← Chapters

ရိုလာကိုစတာထက် ကြမ်းသည့် ဇာတ်လမ်းအလှည့်အပြောင်း

Vol. 2 Ch. 18

ရိုလာကိုစတာထက် ကြမ်းသည့် ဇာတ်လမ်းအလှည့်အပြောင်း

Vol. 2 Ch. 18

ဤသည်ကို ကြားပြီးသည့်နောက် အစ်ကိုရွှီမှာ သူ့ညီကို ဆွဲခေါ်လာပြီး ပါးတွေ ၊ နားတွေ ဆင့်ရိုက်ချင်သည်ကလွဲ၍ တခြားမလုပ်ချင်တော့ပေ။

ငါ လခွမ်းလိုမှပဲ …

အစ်ကိုရွှီက နေ့တိုင်းနေ့ တစ်ပြားကနေ နှစ်ပြားမခွာဘဲ ပိုက်ဆံကို ချွေတာပြီး သုံးနေတယ် ..

သူ့မှာ ချန်ယွီ့ကို ကာနီဗယ် လက်ဆောင်လေး တစ်ခုပေးဖို့တောင် တစ်ညလုံး အိပ်ရေးပျက်လိုက်ရတာ …

ကောင်းတယ် .. သိပ်ကို ကောင်းတယ် …

သူ့ညီလေးကတော့ သူ့ မိဘတွေနဲ့ပေါင်းပြီး သူ့ရှိတဲ့ အိမ်လေးတွေကို ဘဏ်မှာပေါင်နှံပြီး ချေးငွေသွားထုတ်တယ် ..

အစ်ကိုရွှီကတော့ ချေးငွေထဲ ပိုက်ဆံ တစ်ပြားမှလည်း မသုံးရဘဲ သူ့ညီငယ်ရဲ့ အကြွေးတွေ ပြန်ဆပ်ပေးဖို့တောင် ရှိထားတဲ့ စုငွေလေးတွေ ထုတ်သုံးရပြန်ဦးမယ် …

“ ဒီနည်းလမ်းက မင်းမိသားစု ပြိုကွဲမသွားအောင် ထိန်းသိမ်းပေးနိုင်တယ် … ဒါပေမယ့် ….“

“ မင်းဆက်ပြီး နားထောင်ချင်တာ သေချာလား …” ပြောပြီးသည့်နောက် ချန်ယွီ့ စကားကို ခေတ္တရပ်နားထားလိုက်သည်။

“ ရှော့ခ်ရစရာပဲ … စိတ်ကျန်းမာရေး ဆရာဝန်တစ်ယောက်က လူနာကို ဒီလိုကိစ္စမျိုးတွေ ပြောပြနေတယ် …”

“ ငါက CU သတင်းဌာနရဲ့ ခေါင်းဆောင် အယ်ဒီတာပဲ … အယ်ဒီတာဌာနကို မနက်ဖြန် အင်တာဗျူး လာခဲ့ …”

“ အစ်ကိုရွှီတို့ကတော့ ထပ်ပြီး လှော်တော့မယ်ဟေ့ …”

“ သူ့လိုက်စထွင်းတွေ မကြည့်ခင် သေးတွေ ဘာတွေ ပေါက်ထားတာ အကောင်းဆုံးပဲ … မဟုတ်ရင် တစ်ခုခု လွဲချော်သွားလို့ နောင်တရမိနေလိမ့်မယ် …”

“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ဆက်ပြောပါ …” အစ်ကိုရွှီ နှလုံးသားကို သံမဏိသွင်း၍ ဆက်ပြီး နားထောင်ဖို့ ဆုံးဖြတ်လိုက်သည်။

“ မင်းညီကို တရားစွဲဖို့ လက်လျှော့လိုက်မယ် ဆိုရင် သူနဲ့ မင်းမိဘတွေ အသက်ရှည်နိုင်မယ် .. ဒါပေမယ့် နောက်နှစ်နည်းနည်းနေရင် သူတို့ မင်းဆီကနေ ဖြည်းဖြည်းချင်း ထွက်ခွာသွားကြဦးမှာပဲ …”

