← Chapters

ထောင်ချောက် ... ။

Vol. 13 Ch. 151

ထောင်ချောက် ... ။

Vol. 13 Ch. 151

နတ်နဂါးမြို့တော် လမ်းမတစ်နေရာတွင် ခရမ်းရောင်ဝတ် အဘိုးအိုတစ်ဦး ဖြည်းညှင်းစွာ လျှောက်လှမ်းလာနေသည်။

လမ်းတလျှောက် စည်ကားလွန်းသော မြင်ကွင်းများထံငေးမောလျက် လမ်းဆုံအရပ် တစ်နေရာ၌ ရပ်လိုက်၏။

ဤမြို့တော်သည် ဖူစုနိုင်ငံ အင်ပါယာမြို့တော်ထက်ပင် ပိုကြွယ်ဝကာ အေးချမ်းနေသည်။

“ ကူဖုန်းက တော်တော်ကို အရည်အချင်းရှိတာပဲ ... အေးချမ်းတဲ့အချိန်ဆို သူ့ကို အမတ်ချုပ်ရာထူးပေးသင့်တယ်။ ”

ရှန့်နန်လမ်းတစ်လျှောက် မြို့များစွာကို တွေ့ခဲ့ရသော်လည်း ဤမြို့ကဲ့သို့ သာယာဝ ပြောပြီး တည်ငြိမ်မှုမရှိချေ။

ဖူစုနိုင်ငံ၏ ကံကြမ္မာသည် ယခင်ကဲ့သို့ ကောင်းမွန်ခြင်းမရှိ‌တော့ချေ။ ဤကမ္ဘာကြီးတွင် ထာဝရမင်းဆက်နိုင်ငံများသာမက သာမာန် နိုင်ငံများတွင်လည်း ကံကြမ္မာရှိသည်။

ထာဝရမင်းဆက်နှင့်ယှဉ်ပါက ၎င်းကံကြမ္မာသည် ထင်ရှားခြင်းမရှိသော်လည်း ပြည်သူများမှာ ခံစားနိုင်ဆဲဖြစ်သည်။

လက်ရှိဖူးစုသည် တစ်ချိန်က အခြားသောနည်းလမ်းများဖြင့် ကံကြမ္မာကို ခံစားနိုင်ခဲ့၏။ သို့သော် သူ ဒဏ်ရာရပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

အဆုံးတွင် ဖူစုနိုင်ငံ၏ ကံကြမ္မာသည် ယိမ်းယိုင်နေ၏။ သဘာဝဘေးနှင့် လူသားများ ဖန်တီးသည့် အန္တရာယ်များ ထူပြောလာသည်။

ထို့နောက် အကောင်းဆိုးဝါး ဂိုဏ်းများနှင့် နတ်ဆိုးများ ကျူးကျော်လာပြီး သူရဲကောင်းများ ပေါ်ထွန်းလာသည်။

အထက်ပါအခြေအနေများအရ လက်ရှိဖူစုနိုင်ငံ၏ ကံကြမ္မာသည် ဆုတ်ယုတ် နေကြောင်း ထင်ရှားချေ၏။

နိုင်ငံတစ်နိုင်ငံအတွက် ကံကြမ္မာ ဆုတ်ယုတ်ခြင်းအပေါ် နိုင်ငံအုပ်စိုးရှင်ဘုရင်ကို စောင့်ကြည့်နိုင်သလို သာမန်ပြည်သူများကို ကြည့်ခြင်းဖြင့်လည်း ဆုံးဖြတ်နိုင်သည်။

ပြည်သူများ ရာသီဥတုကောင်းမွန်ကာ ရိတ်သိမ်းချိန်မှန်ပြီး ကောက်ပဲသီးနှံများ အထွက် တိုးပွားသော် သဘာဝအတိုင်း ကံကြမ္မာသည် အထွတ်အထိပ်ရောက်ချိန်ဖြစ်၏။

