အခန်း (၁၃၈)
Vol. 10 Ch. 138
ရှောင်ချန်းသည် တကယ်ပဲ အားရပါးရ ရယ်မောချင်ခဲ့သည်။
ဘာကြောင့်လဲဆိုတော့ ထိုစကားများက သူ့ဘဝနှစ်ခုစလုံးတွင် ကြားခဲ့ရသည့် အရယ်ရဆုံးဟာသ တစ်ခုဖြစ်နေတာကြောင့်ဖြစ်သည်။
' အဲ့ဒီလူယုတ်မာက သူ့ကိုယ်ကိုယ်သူ ကောင်းကောင်းဖုန်းကွယ်နေတာပဲ ရှိတာ။ '
' သူက အရမ်းသရုပ်ဆောင်ကောင်းလွန်းလို့ လူတိုင်းကို သူက လှည့်စားနိုင်ခဲ့တယ်။ '
အကယ်၍ သူ့ကိုယ်ပိုင်အတွေ့အကြုံကြောင့်သာ မဟုတ်လျှင် သူသည်လည်း ထိုလူယုတ်မာ၏ လှည့်စားခြင်းကို ခံရနိုင်သည်။
ရှောင်ချန်းသည် ဆရာဦးလေးမို၏ ကျေးဇူးတင်နေတဲ့ အမူအရာကို မြင်ပြီး သူ့ဆရာဦးလေးက ယခုအချိန်တွင် သူပြောသမျှ စကားကို နားထောင်လိမ့်မည် မဟုတ်တာကို သိတာကြောင့် သူသည် စကားလွှဲခဲ့သည်။
" ဆရာဦလေး အဲ့ဒီတုန်းက အခြေအနေက ဘယ်လိုလဲ။ ဘယ်လိုလုပ်ပြီး ဆေးကုသမှုမတော်တဆမှုတစ်ခုဖြစ်ရတာလဲ။ "
ရှောင်ချန်းသည် သူ့ဆရာဦးလေးက ဆေးကုသမှုနှင့် ပတ်သက်ရာတွင် အရမ်းပဲ စည်းကမ်းကြီးပြီး ရှေးရိုးစွဲအခြေခံကုသနည်းဖြင့် ကုသတတ်တယ်ဆိုတာကို သူသိသည်။ ထို့ပြင် သူ့ဆရာဦးလေးက ရောဂါကို မကုသနိုင်ရင်တောင်မှ ပိုဆိုးသွားအောင် လုပ်လိမ့်မည်မဟုတ်ပေ။
' ဒါဆိုရင် ဘယ်လိုဖြစ်ပြီးတော့ ဆေးကုသမှုမတော်တဆမှုက ဖြစ်ရတာလဲ ။ ဒါက အတော်လေး ယုတ္တိမရှိဘူး။ '
မိုဝူကွေ့သည် သက်ပြင်းချပြီး ပြောခဲ့သည်။
" အဲ့ဒီအချိန်တုန်းက အရမ်းပဲ ထူးဆန်းတဲ့ လူနာတစ်ယောက်ကို ငါမြင်လိုက်ရတယ်။ သူ့ရဲ့ အသားအရေတစ်ခုလုံးက စိမ်းနေတယ်။ နောက်ပြီး သူ့ပြောတာတော့ ခေါင်းနည်းနည်းမူးတယ်တဲ့။ ဒါပေမဲ့ ငါ စစ်ဆေးကြည့်တော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အတော်လေး ပုံမှန်ဖြစ်နေတယ်။ ဒါကြောင့် သူ ထူးဆန်းတဲ့ အဆိပ်တစ်မျိုးကို မိထားတယ်လို့ ငါ ခန့်မှန်းပြီးတော့ သူ့ကို အဆိပ်ဖြေပေးခဲ့တာ။ "
