← Chapters

မင်းရဲ့ အကြိုက်က တော်တော်ထူးတာပဲ

Vol. 1 Ch. 5

မင်းရဲ့ အကြိုက်က တော်တော်ထူးတာပဲ

Vol. 1 Ch. 5

“ ရတယ်လေ … စမ်းကြည့်တာပေါ့ ….”

“ မင်းငါ့ရဲ့ အတွေ့အကြုံကို မှန်မှန်ကန်ကန်နဲ့ ပြောပြနိုင်မယ်ဆိုရင် ကာနီဗယ် လက်ဆောင် ၂၀ ဆုချမယ် ….”

[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] က ချန်ယွီ့၏ စကားများကို အယုံကြည်မရှိဘဲ တုံ့ဆိုင်းခြင်းမရှိ စိန်ခေါ်လိုက်သည်။

ဤ အလိမ်အညာကို ကင်မရာရှေ့မှောက်တွင် ဖော်ထုတ်ပြမည်ဟု သူ့စိတ်ထဲ ကြိမ်းဝါးလိုက်၏။

“ မင်းက ချမ်းသာတဲ့ မိသားစုမှာ ပေါက်ဖွားခဲ့တယ် … ပိုက်ဆံဆိုတာ မင်း ငယ်တုန်းကတည်းက ဘယ်တော့မှ မပြတ်လပ်ခဲ့ဖူးတဲ့ အရာတစ်ခုပဲ ….”

ချန်ယွီ ဖြည်းညင်းစွာ ပြောလိုက်ပြီး “ အဲ့တာကြောင့်လည်း …..”

“ ဒါလေးပဲလား ….”

ချန်ယွီ့ စကားမဆုံးမီ [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] ၏ မျက်နှာထက်တွင် အထင်သေးသည့် အမူအရာတို့ ထွက်ပေါ်လာခဲ့၏။

“ လုပ်စမ်းပါ … မင်းရဲ့ ဟာသပြဇာတ်ကြီးကို ဆက်ပြီး ဇာတ်ကချင်နေတုန်းပဲလား …”

[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] က သူ့ကိုယ်သူ စုံထောက်ကြီးသဖွယ် ပြုမူနေခဲ့သည်။

သူ တွေးနေသည့် အရာအားလုံးကို သူ့မျက်နှာထက်တွင် ရေးထိုးထားပြီး အမှန်တရားက တစ်ခုတည်းသာ ရှိသည်။

မင်းက လူလိမ် ….

“ စောနလေးတင် ငါ့ရဲ့ အတိတ်ကို ခန့်မှန်းနိုင်မယ်ဆိုရင် ကာနီဗယ် လက်ဆောင် ၂၀ ဆုချမယ်လို့ ပြောခဲ့တယ် …”

“ အဲ့တစ်ချက်နဲ့တင် ငါ ဘယ်လောက် ချမ်းသာတယ်ဆိုတာ ဖော်ပြပြီးသားပဲ….”

“ ဦးနှောက်ရှိတဲ့ ဘယ်သူမဆို ငါ ချမ်းသာတဲ့ မိသားစုကနေ ဆင်းသက်လာတယ်ဆိုတာ ပြောပြနိုင်တယ် …”

[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] က နှာခေါင်းရှုံ့လိုက်သည်။

“ 666666 (စောက်ရမ်းလန်းတယ် ) … ငါတို့ ဒီမှာ စုံထောက်တစ်ယောက် ရှိပြီ ….”

“ သူ့နောက်ကျောက အိပ်ခန်းကိုပဲ တစ်ချက်ရှိုးဦး … သေချာစိတ်တိုင်းကျ ရွှိုင်းထားတယ်ဆိုတာ ပြောလို့ရတာ … ဒါပေါ့ သူဌေးသားပဲလေ …”

“ ဂို ဂို ဂိုး (Go go go ) … ဒီကောင်က လူလိမ်တစ်ယောက်ထက် မပိုဘူး ….”

