ဝင်္ကပါသခင် ... ။
Vol. 13 Ch. 152
ကောင်းကင်တွင် ဖုံးအုပ်ထားသော ကျောက်စိမ်းရောင်အလွှာထံ မော့ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
တစ်ဆက်တည်းမှာပင် ခြိမ်းခြောက်မှု တစ်ခုကို ခံစားလာရပြီး ကူချန်ထံဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။
တောင်အနောက်ဘက် လမ်းဆီမှ တာအိုဘုန်းကြီးတစ်ပါး ထွက်ပေါ်လာနေ၏။ ပခုံးပေါ်မှ ကျော်လွန်နေသော ဓားတစ်လက်၏ ဓားရိုးကိုမြင်နိုင်ပြီး ဝတ်ရုံမှာ သန့်ရှင်းချေပြီ။
“ မင်းက တော်ဝင်မိသားစုရဲ့ ဘိုးဘေးလား။ ”
ကူချန်မှမေး၏။ အဖိုးအိုက ပြန်မဖြေချေ။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။
ထိုအချိန်တွင် တောင်ခြေရှိ ဘုရားဖူးလူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန် တော့သည်။ သူတို့ရှေ့တွင် ကျောက်စိမ်းရောင် အလင်းလွှာကြီးပေါ်လာ၏။
ထိုအလင်းလွှာသည် လင်းရင်တောင်ကို စက်ဝိုင်းခြမ်းအသွင်ဖုံးအုပ်လျက် ဝေဟင်မှပင် ဆင်းသက်နိုင်ခြင်းမရှိအောင် ပိတ်ဆို့သည်။
ယင်းသည် မှော်ဆန်သော ပညာရပ်တစ်မျိုးမျိုး ဖြစ်နိုင်ချေသည်။ တစ်စုံ တစ်ယောက်က တံတွေးမျိုချလိုက်ပြီး၊
“ သခင်ငယ်က ... အရမ်းမှော်ဆန်တယ်။ ”
-ဟု ချီးကျူးလိုက်သည်။
သူ့စကားသည် ပွက်ပွက်ဆူနေသော ဆီအိုးထဲသို့ ရေတစ်စက် ကျသွားသည်နှင့်တူ၏။ ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော လူများမှာ စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးမှုများ စတင်တော့သည်။
“ ဒီလောက်ချောမောတဲ့ ယောက်ျားတစ်ယောက်မှာ မှော်အစွမ်းတွေ ရှိနေတာ မဆန်းပါဘူး ... ငါသာဆိုရင် လိုလိုလားလား လက်ခံမိမှာ။ ”
“ ဟမ့် ... အဒေါ်ကြီး၊ ရှင့်ယောက်ျား ဘယ်နားသွားထားမလဲ။ ”
“အိုး ... အဲဒီရုပ်ဆိုးကြီးအကြောင်း မပြောစမ်းနဲ့ အရသာရှိတဲ့ အစားအသောက် အကြောင်းပြောနေချိန်မှာ ရွံ့စရာကောင်းတဲ့ မစင်ကို မြင်လိုက်ရသလိုပဲ။ ”
“ ဟမ့် ... အဒေါ်ကြီး ... ဒီက မိန်းမပျိုလေးတွေလည်း အဲဒီမှော်ဆန်လွန်းတဲ့ အရသာကို မြည်းစမ်းပါရစေဦး ... အဒေါ်ပဲ အရစာခံမနေနဲ့။ ”
“ ဟားဟားဟား ... နင်တို့အကုန်လုံး မှော်ဆန်စေရမယ် စိတ်မပူနဲ့ ... ဒီအရေးမှာ အဒေါ်ကြီး သင်ပေးမယ်။ ”
အထူးသဖြင့် အမျိုးသမီးများမှာ အုတ်အော်သောင်းနင်းဖြစ်ကုန်သည်။ သူမတို့ စကားများသည် အထိန်းအကွပ်မဲ့ကာ တာအိုဘုန်းကြီးများကို မျက်နှာ ပျက်ယွင်းစေကုန်၏။
ထိုအချိန်မှာ တောင်ပေါ်တွင် ခရမ်းရောင်ဝတ်အဖိုးအိုမှ တာအိုဘုန်းကြီးထံ စိုက်ကြည့်နေဆဲဖြစ်၏။
