← Chapters

မင်းက လူကောင်းပါ

Vol. 1 Ch. 7

မင်းက လူကောင်းပါ

Vol. 1 Ch. 7

“ ဘုန်း …”

ချန်ယွီ့၏ စကားလုံးက ဧရာမ ဗုံးကြီးတစ်လုံးကဲ့သို့ပင်။

ထိုစကားကို ကြားပြီးသည့်နောက် [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]၏ စိတ်တစ်ခုလုံး ဗလာကျင်းသွားခဲ့၏။

“ သူ(မ)က ဒီလောက်ထိ အရပ်ရှည်နေတာ မဆန်းတော့ပါဘူး … လက်စသတ်တော့ သူ(မ)က သူ ဖြစ်နေခဲ့တာကိုး ….”

“ ငါ စစချင်းတုန်းက အတော်လေး စိတ်ဝင်စားနေခဲ့တာ … ဒါပေမယ့် အခု တော်တော်လေး စိတ်လှုပ်ရှားလာပြီ …”

“ ဆမ်ရဲ့ အစွမ်းက အိန္ဒိယထက် ပိုကြမ်းတာ ငါ ယုံသွားပြီ …”

“ စောက်ရမ်း စိတ်လှုပ်ရှားဖို့ကောင်းတယ် …”

“ နင်တို့ စောင်းချိတ်ပြောနေတာတွေ တော်ကြစမ်း …”

“ ဟေ့ကောင်တွေ … ဒီမှာ ငါ့သူငယ်ချင်း မေးနေတယ် … သူလည်း ဆမ်ဆေးရုံကို သွားရင် ပုံထဲက ကောင်မလေးလို လှနိုင်မှာလားတဲ့ ….”

“ ညီကို … မင်းရဲ့ ဇာတ်လမ်းလေးတွေ ဝေမျှစမ်းပါ …”

ဆမ်ဆေးရုံသို့သွား၍ လိင်ပြောင်းခွဲစိတ်မှု ပြုလုပ်ခြင်းက မည်သည်ကို ဆိုလိုမှန်း လူတိုင်း နားလည်ကြသည်။

ကြည့်ရှုနေကြသူတိုင်း ရှော့ခ်ရကုန်ကြ၏။

စိတ်လှုပ်ရှားဖို့ကောင်းသည့် meme များက တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။

စကားလုံးအနည်းငယ်က [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]အား လက်ခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်အောင် ရှော့ခ်ရသွားစေခဲ့သည်။

“ မင်း ညာနေတာ … မင်း ငါ့ကို ညာနေတာ …”

[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]က ဟိန်းဟောက်လိုက်၏။

သူ့ နှလုံးသားရင်ဘက်ကြီးထဲ ဖြူစင်ပြီး ချို့ယွင်းချက်ကင်းသည့် အလှနတ်ဘုရားက ဘယ်တော့မှ အမျိုးသားတစ်ယောက် မဖြစ်နိုင်ပေ …

“ သူ့ရဲ့ QQ အကောင့်ကို ကြည့်လိုက်ရင် မင်းလိုချင်တဲ့ အဖြေရလိမ့်မယ် …” ချန်ယွီ့ ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

“ သူ့ QQ အကောင့်ကို ဘယ်လို ရှာရမလဲ ဆိုတာတော့ ငါ သင်ပေးဖို့ မလိုဘူးမလား …”

ဤသည်ကို ကြားတော့ [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]သည် ချက်ချင်းပဲ နေရာမှာတင် QQ ကို ဒေါင်းလုပ်ဆွဲလိုက်၏။

ဝီချက် ရေပန်းစားလာသည်နှင့်အမျှ ပထမမျိုးဆက် စကားပြောအက်ပ်ဖြစ်သည့် QQ သည် ၎င်း၏ သုံးစွဲသူ များစွာကို လုယူခံလိုက်ရသည်။

၈၀ ခုနှစ်နှင့် ၉၀ ခုနှစ်ဝန်းကျင်တွင် မွေးဖွားသူတို့သာ ထို အက်ပ်ကို ယနေ့တိုင် အသုံးပြုနေကြခြင်းပင်။