တစ်ဖက်တွင် သဘာဝဘေးအန္တရာယ်နှင့် လူသားများ၏ လုပ်ရပ်ကြောင့် ကပ်ဘေးများစွာ ဆက်လက် ဖြစ်ပေါ်နေပါက ထိုနိုင်ငံ၏ကံကြမ္မာ ယိမ်းယိုင်သွားမည်ဖြစ်သည်။

အဖိုးအိုက ‌ရွှေပျံလွှားနန်းတော်အတွင်း လျှောက်လှမ်းဝင်လျက်ဖြင့် ကူအိမ်တော်ထံသို့ မော့ကြည့်လိုက်သည်။

မှန်စီရွှေချထားသောနံရံပေါ်တွင် အိုမင်းနေသော အဖိုးအိုတစ်ယောက် အသွင် ထွက်ပေါ်လာသည်။

“ ဘယ်သူလဲ ... ။ ”

ရုတ်တရက် အစောင့်တစ်ယောက် ပေါ်လာလာသည်။ ထိုအစောင့်သည် အံ့​ဩဟန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်၏။

ဤအဖိုးအို အိမ်တော်‌ရှေ့ မည်သို့ ဝင်ရောက်နိုင်သည်ကို တွေး‌တောနေပုံပေပင်။ အဖိုးအိုမှ သူ့မေးခွန်းကို မဖြေဘဲ၊

“ မင်းရဲ့သခင် ဘယ်မှာလဲ။ ”

-ဟု မေးမြန်းသည်။

“ ဘာကိစ္စ ရှိလို့လဲ ... ။ ”

အစောင့်မှ ရဲဝံ့စွာ ပြန်ကြည့်သည်။ တစ်ဖက်လူအပေါ် သူ မမြင်နိုင်သော်လည်း ပြန်ဖြေရန် ငြင်းဆန်လိုက်၏။

သို့သော် ချက်ချင်းပင် လည်ပင်းကို တစ်စုံတစ်ယောက် တင်းကြပ်စွာဆုပ်ကိုင်လိုက် သကဲ့သို့ လေထဲမြောက်တက်လာသည်။

“ ငါ ... ငါပြောပါ့မယ် ။ ”

သတ္တိများ ပျောက်ကွယ်ကုန်ပြီး ထိတ်လန့်တကြား ပြောကြားလိုက်သည်။ အဖိုးအိုက ခေါင်းညိတ်လျက် အစောင့်ကို ပစ်ချလိုက်၏။၊

“ ကူမိသားစုဘိုးဘေး၊ မင်းရဲ့သခင်နဲ့ သူ့သားကြီးအကြောင်း ပြောပြပါ။ ”

“ အဟွတ် အဟွတ် ... ။ ”

အစောင့်ခမျာ ပြင်းပြင်းထန်ထန် နှစ်ကြိမ်ခန့်ချောင်းဆိုးလာပြီးနောက် သူသိသမျှ တုန်တုန်ယင်ယင်ဖြင့် ပြောကြားလိုက်၏။

“ မနေ့တည်းက မိသားစုခေါင်းဆောင် အပြင်ထွက်သွားပြီး ... ပြန်မလာသေးပါဘူး မကြာသေးမီက ထွက်ပေါ်လာတဲ့ ...

... သတင်းတွေ အရတော့ ... ငါတို့ သခင်ငယ်က ရုတ်တရက် ဉာဏ်အလင်းရပြီး ကျင့်ကြံဖို့ လင်းရင်ဘုံကျောင်းကို သွားတယ်လို့ သတင်းထွက်နေပါတယ်။ ”

ခရမ်းရောင်ဝတ် အဖိုးအိုမှာ တိတ်ဆိတ်သွားသည်။ မြို့တော်အတွင်း၌ သူ ကြားခဲ့သော သတင်းဖြင့် အတူတူပေပင်။

( ရုတ်တရက် ဉာဏ်အလင်းရတာလား ... ၊ တစ်ယောက်တည်း ကျင့်ကြံဖို့ တောအုပ်အတွင်း ခရီးထွက်မို့လား ...