တစ်ဖက်လူသည် ဟန်ဆောင်နေခြင်း မရှိသဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။ အဆုံး၌ သည်းမခံနိုင်တော့ဘဲ၊
“ မင်းပုန်းနေတုန်းလား ထွက်လာစမ်း။ ”
“ ဟမ့် ... ဘယ်သူပုန်းနေတာလဲ။ ”
ကူချန်မှ အဖိုအိုစကားကို နားမလည်ချေ။
“ မင်းခန္ဓာကိုယ်ထဲက နတ်ဆိုးဝိညာဉ် ... ။ ”
တစ်ဖက်လူသည် သူ့စကားအပေါ် ရှုပ်ထွေးသော အမူအရာမျိုးပြသဖြင့် အဖိုးအို အမြင်၌ နတ်ဆိုးဝိညာဉ်သည် ဤလူငယ်အပေါ် လုံးလုံးလျားလျား အနိုင်ရခြင်း မရှိသေးကြောင်း ကောက်ချက်ချလိုက်၏။
( ဒါပေမယ့် ဘာလို့ နတ်ဆိုးအငွေ့အသက်ကို ငါမရတာလဲ။ )
ထိုအတွေးသည် အဖိုးအို ခေါင်းထဲဝင်လာသည်။ သူ့ကို သိမ်းပိုင်လိုသည့် နတ်ဆိုးအမည်ကို အရိပ်နတ်ဆိုးဟုခေါ်၏။
၎င်းသည် လူသားများ၏အရိပ်တွင် ခိုအောင်းစားသုံးပြီး ပိုင်ရှင်၏ခန္ဓာကိုယ်အပေါ် ထိန်းချုပ်ရန် ကြိုးစားသည်။
ထို့ကြောင့် ကူချန်၏ အရိပ်ထံ ငုံကြည့်လိုက်၏။ မြေပြင်ပေါ်တွင် တိကျသော အရိပ်တစ်ခု ရှိနေသည်။ ယင်းသည် နတ်ဆိုးမရှိဟု အဓိပ္ပါယ်ပေပင်။
( နေဦး ... ဒီနတ်ဆိုးလှည့်စားနေတာလား။)
“ ဝှစ် ... ။ ”
အတွေးဖြင့် ညာလက်ကို ညင်သာစွာ မြှောက်ကာ လက်ညိုးနှင့် လက်ခလယ်ကို ပူးကပ်လျက် ဝှေ့ယမ်းလိုက်သည်။
အနက်ရောင် ရေမြှားတစ်စင်းသည် မြေပြင်ပေါ်ရှိ ကူချန်၏အရိပ်ထံသို့ တည့်တည့် ပျံသန်းသွား၏။
“ ဘန်း ... ။ ”
အပြာရောင် ကျောက်သားအခင်းများ ပေါက်ကွဲလျက် မြေပြင်၌ အပေါက်ကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။
ကူချန်က သူ့ခြေထောက်အနားရှိ မြေပြင်ပေါ်အံ့အားသင့်စွာ ပြန်ကြည့်သည်။ ရန်သူသည် ညံ့ဖျင်းလွန်း၏။
သူ့တည့်တည့်ကိုပင် မချိန်ရွယ်နိုင်ချေ။ သက်တမ်းကုန်ဆုံးကာ အမြင်အာရုံများ မှုန်ဝါး နေပုံရသည်။
( နေဦး မဟုတ်သေးဘူး ... ။ )
ရုတ်တရက် အဘိုးအိုသည် သူ့အရိပ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ကြောင်း ခံစားလာ ရလေသည်။
ဤအဘိုးအိုပြောသည့် စကားများအရ သူ့အပေါ် တစ်ခုခု နားလည်မှု လွဲနေပုံပေပင်။ ထို့ကြောင့် ပြုံးလျက် ပြန်ကြည့်၏။
“ မင်း ... အရိပ်နတ်ဆိုး မဟုတ်ဘူး။ ”
အဖိုးအိုသည်လည်း သူ့အတွေးများ လွဲမှားနေကြောင်း နားလည်သဘောပေါက်သွား တော့သည်။ အရှက်ရခြင်းအပေါ် ဖုံးကွယ်ရန် အေးစက်သောအသွင်ဖြင့် မေး၏။
တစ်ဖက်လူသည် သူ ရောက်လာမည်ကို သိရှိနေပုံရ၏။ ထို့ကြောင့် ကြိုတင်ပြင်ဆင်ထား ချေပြီ။ အလင်းအကာအကွယ် အလွှာမှာ သက်သေပေပင်။