ခေတ်ရေစီးကြောင်းကို အမီလိုက်နိုင်ရန်အတွက် QQ သည်လည်း ဝီချက်နည်းတူ ဖုန်းနံပါတ်နှင့် အကောင့်ရှာဖွေနိုင်သည့် စနစ်ကို ထည့်သွင်းထားပေးခဲ့သည်။

ဒေါင်းလုပ်ဆွဲပြီးသည့်နောက် [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]သည် သူ၏ သူငယ်ချင်း စာရင်းကို ကလစ်နှိပ်လိုက်၏။

ထို့နောက် သူ့ အလှနတ်ဘုရား၏ ဖုန်းနံပါတ်ကို အလျင်အမြန် ရိုက်နှိပ်ထည့်လိုက်သည်။

၎င်းနောက် ချက်ချင်းပဲ နာမည်တစ်ခုက ထွက်ပေါ်လာသည်။

“ ချစ်ဖို့ကောင်းတဲ့ ဘန်နီလေး “

[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်] သည် ၎င်းနာမည်ပေါ်သို့ ကလစ် တစ်ချက် နှိပ်ကာ ပရိုဖိုင်ထဲသို့ ဝင်လိုက်သည်။

ဝီချက် မိုးမန့်နှင့် တူညီသည့် ကျူဇုန်ထဲသို့ သူ ဝင်ကြည့်လိုက်၏။

ဓာတ်ပုံများစွာ စုဝေးနေသည့် ဆိုရှယ်ပို့စ် အများအပြားကို သူ မြင်တွေ့လိုက်ရလေသည်။

“ ဒီနေ့က အန်ဒရိုဂျင်ထိုးတာ ငါ့ရဲ့ပထမဆုံးနေ့ပဲ … စိတ်လှုပ်ရှားလိုက်တာ …”

“ အဲ့ မုန်းဖို့ကောင်းတဲ့လူလိမ်တွေက ဟော်မုန်းဈေးကို နှစ်ဆတောင် တင်ထားကြတယ် … ငါလေး မဝယ်နိုင်တော့မှာကို စိုးရွံ့နေမိ .. အဟင့်ဟင့် …”

“ ဆမ်ကိုသွားပြီး ခွဲစိတ်ဖို့က ယွမ် ငါးသိန်းတဲ့ … ငါလေး အလုပ်ကြိုးစားပြီး တတ်နိုင်သမျှ လှပတဲ့ အမျိုးသမီးလေးတစ်ယောက် ဖြစ်လာအောင် ကြိုးစားမယ် … ဟွန့် ... ”

“ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံနဲ့ ဘယ်လို စကားပြောရမလဲ သင်ယူနိုင်ခဲ့ပြီ … ဟက်ပီး >⁠.⁠< ….”

“ မိန်းကလေးတစ်ယောက် ဖြစ်ရတာ တကယ့်ကို ကောင်းချီးခံပဲ .. ဘက်စ်ကားပေါ်မှာတောင် ငါ့ကို နေရာဖယ်ပေးတဲ့လူတွေ ရှိတယ် ….”

သူမ၏ ဆိုရှယ်မီဒီယာ ပို့စ်များမှာ ချိုမြိန်ပြီး ချစ်ဖို့ကောင်းသည့် မိန်းကလေးပုံစံနှင့် ရေးသားထားခဲ့သည်။

သို့သော် တင်ထားသည့် အကြောင်းအရာများကတော့ ချယ်ရီသစ်ပင်အတွက် လက်သင့်မခံနိုင်စရာများပင်။

[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်] သည် နေရာမှာတင် အေးခဲသွားခဲ့ပြီး မောက်စ်ကိုင်ထားသည့် သူ၏ လက်ချောင်းများက သူမ၏ ကျူဇုန်ကို ဆွဲတင်ရင်း တုန်ခါနေသည်။