" အဲ့ဒီအချိန်မှာ ပိုထူးဆန်းတာက သူ့မိထားတဲ့ အဆိပ်က မသက်သာလာပဲနဲ့ ပိုပြီးတော့တောင် ဆိုးလာခဲ့တယ်။ နောက်ဆုံး သူ့အသားအရေက အစိမ်းရောင်ကနေ အပြာရောင်လုံးလုံး ပြောင်းသွားတော့ လူနာက ဒေါသထွက်သွားခဲ့ရော......။
မိုဝူကွေ့က ထိုတုန်းက ဖြစ်ပျက်ခဲ့သမျှကို ဖြေးဖြေးချင်းပြန်ရှင်းပြခဲ့သည်။
မိုဝူကွေ့ရှင်းပြတာကို နားထောင်ပြီးနောက် ရှောင်ချန်းသည်လည်း အတွေးနက်သွားခဲ့သည်။
အကယ်၍ ထိုနေရာမှာ သူဆိုရင်လည်း သူ့ဆရာဦးလေးကဲ့သို့ တူညီတဲ့ ကုသနည်းကိုပဲ သုံးလိမ့်မည်ဖြစ်သည်။
ထိုနည်းလမ်းက တကယ့်ကို ရှေးရိုးစွဲ ကုသနည်းဖြစ်ပြီး အန္တရာယ်လည်း ကင်းသည်။ထို့ပြင် ထိုနည်းလမ်းက လူနာရဲ့ အခြေအနေကို မပျောက်ကင်းစေရင်တောင်မှ အခြေအနေကို အရင်ကထက် သိသိသာသာ သက်သာလာစေလိမ့်မည် ဖြစ်သည်။
သို့သော်လည်းပဲ ပြဿနာက ဒီမှာပဲ ဖြစ်ခဲ့တာဖြစ်သည်။
" ဆရာဦးလေး အဆိပ်က ဘာ လက္ခဏာတွေပြလဲ။ဒါက အသားအရေကိုပဲ စိမ်းစေတာလား။ "
ရှောင်ချန်းသည် ကုသလို့ မရတဲ့ ရောဂါများကို စူးစမ်းချင်သည့် ဉာဏ်ကြီးရှင် ဆရာဝန်တစ်ယောက်ဖြစ်သည်။
" အဲ့ဒီအဆိပ်က တကယ်တော့ အသားအရေကို အစိမ်းရောင်ပြောင်းစေတာနဲ့ ခေါင်းနည်းနည်းမူးစေတဲ့ အကျိုးသက်ရောက်မှု နှစ်ခုပဲရှိတယ်။ တခြားလက္ခဏာတွေ ရှိလား မရှိလားတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ အဲ့ဒီတုန်းက ငါ ဘာမှ မတွေ့ခဲ့ဘူး။ " မိုဝူ ကွေ့က ခေါင်းခါပြီး ပြောခဲ့သည်။
" ဆရာဦးလေး ၊ ဆရာဦးလေးမှာ အဲ့ဒီလူနာနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတို့ ၊ ဆေးမှတ်တမ်းတို့လို အချက်အလက်တစ်ခုခုများ ရှိသေးလား။ " ရှောင်ချန်းက နောက်တစ်ကြိမ် မေးမြန်းခဲ့သည်။
" မရှိ.... နေဦး။ ''
မိုဝူကွေ့သည် ကောင်းနေတဲ့ ဘယ်လက်ဖြင့် သူ့ဖုန်းကို ထုတ်ယူပြီး တစ်ခုခုကို ရှာနေပုံရသည်။ခဏကြာပြီးနောက် သူသည် ပျော်ရွှင်စွာဖြင့် ပြောခဲ့သည်။
" ဟားဟား..... ငါ တွေ့ပြီ။ "
ထို့နောက် သူသည် သူ့ဖုန်းကို ရှောင်ချန်းလက်ထဲ ထည့်ပေးခဲ့သည်။
