ဓားတာအို ... ။
Vol. 13 Ch. 154
ကူချန်က တုန့်ပြန်ခြင်းမပြုဘဲ ခြေဖဝါးအောက်ရှိ မြေပြင်ထံပြန်ကြည့်သည်။ လင်းရင်ဘုံကျောင်း တစ်ခုလုံး ပျောက်ကွယ် သွားချေပြီ။
နေရာအနှံ့ ချိုင့်ငယ်များ ဖြစ်ပေါ်နေကာ ကျောက်တုံးများ၊ လဲပြိုနေသော သစ်ပင်များနှင့် အဆောက်အဦး အပျက်အစီးများရောနှောလျက် ရေများဖြင့်ပေပွနေ၏။
တစ်ဖက်လူ၏ နဂါးကိုးကောင် ပေါင်းစည်းခြင်းသည် လျှော့တွက်၍မရချေ။ ထိမှန်ခံရသော် အမှုန်အဖြစ် ပြောင်းလဲ သွားနိုင်မည်။
ချိုင့်ငယ်များအတွင်း တစ်စုံတစ်ရာ ထွက်ပေါ်နေသည်ကို သတိထားမိလာသည်။ ယင်းသည် ကြယ်ကမ္ဘာလက်စွပ်ဖြစ်၏။
လက်စွပ်အဖြစ် မသန့်စင်နိုင်သေးကြောင့် သတ္ထုနှင့်လက်စွပ်သွန်းကာ ကြယ်ကျောက်တုံး ပူးတွဲထားခြင်းပေပင်။
၎င်းကို ပင်မဝင်္ကပါကြီး၏ ဝင်္ကပါမျက်လုံးအဖြစ် မြေကြီးထဲမြုပ်နှံထားခြင်း ဖြစ်သည်။ ပြိုင်ဘက်မှ ရှာတွေ့သော်မှ ဝင်္ကပါ မျက်လုံးအဖြစ် မြင်မည်မဟုတ်ချေ။
ဤနည်းဖြင့် ပျောက်သွားလျှင်ပင် ပြန်ရှာတွေ့နိုင်မည်။ နက်နဲရေကြိုး (၉)ချောင်း ရောက်ရှိလာချိန်တွင် ကြယ်ကမ္ဘာအတွင်းသို့ သူ ဝင်ပုန်းလိုက်သည်။
ထို့နောက် လုံးဝ ဂရုမစိုက်ဟန်ဖြင့် အပြင်လောကသို့ထွက်လာပြီး လေထုအလယ် ရပ်နေခြင်းဖြစ်၏။
မြေပြင်မှ ထွက်ပေါ်လာသော ကြယ်လက်စွပ်ကို တွေ့ပြီးနောက် ဝင်္ကပါထံသို့ လှည့်ကာ စစ်ဆေးကြည့်လိုက်သည်။
၎င်းတို့သည် သတ္တမတန်း ဝင်္ကပါနှစ်ခုဖြစ်ကာ ကြယ်ကျောက်တုံးသည် ဝင်္ကပါမျက်လုံးအဖြစ် လိုအပ်သော ဝိညာဉ် စွမ်းအင်များကို ထောက်ပံ့ပေးသည်။
ထို့ကြောင့် ပြိုင်ဘက်ကင်းဝိညာဉ်ဝင်္ကပါနှင့် လမ်းကြောင်းရှစ်သွယ် ဝိညာဉ်ပိတ်ဆို့ခြင်းတို့မှာ ပျက်စီးသွားခြင်းမရှိချေ။
ယင်းအစား မြေပြင်တွင် တည်ဆောက်ထားသော အခြားအစီရင်ငယ်များ ပျက်စီးသွားချေပြီ။
“ ကောင်းပြီ ... မင်းဘယ်လောက်အထိ ရှောင်နိုင်မလဲ ငါကြည့်မယ်။ ”
ကူချန်မှ ပြန်မဖြေသဖြင့် အဖိုးအိုက မျက်ဝန်းများ မှေးစင်းသွားတော့၏။ တစ်ကြိမ် ရှောင်နိုင်သည်လော။ နှစ်ကြိမ်တိုက်မည်။ မလုံလောက်သော် သုံးကြိမ်။
ခရမ်းရောင်နေမင်းနယ်ပယ်နှင့် ယွမ်ဖူနယ်ပယ်ကြား ကြီးစွာသောအားသာချက် သူ့တွင်ရှိသည်။
ခရမ်းရောင်နန်းတော်ရှိ နေလေးစင်း လည်ပတ်လျက် စစ်မှန်သောချီများကို ပြန်လည် ဖြည့်တင်းရန် ကြိုးစားတော့၏။