ပထမဆုံးပုံကို သူ ကလစ်နှိပ်လိုက်၏။

ယင်းက ဖြူဖျော့ပြီး နီစွေးသည့် နှုတ်ခမ်းတို့ဖြင့် အရပ်ရှည်ရှည် ကောင်လေး တစ်ယောက်၏ ဓာတ်ပုံပင်။

ပထမပိုင်း ပုံအနည်းငယ်တွင် ကောင်လေးထံ၌ ယောက်ျားဆန်သည့် လက္ခဏာရပ်တို့ အနည်းငယ် ကျန်ရှိနေသေးသည်။

သူ ဓာတ်ပုံများအား တစ်ပုံပြီး တစ်ပုံ လိုက်လံကြည့်ရှုလိုက်၏။

ပုံထဲရှိ ကောင်လေးက ဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။

ရှည်လျားသည့် ပိုနီတေးတစ်ခုမှ ပိုနီတေး နှစ်ခု။

ချစ်ဖို့ကောင်းသည့် အပ်ချုပ် ဝတ်စုံမှ ဂေါ့သစ်ဝတ်စုံ။

အမျိုးသမီး အင်္ကျီအဝတ်အစားပုံစံ အမျိုးမျိုးက ကောင်လေး၏ ခန္ဓာကိုယ်ထက်တွင် တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။

အဆုံး၌ အဝတ်စား စတိုင်တို့က ချစ်ဖို့ကောင်းသည့် ကောင်မလေးမှ ရင့်ကျက်သည့် ကောင်မလေး ပုံစံသို့ ပြောင်းလဲသွားခဲ့သည်။

[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်] သူ့ ပိုက်ဆံအိတ်ထဲ ဆောင်ထားသည့် ပုံထဲက ကောင်မလေးနှင့် အတူတူ ဖြစ်သည်။

နောက်ဆုံးပုံထဲ၌ ကောင်လေးက အမျိုးသမီး အဝတ်အစားကို ဝတ်ဆင်ထားခဲ့၏။ သူက နိုင်ငံခြားဘာသာ စာလုံးများ ရေးထိုးထားသည့် ဆေးရုံတစ်ခု၏ ရှေ့တွင် မတ်တပ်ရပ်နေသည်။

[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]၏ ပါးစပ်တစ်ခုလုံး ခါးသီးမှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။

ထိုသူက အဘယ်ကြောင့် ဤကဲ့သို့ လုပ်ဝံ့သည့် သတ္တိတို့ ရှိလာခဲ့လဲ သူ မသိပေ။

ဓာတ်ပုံတွေ တစ်ပုံပြီး တစ်ပုံ သူ လှန်လောကြည့်နေခဲ့လေသည်။

“ စစ်မှန်တဲ့ ယောက်ျားတဲ့ တစ်ယောက်က အခြေအနေပေါ် မူတည်ပြီး လိုက်လျောညီထွေ လုပ်ကိုင်တတ်ရတယ်ကွ ….”

“ ကျွင်းတူးတာက သစ်ပင်စိုက်ရတာထက်တော့ ပိုလွယ်တယ် … အရှုံးမပေးနဲ့ ကြိုးစား... ”

“ ငါ သိချင်တာ … ဒီလို အခြေအနေမျိုးမှာ သူ ကလေးမွေးပေးနိုင်လား မသိဘူးနော်…”

“ ညစ်ပတ်နံစော်နေတဲ့ အဖြောင့်တစ်သိုက်တွေ … သူ့ဘာသူ လိင်ပြောင်းပြောင်း မပြောင်းပြောင်း နင်တို့သောက်ပူပါလား …”

“ ဆိုတော့ အဲ့ဆေးရုံက ယောက်ျားကို မိန်းမပြောင်းပေးနိုင်တယ်ပေါ့ ….”