ချက်ချင်းဆိုသလို စကားပြောခန်းထဲ၌ ကွန်းမန့်များ ပလူပျံလာခဲ့သည်။

ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

“ မင်း ဘဝမှာ မင်းဂုဏ်ယူရဆုံး အရာက ‘ သူရဲကောင်းလေး ‘ဆိုတဲ့ တံခွန်စာသားပဲ ဟုတ်တယ်ဟုတ် …”

အနီရောင် ပိုးထည်တံခွန်ကို အိပ်ရာနံဘေးတွင် ချိတ်ဆွဲထားသည်။

တံခွန်၏ ဘယ်ဘက်ထောင့်အောက်ခြေတွင် စာလုံးသေးလေး အနည်းငယ် ရေးထိုးထား၏။

“ ဌာနတစ်ခုက မင်းကို လက်ဆောင်ပေးလိုက်တဲ့ ဥစ္စာ … ဟုတ်တယ်နော်…. “

“ မင်း မူလတန်း တက်တုန်းက အိမ်ပြန်တဲ့အချိန် အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က မင်းကို ပြန်ပေးဆွဲသွားခဲ့တယ် …”

“ မင်းက ကိုယ့်ကိုယ်ကို ရူးချင်ယောင်ဆောင်ပြီး အဲ့ဒီ ပြန်ပေးဆွဲ သမားနှစ်ယောက်ကို မင်းအပေါ် သတိလျော့အောင် လုပ်ခဲ့တယ် …”

“ အဲ့ညပြီး နောက်တစ်နေ့မှာ သူတို့ အိပ်ပျော်နေတဲ့ အချိန်ကို အခွင့်ကောင်းယူ ထွက်ပြေးပြီး သက်ဆိုင်ရာဌာနဆီ မင်း တိုင်ကြားခဲ့တယ် … “

“ ရဲ‌တွေကို အဲ့ဒီ လူကုန်ကူးသမား နှစ်ယောက် ရှိတဲ့နေရာဆီ မင်းကိုယ်တိုင် လမ်းပြပြီး ကူညီပေးခဲ့တယ် … “

“ အဲ့ဒီ အချိန်တုန်းက မင်းအသက်က ၇ နှစ် …”

ချန်ယွီ့ စကားတစ်ခွန်း ပြောလိုက်သည့် အချိန်တိုင်း [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] ၏ မျက်နှာအမူအရာမှာ ပို၍ ပို၍ အံ့အားသင့်လာခဲ့ပြီး သရဲသဘက် မြင်တွေ့လိုက်ရသည့်နှယ် ဖြစ်ပေါ်နေတော့သည်။

“ ဒီကောင်က တကယ်ရော စိတ်ကျန်းမာရေး ဆရာဝန် ဟုတ်ရဲ့လား …”

“ ဟင့်အင်း … သူက စိတ်ဖတ်တဲ့သူ ….”

“ ညီကို … သူ ပြောတာ တကယ်ပဲလား …”

“ မေးနေစရာတောင် လိုသေးလို့လား … သူရှော့ခ်ရနေတာကို မင်း မမြင်ဘူးလား ….”

တစ်ချို့သော ဉာဏ်ကောင်းသည့် ကြည့်ရှုသူတို့မှာ [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] ၏ မျက်နှာအမူအရာမှတစ်ဆင့် အဖြေကို ရရှိပြီး ဖြစ်သည်။

“ မာစတာ … မင်းက တကယ့်ကို နတ်ဘုရားပဲ ….”

[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] သည် သူ၏ မောက်စ်ကို ဆက်တိုက် ကလစ်နှိပ်ရင်း ကာနီဗယ်လက်ဆောင်များ ပေးပို့နေလျက် ရှိတော့သည်။

အချိန်တစ်ခုကြာသည်အထိ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် တလက်လက်တောက်ပသည့် အရောင်ကာလာတို့ဖြင့် ပြည့်နှက်သွားခဲ့လေသည်။

ကာနီဗယ် လက်ဆောင်တစ်ခုကို ယွမ် သုံးထောင်ပေးရပြီး ချန်ယွီ့လည်း ပိုက်ဆံတော်တော်လေး ရရှိလိုက်သည်။

ထိုမျှ များပြားသည့် လက်ဆောင်ဈေးနှုန်းက ကြည့်ရှုသူ တော်တော်များများကို လက်တွန့်သွားစေဖို့ လုံလောက်၏။

“ အိုး … ငါက မာစတာ မဟုတ်ဘူးနော် … ငါက ဒီတိုင်း ဆရာဝန်ပဲ …”

“ ကျေးဇူးပြုပြီး ငါ့ကို ဒေါက်တာချန်လို့ပဲ ခေါ်ပါ ….”

