← Chapters

ကြာနီမီးတောက် ... ။

Vol. 13 Ch. 155

ကြာနီမီးတောက် ... ။

Vol. 13 Ch. 155

အဖိုးအိုတစ်ယောက် သေချင်စိတ် ပေါက်လာသည်။ ပြိုင်ဘက်သည် ဓားသမား ဖြစ်နေ၏။ ဝင်္ကပါသခင်၊ ဓားသမား။ ဤသည်မှာ မည်သို့သော ဘီလူးမျိုးပေနည်း။

ဓားတာအိုသို့ ဝင်ရောက်ရန် ဓားစွမ်းအားလိုသည်။ ၎င်းသည် ယွမ်ဖူနယ်ပယ် ကျင့်ကြံမှုဖြင့် မရနိုင်ချေ။

ထို့ကြောင့် တစ်ဖက်လူသည် ခွန်အားအရာတွင် ယွမ်ဖူနယ်ပယ်ထက်ပင် ကျော်လွန်နေသည်။

ဓားစွမ်းအင်သည် တာအိုအတွက် သွေးကြောတစ်ခုဖြစ်ပြီး ၎င်းကိုပိုင်နိုင်မှသာလျှင် နောက်ထပ်တစ်ဆင့် တက်လှမ်းနိုင်မည်။

ခရမ်းရောင်နေမင်းနယ်ပယ် မဆိုထားနှင့် စင်ကြယ်ခြင်းနယ်ပယ်ပင်လျှင် ဓားစွမ်းအင်ကို ပိုင်ဆိုင်နိုင်ခြင်း မရှိကြချေ။

ယွမ်ဖူနယ်ပယ်ဖြင့် ဓားစွမ်းအင်ကို ပိုင်ဆိုင်ခြင်းဟူသည် သာ၍ မကြားဖူးသည်မှာ သဘာဝပေပင်။

( နေဦး ... ဒီကောင်လေးက တောင်ပေါ်ကနေ တစ်ခါမှ ဆင်းမသွားဘူး မဟုတ်လား။ )

အဖိုးအိုတစ်ယောက် ထိုအချင်းအရာကို သတိရလာသည်။ ဤသို့ဆိုသော ဖြစ်နိုင်ချေ တစ်ခုသာရှိ၏။

တစ်ဖက်လူနောက်တွင် နတ်ဝိညာဉ် နန်းတော်သခင်တစ်ပါး ရှိနေနိုင်မည်။ ထို့ထက် ပို၍လည်း တန်ခိုးကြီးနိုင်၏။

မဟုတ်သော် ဝင်္ကပါပညာရပ်နှင့် ဓားစွမ်းအားကို ဤသို့ပိုင်ဆိုင်နေစရာအကြောင်း မရှိချေ။ ပါရမီရှင်များပင် ကန့်သတ်ချက်ရှိ၏။

ထိုဖြစ်နိုင်ခြေကို တွေးတောလျက် အဖိုးအိုခမျာ တိုက်ပွဲဝင်ဆန္ဒများ ပျောက်ကွယ် လာကာ ချက်ချင်း ဤအရပ်မှထွက်ခွာလို၏။ တစ်က္ကန့်ပင် မနေလိုတော့ချေ။

“ ရွှပ် ... ။ ”

“ ကလန် ... ။ ”

ထိုစဉ် ကူချန်သည် ကျင့်ကျိဓားဖြင့် ခုတ်ပိုင်းလာပြီဖြစ်သည်။ အဖိုးအိုတစ်ယောက် ရေနက်ဓားဖြင့် ခုခံလိုက်သော်လည်း ထိန်းမနိုင်သိမ်းမရ ယိမ်းယိုင်လာ၏။

ယင်းသည် အဆုံး မဟုတ်သေးချေ။ နောက်ထပ် အေးစက်လာသဖြင့် မော့ကြည့်ရာ ဓားအလင်းတစ်လက် မြင်လိုက်ရပြန်သည်။

“ ရွှပ် ... ။ ”

ထို့ကြောင့် ကူကယ်ရာမဲ့စွာ ဆုတ်ခွာပေးလိုက်ရသည်။ ကျင်းကျိဓားသည် သူ့ချပ်ဝတ်ကို ဖြတ်တောက်လျက် ပြတ်ရှရာ တစ်ခုပေါ်ထွက်လာသည်။