“ ခွဲစိတ်မှုအတွက် ပြင်ဆင်ရတာတွေက တကယ်ဈေးကြီးတာ…”

“ ကျွမ်းကျင်တဲ့ ဆရာကြီးတစ်ယောက် ပေါ်လာပြီ

“ ဈေးချိုတဲ့ ပတ်ကေ့ချ်လေးများ ရှိရင် လက်တို့ပါဦး အစ်ကိုတို့ … ကျွန်တော့် သူငယ်ချင်းကောင်းကြီးကို အဲ့ဆေးရုံ လိုက်ပို့ပေးချင်လို့ပါ .. သူပြောတာ လိင်ပြောင်းပြီးရင် သူငယ်ချင်းတွေ အပေါ် ကောင်းပေးမယ်တဲ့ …”

“ နင်တို့ သပစကားတွေ ပြောနေကြတာလား …”

“ တော်ပြီ တော်ပြီ … အားလုံးပဲ … နောက်နေတာတွေ တော်ကြတော့ ….”

ချန်ယွီ့သည် တစ်ဖက်သတ် စနောက်နေသည့် စကားဝိုင်းကို ကြားဖြတ်နှောင့်ယှက်လိုက်ပြီး …

“ ဒီတော့ … ငါ မင်းကို လိမ်နေတယ်လို့ မင်းထင်သေးလား …”

[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]သည် တောင့်တင်းနေသည့် သူ့ဦးခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။

“ သူ ငါ့ကို ဘာလို့ အဲ့လို လုပ်နိုင်ရတာလဲ ….”

“ ငါ ခဏကျ အဲ့အကြောင်းပြောပြမယ် … မင်းအခု ဘယ်လိုခံစားရလဲ …”

ချန်ယွီ့ မေးမြန်းလိုက်သည်။

“ ရှက်တယ် … သက်တောင့်သက်သာ မဖြစ်ဘူး ….”

[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်] သည် စိတ်ထဲရှိသည့် အတိုင်း ဖြေဆိုလိုက်၏။

“ ဒါ စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေပဲ … ငါကုသပေးဖို့ လိုလား ….”

“ ဟုတ်ကဲ့ ….”

[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]၏ ပုံစံသည် အသက်ရှင်လိုစိတ်တို့ လုံးဝ ပျောက်ဆုံးနေသည့်ဟန် ဖြစ်နေခဲ့သည်။

လက်စသတ်တော့ သူ့မှာ စိတ်ကျရောဂါ ရှိနေခဲ့တာပဲ။

သူ့ရဲ့ အလှနတ်ဘုရားမက ယောက်ျားကြီးတဲ့လား။

[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]သည် နံရံနှင့် ခေါင်းဆောင့်၍သာ သေလိုက်ချင်တော့သည်။

သူ ဘယ်အချိန်ကတည်းက ဒီလို အမြင်ကန်းနေခဲ့တာလဲ…

လူက အထီးလား အမလားဆိုတာတောင် မခွဲတတ်တော့ဘူးလားဟ …

“ ငါကြည့်နေတာ ဒေါက်တာချန်နဲ့ စကားပြောတဲ့လူတိုင်း တစ်နည်းမဟုတ် တစ်နည်းနဲ့ စိတ်ရောဂါ ရကုန်ကြသလိုပဲ …”

“ ပြောင်မြောက်လိုက်တဲ့ ကောက်ချက်ချစကားပဲ …”

“ သူ့ဖြစ်ရပ်က သနားဖို့ကောင်းတယ် … ဒါပေမယ့် ငါ ဘာလို့ ရယ်ချင်နေပါလိမ့် …”

“ အတူတူပဲ +1 “

“ +10086 “

“ ညီကို … မင်းရဲ့ အလှနတ်ဘုရားမနဲ့ ဘယ်နှစ်ကြိမ်လောက် နက်နက်ရှိုင်းရှိုင်း ထိတွေ့ခဲ့ဖူးလဲ …”

“ ငါ့လို အသက် ၃၀ကျော် လူပျိုကြီးက ဘယ်လို မကောင်းမှုတွေ ကျူးလွန်ခဲ့မိလို့ ဒီလိုက်စထွင်းထဲ ဝင်ခဲ့မိပါလိမ့်ကွာ … အား ငါ့မျက်လုံးတွေ …”

