရေးကြီးတာ တစ်ခုခုများရှိလို့လား။

ချင်းရွဲ့ : ကျွန်မ ခုနတုန်းက ပါတီပွဲ တစ်ပွဲကို တက်နေလို့ ဖုန်းပိတ်ထားခဲ့တာ။ ဒါကြောင့် ကျွန်မ ဘာစာမှ မတွေ့ခဲ့လို့ ဆောရီးနော်။

" နောက်ဆုံးတော့ ချင်းရွဲ့ စာပြန်ခဲ့ပြီ။ " လုမိုပိုင်သည် စိတ်လှုပ်ရှားသွားခဲ့သည်။

သူသည် အလျင်အမြန်ပဲ သူ့ဖုန်းကို ကောက်ကိုင်ပြီး ထိုအကြောင်းကို မေးတော့မည် ဖြစ်သော်လည်းပဲ သူသည် ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။

ထို့ပြင် သူတို့သည် အင်တာနက်ပေါ်တွင်သာ သူငယ်ချင်းတွေဖြစ်ကြသည်။အပြင်တွင် သူတို့သည် တစ်ယောက်နဲ့ တစ်ယောက်မသိတာကြောင့် သူဘယ်လို မေးရမလဲ။

အကယ်၍ သူမကို သူ မေးလိုက်မည်ဆိုပါက ၎င်းက သူ့ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ကို ဖော်ပြသလို ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။

" ငါ သူမနဲ့ အပြင်မှာ သိမှာပဲ မေးနိုင်လိမ့်မယ်။ "

မိုပိုင် : မင်း အဲ့ဒီပွဲကို သွားပြီးတော့ တစ်ခုခုဖြစ်နေပြီလို့ ငါကထင်နေတာ။ နောက်ပြီး မင်းက ငါ့ကို စာမပြန်တော့ ငါ အတော်လေးမင်းကို စိုးရိမ်နေတာ။

ချင်းရွဲ့ : ရှင် ဘာတွေ စိုးရိမ်နေတာလဲ။ ကျွန်မလိုလူက ဘာဖြစ်နိုင်မှာမို့လို့လဲ။

မိုပိုင် : ဒါနဲ့ စကားမစပ် ၊ အဲ့ဒီပွဲက ဘာပွဲမျိုးလဲ။

ချင်းရွဲ့ : အဲ့ဒီပွဲက ပိုက်ဆံနဲ့ ပစ္စည်းတွေလှူရတဲ့ ပရဟိတပွဲတစ်ပွဲလေ။

မိုပိုင် : ဒါနဲ့ အဲ့ဒီပွဲတွေကို တက်ရောက်ဖို့ ဆိုရင် အမျိုးသားအဖော်လိုတယ်လို့ ငါ ကြားမိတယ်။ မင်း သူတို့ကို ခေါ်လာခဲ့လား။

ချင်းရွဲ့ : ကျွန်မ ခေါ်လာခဲ့တာပေါ့။ အဲ့လိုပွဲမျိုးကို ကျွန်မ တစ်ယောက်တည်းတက်ရတာက ရှက်စရာကောင်းတယ်လေ။

မိုပိုင် : မင်း ဘယ်သူ့နဲ့ တက်ရောက်ခဲ့တာလဲ။

ချင်းရွဲ့ : လင်ပေ့ဖန်လို့ခေါ်တဲ့ ဒုတိယမျိုးဆက် လူချမ်းသာတစ်ယောက်နဲ့လေ။

ချင်းရွဲ့ : ဘာပဲဖြစ်ဖြစ် အဲ့ဒီလူကို ကျွန်မ သိပ်မကြိုက်ဘူး။

" ချင်းရွဲ့က တကယ်ပဲ လင်ပေ့ဖန်ကို မကြိုက်ဘူးလား။ " လုမိုပိုင်ရဲ့ နှလုံးသားလေးသည် ထိုစာကို ဖတ်ပြီး တိတ်တဆိတ် ပျော်ရွှင်သွားခဲ့သည်။

သူသည် ချက်ချင်းပဲ ပြန်မေးခဲ့သည်။

မိုပိုင် : ဘာလို့ မကြိုက်တာလဲ။

ချင်းရွဲ့ : ဘာလို့လဲဆိုတော့ သူက ကောင်မလေးတွေကို လိုက်ဖို့အတွက် မကြာခဏ နိုက်ကလပ်တွေကို သွားပြီးတော့ သူ့မိဘတွေရဲ့ ပိုက်ဆံကို ဖြုန်းတီးနေတဲ့ ပလေးဘွိုင်းတစ်ယောက်မို့လို့ပဲ။