“ မင်းက ဘဏ်ထဲကနေ စုထားတဲ့ ငွေလေးသန်းကို ထုတ်ပြီး မင်းညီရဲ့ အကြွေးတွေကို ဆပ်ပေးလိုက်တယ် … ဒါပေမယ့် သူတို့ မင်းငွေတွေ ထပ်ပြီး ခိုးမှာကို မင်း စိုးရိမ်လာတယ် .. ဒါနဲ့ပဲ မင်း သူတို့ကို နေ့တိုင်းနေ့ သူခိုး ကြည့်သလို ကြည့်တော့တာပဲ …”

“ နှစ်နည်းနည်း ကြာပြီးတဲ့နောက်မှာ မင်းမိဘနဲ့ မင်းရဲ့ ညီလေးလည်း အဲ့ဒီဒဏ်တွေ မခံနိုင်တော့ဘဲ တခြား မြို့ကို ပြောင်းရွေ့သွားခဲ့ကြမယ် … သူတို့မင်းကို နှုတ်ဆက်သွားမှာတောင် မဟုတ်ဘူး ..”

သူ့ဒုတိယ ရွေးချယ်မှု၏ အဆုံးသတ်အား ချန်ယွီ့ ရှင်းပြသည်ကို နားထောင်ပြီးသည့်အခါ၌ အစ်ကိုရွှီ၏ တစ်ကိုယ်လုံး ထိတ်လန့်မှုကြောင့် တောင့်တင်းသွားခဲ့သည်။

သူက သူ့ညီကို တရားစွဲပြန်ရင်လည်း သူ့မိသားစုက ပျက်စီးသွားလိမ့်ဦးမယ် …

တကယ်လို့ သူက တရားစွဲတာကို လက်လျှော့ပြီး သူ့ညီအစား အကြွေးဆပ်ပေးလိုက်ရင်လည်း နှစ်နည်းနည်း ကြာပြီးတဲ့အခါကျရင် အထီးကျန် တစ်ကောင်ကြွက် ဖြစ်ရပြန်ဦးမယ် …

မည်သည့်အဆုံးသတ်ကမျှ သူ့အတွက် မကောင်းချေ။

“ အစ်ကိုရွှီက သနားဖို့ကောင်းလိုက်တာ … ဒါပေမယ့် ငါ ဘာလို့ ရယ်ချင်နေပါလိမ့် ….”

“ နှစ်လမ်းလုံးက သေမယ့် လမ်းတွေချည်းပဲ … RIP ပါ …”

“ ဒါက ဖြေရှင်းလို့ မရတဲ့ ပြဿနာကြီးပဲဟ …”

မနေ့က လိုက်စထွင်းကို ကြည့်ရှုထားကြသည့် ပရိသတ်တို့မှာ ချယ်ရီသစ်ပင်၏ ရင်နင့်ဖွယ်ရာ ရွေးချယ်နည်းလမ်းများကို မှတ်မိနေခဲ့ကြသည်။

ယခု ချန်ယွီ့က သူ့ကို ရွေးချယ်စရာ နှစ်ခုပေးခဲ့ပြီး နှစ်ခုလုံးတွင် သူ့ဆိုးကျိုးနှင့်သူ ရှိနေသည်။

အစ်ကိုရွှီမှာ သူ၏ ညီလေးကို ဆက်ပြီး သင်ခန်းစာ မပေးချင်တော့ဘဲ သူ့မိသားစုကိုသာ ကာကွယ်ချင်နေခဲ့သည်။

သို့သော် ပထမနှင့် ဒုတိယ ရွေးချယ်စရာများ၏ အဆုံးသတ်က အတူတူသာလျှင် ဖြစ်ပြီး နောက်ဆုံး၌ သူ၏ မိသားစုကို ဆုံးရှုံးရမည် ဖြစ်၏။

လွတ်လမ်း မရှိပေ။

အစ်ကိုရွှီမှာ သူ့ကိုယ်သူ ထိန်းချုပ်လွန်းသည့် စိတ်ရောဂါ ၊ အကြမ်းဖက်ရသည်ကို နှစ်ခြိုက်သည့် စိတ်ရောဂါနှင့် စိတ်ကျရောဂါများ စတင်ဖြစ်ပွားလာပြီဟုတောင် ခံစားနေမိတော့သည်။

မဟုတ်သေး။ အလွန်အမင်း စိတ်ဓာတ်ကျရောဂါပင်။

“ တတိယနည်းလမ်းရော မရှိတော့ဘူးလား ဒေါက်တာချန် …”