ရှော့ခ်ရဖွယ်ကောင်းသည့် အမှန်တရားကို တစ်ခုပြီး တစ်ခု ဖော်ထုတ်ပြီးချိန်တွင် လိုက်စထွင်း ကြည့်ရှုသူ အရေအတွက်က တစ်သိန်းခွဲသို့ ရောက်ရှိသွားခဲ့၏။

ပျော်ရွှင်ဖို့ကောင်းသည့် နေ့လေး တစ်နေ့ ဖြစ်ခဲ့သည်။ အထူးသဖြင့် ဒီနေ့ပင်။

“ ဒေါက်တာချန် … သူ ငါ့အပေါ် ရိုးသားခဲ့ဖူးလား ….”

ဤမေးခွန်းကို မေးမြန်းလာခဲ့သည့် အချိန်၌ ချန်ယွီ့မှာ သွေးတစ်လုပ် အန်ထုတ်လုနီးပါး ဖြစ်သွားခဲ့ရသည်။

“ ငါ လက်ခံနိုင်တယ် ဒေါက်တာချန် … ကျေးဇူးပြုပြီး အမှန်အတိုင်းပဲ ပြောပေးပါ …” [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]က ပြောလိုက်သည်။

“ သူ မင်းအပေါ် မရိုးသားခဲ့ဘူးလို့လည်း ပြောမရဘူး …”

“ သူ မင်းကို ရိုးသားခဲ့တယ် … ဒါပေမယ့် အလွန်အကျွံကြီးတော့ မဟုတ်ဘူးပေါ့ ….”

ချန်ယွီ့ သူ့စကားလုံးများကို တမင်တကာ အေးအေးဆေးဆေးလေး ပြောလိုက်သည်။

ရှည်လျားပြီး ဝမ်းနည်းဖို့ကောင်းသည့် ရှုပ်ထွေးသည့် သူတို့နှစ်ဦးကြားရှိ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုသူများထံ ပြန်ပြောင်းပြောပြသည်။

“ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက စီးပွားရေး ခရိုင်ထဲ မင်းကားဖြတ်မောင်းတဲ့အချိန် သူခိုးဖမ်းပေးဖို့ တစ်ယောက်ယောက် အကူအညီတောင်းတဲ့အသံကို မင်းကြားခဲ့တယ် ….”

“ ပိုင်ရှင်က ရင့်ကျက်တဲ့ အမျိုးသမီး တစ်ဦး ဖြစ်နေတာကိုမြင်တော့ မင်း နှစ်ခါမစဉ်းစားဘဲ ကားနဲ့လိုက်ပြီး သူခိုးဖမ်းပေးခဲ့တယ် …”

“ ဒီလိုနဲ့ မင်းတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သိကျွမ်းသွားခဲ့ပြီး ဆက်သွယ်ဖို့ အချက်အလက်တွေ ဖလှယ်ဖြစ်ခဲ့ကြတယ် …”

“ အဲ့နောက်မှာ မင်းသူ့ကို အရူးအမူး ပိုးပန်းတော့တာပဲ … မင်းက လူကောင်းတစ်ယောက်ဆိုတော့ သူ့မှာ မင်းအပေါ် ခံစားချက်တွေ မရှိခဲ့တာတောင် မင်းကို မနာကျင်စေလိုခဲ့ဘူး …”

“ သူက မင်းနဲ့ ဒီတိုင်းပဲ တွဲလိုက်ဖို့ စိတ်ကူးခဲ့တာ …”

“ မင်းတို့နှစ်ယောက် တွဲနေတဲ့ ကာလထဲမှာ မင်းဘက်က သူ့ကို လက်ဆောင်တွေ ဆက်တိုက်ပေးတယ် … သူ အစောပိုင်း ခွဲစိတ်ဖို့ လုံလောက်တဲ့အထိပေါ့ …”

[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်] မှာ အံ့အားသင့်နေမိခဲ့သည်။ ဤတစ်လျှောက်လုံး သူမ သူနှင့် တွဲရန် ဆန္ဒရှိခဲ့သည်က သူ၏ ရိုးသားသည့် စိတ်ရင်းကြောင့် မဟုတ်ပါဘဲ သူက လူကောင်းတစ်ယောက် ဖြစ်နေသောကြောင့်တဲ့လော။

သူမက သူ့ကို ငြင်းဖို့ အားနာမိတယ် … ဒီတော့ သူနဲ့ တွဲဖို့ သဘောတူလိုက်တယ်ပေါ့ …

“ ဆောရီးပဲ … မင်းက လူကောင်းပါ ….”