... ဒါက ခန္ဓာကိုယ်ထဲက နတ်ဆိုးကို မနှိမ်နင်းနိုင်လို့များလား ဒါမှမဟုတ် လူတွေရှေ့ နတ်ဆိုးဝိညာဉ် ထွက်ပေါ်လာမှာကို ကြောက်နေတာလား။ )

အဖိုးအိုမှ တွေးတောနေ၏။ တစ်ဖက်လူသည် နတ်ဆိုးနှင့် တိုက်ခိုက်ပြီး နှစ်ဖက်စလုံး ဒဏ်ရာရရှိခဲ့ပုံပေပင်။

သို့သော် ကူမိသားစု သခင်ငယ်သည် အချိန်အနည်းငယ်အတွင်း ပြန်ကောင်းလာ နိုင်သည်မှာ မဆိုးလှချေ။

သို့မဟုတ် နတ်ဆိုးသည် ကူမိသားစုသခင်ငယ် ခန္ဓာကိုယ်ကို သိမ်းပိုက် လိုက်ခြင်းလည်း ဖြစ်နိုင်မည်။

ထိုသို့ဆိုသော် နတ်ဆိုးဝိညာဉ်သည် သခင်ငယ်ဟူသော အထောက်အထားအပေါ် အသုံးပြုကာ အရင်းအမြစ်များကို ဆုဆောင်းနိုင်မည်။

တစ်ဖက်တွင် ဤသို့စုဆောင်းခြင်းဖြင့် လူများစွာရောက်ရှိလာနိုင်သော်လည်း ထိုလူများ အထောက်အထားကို မသိနိုင်သောကြောင့် သူသည် နတ်ဆိုးဝိညာဉ်ဖြစ်ကြောင်း အလိမ်ပေါ်လာနိုင်မည်။

ဤနည်းဖြင့် တစ်ယောက်တည်း ကျင့်ကြံမည်ဟုအကြောင်းပြကာ ပုန်းအောင်း နေခြင်း ဖြစ်ပေမည်။ ခရမ်းရောင်ဝတ် အဖိုးအိုမှ ခေါင်းညိတ်လျက်၊

“ မင်းရဲ့သခင်ငယ်က မိသားစုဆီကနေ အရင်းအမြစ်တွေ တောင်းခဲ့လား။ ”

အစောင့်က ခဏမျှစဉ်းစား၏။

“ ဟုတ်ပါတယ် ... ဒါပေမယ့် ဘာတွေကိုတောင်းဆိုလဲ ငါ့ရာထူးနဲ့ သိနိုင်ဖို့ ခက်ပါတယ် ... ။ ”

ဤသည်မှာ အမှန်ပေပင်။ အဖိုးအိုမှ ခေါင်းညိတ်လိုက်၏။ ကူမိသားစုသခင်ငယ်သည် သေချာပေါက် နတ်ဆိုးဝိညာဉ်၏ ထိန်းချုပ်ခြင်း ခံနေရချေပြီ။

အတွေးဖြင့် အစောင့်ထံ ကြည့်​လိုက်၏။ ထိုအကြည့်ကြောင့် အစောင့်ခမျာ ခန္ဓာကိုယ် တုန်ယင်လျက် အေးစက်သွားသည်။

“ ဒီမှာ ... ။ ”

ချက်ချင်း အော်ဟစ်ကာ ထွက်ပြေးရန် ပြင်လိုက်စဉ် သူ့လည်ပင်းတွင် ကြီးမားသော အင်အားကြီးတစ်ခုကို ခံစားရသည်။

“ ဂျွတ် ... ။ ”

လည်ပင်းရိုးကျိုးသွားတော့၏။ နောက်ဆုံးအသိမှာ အသက်ရှူကြပ်ခြင်းပေပင်။ ဦးခေါင်းကြီးပခုံးပေါ် စောင်းကျလာကာ မြေပြင်ပေါ် လဲကျသွားသည်။