" ကြည့်လိုက်။ အဲ့ဒီတုန်းက လူငယ်အနည်းငယ်က တိုက်ရိုက်ထုတ်လွှင့်ပြီးတော့ အဲ့ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားတယ်။ အစိမ်းရောင်အသားအရေနဲ့ ထိုင်နေတဲ့ တစ်ယောက်က လူနာပဲ။ မင်း တစ်ခုခုများ ရှာတွေ့မလားဆိုတာ ကြည့်လိုက်။ "
ရှောင်ချန်းသည် အစိမ်းရောင်အသားအရေနဲ့ လူနာကို တစ်ချက်ကြည့်ရုံဖြင့် အကြောင်းတချို့ေကြာင့် ရင်းနှီးနေသလို ခံစားခဲ့ရသည်။
သူသည် ထိုလူနာကို နီးနီးကပ်ကပ် တစ်ချက်ကြည့်၍ သေသေချာချာ စဉ်းစားကြည့်ပြီးနောက် ထိုလူက ဘယ်သူလဲဆိုတာကို နောက်ဆုံးမှာတော့ သိရှိသွားခဲ့သည်။
" ဝမ်ပန်ဇီ "
" ဝူကောရဲ့ အချစ်ဆုံး သူငယ်ချင်း ဝမ်ပန်ဇီ "
" ဝူကောရဲ့ သေအတူ ရှင်မကွာ သူငယ်ချင်း ဝမ်ပန်ဇီ"
' မင်း အသားအရေက အစိမ်းရောင်ပြောင်းသွားတာနဲ့ပဲ ငါက မင်းကို မမှတ်မိနိုင်တော့ဘူးလို့ မင်းထင်နေတာလား။ '
ရှောင်ချန်း၏ မျက်လုံးများထဲတွင် ဒေါသမီးတောက်များ တောက်လောင်နေခဲ့သည်။
အခုတော့ အရာအားလုံးက ရှင်းလင်းသွားပြီ ဖြစ်သည်။ လှည့်ကွက်ကစားနေတဲ့သူက ဝူကောပဲဖြစ်ရမည်ဖြစ်သည်။
ထိုနှစ်ယောက်သည် ဂူသင်္ချိုင်းဖောက်သူနှစ်ယောက်ဖြစ်သည်။ထို့ပြင် သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ဆန်းကြယ်တဲ့ နည်းလမ်းများရှိတာကြောင့် သူတိုရဲ့ အသားအရေကို အစိမ်းရောင် ပြောင်းစေတာက အံ့ဩစရာမဟုတ်ပေ။
ဒီမတိုင်ခင်ကလည်း ဝူကောသည် သူ့ကို နည်းလမ်းအမျိုးမျိုးဖြင့် လျှို့ဝှက်တိုက်ခိုက်ခဲ့ပေမဲ့လည်း ကံကောင်းထောက်မစွာဖြင့် သူသည် ထိုအရာကို သတိထားမိခဲ့သည် ။
အခုတော့ ဝူကောသည် သူ့ကို တိုက်ခိုက်ရမည့်အစား သူ့ဆရာဦးလေးကို တိုက်ခိုက်ခဲ့သည်။ သူ့ဆရာဦးလေးရဲ့ အခမဲ့ တိုင်ပင်ဆွေးနွေးခန်းကို ဖျက်ဆီး၍ သူ့ဆရာဦးလေးကိုလည်း နာကျင်အောင်လုပ်ပြီး အချုပ်ခန်းထဲသို့ ထည့်ခဲ့သည်။ထို့ပြင် သူ့ဆရာဦးလေး၏ ဂုဏ်သတင်းကိုလည်း ဟိုအောက်ဆုံးထိ ကျဆင်းစေခဲ့သည်။
' ဒီကောင်က တကယ့်ကို ယုတ်မာတာပဲ။ '