ပြောပြီးနောက် ချန်ယွီ့၏ လေသံက ရွှတ်နောက်နောက်ဖြစ်သည့် ဘက်ခြမ်းသို့ ကူးပြောင်းသွားခဲ့သည်။

“ ဒါနဲ့ မင်းရဲ့ အကြိုက်က တော်တော်လေး ထူးခြားတယ်လို့တော့ ပြောရမယ်သိလား ….”

သူ့ ချာနယ်ထဲရှိ ကြည့်ရှုသူ အရေအတွက်က တစ်သိန်း ပမာဏသို့ နီးကပ်လာသည်ကို မြင်တော့ ချန်ယွီ့သည် ‘ ကြီးမားသည့် စပရိုက်’ တစ်ခုကို လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်၏။

ထင်မှတ်ထားသည့်အတိုင်းပဲ သူ့စကားဆုံးသည်နှင့် စကားပြောခန်းထဲတွင် မရေမတွက်နိုင်သည့် မေးခွန်း သင်္ကေတတို့ ထွက်ပေါ်လာလေသည်။

“ ဒေါက်တာချန်ကတော့ ထပ်ပြီး ရည်ရွယ်ချက်ရှိရှိ ဆန်းကြယ်ချင်ယောင် ဆောင်နေပြန်ပြီ …”

“ ငါ တိုဖူးအစပ် ပူတင်းစားရတာကြိုက်တယ် .. အဲ့တာကိုရော ထူးခြားတယ်လို့ သတ်မှတ်လား …”

“ ဒီလို အယူလွဲမှားနေတဲ့ကောင်ကို မီးရှို့ပစ် …”

[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] သည် ဤစကားကို ကြားပြီးသည့်နောက် ရင်တစ်ချက် ထိတ်သွားခဲ့ကာ သူ၏ အမူအရာက ပေါက်တတ်ကရ ကွန်းမန့်များ လျှောက်ရေးနေသည့် ကြည့်ရှုသူများနှင့် ကွဲပြားနေခဲ့၏။

“ မင်းမိဘတွေက သူတို့ စီးပွားရေး ကိစ္စတွေနဲ့ပဲ အလုပ်များနေတတ်တော့ မင်းတို့မှာ မိသားစု အချိန်ဆိုတာ သိပ်မရှိဘူး …”

“ ဒီတော့ အချိန်ကြာလာတာနဲ့အမျှ မင်းရဲ့ ဆွေမျိုးသားချင်းတွေအပေါ် စွဲလမ်းမှုကလည်း ကြီးထွားလာတယ် …”

“ မင်းရဲ့ စွဲလမ်းမှုက ဘယ်လောက်တောင်လဲဆိုရင် မင်းရဲ့ ပါတနာ ရွေးချယ်တဲ့အပေါ်မှာ သက်ရောက်မှု ရှိလာတယ်…”

“ တခြားလူငယ်တွေလို အသားဖြူဖြူ ၊ ပိန်ပိန်သွယ်သွယ် ကောင်မလေးတွေကို မင်း စိတ်မဝင်စားဘူး …”

“ မင်းက … အဟွတ် … အသက် ၃၀ ကျော် အမျိုးသမီးတွေကိုပဲ သဘောကျတယ် …”

သူ စခရင်ပေါ်ရှိ [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] ကို ကြည့်လိုက်သည်။

ချန်ယွီ့ ဆက်ပြီး သူ၏ စပရိုက်အကြီးစားအား စေလွှတ်လိုက်၏။

“ မင်း အရွယ်ရောက်လာပြီးကတည်းက အသက် ၃၀ ကျော် အမျိုးသမီး ကိုးယောက်ကို ပိုးပန်းခဲ့ဖူးတယ် …”

“ အဲ့ထဲ သုံးယောက်က အိမ်ထောင်ကွဲထားတဲ့ ကလေးအမေတွေချည်းပဲ …”