ကူချန်က ပေါ့ပေါ့ပါးပါးပြုံးပြီး လက်ကို မြှောက်လိုက်၏။ တိတ်ဆိတ်နေသော အချိန်၌ ဆူညံသံအချို့ ဖြစ်ပေါ်လာသည်။
“ ဘရူး ... ။ ”
ယင်းသည် ဝိညာဉ်ရေးဓား (၃)လက် ပျံသန်းနေသံဖြစ်၏။ အဖိုးအိုမှ မျက်လုံးပြူး သွား၏။ ဤမျှ များပြားသော ဝိညာဉ်ဓားများ မည်သို့ ပိုင်ဆိုင်နိုင်သနည်း။
ဆက်၍မတွေးနိုင်ခင် သူ့လက်များ အလိုအလျောက် ဝှေ့ရမ်းကာ ထိုဓား(၃)အပေါ် တားဆီးရန် ကြိုးစားတော့၏။
“ ဝှစ် ... ။”
သူ့ခန္ဓာကိုယ်အနှံ့ အနက်ရောင် ရေစီးကြောင်းသဏ္ဍန်များ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင် ရေကြိုးများသဖွယ် သူ့ကို ဖုံးအုပ်သွား၏။
ထိုအချိန်တွင် အရပ်ရပ်မှ ပျံသန်းလာနေသော ဝိညာဉ်ရေးဓားများသည် သူ့ထံရောက်ရှိလာပြီ ဖြစ်သည်။
သို့သော် အနက်ရောင်ရေကြိုးများက ၎င်းတို့ကို တင်းကြပ်စွာ တားဆီးထားချေ၏။ ဝိညာဉ်ရေးဓားများမှာ ရေထဲလမ်းလျှောက်နေ သကဲ့သို့ များစွာနှေးကွေးသွားလေသည်။
ဤအနက်ရောင် ရေကြိုးများသည် ဝိညာဉ်များ ရှိနေပုံရချေပြီ။ ကူချန်တစ်ယောက် မျက်ခုံးပင့်လိုက်တော့၏။
“ နက်နဲရေ ... ။ ”
ဤမြင်ကွင်းသည် ယခင် အိမ်မက်တစ္ဆေရေကန်တွင် သူ ကြုံခဲ့ဖူးသော စပါးအုံးမြွေနက်ကို သတိရလာစေ၏။
စပါးအုံးမြွေနက်၏ မွေးရာပါအစွမ်းသည် နက်နဲရေသဘာဝကို ထိန်းချုပ်နိုင်ခြင်းပေပင်။ ဤချင်မိသားစု ဘိုးဘေးသည်လည်း နက်နဲရေကို ထိန်းချုပ်နိုင်နေ၏။
၎င်းသည် လျှို့ဝှက်နည်းစနစ်သို့မဟုတ် ကျင့်ကြံခြင်းနည်းစနစ် မည်သည်ဖြစ်သည်ကို မခွဲခြားနိုင်သေးချေ။ တစ်ချိန်တည်းမှာပင် အဖိုးအိုသည်လည်း အတွေးနက်နေ၏။
တစ်ဖက်လူငယ်ကို သူ မမြင်နိုင်ချေ။ ကျင့်ကြံမှုအရ ယွမ်ဖူနှောင်းပိုင်တွင် ဖြစ်နေမှန်း မြင်သာသည်။
အသက်ငယ်ငယ်ဖြင့် နတ်ဆိုးဝိညာဉ် အကူအညီမပါဘဲ ဤအဆင့်သို့တက်လှမ်းနိုင် သည်မှာ ထူးဆန်းလွန်းချေပြီ။
ထိုသို့သော အရည်အချင်းမျိုးသည် ဂိုဏ်းကြီးများကြား၌ပင် ပြိုင်ဘက်ကင်းသော ဉာဏ်ကြီးရှင် ဖြစ်စေမည်။
တစ်ဖက်တွင် သူလျှိုများအဆိုအရ ဤလူငယ်သည် ဂိုဏ်းတစ်ဂိုဏ်း၏ နောက်ခံ မရှိချေ။ လင်းရင်ဘုံကျောင်း၌သာ တစ်ချိန်လုံး ရှိနေသည်။
ဆိုလိုသည်မှာ ပြိုင်ဘက်သည် ဘိုးဘေးအမွေအချို့ရရှိပြီး သည်အဆင့်အထိ ကျင့်ကြံလာနိုင်ပုံရသည်။
ကိုယ်ပိုင်အရည်အချင်းများအပေါ် အားကိုးကာ အရည်အချင်းရှိသူဟု ဆိုလိုနိုင်၏။ ထို့ကြောင့် ဖူစုတော်ဝင်မိသားစုအတွက် ကြီးမားသော ဆူးတစ်ချောင်း ပေပင်။
