← Chapters

ကောင်းကင်မြစ်ကဲ့သို့ ရေစီးကြောင်းများ ... ။

Vol. 13 Ch. 153

ကောင်းကင်မြစ်ကဲ့သို့ ရေစီးကြောင်းများ ... ။

Vol. 13 Ch. 153

တစ်ယောက်သည် အစီရင်သခင် တစ်ယောက်ဖြစ်နေသည်မှာ ထင်းရှားချေပြီ။ အစောပိုင်းအလင်းအလွှာကို မြင်ချိန်တွင် ဝင်္ကပါအဖြစ် ယူဆထားပြီးဖြစ်၏။

သို့သော် ကူချန်ကိုမူ အစီရင်သခင်အဖြစ် မထင်သေးချေ။ အစီရင်သည် ဝင်္ကပါတစ်ခု၏ အစိတ်အပိုင်းပေပင်။ သို့သော် တည်ဆောက်ရ မြန်ဆန်ကာ အသုံးပြုရလွယ်ကူသည်။

တစ်စုံတစ်ယောက်သည် ဝင်္ကပါအတွင်း ပိတ်မိသော် ဖြိုဖျက်ရန်လိုသည်။ ဤနည်းဖြင့် အစီရင်သခင်များ၏ အားသာချက်ကို လျော့ချနိုင်မည်။

ဝင်္ကပါအစီရင်များသည် ပြင်ပအကူအညီစွမ်းအားတစ်ခု ဖြစ်သော်လည်း ကျင့်ကြံမှုအပေါ် အခြေခံ၍ ခြိမ်းခြောက်နိုင်မှု အတိုင်းအတာ မြင့်မားသည်။

ကျင့်ကြံခြင်းလောက၌ အစီရင်သခင်များအပြင်၊ အဆိပ်သခင်၊ သားရဲ သခင်နှင့် အလောင်းဘုရင်များလည်း ရှိသည်။

ထိုပညာရှင်များကို အပေါ်ယံကြည့်ကာ အကဲဖြတ်၍မရနိုင်ချေ။ ကျင့်ကြံမှု အားနည်း နေသော်မှ အန္တရာယ်ပေးနိုင်သည်။

( ဒီဝင်္ကပါက ဘာလဲ။ )

အဖိုးအိုက လင်းရင်တောင်ကို ဖုံးအုပ်ထားသော ကျောက်စိမ်းအလင်းတန်းထံ တစ်ချက် ကြည့်လိုက်သည်။

ဤအလင်းတန်း လွှမ်းခြုံဧရိယာသည် အလွန်ကျယ်ဝန်းပြီး အချင်းဝက် ပေသုံးထောင် ကျော်နိုင်မည်။

သူ့ဘဝတွင် ဝင်္ကပါသခင်များကို မကြုံဖူးသောကြောင့် ထိုစဉ်က အလေးအနက် မထားမိချေ။

သို့သော် ပြိုင်ဘက်သည် ဝင်္ကပါသခင်ဖြစ်ကြောင်း သိရှိလာပြီးနောက် အလေးအနက်ထားရပေမည်။

“ ဟမ့် ... ။ ”

ကျင့်ကြံခြင်းလောကအတွင်း တွင်ကျယ်နေသော ဆိုရိုးစကားတစ်ခုရှိသည်။ ဝင်္ကပါသခင်၏ ဝင်္ကပါအတွင်း၌ ရင်ဆိုင်ရန် လုံးဝမကြိုးစားသင့်ဟူ၍ ပေပင်။

“ ဝှစ် ... ။ ”

ထိုစကားကို နားမလည်လျှင်ပင် ဝင်္ကပါအတွင်း ထွက်ပေါက်ကို မသိနိုင်သော် တိုက်ပွဲ၌ ရှုံးနိမ့်နေပြီဖြစ်သည်။ အတွေးဖြင့် တောင်အနောက်ဘက်သို့ လှည့်ပြေး၏။

ထိုမြင်ကွင်းကြောင့် ကူချန်တစ်ယောက် ပြုံးလိုက်၏။ ပြိုင်ဘက်ကင်း ဝိညာဉ်ဝင်္ကပါ၏ ဗဟိုချက်မှာ ထိုအရပ်တွင် ရှိမနေချေ။ ၎င်းသည် အစွန်အဖျားဖြစ်ကာ လက်ရှိတိုက်ပွဲမြေပြင် သည်သာ ဝင်္ကပါဗဟိုချက်ဖြစ်သည်။

အဖိုးအိုသည် ရုတ်ချည်း အလင်းအလွှာအနားသို့ ရောက်ရှိသွားပြီး နက်နဲရေများဖြင့် ထိုးချလိုက်သည်။

“ ဝုန်း ... ။ ”

