ဆဌမတန်း ဝိညာဉ်မီးတောက်။
Vol. 13 Ch. 156
မီးတောက်များသည် ကောင်းကင်ပေါ် လွင့်ပျံလာပြီး ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့သွားသည်။ ခဏချင်းမှာပင် လင်းရင်တောင်ကြီးတစ်ခုလုံး မီးပင်လယ်ဖြစ်သွား၏။
ကူချန်မှ ကြယ်လက်စွပ်ကို ကောက်ယူလိုက်သည်။ တောင်ခြေရှိ လူများမှာ အရပ်အရပ်သို့ ဖြန့်ထွက်ပြေးကုန်၏။
ဝင်္ကပါ အလင်းအလွှာသည် အနက်ရောင်ရေများကို ပိတ်ဆို့ထားသော်လည်း ရေနံရံသည် ပေပေါင်းများစွာ မြင့်တက်လာနေပြီဖြစ်သည်။
တစ်ဖက်၌ ကောင်းကင်ပေါ် ရုတ်ချည်း ထိုးတက်နေသော ရွှေမီးတောက်များစွာကြောင့် နတ်နဂါးရှိ မြို့သူမြို့သားများပင် လှည့်ကြည့်ပြီး ထိတ်လန့်ကုန်တော့၏။
“ ဟိုမှာ ဘာဖြစ်နေတာလဲ။ ”
“ ထူးဆန်းတယ် ... ဒီမီးတောက်က အရမ်းပြင်းလွန်းပြီး ဒီကနေတောင် ခံစားလို့ ရတယ် ... ။ ”
ထိုအချိန်တွင် ရေနက်ဘောလုံးကြီးသည် လေထုအလယ် ပျံသန်းလျက် မိုင်ပေါင်းများစွာ ရောက်နေပြီဖြစ်သည်။
များမကြာခင် မိုးကုပ်စက်ဝိုင်းအောက်၌ အနက်ရောင်အစက် တစ်စက်အဖြစ် တိုးဝင်ကာ ပျောက်ကွယ်သွားတော့၏။
ကူချန်မှ ဆက်လိုက်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်သည်။ သူ့ ဓားစွမ်းအင်ကြောင့် ဒဏ်ရာများမှ ချက်ချင်း သက်သာနိုင်ဦးမည် မဟုတ်သေးချေ။
ထို့ပြင် တစ်ဖက်လူသည် ဝင်္ကပါအတွင်းမှ ကင်းလွတ်သွားဖြစ်သဖြင့် ဝှက်ဖဲကျန်ရှိသော် ခက်ပေမည်။
“ ဝှစ် ... ။ ”
ရုတ်တရက် နတ်နဂါးမြို့တော်မှ အကြီးအကဲတစ်ယောက် လင်းရင်တောင်သို့ အပြေးရောက်လာ၏။
“ ဘယ်လောက်တောင် ပြင်းလိုက်လဲ။ ”
တစ်ဆက်တည်းမှာပင် တောင်ထိပ်ပေါ်ရှိ ရွှေမီးတောက်ပင်လယ်ထံငုံ့ကြည့်ကာ တုန်လှုပ် သွားချေပြီ။
“ မင်္ဂလာပါ သခင်ငယ် ... ။ ”
ထိုစဉ် ကူချန်ကို လေထဲရပ်နေကြောင်း သတိပြုမိချိန်၌ ထိတ်လန့်တကြား လျင်မြန်စွာ ဦးညွှတ်နှုတ်ဆက် လိုက်တော့၏။
“ လင်းရင်ဘုံကျောင်းရဲ့ ဆယ်မိုင် အကွာအဝေးအတွင်းကနေ လူတိုင်းကို ဆုတ်ခွာ ခိုင်းပါ။ ”
“ ဟုတ်ကဲ့ နားလည်ပါပြီ။ ”
ထိုအကြီးအကဲခမျာ တုန်လှုပ်စွာဖြင့် ငုံ့ကြည့်လိုက်၏။ ပေပေါင်းများစွာ အကွာ၌ပင် ရွှေမီးတောက်၏ ကြောက်မက်ဖွယ်ရာ အပူချိန်ကို ခံစားနိုင်သေးသည်။
လင်းရင်တောင်ကြီးကို ဖုံးအုပ်ထားသော အကာအကွယ် အလင်းတန်းသည် ထိုရွှေရောင် မီးတောက်ကြောင့် အပေါက်များဖြစ်လာ၏။
“ မြို့ကလူတွေအတွက်ရော ... ။ ”
လင်းရင်ဘုံကျောင်းသည် နတ်နဂါးမြို့တော်နှင့် မဝေးချေ။ အလယ်တွင် ရေခဲမြစ်တစ်စင်းသာရှိ၏။
“ ဆုတ်ခွာခိုင်းပါ ... ။ ”
ကူချန်က ရေခဲမြစ်ထံ တစ်ချက် ပြန်ကြည့်ကာ တုန့်ပြန့်သည်။ ရေခဲမြစ်သည် ကျယ်ပြောသော်လည်း မလုံလောက်ချေ။
အမိန့်ရသောအခါ အကြီးအကဲသည် မဆိုင်းမတွ နောက်ဆုတ်သွား၏။ ကူချန်သည် ကူမိသားစု၌ မြင့်မားသောရာထူးရှိသည်။