ရွေးချယ်စရာ မရှိသဖြင့် အစ်ကိုရွှီမှာ ချန်ယွီ့ကို တစ်ဖန်ထပ်ပြီး အကူအညီတောင်းရပြန်တော့သည်။

“ ရှိတယ် …”

ချက်ချင်းဆိုသလို အစ်ကိုရွှီမှာ အားတက်လာခဲ့၏။

သူ မျှော်လင့်ချက် မထားဘဲ အစမ်းသဘော မေးလိုက်ခြင်း ဖြစ်သော်ငြား ချန်ယွီ့၏ တုံ့ပြန်မှုက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။

“ တတိယ နည်းလမ်းကို နှစ်ဆင့် ခွဲထားလိုက် …” ချန်ယွီ့ ပြောလိုက်ပြီး “ အရင်ဆုံး မင်း ဘဏ်စာအုပ်ထဲကနေ ယွမ်လေးသန်း ထုတ်ပြီး မင်းရဲ့ အိမ်တွေကို ပြန်အရယူရမယ် …”

“ ပြီးရင် ကျန်တဲ့ တစ်သန်းကို မင်းညီလေး စီးပွားရေးစဖို့ ထုတ်ပေးရမယ် …”

“ ဘာပြောတယ် … သူ့ကို စီးပွားရေးလုပ်ဖို့ ပိုက်ဆံပေးရမယ် ဟုတ်လား .. ဒါ ပိုက်ဆံ ဖြုန်းတီးတာနဲ့ အတူတူပဲလေ ….”

အစ်ကိုရွှီ သူ့ခေါင်းကို တွင်တွင် ခါရမ်းလိုက်သည်။

ချန်ယွီ့၏ တတိယနည်းလမ်းက သူ့ဘဝကို ကယ်တင်နိုင်ဖို့ မျှော်လင့်နေခဲ့မိသည်။ သို့တိုင် သူ စိတ်ပျက်သွားခဲ့ရဆဲဖြစ်၏။

“ မင်း သဘောတူမတူ မဆုံးဖြတ်ခင် ငါပြောတာကို အရင်နားထောင် …”

ချန်ယွီ့ အစ်ကိုရွှီကို စိတ်ငြိမ်ငြိမ်ထားရန် လက်ဟန်ပြလိုက်သည်။

သူ စတင်ပြီး မေးခွန်းအနည်းငယ် မေးမြန်လိုက်၏။

“ မင်းကို ဒီလိုမျိုး စထွင်မာလုပ်ဖို့ အကြံပေးခဲ့တာ ဘယ်သူလဲ …”

“ ငါ့ညီ …”

အစ်ကိုရွှီ အမှန်အတိုင်း ဖြေဆိုလိုက်သည်။

“ ဟုတ်ပြီ … “ ချန်ယွီ့ ခေါင်းညိတ်ပြီး ဆက်မေးသည်။ “ မင်းကို လိုက်စထွင်းကနေ ပေးတဲ့ ပိုက်ဆံတွေအပေါ် အာရုံစိုက်ထားဖို့ ပြောခဲ့တာရော ဘယ်သူလဲ …”

“ အဲ့တာလည်း ငါ့ညီပဲ …”

“ ဒီနှစ်ချက်နဲ့တင် မင်းညီက စီးပွား‌ရေးအမြင်ရှိပြီး မင်းထင်သလောက် ပိန်းတဲ့ကောင် မဟုတ်ဘူးဆိုတာ သက်သေပြနေပြီးသားပဲ မဟုတ်ဘူးလား …”

ထို့နောက် ချန်ယွီ့သည် အစ်ကိုရွှီ၏ ညီဖြစ်သူအကြောင်း ဆက်ပြောပြသည်။

“ မင်းတို့ ညီကိုနှစ်ယောက်က ရုပ်ချင်းဆင်တယ်ဆိုပေမယ့် ကိုယ်ကျင့်စရိုက်တွေကတော့ မိုင်ကမ္ဘာလောက်ခြားတယ် …”

“ မင်းက ပိုက်ဆံကို စုဆောင်းထားသင့်တဲ့ အရာလို့ မြင်တယ် … ဒါပေမယ့် မင်းညီကတော့ အဲ့တာကို သဘောမတူဘူး … သူက ပိုက်ဆံဆိုတာ သုံးသင့်တဲ့အရာလို့ ယုံကြည်တယ် …”