ထိုပြတ်ရှရာအတွင်း ဓားစွမ်းအင်များ ဝင်ရောက်လာ၏။ အရေပြားစုတ်ပြဲပြီး သွေးများ တရစပ်စီးကျလာတော့သည်။

“ ဟမ့် ... ။ ”

“ မင်းမှာ တိုက်ပွဲဝင်ဆန္ဒပျောက်ဆုံးနေပြီ။ ”

ကူချန်မှ တည်ငြိမ်စွာ ပြောလိုက်သည်။ အဖိုးအိုသည် ထိုအကြောင်းတုန့်ပြန်ဆွေးနွေးရန် အချိန်မရှိချေ။ စစ်မှန်သောချီကို အသုံးပြုလျက် ဒဏ်ရာရှိ သွေးကြောအပေါ် ပိတ်လိုက်ရသည်။

ပြီးနောက် ရေနက်ဓားများကို ပေါင်းစည်းရန်ကြိုးစား၏။ ဓားတစ်လက်သည် ကီလိုဂရမ်များစွာ လေးလံသည်။ ထို့ကြောင့် ၎င်းတို့ကို ပေါင်းစပ်ခြင်းဖြင့် တောင်ကြီး တစ်လုံးနီးပါး လေးလံလာ၏။

“ ဝှစ် ... ။ ”

အဖိုးအိုမှ ကူချန်ထံ ချက်ချင်း ပိုင်းချလိုက်တော့သည်။ ကူချန်တစ်ယောက် မပေါ့ဆဝံ့ချေ။ သူ့ရုပ်ခန္ဓာသည် ယွမ်ဖူနယ်ပယ် ဖြစ်သော်လည်း ထိမှန်ပါက စကားတစ်ခွန်းမျှ ပြောနိုင်မည်မဟုတ်ချေ။

“ ဝှစ် ... ။ ”

ကူချန်ခမျာ ကျင့်ဟုန်ဖူပညာရပ်ကို အသုံးပြုပြီး မြန်နှုန်းသိသိသာသာ တိုးမြှင့်လျက် ရှောင်တိမ်းလိုက်ရသည်။

“ ဘုန်း ... ။ ”

ဤဓားသာ ထိမှန်သော် သေချာပေါက် အော်သံပင်ပြုနိုင်တော့မည်မဟုတ်ဘဲ ထာဝရ ပျောက်ကွယ်သွားနိုင်မည်။ ရေနက်ဓားကြီးက မြေပြင်ပေါ် ပြုတ်ကျသွား၏။

တစ်ချိန်တည်းမှာပင် အဖိုးအိုသည် စစ်မှန်သောချီကို ပြန်၍ဖြည့်တင်းရန်အတွက် သိုလှောင်လက်စွပ်အတွင်းမှ ကျန်းချီဆေးပြား ဆုပ်ကိုင်ကာ ချက်ချင်းသန့်စင်လိုက်ရသည်။

ရေနက်ဓားသည် အဖျက်စွမ်းအား ပြင်းသည်။ အသုံးပြုရန် စစ်မှန်သောစွမ်းအင်ကို များစွာ ကုန်ဆုံးစေ၏။ ထို့ကြောင့် အဖိုးအိုမှာ ဓားတစ်ချက်ဖြင့် မောပန်းနေသည်။

သို့သော် သူသည် ဖူစုနိုင်ငံတော်၏ ဘိုးဘေးဖြစ်ပြီး နှစ်ရာချီရှင်သန်နေထိုင်ခဲ့သဖြင့် စုဆောင်းထားသော အရာများသည် အဆုံးမရှိချေ။

တစ်ဖက်တွင် ကူချန်သည် အဖိုးအို ဒဏ်ရာရသွားသည်ကို မြင်ချိန်၌ အခွင့်အရေး အရယူရန် ဆုံးဖြတ်လိုက်သည်။

“ ဘရူး ... ။ ”

အတွေးတစ်ချက်ဖြင့် နောက်ထပ် ဝိညာဉ်ရေး ဓား(၃)လက်ကို ထုတ်ယူလိုက်၏။ ထိုမြင်ကွင်းက အဖိုးအိုကို ထိတ်လန့်စေသည်။