" ရှောင်ချန်း မင်း ဒီရောဂါရဲ့ နာမည်ကို သိလို့လား။ " မိုဝူကွေ့၏ မျက်လုံးများက ရှောင်ချန်း၏ ပုံမှန်မဟုတ်သော အမူအရာကို သတိထားမိခဲ့သည်။
ရှောင်ချန်းသည် အသက်ပြင်းပြင်းတစ်ချက်ရှုပြီး အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။
" ကျွန်တော် မသိဘူး။ ဒီအခြေအနေကို ကျွန်တော် ပထမဆုံးအကြိမ်မြင်ဖူးတာ။ နောက်ပြီး ဒီရောဂါကို ဒီမတိုင်ခင်က ကျွန်တော်တစ်ခါမှ မကြားဖူးဘူး။ ဒါကြောင့် အတော်လေးထူးဆန်းတယ်လို့ ကျွန်တော်ခံစားနေရတာ။ "
" တကယ်လား။ ကလေး မင်းငါ့ကို အမှန်မပြောသေးဘူးလား။ အကယ်၍ မင်းငါ့ကို အမှန်မပြောရင် မင်းယုံလား ၊မယုံလားတော့ ငါမသိဘူး။ ငါမင်းကို တကယ်ရိုက်ပစ်မယ်။ "
ရှောင်ချန်းသည် ခေါင်းညိတ်ပြီး ပြောခဲ့သည်။
" ဆရာဦးလေးကို ကျွန်တော် ဘယ်လိုလုပ် လိမ်ရဲမှာလဲ။ ဆရာဦးလေး ၊ဆရာဦးလေးလည်း အခု ဒဏ်ရာရနေတာဆိုတော့ ဒီမှာ ဆက်နေစရာမလိုတော့ဘူးပေါ့။ ဘာလို့ ဆရာဦးလေး တောင်ကြားကို ပြန်ပြီးတော့ ဆရာဦလေးရဲ့ ဒဏ်ရာတွေ ပြန်သက်သာအောင်လို့ကျွန်တော်ရဲ့ ဆရာကို မပြကြည့်တာလဲ။ "
" ဒါဆိုရင် မင်းကရော ဘယ်လိုလုပ်မလဲ ။ "
" ဆရာဦးလေး ကျွန်တော့်ကို မစိုးရိမ်နဲ့ ။ ကျွန်တော့်ဘာသာ ကျွန်တော် ဂရုစိုက်နိုင်တယ်။ "
မိုဝူကွေ့သည် ရှုပ်ထွေးသောအကြည့်များဖြင့် ကြည့်ပြီး ပြောခဲ့သည်။
" ကောင်းပြီလေ။ မင်းလည်း အရွယ်ရောက်လာပြီဆိုတော့ မင်းမှာ မင်းရဲ့ ကိုယ်ပိုင်စိတ်ကူးတွေရှိနေမှာပေါ့။ ဆရာဦးလေး မင်းကို မတားတော့ဘူး။ ဒါဆိုရင် ဆရာဦလေး မနက်ဖြန် အထုပ်အပိုးတွေပြင်ပြီးတော့ တောင်ကြားကို ပြန်လိုက်တော့မယ်။ "
" ဟုတ်ကဲ့ ဆရာဦးလေး။ " ရှောင်ချန်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချခဲ့သည်။
ရှောင်ချန်းသည် သူ့ဆရာဦးလေး ပြန်အောင်လို့ အဓိက အကြံပေးရသည့် အကြောင်းအရင်းကတော့ နောက်တစ်ကြိမ် ထပ်၍ သူ့ဆရာဦးလေး ထပ်နှိပ်စက်ခံထိမှာကြောင့် ဖြစ်သည်။