သူ့ဘိုးဘေးနှင့် တွေ့ဆုံရန် လိုက်ပါသွားချေပြီ။ ခရမ်းရောင်ဝတ်အဖိုးအိုမှ ကူအိမ်တော်ထံ မော့ကြည့်ကာ တွေဝေသွား၏။

ယခုဤအိမ်တော်ကို ဖျက်ဆီးသော် နတ်ဆိုးဝိညာဉ်သည် လေကဲ့သို့ လွင့်ပါးသွားပြီး ထွက်ပြေးပေလိမ့်မည်။ ထို့ကြောင့် ဘုံကျောင်းသို့ အရင်သွားရန် ဆုံးဖြတ်လိုက်၏။

ဤနည်းဖြင့် နတ်ဆိုး၏ခြေရာကို ရှာတွေ့နိုင်ပေမည်။ တစ်ဖက်လူသည် နတ်ဆိုး ဖြစ်ကြောင့် သက်သေပြနိုင်သော တစ်စုံတစ်ရာ ကျန်ခဲ့သော် အရမ်းကောင်းပေမည်။

တစ်ချိန်တည်းမှာပင် လင်းရင်တောင်ခြေတွင် တာအိုဘုန်းကြီးများက ဘုရားဖူးများ တားဆီးနေကြသည်။

ကူမိသားစုသခင်ငယ်သည် လင်းရင်ဘုံကျောင်း၏ ချောမောလှသော တာအိုဘုန်းကြီးဖြစ်ကြောင်း သတင်း ပေါက်ကြားသွားသည်။

ထို့ကြောင့် အမျိုးသမီးထုမှာ နေ့စဉ် အမွှေးတိုင်များ ပူဇော်ရန် ရောက်ရှိလာနေခြင်း ပေပင်။

ဘုရားဖူးများသည် အနည်းငယ် မကျေမနပ်ဖြစ်နေကြသော်လည်း တောင်ပေါ် အတင်းတက်ရန် မဝံ့ကြချေ။ အနည်းငယ်သာ ငြီးတွားလျက် ပြန်လှည့်ကုန်၏။

အထူးသဖြင့် အမျိုးသမီးများမှာ စိတ်ရှည်ရှည်ဖြင့် စောင့်နေဆဲဖြစ်သည်။ ထိုစဉ် တည်းကပင် ကူချန်၏ အသွင်အပြင်သည် သာမန်မဟုတ်ကြောင်း သူမတို့သိ၏။

ယခု ကူမိသားစု၏ သခင်ငယ်မှန်း ကြားသိပြီးနောက် ပို၍ စိတ်လှုပ်ရှားလာကာ ရပ်တည်ချက်များ ခိုင်မာလာသည်။

ခရမ်းရောင်ဝတ် အဖိုးအိုမှ လူအုပ်အတွင်း ခေါင်းညိတ်သည်။ ဤနတ်ဆိုးသည် ကောင်းစွာ ဖုံးကွယ်ထားနိုင်၏။

ထို့နောက် လင်းရင်တောင်တန်းပေါ် မော့ကြည့်ပြီး ဝိညာဉ်အသိဖြင့်စစ်ဆေးကြည့်ရာ နတ်ဆိုးအရိပ်အယောင်ကို မမြင်ရချေ။ မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်လာ၏။

မကောင်းဆိုးရွားအငွေ့အသက်အစား ထူးဆန်းသော စွမ်းအင်တစ်ခု ကောင်းကင်ပေါ် ထိုးတက်နေကြောင်း မြင်နိုင်သည်။

ထို့ကြောင့် ဤဘုံကျောင်းတွင် မည်သို့သောတာအို နတ်ဘုရား ကိန်းဝပ်နေ သည်ကို သိချင်သွား၏။

“ ဝှစ် ... ။ ”