ချန်ယွီ့၏ စကားကို နားထောင်ပြီးနောက် သူပြောသည်မှာ မှန်ကန်ကြောင်းကို အစ်ကိုရွှီ ဝန်ခံသည်။ သူ့ညီက ချန်ယွီ့ပြောသည့်အတိုင်း တစ်ထပ်တည်း ပြောခဲ့တာ ဖြစ်၏။

ဤကိစ္စကြောင့်နှင့်လည်း သူတို့ ညီကိုနှစ်ဦး အကြိမ်ပေါင်း မရေတွက်နိုင်အောင် စကားများရန်ဖြစ်ခဲ့ရသည်။

အစ်ကိုရွှီက အမြတ်များသည့် စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်ရန်မှာ ကောင်းကင်ဘုံသို့ တက်ရသည်ထက်ကို ခက်ခဲသည့်အရာဟု မြင်သည်။

အကယ်၍ သူတို့သာ ဂရုမစိုက်ဘူးဆိုပါက အရာအားလုံးကို မျက်စိတစ်မှိတ်အတွင်း ဆုံးရှုံးသွားရလိမ့်မည်။

ပိုက်ဆံကို မသုံးဘဲ စုဆောင်းထားသည်က ပိုပြီးတော့မှ အန္တရာယ်ကင်း၏။

သူ့ညီပြောသည့်အတိုင်း လိုက်စထွင်းစခဲ့သည်မှာလည်း ထိုသို့ ပြုလုပ်ရသည့် အဖိုးအခက နည်းပါးလွန်းသောကြောင့်ပင်။ သူ့တွင် ကွန်ပျူတာတစ်လုံးနှင့် ဖုန်းတစ်လုံး ရှိနေသရွေ့ အဆင်ပြေသည်။

“ ပိုက်ဆံကို စုဆောင်းတာကပဲ မှန်ကန်တဲ့ နည်းလမ်းလို့ မင်းထင်နေတာမလား …”

“ ဒါကသာ မင်းစိတ်ရောဂါရဲ့ ကိုယ့်ကိုယ်ကို ကျေနပ်အားရစေမယ့် အတွေးလေးတစ်ခုပဲ ဆိုတာကို မင်း နည်းနည်းလေးလောက်ပဲ သိခဲ့မယ်ဆိုရင် …..”

အစ်ကိုရွှီ၏ မိမိကိုယ်ကို ထိန်းချုပ်လွန်းပြီး စိတ်ကျေနပ်မှုကို ရယူသည့် နည်းလမ်းက သူကိုယ်တိုင်နှင့် သူ့မိသားစုကို ချုပ်နှောင်ထားသည်နှင့် ညီမျှနေခဲ့သည်။

အစ်ကိုရွှီ သဘောမတူသည့် အရာမှန်သမျှကို မည်သူကမျှ ဘာမှပြုလုပ်ခွင့်မရှိပေ။

“ မကြာသေးခင်တုန်းက မင်းညီ သိပ်ကို ကောင်းလွန်းတဲ့ စီးပွားရေး အခွင့်အလမ်းတစ်ခုကို မြင်ပြီး မင်းဆီကနေ ပိုက်ဆံချေးဖို့ အရဲစွန့် တောင်းဆိုလာတယ် …”

“ အဲ့မှာ မင်းပြောခဲ့တဲ့အတိုင်းပဲ မင်းသူ့ကို ကောင်းကောင်းကြီး ဆဲပေးလိုက်တယ် …”

“ အဲ့ဒီ အခွင့်အရေးကို ဆုံးရှုံးလိုက်ရပြီ ဆိုပေမယ့် မင်းညီက အရှုံးမပေးသေးဘူး … သူ မကြာခင်မှာပဲ စီးပွားရေး အခွင့်အလမ်း အသစ်ကို ရှာတွေ့သွားခဲ့တယ် …”

“ သူ့လက်ထဲမှာ ပိုက်ဆံမရှိတော့ မတတ်သာတဲ့အဆုံး မင်းမိဘတွေဆီကနေ ပိုက်ဆံချေးဖို့ ဖန်လာရတော့တာပဲ …”