ကျောက်စိမ်းအလင်းလွှာကြီးသည် လှုပ်ခါသော်လည်း ပျက်စီးမည့်အရိပ်အယောင် မပြခဲ့ချေ။

“ ဒါ ... ။”

အဖိုးအိုခမျာ ထိတ်လန့်သွားသည်။ နက်နဲရေကြိုးနှစ်ချောင်းကို ထိန်းချုပ်လျက် ထပ်မံ ထိုးဖောက်လိုက်ပြန်၏။

“ ဘုန်း ... ဘုန်း ... ။ ”

သို့တိုင် အရာမထင်ချေ။ ကျောက်စိမ်းအလင်းလွှာသည် မတုန်မလှုပ် သူ့‌ကို ဟန့်တားထားဆဲဖြစ်သည်။ ဤနေရာတွင် ပြိုင်ဘက်ကင်းဝိညာဉ်ဝင်္ကပါအစီရင် အပြင် ဝိညာဉ် ပိတ်လှောင်ခြင်း နည်းလမ်း(၁၀)ပါး အစီရင်ကိုလည်း ထည့်သွားထား၏။

ဤအစီရင်သည် သတ္တမတန်းဖြစ်သည်။ လုပ်ဆောင်ချက်မှာ ပတ်ဝန်းကျင်မှ စွမ်းအင်များ အဆက်မပြတ်စုပ်ယူပြီး ပင်မဝင်္ကပါကို အားဖြည့်ပေးမည်။

ထိုကြောင့် အတွင်းရှိ အရာဝတ္ထုများ အပြင်မထွက်နိုင်သကဲ့သို့ အပြင်မှသည်လည်း အတွင်းဝင် မရချေ။ အချိန်ကြာလာသည်နှင့် အမျှ ပင်မဝင်္ကပါသည် သန်မာလာပေမည်။

ထိုကျောက်စိမ်းအလင်းလွှာထက် သာလွန်သော ခွန်အားမျိုးမရှိသော် ပိတ်မိနေသူ အနေဖြင့် တစ်သက်လုံး ဖောက်ထွက်နိုင်မည် မဟုတ်ချေ။

အစီရင်ဗဟိုရှိ ဝင်္ကပါမျက်လုံးကို ရှာတွေ့မှသာလျှင် ဖျက်ဆီးနိုင်မည်။ အဖိုးအို၌ ထိုသို့သော စွမ်းရည်မျိုးရှိနိုင်၏။ သို့သော် ကူချန်မှ သူ့ကို ခွင့်မပြုချေ။

“ ဘရူး ... ။ ”

ဝိညာဉ်ရေးဓား (၃)လက်ကို ပြန်လည်ခေါ်ယူကာ အဖိုးအိုထံ ချိန်ရွယ်လိုက် တော့သည်။ အဖိုးအိုခမျာ အလင်းလွှာကို ချိုးဖြတ်နေရာမှ ချက်ချင်း လှည့်ကြည့်၏။

သူ့ကျောပြင်တွင် ဓားတစ်လက်‌ တင်ထားသကဲ့သို့ စူးရှနေချေပြီ။ အဆုံးတွင် အသက်ပြင်းပြင်းလျူကာ၊

“ ကောင်းပြီ ... ငါမင်းနဲ့ ကစားပေးမယ်။ ”

-ဟု ဆိုလိုက်သည်။

“ စီနီယာ ကျေးဇူးပြုပြီး သက်ညှာပါ။ ”

ကူချန်မှ ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။ တစ်ဆက်တည်းမှာပင် ဓားများကို ပစ်သွင်းလိုက်၏။

“ သွား ... ။ ”

ဤတစ်ကြိမ်တွင် ကျင့်ဟုန်ဖူနည်းစနစ် ပထမပုံစံဖြင့် အမြန်နှုန်းကို သုံးဆတင်ခဲ့သည်။ တစ်ဖက်တွင် အဖိုးအိုသည် နက်နဲရေကြိုး သုံးချောင်းဖြင့် ပြန်၍ပစ်ခတ်လာ၏။

“ အရမ်း မြန်တယ် ... ။ ”

သို့သော် ဓားသုံးလက်သည် သူနှင့် သုံးပေအကွာသို့ ရောက်ရှိလာနေပြီဖြစ်သဖြင့် အဖိုးအိုခမျာ မျက်လုံးပြူးသွားတော့သည်။

ထို့ကြောင့် နက်နဲရေကြိုးများအစား အဆောင်ရတနာတစ်ခုကို အသက်သွင်းလိုက် ရ၏။

“ အသက်ဝင် ... ။ ”

တခဏချင်းမှာပင် သူ့အပေါ် မှောက်အုပ်ထားသော ခေါင်းလောင်းကြီးသဏ္ဍန် ရွှေရောင်အလင်းတန်းများ ပေါ်လာသည်။

“ ကလန် ... ကလန် ... ။ ”