သူ ထိုစကားလုံးများ ပြောပြီးသည်နှင့် စကားပြောခန်း တစ်ခုလုံး ရူးသွပ်ကုန်ကြသည်။

“ ညီကို … မင်းရဲ့ အကြိုက်က တကယ်ကို ထူးခြားနေတာပဲ …”

“ လူငယ်တွေက MILF တွေရဲ့ ဆွဲဆောင်မှုကို နားမလည်ဘဲ မိန်းမငယ်လေးတွေကို ရတနာတစ်ခုလိုမျိုး တန်ဖိုးထားနေကြတာ သူတို့ တကယ် သိတဲ့ အချိန်ရောက်တော့ အချိန်က နှောင်းသွားခဲ့ပြီ …”

( MILF - မာမီဘာညာ ) (DILF - ဒယ်ဒီဘာညာ)

“ အချိန်နှောင်းတဲ့အခါမှပဲ MILF တွေရဲ့ ဆွဲဆောင်မှုကို မင်းနားလည်လာမယ် … ဒါပေမယ့် အဲ့ခါကျရင် မင်းက သူတို့ထက် အသက်ကြီးနေပြီ …”

“ လခွမ်း … မင်းတို့နှစ်ကောင်က ငါတို့ မျိုးဆက်ရဲ့ စံပြပုဂ္ဂိုလ်ကြီးတွေပဲ …”

“ မင်းနဲ့ MILF – hunter ချောင်ချောင်နဲ့ ဘာကွာလဲ …”

“ မာမီ မာမီ … သားသား နို့နို့ ဆာဆာ …”

“ ဒါက သူဌေးသားတွေရဲ့ အထူးအကြိုက်များလား ….”

[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] မှာ ကျင်းတစ်ကျင်းတူး၍ပင် ပုန်းအောင်းချင်စိတ်များ ပေါက်လာခဲ့တော့သည်။

ဒါ လူရှေ့သူရှေ့ အရှက်ကွဲတာပဲ …

“ ဒေါက်တာချန် … မှားလို့ မှားလို့… မာစတာချန် … ကျေးဇူးပြုပြီး တော်လိုက်ပါတော့ … မင်းဆက်ပြောနေရင် ငါ ဒီပလတ်ဖောင်းမှာ ဆက်ပြီး မျက်နှာပြရဲမှာ မဟုတ်တော့ဘူး …”

“ ကောင်းပြီ … လူတိုင်းပဲ … စနောက်နေတာ တော်လိုက်ကြတော့ … အခု ငါတို့ သူ့ရဲ့ ရောဂါကို ကုသပေးကြမယ် …”

ချန်ယွီ့သည် [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] ကို ကူညီ၍ အခြေအနေအား ချောမွေ့အောင် ပြုလုပ်ပေးလိုက်သည်။

“ ကုသပေးမယ် … ကျွန်တော် တကယ်ကြီး ဖျားနေတာလား …”

[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] မှာ မရည်ရွယ်ပါဘဲနှင့် ချန်ယွီ့၏ စည်းချက်အတွင်းသို့ ကျရောက်သွားခဲ့သည်။ ချန်ယွီ့က သူအား ကုသပေးမည် ပြောတော့ သူ့မှာ အလိုအလျောက် ရောဂါတစ်ခုခုက ပေါက်ဖွားလာသလိုပင်။

“ မင်း အခုတလော တော်တော်လေး စိတ်ဓာတ်ကျနေတယ် မလား ….” ချန်ယွီ့ အပြုံးလေးဖြင့် မေးလိုက်သည်။

“ ဟင်း ….”

ဤသည်ကို ကြားတော့ [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] က သက်ပြင်းချ၍ မျက်နှာထက်တွင် ခါးသီးမှုတို့ ထွက်ပေါ်လာသည်။

“ စိတ်ဓာတ်ကျတာထက်ပိုပါတယ်ဗျာ … အမှန်အတိုင်းပြောရရင် စိတ်ဆင်းရဲနေတာ …”

ချန်ယွီ့ ဘာမျှ မပြောနိုင်သေးခင်မှာပဲ [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ]က သူ့အတွေ့အကြုံကို စပြီး ပြောပြသည်။

သူ အမျိုးသမီးတစ်ဦးကို ရူးရူးမူးမူး ပိုးပန်းခဲ့ဖူးသည်။

သို့သော် တစ်ဖက်၏ အပြုအမူက သူ့အပေါ် ရေရာသေချာခြင်း မရှိချေ။

အခါအားလျော်စွာတွင် သူမဘက်က အလျင်ဦးစွာ သူ့ထံသို့ ဆက်သွယ်တတ်ပြီး...