ယနေ့ မဖယ်ရှားသော် များမကြာခင် ကြောက်စရာကောင်းသော ဘေးဆိုးကို ယူလာ ပေလိမ့်မည်။ လက်ရှိ ချင်မိသားစုတွင် ဤလူနှင့် ယှဉ်ပြိုင်နိုင်သော ပါရမီရှင်မရှိချေ။
အဖိုးအိုခမျာ အတွေးများဖြင့် ပို၍ လေးနက်လာတော့သည်။ နက်နဲရေကြိုးများမှ ထိန်းချုပ်ထားသော ဓားများမှာ (၃)လက် တိတိရှိနေ၏။
တစ်ဖက်လူငယ်သည် ဂိုဏ်းနောက်ခံ မရှိသော် ဤဓား(၃)လက်ကို မည်သည့်အရပ်မှ ရရှိထားသနည်း။ ကူမိသားစု ဘိုးဘေးမြေသည် ရတနာများဖြင့် ကြွယ်ဝလွန်းနေသည်လော။
ဤသို့ဆိုသော် ကူချန်ရရှိခဲ့သော အမွေသည်ပင် ခရမ်းရောင်နေမင်းနယ်ပယ် အမွေမျိုး မဖြစ်နိုင်တော့ချေ။ အနိမ့်ဆုံး စင်ကြယ်ခြင်း နယ်ပယ်အမွေ ဖြစ်နိုင်၏။
ရုတ်ချည်း မျက်လုံးများဝင်းလက်လာပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက် ရစ်ခွေစီးဆင်းနေသော အနက်ရောင်ရေကြိုးများကို ထပ်မံအားဖြည့် လိုက်တော့သည်။
အနက်ရောက် ရေကြိုးများမှာ မျက်စိတစ်မှိတ်အတွင်း ပေတစ်ရာကျော် ရှည်လျားလာကာ သုံးပေလုံးပတ်အထိ ကြီးထွားလာသည်။
အဆုံးတွင် နဂါးနက်များအလား ပြောင်းလဲလျက် ကောင်းကင်ကို ဖုံးလွှမ်းသွား လေသည်။
“ သွား ... ။ ”
“ ဝူး ... ဝူး ... ။ ”
အဖိုးအိုက လက်ညှိုးနှင့်လက်ခလယ် ပူးကပ်လျက် ညွှန်ပြလိုက်သည်။ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော ရေကြိုးများစွာက ရုတ်တရက် ပြေးထွက်ကုန်၏။
“ ဘန်း ... ဘန်း ... ။ ”
ကူချန်မှ တုန်လှုပ်ခြင်း မရှိချေ။ မူလနေရာတွင်ရပ်လျက် စိုက်ကြည့်နေသည်။ ရေကြိုးများ သုံးပေအကွာသို့ ရောက်ရှိလာသော် မြေပြင်မှ အလွှာတစ်ခု သူ့ရှေ့ပေါ်လာ၏။
ကျောက်ဆောင်ကို ရိုက်ခတ်နေသော ရေလှိုင်းများအလား ကျယ်လောင်စွာမြည်ဟည်း ကုန်သည်။
“ ခရစ် ... ။”
“ ဘန်း ... ဘန်း ... ။ ”
ယင်းသည် အဠမတန်းအစီရင်မျှသာ ဖြစ်သောကြောင့် အနက်ရောင် ရေကြိုးများ အောက်တွင် အလွှာ(၄)လွှာအထိ အက်ကွဲ ပျက်ပြယ်လာသည်။
“ ဟမ့် ... ။ ”
ဤရလာဒ်သည် ကူချန်ကို အနည်းငယ် မျက်နှာပြောင်းစေသည်။ ချက်ချင်း ကြယ်ကမ္ဘာ အတွင်းရှိ ဝိညာဉ်စွမ်အင်များကို တိတ်တဆိတ် ထုတ်ယူလျက် အစီရင်ထံအားဖြည့်၏။
ပြိုင်ဘက်ခွန်အားအရ ပြိုင်ဘက်ကင်း ဝိညာဉ်အစီရင်ထံ ဝိညာဉ်ကျောက်တုံးများဖြင့် အားဖြည့်ထားရသည်။ ထို့ကြောင့် အဠမတန်း အစီရင်ကို ကြယ်ကမ္ဘာအတွင်းမှ စွမ်းအင်ဖြင့် အားဖြည့်ရခြင်းဖြစ်၏။
ရုတ်တရက် ဝိညာဉ်စွမ်းအင်များ မြင့်တက်လာကာ အကာအကွယ်အလွှာများ ပြန်လည် ဖြည့်တင်းလာနေသောကြောင့် အဖိုးအိုက မျက်ခုံးပင့်သွားတော့သည်။
“ ဝင်္ကပါသခင်ပဲ ... ။ ”
***