“ ဟမ့် ... ။ ”
သို့သော် သူ့မျက်နှာ ချက်ချင်း ပြောင်းသွားလေသည်။ လေထုအတွင်းချီများ ပျောက်ဆုံးနေ၏။ လုံးဝ ရှာမရချေ။
“ ဘယ်ရောက်ကုန်တာလဲ။ ”
ဤအခိုက်တွင် အလွန်တုန်လှုပ်သွားပြီး နေလေးစင်းကို အတင်းအကြပ်လှည့်ပတ်စေ၏။ ရလာဒ်မှာ မထူးခြားချေ။
ကမ္ဘာကြီးတစ်ခုလုံး ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွားပုံရ၏။ ယင်းသည် အဓိပ္ပါယ် မဲ့နေချေပြီ။ ထို့ကြောင့် သံသယများစွာဖြင့် ကျောက်စိမ်းအလင်းလွှာထံ လှည့်ကြည့်၏။
ဤဝင်္ကပါကြီးသည် အကာအကွယ် ဝင်္ကပါတစ်ခုသာ ဖြစ်ပုံမရချေ။ အခြားသော ဝင်္ကပါများဖြင့် ချိတ်ဆက်နေပုံရသည်။
“ ပြန်လာခဲ့ ... ။ ”
တစ်ဖက်တွင် အဖိုးအိုတစ်ယောက် ဝင်္ကပါလျှို့ဝှက်ချက်ကို အဖြေရှာတွေ့ခဲ့ကြောင်း သတိပြုမိလာပြီး ကူချန်မှ သူ့ဓားများ ပြန်ခေါ်လိုက်သည်။
“ ဘရူး ... ။ ”
“ ဘရူး ... ။ ”
“ ဘရူး ... ။ ”
မြေကြီးအတွင်း အစီရင်မျက်လုံးအဖြစ် မြှပ်နှံထားသော ဓား(၆)လက်မှာ ဖောက်ထွက် ပျံသန်းလာပြီး သူ့အနား လေဟာနယ်အတွင်း လွင့်ဝဲနေတော့၏။ လွင့်စဉ်ပြုတ်ကျနေသော ဓား(၃)လက်သည်လည်း လိုက်ပါလာသည်။
အဖိုးအိုက ကူချန်၏ အတွေးများကို ဖမ်းမိသွား၏။ ပြိုင်ဘက်သည် မြေပြင်၌ အစီရင် အချို့ကို ကြိုတင်ခင်းကျင်းထားချေပြီ။
ကံကောင်းထောက်မစွာဖြင့် ရေနက်ကြိုးများကြောင့် ပျက်စီးကုန်လေသည်။ မဟုတ်သော် သူ့အတွက် မတွေးဝံ့ချေ။
မဆိုင်းမတွ ကျန်းချီဆေးပြားအချို့ ထုတ်ယူကာ ချက်ချင်းသန့်စင်၏။ ဤနည်းဖြင့် စစ်မှန်သောစွမ်းအင်ကို ပြန်၍ရရှိလာသည်။
ကျင့်ကြံသူများသည် အချိန်များစွာ၌ ကျန်းချီဆေးပြားများ သန့်စင်ထားကြသည်မှာ ဤကဲ့သို့ အကြပ်အတည်းအတွင်း၌ အသုံးချ နိုင်သောကြောင့်ဖြစ်သည်။
ငွေကြေးထက်ပို၍ အသုံးဝင်၏။ အသက်ကယ် ဆေးပြားများလိုပေပင်။ အသက် တရှိုက်စာအတွင်း စစ်မှန်သောချီများ ပြန်လည် ပြည့်ဝလာပြီးနောက်၊
“ မင်းနဲ့ငါ ... ဘယ်သူအရင်ဆုံး စစ်မှန်သောစွမ်းအင် ကုန်ဆုံးသွားမလဲဆိုတာ ကြည့်ရအောင်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဝှစ် ... ။ ”