ချင်းရွဲ့ : အဲ့လိုလူမျိုးကို ကျွန်မက ကြိုက်ရမှာလား။

" ဟုတ်တယ် ၊အခုချိန်မှာ လင်ပေ့ဖန်က ပလေးဘွိုင်းတစ်ယောက်ဖြစ်နေတုန်းပဲ။သူက ချမ်းသာပြီးတော့ ရုပ်ချောတာအပြင် ဘာအရည်အချင်းမှမရှိဘူး။ ချင်းရွဲ့က ဘယ်လိုလုပ် အဲ့လိုလူမျိုးကို ကြိုက်လိမ့်မှာလဲ။"လုမိုပိုင်သည် သူ့ခေါင်းကို ပုတ်ပြီး ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

သူသည် လက်ရှိလင်ပေ့ဖန်က နောက်ပိုင်း လင်ပေ့ဖန် မဟုတ်ကြောင်းကို သတိရသွားခဲ့သည်။

နောက်ပိုင်းလင်ပေ့ဖန်က အရမ်းမာနကြီးပြီး ထူးချွန်ထက်မြက်လွန်းတာကြောင့် သူသည် အမျိုးသမီးအများကြီး၏ အချစ်ကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော်လည်း အခုချိန်တွင် လင်ပေ့ဖန်သည် ထူးချွန်သော်လည်းပဲ သူ့ရဲ့ တကယ့် အရည်အချင်းအစစ်အမှန်များကို မပြသသေးပေ။ ထိုအစားသူသည် နေ့တိုင်း နိုက်ကလပ်များကို သွားပြီး သူ့မိဘများ၏ ပိုက်ဆံများကို ဖြုန်းတီးနေသည့် ပလေးဘွိုင်းတစ်ယောက်သာဖြစ်သည်။ ထို့ပြင် အခုချိန်တွင် သူ့ရဲ့ ဂုဏ်သတင်းကလည်း အတော်လေး ဆိုးရွားနေခဲ့သည်။

အဲ့လို လူမျိုးကို ဘယ်လိုလုပ်ပြီးတော့ မိန်းမတွေက ကြိုက်မှာလဲ...။

ငွေမက်တဲ့ မိန်းမတွေလောက်ပဲ သူ့ကို ကြိုက်မှာပေါ့..။

သူ့ရဲ့ နတ်ဘုရားမလေး ချင်းရွဲ့သည် အဆင့်အတန်းမြင့်ပြီးငွေကြေးချမ်းသာသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ဒါကြောင့် သူမက ဘယ်လိုလုပ် လင်ပေ့ဖန်လိုလူမျိုးကို ကြိုက်မှာလဲ....။

မိုပိုင် : မင်း မကြိုက်ရင် ဘာလို့ သူ့နဲ့အတူတူတက်ခဲ့ရတာလဲ။

ချင်းရွဲ့ : အဲ့ဒါအားလုံးက တင်းရှောင်ကျီကြောင့်ပေါ့။

မိုပိုင် : ......

ချင်းရွဲ့ : ဘာလို့လဲဆိုတော့ အဲ့ဒီတင်းရှောင်ကျီက အမြဲတမ်း ကျွန်မကို လိုက်နှောက်ယှက်နေတာလေ။ နောက်ပြီး ပလေးဘွိုင်းလင်ပေ့ဖန်ကလည်း အရမ်းစိတ်ပျက်စရာကောင်းတယ်။ ဒါကြောင့် သူတို့နှစ်ယောက် အချင်းချင်းရန်ဖြစ်ပြီး ပြန်ကိုက်ကြအောင်လို့ ကျွန်မ လင်ပေ့ဖန်နဲ့အတူတူ အဲ့ဒီပရဟိတပွဲကို တက်ခဲ့တာ။

ချင်းရွဲ့ : ကံဆိုးချင်တော့ တင်းရှောင်ကျီရဲ့ မိသားစုမှာ မတော်တဆမှုတစ်ခုဖြစ်လို့ သူ အဲ့ဒီပွဲကို မလာခဲ့ဘူးလေ။

ချင်းရွဲ့ : ဒါကြောင့် ကျွန်မရဲ့ အစီအစဉ် မအောင်မြင်ခဲ့ဘူး။ အဲ့ဒါ အတော်လေး စိတ်ပျက်စရာကောင်းတယ်။

" ဒါဆိုရင် အဲ့လိုပေါ့။ " လုမိုပိုင်သည် ရုတ်တရက် အရမ်းပဲ ပျော်ရွှင်သွားခဲ့သည်။

" ချင်းရွဲ့က လင်ပေ့ဖန်ကို အဲ့ဒီပရဟိတပွဲ ခေါ်သွားတာက တင်းရှောင်ကျီနဲ့ လင်ပေ့ဖန်တို့ အချင်းချင်း ရန်ဖြစ်စေချင်တာေကြာင့်ကို ...။ ချင်းရွဲ့က တကယ့်ကို ဆိုးသွမ်းတဲ့ ကောင်မလေးပဲ။ "

သို့သော်လည်းပဲ လုမိုပိုင်သည် လင်ပေ့ဖန်နှင့်သူ့အချစ်ကလေးတို့ ကော်ဇောနီပေါ်တွင် လမ်းလျှောက်သွားသောပုံကို တွေးမိပြီးသူသည် သူ့ရင်ထဲ၌ သံပုရာသီးအလုံးတစ်ရာ စားမိခဲ့သလိုမျိုး နောက်တစ်ဖန် ချဉ်သွားခဲ့သည်။