စုစုပေါင်း ဝိညာဉ်ရေးဓား (၁၂)လက် လေထဲဆိုင်းငံ့နေခြင်းပေပင်။ မကောင်းသော ခံစားချက်များ ချက်ချင်းဝင်လာ၏။

( ဒီကောင်လေး ဘာလုပ်ချင်တာလဲ။ )

“ ဘရူး ... ။ ”

အတွေးမဆုံးခင် ဓား(၁၂)လက်သည် လေထုအလယ်ပျောက်သွားပြီး သူ့နှင့်သုံးမီတာ အကွာ၌ စက်ဝိုင်းအသွင်ပြန်ပေါ်လာသည်။

သူ့ဆုတ်ခွာမှုလမ်းကို ဖြတ်တောက်လိုက်ခြင်းပေပင်။ ရုတ်ခြည်း မျက်နှာချင်းဆိုင်အရပ်မှ ဓားသည် သူ့ထံ ပြေးဝင်လာသည်။

“ ဟမ့် ... ။ ”

“ ကလန် ... ကလန် ...။ ”

ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာလျက် ရေနက်ဓားဖြင့် ချက်ချင်း ပိတ်ဆို့ဟန့်တားလိုက် တော့သည်။

“ ဝူး ... ။ ”

“ ရွှပ် ... ။ ”

“ ကလန် ... ကလန် ... ။ ”

ထိုစဉ်ကျန်ရှိနေသော ဓားများလည်း ဝင်ရောက်လာသဖြင် ရေနက်ဓားကို (၉)လက် အဖြစ် ပြန်လည်ခွဲထုတ်ကာ ချေဖျက် လိုက်ရသည်။

သို့သော် ဓား(၁၂)လက်သည် ကြိုးတစ်ချောင်းဖြင့် ချိတ်ဆက်ထားသကဲ့သို့ စနစ်တကျ ဆုတ်ခွာ၊ တိုက်ခိုက်နေသည်။

“ ..... ။ ”

များမကြာခင် တရွေ့ရွေ့ဆုတ်ခွာလျက် အဖိုးအိုတစ်ယောက် အကျင်းအကြပ်ထဲ တွန်းပို့ ခံလာရသည်။ ရေနက်ဓားများသည်လည်း အနားမရချေ။

“ ကလန် ... ကလန် ... ။ ”

ဓားတစ်လက်ကို ချေဖျက်နေစဉ် နောက်ထပ်ဓားတစ်လက် ဝင်ရောက်လာမည်။ ၎င်းကိုထပ်မံ ဟန့်တားလိုက်ချိန်တွင် တတိယဓား ဝင်ရောက်လာပြန်၏။

“ ကလန် ... ကလန် ... ။ ”

ဤနည်းဖြင့် ဓား(၁၂)လက်မှာ အဆက်မပြတ် တိုက်ခိုက်နေသည်။ အဆုံးမရှိ ဓားသံသရာနှင့် တူချေ၏။

“ ဓားအစီရင် ... ။ ”

အဆုံးတွင် အဖိုးအိုမှာ နားလည်လာ၏။ ဤဓားသံသရာကို ဖြတ်တောက်နိုင်မှသာလျှင် ကွင်းဆက်ပြတ်သွားပေမည်။

ယင်းသည် လေဟာနယ်ဓားသုတ္တန်ရှိ ‘ရှေးဦးကောင်းကင်ဘုံ ဓားအစီရင်’ ဖြစ်သည်။ ၎င်းတွင် အဆင့်(၇)ဆင့်ရှိ၏။ ချုပ်နှောင်ခြင်း၊ သတ်ခြင်းဖြတ်ခြင်းတို့ကို ဦးတည်သည်။

ပထမအဆင့်တွင် ဝိညာဉ်ရေးဓား(၁၂)သာ လိုအပ်ပြီး ရန်သူကိုတဖြည်းဖြည်းကန့်သတ်ကာ အဆုံး၌ သတ်ဖြတ်ပေမည်။ ထို့ကြောင့် ကူချန် ဝှက်ဖဲအဖြစ် ယူဆနိုင်၏။

“ ကလန် ... ကလန် ... ။ ”