တစ်ခါတစ်လေ သူမဘက်က အေးတိအေးစက် ပြုမူနေတတ်၏။

သူ၏ မက်ဆေ့ချ်နှင့် ဖုန်းခေါ်ဆိုမှုများကိုလည်း ရက်အနည်းငယ်ကြာ လျစ်လျူရှုနေတတ်သည်။

“ ဒါ သူ့ကို ATM စက်လို သဘောထားနေတာပဲမဟုတ်လား …”

“ ‘မဟုတ်လား‘ကိုဖြုတ်လိုက် … ဒါသူ့ကို ATM စက်လို သဘောထားနေတာကွ …”

“ မင်းတို့ကောင်တွေ တော်တော် နှလုံးသား မရှိတဲ့ကောင် … တစ်ဖက်သတ် အချစ်ရူး ကောင်လေးတွေကို ဂရုစိုက်ပေးဖို့ လိုတယ် … နားလည်လား …”

“ ညီကို … ဒီလို အခြေအနေမျိုးကို ဖြတ်သန်းခဲ့ဖူးတဲ့ သူတစ်ယောက်အနေနဲ့ အကြံပေး စကားလေး နည်းနည်းလောက်ဆိုမယ် … တစ်ဖက်သတ် အချစ်ရူးတာက မင်းကို လမ်းပျောက်စေတယ်နော်….’

“ အတွေ့အကြုံရှိသည့် တစ်ဖက်သတ် အချစ်ရူး “ တော်တော်များများက ရှေ့သို့ ထွက်လာကြပြီး အကြံဉာဏ်များ ပေးကြတော့သည်။

“ ငါက simp မဟုတ်ဘူး… သူလည်း ငါ့အပေါ် ခံစားချက်တွေ ရှိတယ် …”

( Simp - self respect ပါပျောက်ဆုံးတဲ့ထိ တစ်ဖက်မိန်းကလေးကို ပိုးပန်းသူ၊ မိန်းကလေး အကြိုက်လိုက်လုပ်ပေး။ သို့သော် မိန်းကလေး၏ ပြန်ကြိုက်ခြင်း မခံရသူ။ တစ်နည်းဆိုသော် ခိုင်းနွား။ )

“ May 20 ရက်နေ့တုန်းက သူ ငါ့ဆီ ယွမ် ၅၂၀ လွှဲခဲ့ပေးတယ် ..”

( မေ ၂၀ ၊ တရုတ်ချစ်သူများနေ့)

“ တစ်ခါက ငါသူ့ကို ညစာ ဖိတ်ကျွေးတုန်းကလည်း ရှော့ပင်းမောလ်မှာ ရာမန်းတစ်ပွဲပဲ မှာခဲ့တာ …”

ထိုအမျိုးသမီးနှင့် အတူဖြတ်သန်းခဲ့ဖူးသည့် အတွေ့အကြုံ သေးသေးလေးများကို ပြန်ပြောင်း ပြောပြနေစဉ်တွင် [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] သည် သူ့မျက်နှာထက်ရှိ ပျော်ရွှင်နေသည့် မျက်နှာအမူအရာများအား ဖုံးဖိမရခဲ့ချေ။

“ ဒီလောက်ကောင်းတဲ့ အကျင့်စရိုက်နဲ့ အမျိုးသမီးက ဘယ်လိုလုပ်ပြီး သိုက်တူးသမား ဖြစ်နိုင်မှာလဲ မင်းတို့ပြောစမ်း …”

[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] က ထိုမေးခွန်းကို မေးမြန်းလိုက်သည်။

သူ ပြောသည့်စကားကို ကြားပြီးသည့်နောက် ကြည့်ရှုသူများ၏ ရင်ဘက်ထဲ ပြောင်းလဲမှုတို့ ဖြစ်သွားခဲ့ကြ၏။