“ ကံဆိုးချင်တော့ မင်းမိဘတွေရဲ့ ပင်စင်လစာလေးက သူ့စီးပွားရေးအတွက် လောက်ငှဖို့ရာက ဝေးနေခဲ့တယ် …”

“ ဒါနဲ့ပဲ လူအိုကြီး နှစ်ယောက်ကလည်း မင်းသူတို့ လက်ထဲ အပ်ထားတဲ့ အိမ်စာချုပ်တွေကို ဖျတ်ခနဲ အမှတ်ရသွားတယ် …”

“ သေချာစဉ်းစားပြီးတဲ့နောက်မှာ သူတို့ မသမာတဲ့ နည်းလမ်းနဲ့ အိမ်တွေကို အပေါင်အာမခံထားပြီး သူတို့ သားငယ်လေးရဲ့ စီးပွားရေးကို ပံ့ပိုးပေးဖို့ရာ ဆုံးဖြတ်လိုက်ကြတယ် …”

“ ဒါပေမယ့် မင်းညီလက်ထဲ ပိုက်ဆံရောက်လာတဲ့ အချိန်ကျတော့ စီးပွားရေး အခွင့်အလမ်းကလည်း ထွက်သွားခဲ့ပြီ …”

အစ်ကိုရွှီ မနေနိုင်ဘဲ ကြားဖြတ်ပြောဆိုမိတော့သည်။ “ ငါ့ညီက အဲ့လို မဟုတ် …..”

“ တကယ်လို့ သူသာ အဲ့ဒီ အခွင့်အရေး နှစ်ခုကို ရခဲ့မယ်ဆိုရင် သူရင်းတာထက် ဆယ်ဆပြန်ရမယ်ဆို မင်း ဘာပြောမလဲ …”

“ သူက စီးပွားရေးလုပ်ဖို့ ပါရမီပါမလာဘူးလို့ မင်းပြောဦးမလား ….”

“ ဆယ်ဆပြန်ရမယ် ဟုတ်လား …”

အစ်ကိုရွှီ အံ့အားတကြီး ဖြစ်သွားခဲ့သည်။

“ မင်းငါ့ကို လိမ်နေတာမလား …”

“ ငါတို့ စကားပြောနေတာ ဒီလောက်ကြာနေပြီ … ငါ မင်းကို တစ်ချက် လိမ်ခဲ့ဖူးလား …”

ချန်ယွီ့ ပြန်မေးသည်။

အစ်ကိုရွှီ ခေတ္တစဉ်းစားပြီးသည့်နောက် ချန်ယွီ့ ပြောခဲ့သည့် စကားလုံးတိုင်းက အမှန်တရားများ ဖြစ်နေသည်ကို သတိရသွားခဲ့သည်။

“ ကံဆိုးချင်တော့ ကောင်းတဲ့ စီးပွားရေး အခွင့်အလမ်းတွေဆိုတာ ကြယ်ကြွေသလိုကို မြန်တယ် … အတိတ်က အတိတ်ပဲ … ပြန်မလာနိုင်တော့ဘူး ..”

ချန်ယွီ့ လေသံထဲတွင် နောင်တရသည့် လေသံအငွေ့အသက်တို့စွက်၍ ညင်သာစွာ ဆိုလိုက်သည်။

“ သူ့လက်ထဲ ရထားတဲ့ ငွေသန်းအနည်းငယ်နဲ့ မင်းညီ စပြီးတော့ တခြား စီးပွားရေး အခွင့်အလမ်းသစ်တွေကို လိုက်ပြီး ရှာဖွေတယ် …”

“ ဒါပေမယ့် သူ ရထားတဲ့ ဒီငွေတွေက စွန့်စွန့်စားစားနဲ့ ရထားတဲ့ ငွေတွေ … ပြီးတော့ ဝန်ထုပ်ဝန်ပိုးဆိုတာ ထိုက်တောင်ထက်တောင် လေးလံနေခဲ့တယ် …”

“ သူ အိမ်တွေ ပေါင်နှံထားတာ မင်းသိသွားမှာကို အမြဲတမ်း တွေးပူနေရတယ် …”

“ မကြာခင်မှာပဲ မင်းညီမှာ အတွေးများပြီး စိုးရိမ်တတ်တဲ့ လက္ခဏာတွေစပြီး ထွက်ပေါ်လာတယ် …”