စကားဆုံးသည်နှင့် ရေနက်ကြိုးများ ထပ်မံထွက်ပေါ်လာ၏။ သို့သော် ဤတစ်ကြိမ်၌ ထိုရေကြိုး (၉)ချောင်းသည် ဓားများအဖြစ် ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းက ကူချန်ကို မျက်ခုံးပင့်စေ၏။ နက်နဲရေဖြင့် ပေါင်းစည်းထားသော ရေနက်ဓား (၉)လက်။ ၎င်းတို့သည် သာမန်ဓားများထက် လေးလံကာ ထက်ရှချေသည်။
အနိမ့်ဆုံး ဓားတစ်လက် အလေးချိန်သည် (၁၀၀)ကီလိုဂရမ် ဝန်းကျင်ရှိသည်။ ဓားအစား တောင်ကုန်းငယ်တစ်ခုဆိုက ပိုမှန်မည်။
အကယ်၍ လူတစ်ယောက်သည် ဤအနက်ရောင်ဓား ထိမှန်ပါက အသားပုံအဖြစ် ပြောင်းလဲသွားပေမည်။
“ ဟမ့် ... ။ ”
အဆုံးတွင် အဖိုးအိုသည် ရေနက်ဓားတစ်လက်ကို ဆုပ်ကိုင်ကာ ပြေးလွှား လာသည်။ ကျန်ဓား (၈)လက်သည်လည်း သူနောက်ပါးမှ လိုက်ပါလာ၏။
ဤသည်မှာ ချင်မိသားစု၏ လျှို့ဝှက်အမွေဖြစ်သည်။ ရေနက်ဓားနည်းနစ်ဟု ခေါ်တွင်၏။
ယခင် နဂါးနက်များကဲ့သို့ လျင်မြန်ခြင်း မရှိသော်လည်း ပြင်းထန်သည်။ ၎င်း၌ပါရှိသော ဝိညာဉ်စွမ်းအားမှာ များစွာသိပ်သည်း၏။
နဂါးနက်များသည် အရွယ်အစား ကြီးမားနေပြီး ကြောက်စရာ ကောင်းလှသည်။ ရေနက်ဓားမှာမူ သေးငယ်ပြီး လေးလံ၏။
အရာအားလုံး ရေနက်ဓားပေါ်တွင် စုပုံနေချေပြီ။ ထို့ကြောင့် ကူချန်တစ်ယောက် မပေါ့ဆဝံ့တော့ချေ။
“ သွား ... ။ ”
“ ဘရူး ... ။ ”
ချက်ချင်းပင် ဓားကိုးလက်ကို စေလွှတ်လိုက်ရသည်။ ဓားကိုးလက်သည် အရပ် မျက်နှာအသီးသီးသို့ ပျံသန်းသွား၏။
သို့သော် အဖိုးအိုသည် လှောင်ပြုံးဖြင့် နှာခေါင်းရှုတ်လိုက်သည်။ ဤသည်မှာ သာမန် ဓားပျံသန်းခြင်းပုံစံပေပင်။ နည်းစနစ်အဖြစ် ခေါ်ရန်ပင် မထိုက်တန်ချေ။
“ ကာကွယ် ... ။ ”
သူ့နောက်ပါးမှ လိုက်ပါလာသော ရေနက်ဓားရှစ်လက်သည် သက်ရှိများအလား လေဟာနယ်အတွင်း ယိမ်းထိုးလာသည်။ ရန်သူ့ ဓားများကို အာရုံခံနေပုံပေပင်။
“ ထန် ... ထန် ... ။ ”
သတ္တုရိုက်မိသံများ ညံကုန်ပြီး ဝိညာဉ်ရေးဓား (၉)လက်ခမျာ မြေပြင်ပေါ် ချက်ချင်း ပြုတ်ကျကုန်သည်။
သက်ရှိများအလား တွန့်လိမ်လျက် ပျံသန်းရန် ကြိုးစားနေသော်လည်း သူ့သခင်၏ ဝိညာဉ်အသိဖြင့် အဆက်ပြတ်သွားသည်။
ကူချန်မှ မျက်ခုံးပင့်လိုက်သည်။ ရေနက်ဓားများသည် အဆင့်နိမ့်ဝိညာဉ်ရေးဓား အချို့ထက် များစွာ အဆင့်မြင့်၏။
ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို အဆင့်မြင့် ဝိညာဉ်လက်နက်များ ဖြင့်သာ ပေါင်းစပ်သော် မှော်ဆန်ပေမည်။