' အဲ့ဒီ ရက်စက်တဲ့ ဂူသင်္ချိုင်းဖောက်သူနှစ်ကောင်က သေရမှာကိုတောင် မကြောက်တာ သူတို့က အသက်ရှင်တဲ့လူတွေကို ကြောက်မှာတဲ့လား။ '
ထို့ကြောင့် သူ့ဆရာဦးလေးဘဝ လှုံခြုံဖို့အတွက် ဒီနေရာကနေ အမြန်ဆုံးထွက်သွားရမည်ဖြစ်သည်။
ထို့ပြင် ထိုနှစ်ယောက်ကို ဂရုစိုက်ဖို့က သူ့တစ်ယောက်တည်းရဲ့ တာာဝန်သာဖြစ်သည်။
' ဝူကော ၊ ဝမ်ပန်ဇီ ငါမင်းတို့နှစ်ယောက်စလုံးကို ငါ့အတွက်နဲ့ ငါ့ဆရာဦးလေးအတွက် သေချာပေါက်လက်စားပြန်ချေမယ်။ '
ဒုတိယနေ့တွင် မိုဝူကွေ့ သည် လင်ပေ့ဖန် လွှတ်ခဲ့သည့် လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။
မထွက်ခွာခင်တွင် မိုဝူကွေ့သည် အနည်းငယ် ဝမ်းနည်း သောပုံစံဖြင့် ပြောခဲ့သည်။
" ရှောင်ချန်းက အရွယ်ရောက်လာတော့ သူ့ဆရာဦးလေးကိုတောင် သူ့စိတ်ထဲမှာရှိတဲ့ တစ်ခုခုကို မပြောပဲနဲ့ ဖုန်းကွယ်တတ်နေပြီ။ သူက ငါ့ကိုလည်း ဒီနေရာကလည်း အမြန်ထွက်သွားဖို့ အကြံပေးခဲ့သေးတယ်။ "
" ဦးလေးမို ၊ သူ မင်းကို ထွက်သွားစေချင်တာက မင်းကောင်းဖို့အတွက်ပဲ ဖြစ်ရမယ်။ " လင်ပေ့ဖန်က နှစ်သိမ့်ခဲ့သည်။
" ငါသိတယ်။ ဒါကြောင်မို့လို့ ငါ မတုံ့ဆိုင်းပဲနဲ့ သူ့ကိုပြဿနာ မဖြစ်စေချင်လို့ထွက်သွားခဲ့တာ။ "
မို့ဝူကွေ့က ပြုံးပြီး လင်ပေ့ဖန်ကို ပြောခဲ့သည်။
" ဦးလေးထွက်သွားပြီးရင် ရှောင်ချန်းက မင်းကို ဒုက္ခပေးလိမ့်မယ်။ သူက နည်းနည်းမာနကြီးပြီးတော့ နည်းနည်း ဇွတ်တရွတ်နိုင်ပေမဲ့ သူ့ရဲ့ စိတ်ထားကတော့ မဆိုးဘူး ။ "
" မစိုးရိမ်ပါနဲ့ ၊ကျွန်တော် အစ်ကိုရှောင်ကို သေချာပေါက် ကောင်းကောင်းဂရုစိုက်ပေးလိုက်မယ်။ "
မိုဝူကွေ့သည် လင်ပေ့ဖန်၏ ပုခုံးကို ပုတ်ပြီး ပြောခဲ့သည်။
" သူ့မှာ မင်းလို သူငယ်ချင်းရှိတာ တကယ့်ကို ကံကောင်းတယ်။ "
လင်ပေ့ဖန်က လေးလေးနက်နက်ခေါင်းညိတ်ပြီး စိတ်ထဲကနေပြောလိုက်သည်။
' ကျွန်တော်လည်း သူကံကောင်းတယ်လို့ ထင်တယ်။ သူဆေးရုံမှာ နေချင်သ၍ ကျွန်တော်သူ့ကို သူ့ဘဝတစ်လျှောက် လုံး ဆေးရုံမှာ ထားထားနိုင်တယ်။ ကျွန်တော့်လိုမျိုး ကြင်နာတတ်တဲ့ ဗီလိန်တွေက တကယ်ရှားတယ်။ '