ရုတ်တရက် ခရမ်းရောင်ဝတ် အဖိုးအိုအသွင်သည် ထိုအရပ်မှ ချက်ချင်းပင် ပျောက်သွား၏။ သူ့နောက်တွင် ရပ်နေသော ပိန်ပိန်ပါးပါး ဘုရားဖူး လူရွယ်တစ်ယောက်မှာ အံ့အားသင့်သွားလေသည်။

“ ဟမ့် ... ငါ့ရှေက လူဘယ်ရောက်သွားတာလဲ။ ”

နေ့ခင်းကြောင်တောင် တစ္ဆေတစ်ကောင် မြင်လိုက်ရသကဲ့သို့ ရုတ်တရက် အေးစက်သော ခံစားချက်များဝင်လာ၏။

***

လင်းရင်တောင်ခြေတွင် ဘုရားဖူးများကို ဟန့်တားထားသောကြောင့် ဘုံကျောင်းအတွင်း လေထုမှာ အထူးတိတ်ဆိတ်နေ၏။

“ ဝှစ် ... ။ ”

ခရမ်းရောင်ဝတ် အဖိုးအိုသည် ဘုံကျောင်းရှေ့ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်၌ မည်သူမျှ မရှိသည်ကို သတိထားမိသွား၏။

ဘုံကျောင်းသည် ကြီးကြီးမားမား မဟုတ်သဖြင့် လူရာဂဏန်းကို နေရာမပေး နိုင်သည်မှာ သဘာဝပေပင်။

ထို့ကြောင့် တာအိုဘုန်းကြီးများမှာ ဘုရားဖူးများကို စည်းကမ်းတကျ ထိန်းသိမ်းရန် တောင်ခြေသို့ ဆင်းလာရခြင်းဖြစ်သည်။

“ နေဦး ... တစ်ခုခုတော့ မှားနေပြီ။ ”

ရုတ်တရက် မျက်မှောင်ကြုတ်ကာ နိုးနိုးကြားကြားဖြင့် ပတ်ဝန်းကျင်အပေါ် ထပ်မံ လှည့်ပတ်ကြည့်သည်။

“ တစ်ယောက်ယောက်တော့ အစောင့်ထားခဲ့သင့်တယ်။ ”

ထိုတာအိုဘုန်းကြီးများအားလုံးသည် တောင်ခြေသို့‌ရောက်ရှိနေ၏။ အခြားတစ်ဖက်မှ တစ်စုံတစ်ယောက် တောင်ပေါ်တက်ရောက် လာမည်ကို စိုးရိမ်ပုံမရချေ။

“ ဝူး ... ။ ”

ခရမ်း‌ရောင်ဝတ် အဖိုးအိုခမျာ အတွေးများစွာဖြင့် လေထဲပျံ‌တက်တော့မည့် အချိန်၌ ရုတ်တရက် အလင်းတန်းကြီး ကောင်းကင်ပေါ် ထိုးတက်လာသည်။

ဤသည်မှာ ကျောက်စိမ်းရောင် အလင်းလွှာတစ်ခုဖြစ်ကာ လင်းရင်တောင်ကြီး အပေါ် ပန်းကန်လုံးတစ်လုံးကဲ့သို့ ဇောက်ထိုး အုပ်မိုးလာတော့၏။

“ မင်းနဲ့အတူ ... လူအချို့ခေါ်လာမယ် ထင်နေခဲ့တာ ဒါပေမယ့် မင်းတစ်ယောက်တည်း လာဝံ့တာပဲ။ ”

ရုတ်တရက် တည်ငြိမ်လွန်းသော အသံတစ်သံ တောင်အနောက်ဘက်မှ ထွက်ပေါ် လာသည်။

ထိုအသံကြောင့် ခရမ်းရောင်ဝတ် အဖိုးအိုသည် မျက်ခုံးပင့်လျက် နာမည်တစ်ခုကို ချက်ချင်းရေရွတ်လိုက်တော့၏။

“ ကူချန် ... ။ ”

***

All Chapters