ဥပမာ တံဆိပ်များ၊ ဆေးအိုးများနှင့် ခေါင်းလောင်းများကဲ့သို့သော ဝိညာဉ်ပစ္စည်းများ အတွက် ဆိုလိုသည်။
အဆိုပါ ဝိညာဉ်ပစ္စည်းများအတွက် အလေးချိန်သည် အလွန်အရေးလေသည်။ ဤနည်းဖြင့် ပြိုင်ဘက်၏ လက်နက်များကို အရှိန်ပြင်းပြင်း ဖယ်ရှားပေမည်။
“ နှမျောစရာပဲ။ ”
ကူချန်က သက်ပြင်းချလိုက်စဉ် ကျင်းကျစ်ဓား က်ထဲပေါ်လာသည်။ ထို့နောက် အဖိုးအိုထံ ဦးတည်နေသော ဓားတစ်ချက် ပြေးထွက်သွား၏။
ဓားအလင်းသည် ပေသုံးဆယ်ရှည်သည်။ လွင့်မျောနေသော ငွေရောင်ဖဲကြိုးတစ်စအလား တဖျပ်ဖျပ်တုန်ခါလျက် ကျဆင်းသွားသည်။ အဖိုးအိုမှ ပထမ ဂရုမစိုက်ချေ။
သို့သော် ဓားအလင်းသည် သူနှင့် ဆယ်ပေအကွာအဝေးအတွင်း ဝင်ရောက်လာ ချိန်၌ အချက်ပေးသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
“ ရေနက်ဓားနံရံ ... ။ ”
ထိတ်လန့် ကြောက်မက်ဖွယ်ရာ အေးစက်နေသော ခံစားချက်များ ပေပင်။ ထို့ကြောင် အခြားရေနက်ဓား(၈)လက်ကို ခေါ်ယူကာ ချက်ချင်း ပိတ်ဆို့သည်။
သို့သော် ဓားအလင်းသည် ရေနက်ဓား(၈)လက်ကို ကျော်လွန်လာကာ သူ့အပေါ် ကျရောက်လာသည်။
“ ရွှပ် ... ။ ”
“ ဘန်း ... ။ ”
သူဝတ်ထားသည့် ခရမ်းရောင် ဝတ်လုံအတွင်းမှ အလင်းဖျော့ဖျော့များ ချက်ချင်း တောက်ပလာ၏။
ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးအဖြစ် သူ့တွင်ကာကွယ်ရေး ရတနာများရှိသည်မှာ သဘာဝပေပင်။
ဓားအလင်းသည် ခရမ်းရောင်ဝတ်လုံ အတွင်းမှ ဖြာထွက်လာသော အလင်းကြောင့် ပျက်ပြယ်သွားသည်။ သို့တိုင် သူ့ကို ထိတ်လန့်စေတုန်းပေပင်။
“ ရွှပ် ... ။ ”
ထိုစဉ် တစ်ဖက်လူသည် သူ့ရှေ့ရောက်လာပြီး ဓားဖြင့် ပိုင်းလာပြန်သည်။ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ လိုက်ပါလျက် လေထုကို လေးလံသွားစေ၏။
အဖိုးအိုခမျာ ခံစားချက် မကောင်းချေ။ ကမ္ဘာကြီးတစ်ခုလုံး သူ့ကို မုန်းတီးနေသည်ဟု ခံစားလာရသည်။
“ ဒါ ... ။ ”
တစ်ချိန်တည်းမှာပင် မမြင်နိုင်သော ဓားများဖြင့် ချိန်ရွယ်ခံထားရသကဲ့သို့ အေးစက် တောင့်တင်းလာသည်။ ယင်းကြောင့် အဖိုအိုက တုန်လှုပ်ခြောက်ခြားစွာ ပြန်ကြည့်လိုက်၏။
“ မင်း ... မင်းဓားတာအိုကို ထိတွေ့သွားပြီးလား။ ”
***