“ ဘဝရဲ့ နောင်တရမိဆုံး အမှားကြီးသုံးခုထဲမှာ တစ်ခုက သူ ငါ့ကို သဘောကျခဲ့တာပဲ ….”

“ လုပ်စမ်းပါ … မင်းတို့ကောင်တွေ ယောက်ျားတစ်ယောက်ကို သူ နိမ့်ပါးနေချိန် မတိုက်ခိုက်ရဘူးကွ ….”

“ လူကောင်းလေးက နောက်ဆုံးတော့ လူကောင်း(ယောက်ျား)တစ်ယောက်နဲ့ တွဲခဲ့မိတယ် …”

“ ဟားဟားဟား … ကောင်းလိုက်တဲ့ သံတူကြောင်းကွဲ …”

ချယ်ရီသစ်ပင်ကို ကြည့်ရင်း ချန်ယွီ့ မေးလိုက်၏။ “ တကယ်လို့ မင်းတို့နှစ်ယောက် အတူနေဖြစ်ခဲ့ရင် အနာဂတ် ဘယ်လိုဆက်ဖြစ်မလဲ မင်း သိချင်လား …”

“ စိတ်ကျန်းမာရေးဆရာဝန်က အနာဂတ်လည်း ပြောနိုင်တာပဲလားဟ ….”

[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်] ရှော့ခ်ရစွာ မေးလိုက်မိသည်။

“ အဲ့ဒါ ရှေ့ဖြစ်ဟောဆရာတွေမှ ပြောနိုင်တာ မဟုတ်ဘူးလား …”

“ သိပ္ပံပညာရပ်က အကြွင်းမဲ့ဖြစ်ပြီး အရာရာကို စွမ်းဆောင်နိုင်တယ် …”

ချန်ယွီ့ လေးနက်သည့် မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်ပြီး “ စိတ်ပညာနဲ့ဆိုင်တဲ့ ရောဂါရှာဖွေတွေ့ရှိမှုတွေက ရှုပ်ထွေးတဲ့ သိပ္ပံနည်းကျ ဘာသာရပ်တွေပဲ … သိပ္ပံပညာက မင်းတို့ စိတ်ကူးယဉ်နိုင်တာထက်ကို ပိုတယ် ….”

“ လူတစ်ယောက်ရဲ့ အနာဂတ်ကို ခန့်မှန်းကြည့်ဖို့ သူတို့ရဲ့ အကျင့်စရိုက်နဲ့ လက်ရှိ အခြေအနေကိုပဲ ငါတို့လိုအပ်တယ် …”

ကြည့်ရှုနေသူများအားလုံး အံ့ဩဘနန်း ဖြစ်ကုန်ကြသည်။

ချန်ယွီ့က မျက်နှာတစ်ချက်မပျက်ယွင်းဘဲ အတည်ပေါက် မျက်နှာထားနှင့် မုသားဆိုနေသည်ကို သူတို့အားလုံး မြင်နိုင်လေသည်။

သူ အတည်ကြီးတွေ ပြောနေတာလား …

ရုပ်လွန်ဒဿနိကထဲမှာ လူတစ်ယောက်ရဲ့ အနာဂတ်ကို ခန့်မှန်းတဲ့အကြောင်းတွေ မပါဘူးလေ …

စိတ်ကျန်းမာရေး ဆရာတွေ အကုန်လုံး ဒီလောက်တောင် ကြမ်းကုန်ပြီလား ….

All Chapters