" အရမ်းတွေးနေစရာမလိုဘူး။ ဒါက ဟန်ဆောင်တာသက်သက်ပဲ။ "

" အဲ့လိုပွဲမျိုးကို တက်ရောက်ရင်တော့ ဒါက လုပ်ကို လုပ်ဖို့လိုအပ်တယ် ကိစ္စတစ်ခုပဲလေ။ "

" ချင်းရွဲ့ရဲ့ ရင်ထဲမှာ ဟိုနှတောင်းစားလင်ပေ့ဖန်မရှိဘူး။ "

ချင်းရွဲ့ : အဲ့ဒီလင်ပေ့ဖန်က အရမ်းပဲ စိတ်ရှုပ်ဖို့ကောင်းလွန်းလို့ ကျွန်မ သူ့ဖုန်းနံပါတ်ကို ခုနကပဲ ဘလော့ထားလိုက်ပြီ။

" ဘလော့ထားတာ ကောင်းတယ်။ ဘယ်တော့မှ သူနဲ့ အဆက်အသွယ်မလုပ်တာက ပိုကောင်းတယ်။ " လုမိုပိုင်သည် ထခုန်လုနီးပါးအထိ နောက်တစ်ကြိမ် အရမ်းပဲ ပျော်ရွှင်သွားခဲ့သည်။

ဘာလို့လဲဆိုတော့ သူ့ရဲ့ အကြီးမားဆုံး ရန်သူတော်ကြီး လင်ပေ့ဖန်သည် သူ့နတ်ဘုရားမလေး၏ ဘလော့ချင်းကို ခံခဲ့ရတာကြောင့်ဖြစ်သည်။ထို့ပြင် ဒီပြိုင်ပွဲမှာ သူသည် လင်ပေ့ဖန်ကို အနိုင်ရသွားပြီလို့ ပြောလို့ရသည်။

မိုပိုင် : သူ့ဖုန်းကို ဘလော့လိုက်တာ ကောင်းတယ်။ အဲ့လို ပလေးဘွိုင်းမျိုးနဲ့ အဆက်အဆံမလုပ်သင့်ဘူး။

ချင်းရွဲ့ : ရှင်ပြောတမှန်တယ်။

ချင်းရွဲ့ : ဘာပဲဖြစ်ဖြစ် တင်းရှောင်ကျီရဲ့အဖေ ကုမ္ပဏီမှာ တစ်ခုခုဖြစ်ခဲ့တာက ကျွန်မကို ဒီနေ့ အပျော်ရွှင်ဆုံး ဖြစ်စေခဲ့တယ်။ သူတို့ ကုမ္ပဏီက ဒေဝါလီ ခံရလုနီးပါးဖြစ်နေပြီ။ ဒါက ကျွန်မကို အရမ်းပဲ ပျော်ရွှင်စေတယ်။ ကောင်းတာလုပ်ရင် ကောင်းတာရမယ် ၊ဆိုးတာလုပ်ရင် ဆိုးတာပြန်ရမယ် ဆိုတဲ့ စကားက တကယ်မှန်တာပဲ။

ချင်းရွဲ့ : ခစ်ခစ်......(^^ ...^^)

လုမိုပိုင်သည်လည်း အရမ်းပဲ ပျော်ရွှင်နေခဲ့ပြီး တိတ်တိတ်ကလေး သူ့ရင်ထဲတွင် ပြောခဲ့သည်။

" ချင်းရွဲ့ ၊ ဒါအားလုံးက ကိုယ်မင်းအတွက်လုပ်ခဲ့တာ။ကိုယ့်ကို ကျေးဇူးတင်စရာမလိုဘူး။ "

ချင်းရွဲ့ : ဘာပဲဖြစ်ဖြစ် ဒီအဖြစ်အပျက်က အများဆုံး တင်းရှောင်ကျီရဲ့ မိသားစုကို ထိခိုက်စေလိမ့်မယ်။ သူတို့မိသားစု ပြန်အဆင်ပြေလာပြီးတော့ တင်းရှောင်ကျီက ကျွန်မကို နောက်တစ်ကြိမ်ဆက်ပြီး နှောက်ယှက်မှာကို ကျွန်မ တကယ်ကြောက်တယ်။ သူ ကျွန်မရှေ့မှာ ဘယ်တော့မှ ပြန်မပေါ်လာဖို့ ကျွန်မတကယ် မျှော်လင့်မိတယ်။

လုမိုပိုင်၏ မျက်လုံးများက ထက်ရှသွားခဲ့သည်။

" ချင်းရွဲ့ ၊မစိုးရိမ်နဲ့။ ဒီအခွင့်အရေးကို သူ သေချာပေါက်ရမှာမဟုတ်ဘူး။ “

All Chapters