“ စိုးရိမ်စိတ်က သူ့ရဲ့ ဉာဏ်အမြော်အမြင်နဲ့ တည်ငြိမ်တဲ့ စီးပွားရေး အမြင်ကို ဆုံးရှုံးသွားစေတယ် .. အောင်မြင်လိုစိတ် ကြီးလွန်းတဲ့အတွက် အလိမ်ခံလိုက်ရတယ် …”

“ ဒီလိုနဲ့ သူ့ ငွေတွေအကုန်လုံး တစ်ချီတည်းနဲ့ ပလုံသွားခဲ့တာပဲ …”

အစ်ကိုရွှီ့ ညီ၏ အမည်မသိ စိတ်အခြေအနေ ခရီးစဉ်အကြောင်းကို ချန်ယွီ့ ရှင်းပြပြီးသွားခဲ့သည်။

ထို့နောက် သူ အစ်ကိုရွှီကို သူ့ညီငယ်၏ စီးပွားရေးတွင် အဘယ်ကြောင့် ပံ့ပိုးပေးသင့်ကြောင်း ဆက်ပြော၏။

သူ တည်ဆောက်ထားခဲ့သည့် အတွေ့အကြုံ၊ သူ့အစ်ကိုကြီး၏ ငွေကြေးထောက်ပံ့ပေးမှုဖြင့် ဆိုပါက မကြာခင် သူ့ခြေထောက်ပေါ် ပြန်လည် ရပ်တည်လာနိုင်မည်မှာ အနှေးနှင့် အမြန်ပင်။

အနာဂတ်တွင် နာမည်ကြီး လူသိများသည့် စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်လာရုံမျှမက ၊ အစ်ကိုရွှီကိုလည်း ဆယ်ဆ ပြန်ပေးဆပ်နိုင်လိမ့်မည်။

“ သူ ငါ့ကို ပိုက်ဆံ ဘယ်လောက် ပြန်ဆပ်နိုင်လဲ …” အစ်ကိုရွှီ မေးလိုက်၏။

ချန်ယွီ့ လက်သုံးချောင်း ထောင်ပြလိုက်၏။

“ သန်း ၃၀ ပေါ့ …”

အစ်ကိုရွှီ ကြက်သေသေသွားခဲ့၏။

“ မဟုတ်ဘူး … သန်း ၃၀၀ …”

လိုက်စထွင်းထဲ အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့တော့သည်။

အကယ်၍ တစ်စုံတစ်ယောက်ကသာ ယွမ် တစ်သန်း ရင်းနှီးပြီး သန်း ၃၀၀ ရှာဖွေနိုင်မည်ဟု ပြောဆိုလာခဲ့မည်ဆိုပါက သူတို့ ထရိုက်မိလောက်သည်။ သို့သော် အနှီ စကားလုံးတို့က ချန်ယွီ့နှုတ်မှ လျှံကျလာခဲ့ခြင်း ဖြစ်နေခဲ့၏။

ထို့ကြောင့် ဤအဆိုက ၉၉ ရာခိုင်နှုန်း သေချာသည်။

ကျန်ရှိသည့် ၁ ရာခိုင်နှုန်းက ယခုလေးတင် လိုက်စထွင်းခန်းထဲသို့ ဝင်ရောက်လာခဲ့ကြသည့် ကြည့်ရှုသူများထံမှ အရင်းခံလာခဲ့ခြင်းပင်။

ဇာတ်လမ်းအလှည့်အပြောင်းက ရိုလာကိုစတာ စီးရသည်ထက်ကို မြန်ဆန်နေခဲ့ပြီး အချိုးအကွေ့ တစ်ခုတည်း၌ ရပ်တန့်မသွားခဲ့ချေ။

မည်သို့သော မိသားစုကများ ဤသို့‌သော နဂါးနှစ်ကောင်ကို မွေးထုတ်ပေးနိုင်ခဲ့သနည်း။

တစ်ယောက်မှာ ခြိုးခြံချွေတာပြီး ပိုက်ဆံစုဆောင်းသည့်နေရာ၌ ဆရာကျပြီး ၊ ကျန်တစ်ယောက်မှာတော့ စီးပွားရေးလုပ်ရာတွင် ထူးချွန်သည့် ပါရမီရှင် လာဖြစ်နေခဲ့သည်။

All Chapters