" ကောင်းပြီ ၊ဦးလေးသွားတော့မယ်။ နှုတ်ဆက်ပါတယ် "
" ဦးလေး နှုတ်ဆက်ပါတယ်။ " လင်ပေ့ဖန်သည် လက်ပြနှုတ်ဆက်ပြီး ထွက်သွားခဲ့သည်။
ကားပေါ် ပြန်သွားရင်း သူသည် သူ့စိတ်ထဲကနေ သက်ပြင်းချပြီး ပြောခဲ့သည်။
' မိုဝူကွေ့ က တကယ့်ကို ကောင်းတဲ့ အသက်ကြီးကြီးဝါရင့် ဆရာဝန်တစ်ယောက်ပဲ။ အကယ်၍ လီမန်နျူကျောက်အတွက်သာမဟုတ်ရင် ငါသူ့ကို ဒုက္ခ မပေးချင်ဘူး....။ '
ထိုအချိန်တွင် သူ့ရဲ့ဖုန်း နောက်တစ်လုံးက တုန်ခါလာခဲ့သည်။
လင်ပေ့ဖန်သည် သူ့ဖုန်းကို ဖွင့်ပြီး ကြည့်လိုက်လိုက်ချိန်တွင် ရင်းနှီးတဲ့ ဝီချက်အကောင့်တစ်ခုကို မြင်လိုက်ရသည်။
မိုပိုင် : ချင်းရွဲ့ ကိုယ်မင်းကို တောင်းပန်ပါတယ်။ အရင်ရက်တွေတုန်းက ကိုယ်ဖျားပြီးတော့ ဆေးရုံတင်ထားခဲ့ရတာ။ နောက်ပြီး ကိုယ့်ရဲ့ဖုန်းကလည်း အိမ်မှာ ကျန်ခဲ့တော့ ကိုယ်မင်းကို စာပြန် မပို့နိုင်ခဲ့ဘူး။
မိုပိုင် : မင်းကိုယ့်ကို စိတ်မဆိုးဘူးမလား ): ။
လင်ပေ့ဖန်သည် အနည်းငယ်ပြုံးစိစိဖြစ်သွားခဲ့သည်။
ဇာတ်လိုက်လေးက လိုင်းပြန်တက်လာတာကြောင့် သူသည် သူ့ကို နောက်တစ်ကြိမ် ထပ်ကစားလို့ရပြီဖြစ်သည်။
ထို့နောက် သူသည် စာရိုက်ပြီး အကြောင်းပြန်ခဲ့သည်။
ချင်းရွဲ့ : ဘယ်လိုဖြစ်ရတာလဲ။
ချင်းရွဲ့ : ကျွန်မ အရင်တွေတုန်းက ရှင့်နဲ့ အဆက်အသွယ်မရတော့ ရှင်တစ်ခုခုဖြစ်သွားပြီထင်ပြီး ကျွန်မ ရှင့်ကို အရမ်းစိုးရိမ်နေတာ။
ချင်းရွဲ့ : အခု ရှင်အဆင်ပြေနေတယ်ဆိုတာကို ကျွန်မသိရတော့ ကျွန်မရင်ထဲက အလုံးကြီးခုမှပဲ ကျသွားတော့တယ် (: ။
ချင်းရွဲ့ : ရှင်ဘယ်လိုဖြစ်ပြီး နေမကောင်းဖြစ်ရတာလဲ ။ ဒါက စိုးရိမ်ရလား။ရှင် ကျွန်မကို ပြောပြလို့ရနိုင်မလား။
သမုဒ္ဒရာကြီး၏ တစ်ဖက်ခြမ်းရှိ အလွန်ဝေးကွာသော နိုင်ငံတစ်နိုင်ငံတွင်ရှိနေသည့် လုမိုပိုင်သည် သူ့အချစ်ကလေး၏ အကြောင်းပြန်စာကို မြင်လိုက်ရချိန်တွင် အရမ်းပဲ ပျော်ရွှင်သွားခဲ့သည်။