ဝိညာဉ်ဓားသုံးလက်သည် ထိုခေါင်းလောင်းသဏ္ဍန် အကာအကွယ်နှင့် ထိမှန်ပြီး မီးပွားများပွင့်ကုန်၏။ ဤအရာကို ကူချန်မှ မျှော်လင့်ထားသည်။

တစ်ဖက်လူသည် သူ့ကို နတ်ဆိုးဝိညာဉ် အဖြစ် ထင်မှားကာ သတ်ရန်လာခဲ့ခြင်းပေပင်။ ထို့ကြောင့် ကာကွယ်ရေးရတနာများ ယူဆောင် လာသည်မှာ ပုံမှန်ဖြစ်လေသည်။

အဖိုအိုသည်လည်း ကူချန်ကို ကြည့်ကာ ထိတ်လန့်လာသည်။ ဤဓားများသည် မြန်လွန်း ချေပြီ။ အနည်းဆုံး သူ့ထက် နှစ်ဆပိုမြန်၏။

ဆိုလိုသည်မှာ ပြိုင်ဘက်သည် ဝင်္ကပါသခင်ဖြစ်သည်သာမက ဓားရေးလည်း ထူးချွန်ချေပြီ။

ကံကောင်းသည်မှာ ယွမ်ဖူနယ်ပယ်၌သာ ရှိနေခြင်းဖြစ်၏။ သူသည် ခရမ်းရောင်နေမင်း နယ်ပယ်တွင် ဖြစ်သောကြောင့် အားသာချက် ရှိနေသေးသည်။

“ သေလိုက်တော့ ... ။ ”

ရုတ်ချည်း နက်နဲရေကြိုး(၉)ချောင်းဖြင့် ပစ်ခတ်လိုက်သည်။ ၎င်းတို့သည် ပေရာနှင့်ချီပြီး ရှည်လျားကာ နဂါးနက်များလား ဒေါသတကြီး ပျံသန်းကုန်၏။

အသက်ရှူရပ်ဖွယ် မြင်ကွင်းပေပင်။ ထိတ်လန့်စရာ ကောင်း၏။ အနားတွင် လူများ ရှိသော် ဦးခေါင်းပေါ် တောင်ကြီးတစ်လုံးဖြင့် ဖိခံထားရသကဲ့သို့ လေးလံပေမည်။

နက်နဲရေဟူသည် ရေမူလဖြစ်ကာ သာမန်ရေများထက် ဆယ်ဆပိုမိုလေးလံ၏။ ၎င်းသာ ထိမှန်သော် လွယ်မည်မဟုတ်ချေ။

“ ဝုန်း ... ။ ”

ရေကြိုးကိုးချောင်းမှာ ကူချန်ပေါ်သို့ စုပြုံကျရောက်သွား၏။ အဆောက်အဦးများနှင့် သစ်ပင်များ ဖုန်မှုန့်သဖွယ် ဖြစ်ကုန်သည်။

ဤအခိုက်တွင် ကောင်းကင်မြစ်ကြီး လင်းရင်တောင်ပေါ် ပြုတ်ကျလာသကဲ့သို့ တောင်ထိပ်တစ်ခုလုံး နိမ့်ကျသွားသည်။

“ ဘာတွေလဲ ... ။ ”

ရုတ်တရက် တောင်ထိပ်ပေါ်မှ လျှံကျလာသော အနက်ရောင်ရေများကြောင့် တောင်ခြေရှိ လူအုပ်ကြီးမှာ ကြောက်လန့်စွာ ထွက်ပြေးရန်ပြင်သည်။

ကံအားလျော်စွာဖြင့် ထိုအနက်ရောင် ရေများကို အလင်းအလွှာမှ တားဆီးပေးထား ချေပြီ။ မဟုတ်သော် လူပေါင်းမည်မျှ သေမည်ကို မသိချေ။ သို့မှသာ လူတိုင်း သက်ပြင်းချလိုက်ကြသည်။

“ တောင်ပေါ်မှာ ဘာတွေ ဖြစ်နေတာလဲ။ ”

ထို့နောက် ရှုပ်ထွေးသော အမူအရာဖြင့် လူတိုင်းက တောင်ပေါ်သို့ မျှော်ကြည့်လိုက်၏။ တောင်ထိပ်ပေါ်တွင် အဖိုးအိုသည်လည်း မှင်သပ်နေခဲ့သည်။

တစ်ဖက်လူသည် ဓားတစ်လက် ကျောပိုးလျက် တာအိုဝတ်ရုံတဖျပ်ဖျပ်ခတ်ကာ လေထုအလယ် လက်နှစ်ဖက်နောက်ပို့ထားပြီး ဒဏ်ရာကင်းစွာ ရပ်နေချေပြီ။

“ မင်း ... မသေဘူးလား။ ”

***

All Chapters