ဝိညာဉ်ရေးဓား (၁၂)လက်၏ တိုက်ခိုက်မှုသံသရာသည် အဖိုးအိုကို အသက်ရှူ ကြပ်လာစေသည်။

အဆုံးမရှိ ပြင်းထန်ပြီး ကြောက်ရွံ့စရာ ကောင်းကာ ဤအတိုင်းသည်သာဆက်သွားက သေနိုင်မည်။

( ငါ ဘာလုပ်သင့်လဲ။)

ဤပတ်ဝန်းကျင်တွင် အခြားသော ဝင်္ကပါတစ်ခုလည်း ရှိနေသည်။ ဓားအစီရင်ထံမှ လွတ်မြောက်သော်လည်း ထိုဝင်္ကပါအလွှာကို ဖောက်ထွက်ရန်လိုနေ၏။

အဆုံး၌ အသက်ပြင်းပြင်းရှူပြီး လေထဲရပ်နေသော တစ်ဖက်လူငယ်ထံသို့ မော့ကြည့်လိုက်သည်။

“ သတ် ... ။ ”

“ ဘရူး ... ။ ”

ထိုအကြည့်ကြောင့် ကူချန်သည်လည်း သတိဝင်လာပြီး ဝိညာဉ်ရေး ဓား(၁၂)လက်ဖြင့် သတ်ဖြတ်မှု စတင်လိုက်တော့၏။

“ ချိုးဖြတ် ... ။ ”

အဖိုးအိုခမျာ ဆုံးဖြတ်ပြီးဖြစ်ရာ စာလိပ်တစ်ခုထုတ်ယူကာ ချက်ချင်း ဖြေချလိုက် တော့သည်။ ယင်းသည် တံဆိပ်ခတ်ထားသော ကြာနီမီးတောက်ဖြစ်၏။

ထိုစာလိပ် ဖြည်ကျလာသည်နှင့် ပတ်ဝန်းကျင် အပူချိန် မြင့်တက်ကာ ရွှေရောင် အလင်းများ ဖြာထွက်လာသည်။ အနီးဆုံးရှိ ရေနက်ဓားကိုးလက်နှင့်အတူ ဝိညာဉ်ရေး ဓားအချို့မှာ အရည်ပျော်သွား၏။

“ ဖျစ် ... ဖျစ် ... ဖျစ် ... ။ ”

တခဏချင်းမှာပင် ပြိုင်ဘက်ကင်း ဝိညာဉ်ဝင်္ကပါနှင့် လမ်းကြောင်း(၈)သွယ် ဝိညာဉ်ပိတ်ဆို့ခြင်း အစီရင်ထံ ကူးစက် လောင်မြိုက်သွားသည်။

“ သတ် ... ။ ”

“ ဝှစ် ... ။ ”

ထို့ကြောင့် ကူချန်မှ အလျင်လိုလာပြီး ကျန်ရှိနေသေးသောဓားများဖြင့် ဆက်သွယ်ကာ အဖိုးအိုကိုသတ်ရန် ကြိုးစားတော့၏။

အဖိုးအိုမှ တံဆိပ်တစ်ခုထုတ်ယူလျက် အသက်သွင်းလိုက်ရာ သူ့‌‌ရှေ့သဏ္ဍန်မဲ့စွမ်းအား နံရံတစ်ခု ဖြစ်ပေါ်လာသည်။

“ ကလန် ... ကလန် ... ။ ”

သတ္ထုရိုက်မိသံများ ထွက်လာပြီး သုံးပေအကွာ၌ ဝိညာဉ်ရေးဓားများ အစီစီအရီရီ ရပ်တန့်ကုန်သည်။ သို့သော် ၎င်းဓားများသည် လက်မလျော့သေးဘဲ အဆက်မပြတ် ချိုးဖြတ်ရန် ကြိုးစားနေ၏။

“ ကလန် ... ကလန် ... ။ ”

ထိုမြင်ကွင်းကြောင့် တုန့်ဆိုင်းခြင်းမရှိ ရေနက်ကြိုးများဖြင့် ခန္ဓာကိုယ်ပေါ်ဖုံးအုပ်ကာ မီးပင်လယ်အတွင်း ဖြတ်ပြေးသည်။

ကောင်းကင်မှကြည့်သော် အနက်ရောင် ရေဘောလုံးကြီးတစ်လုံး တောင်အရှေ့ဘက်ဆီ ဦးတည်နေသည်ကို မြင်နိုင်ချေပြီ။

***

All Chapters