မည်သို့ပင်ဆိုစေ ဤခေတ်ကြီးထဲတွင် အင်မတန် နည်းပါးသည့် မိန်းကလေးတို့ကသာ ထိုကဲ့သို့သော နေ့ထူးနေ့မြတ်များတွင် လက်ဆောင်များ ပို့ပေးတတ်ပြီး စားသောက်ရန်အတွက် ဈေးကြီးသည့် စားသောက်ဆိုင်များကို မရွေးချယ်ကြခြင်းပင်။

“ ဒါဆို ငါမင်းကို မေးခွန်းနှစ်ခုမေးဦးမယ် …”

ထိုအချိန်တွင် ချန်ယွီ့က ကြားဖြတ်ပြောဆိုလိုက်သည်။

“ ရတယ် မေးလေ …”

“ သူ မင်းဆီ ယွမ် ၅၂၀ မလွှဲလာခင် မင်းသူ့ဆီ ဘယ်လောက် လွှဲပေးလိုက်လဲ ….”

“ ယွမ် ၅၂၀,၀၀၀၀ “

“ မင်းသူ့ကို မောလ်မှာ ထမင်းစားဖိတ်တယ် … ရာမန်းခေါက်ဆွဲပြုတ် တစ်ပွဲအပြင် ညစာစားပြီးတော့ သူမင်းကို တစ်ခြား ဘာတောင်းသေးလဲ …” ချန်ယွီ့ ထပ်မေးမြန်းလိုက်၏။

“ ယွမ် တစ်သိန်းတန် ဈေးဝယ်ကတ် တစ်ကတ် …”

[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ]က အမှန်အတိုင်း ဖြေဆိုလိုက်သည်။

လိုက်စထွင်း ကြည့်ရှုနေသူများမှာ တဒင်္ဂမျှ ငြိမ်သက်သွားခဲ့ကြသည်။

၎င်းနောက် ချက်ချင်းပဲ ကွန်းမန့်များ ပလူပျံအောင် တက်လာလေသည်။

“ သေစမ်း သေစမ်း …”

“ ဒါ ဇာတ်လမ်း အလှည့်အပြောင်းလဲ … ငါ ထင်ကို မထင်ထားခဲ့မိတာ …”

“ ညီကို … ငါမင်းကို ၅၂၀ လွှဲပေးမယ် … မင်းငါ့ဆီ ၅၂၀,၀၀၀ ပြန်လွှဲပေးမလား …”

[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] သည် ထိုကွန်းမန့်များကို အာရုံစိုက်လိုစိတ် ရှိမနေခဲ့ချေ။ ထိုအစား ချန်ယွီ့ကိုသာလျှင် စိုးရိမ်ပူပန်သည့် အမူအရာဖြင့် ကြည့်နေမိခဲ့၏။

“ ဒေါက်တာချန် … သူ ဘာတွေ စဉ်းစားနေလဲဆိုတာ ငါ့ကို ကူစဉ်းစားပေးပါလား …”

“ သူ အခုတလော ငါ့အပေါ် ဘာလို့ အဲ့လောက်ထိ စိတ်အတက်အကျတွေ ဖြစ်နေရတာလဲ …”

ချန်ယွီ့ မဖြေဆိုဘဲ ထိုအစား မေးခွန်းတစ်ခု မေးမြန်းလိုက်သည်။ “ မင်းမှာ သူ့ဓာတ်ပုံရှိတယ်မလား … ငါတစ်ချက်ကြည့်ရအောင် ပြစမ်းပါ …”

[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] သည် သူ့ပိုက်ဆံအိတ်ထဲက ဓာတ်ပုံလေးတစ်ပုံကို ဂရုတစိုက်နှင့် ထုတ်ပြလာခဲ့သည်။

ဓာတ်ပုံထဲရှိ အမျိုးသမီးကို လိုက်စထွင်းထဲရှိ ကြည့်ရှုသူတိုင်းက သေချာပြတ်သားရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။

ထို့နောက် တစ်သိန်းနီးပါးခန့်ရှိသည့် ကြည့်ရှုသူတို့မှာ စတင် အော်ဟစ်လာကြတော့၏။

All Chapters