ကူမိသားစုမှ အရာအားလုံးသည် သူ့အပေါ်တွင် မူတည်၏။ ကူဖုန်းစကားဆိုသော် ငြင်းခုံစရာရှိနေမည်။ ကူချန်ဆိုက ချွင်းချက်မရှိ လိုက်နာကြ၏။
“ ထူးဆန်းသော မီးတောက် ... ။ ”
မီးပင်လယ်ထံ ငုံ့ကြည့်ကာ ကူချန်တစ်ယောက် အံ့အားသင့်နေသည်။ တစ်ဖက်လူသည် ထိုသို့သောအချင်းအရာမျိုး ပိုင်ဆိုင်နေလိမ့်မည်ဟု မထင်ချေ။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြား ထူးဆန်းသော မီးတောက်များအကြောင်း မှတ်တမ်းများ ပြန်သတိရလာသည်။
ချင်းမူဖန်တီးခြင်း သုတ္တန်တွင် ထူးဆန်းသောမီးတောက် အမျိုးအစားပေါင်း (၁၁၅,၆၂၈) ရှိသည်။
၎င်းတို့အတွက် တူညီသောဝါကျမှာ ကောင်းကင်နှင့် ကမ္ဘာမြေမှ မွေးဖွားခြင်းဖြစ်၏။ သဘာဝမီးတောက်လည်း ဖြစ်သည်။
ဤမီးတောက်သည် ရွှေရောင်ဖြစ်ပြီး ကြည်လင်၏။ အနီးကပ်ကြည့်သော် ရေကဲ့သို့ စီးဆင်းနေသည်။ အဝေးမှကြည့်ပါက နေမင်း ကဲ့သို့ တောက်ပ၏။ မြင်သမျှအရာတိုင်းကို လောင်မြိုက်ပြီး နတ်ဆိုးများအပေါ်ပင် သက်ရောက်မှုရှိသည်။
“ ဒါက ဆဌမတန်း သန့်စင်သောဝိညာဉ်မီးတောက်။ ”
သူ့ရှေ့ရှိ ရွှေရောင်မီးတောက်ထံ ပြန်ငုံ့ကြည့်ကာ အသက်ပြင်းပြင်းရှူလျက် မှတ်ချက်ပေးလိုက်၏။
တစ်ဆက်တည်းမှာပင် တစ်ဖက်လူသည် ပိုင်ဆိုင်မှု ရတနာများကို သူနှင့်အတူ တကယ် ယူလာပုံရသည်။ ဆဌမတန်းမီးတောက်။ ဤသည်မှာ သာမန်အဆင့်မဟုတ်ချေ။
ကမ္ဘာပေါ်ရှိ ဆေးပြားများ၊ ဝင်္ကပါများ၊ လက်နက်များစသည်တို့အပေါ် အဆင့်(၁)မှ (၉) အထိ ပိုင်းခြားထားသည်။
အဆင့်(၉)သည် အနိမ့်ဆုံးဖြစ်ကာ အဆင့်(၁)သည် အမြင့်ဆုံးပေပင်။ ထို့ကြောင့် အဆင့်(၆)တွင် ရပ်တည်နိုင်သော ဤမီးသည် ရေမီးဆေးပြားထက်ပင် အဆင့်မြင့်သည်။ ရေမီးဆေးပြားမှာ အဆင့် (၇)၌သာရှိ၏။
တော်ဝင်မိသားစုဘိုးဘေးသည် သူ့ကိုနတ်ဆိုးတစ်ကောင်အဖြစ် ရှုမြင်ထားကာ အခြားသော ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများကို ချန်လှပ်ထားခဲ့ခြင်းဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် အခြားသောလူများကို ခေါ်ဆောင်လာခြင်းဖြင့် နတ်ဆိုးဝိညာဉ် ဝင်ရောက် သိမ်းပိုက်ခြင်း ခံရမည်ကို စိုးရိမ်နေခြင်းပေပင်။
ယင်းအစား နတ်ဆိုးများကို သတ်ဖြတ်နိုင်သော သန့်စင်သောမီးတောက် ယူဆောင်လာခဲ့ခြင်းဖြစ်သည်။
ဤသန့်စင်သောမီးတောက်ကို ထိုလူသည် မသန့်စင်ရသေးချေ။ စာလိပ်ထဲ ထည့်သွင်းကာ တံဆိပ်ခတ်ထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ချင်မိသားစု၏ အကြီးမားဆုံး ဝှက်ဖဲပေပင်။
ဖြစ်ရပ်များအပေါ် အကြမ်းဖျင်း ခန့်မှန်းချက်ထုတ်ပြန်ပြီးနောက် သန့်စင်သော ဝိညာဉ်မီးတောက်ထံ ပြန်ကြည့်လိုက်သည်။
ဤမီးတောက်ကို ထိန်းချုပ်လိုပါက မီးဒြပ်စင်စွမ်းအင်ကျင့်ကြံမှု နည်းစနစ်တစ်ခုခု လေ့ကျင့်ရပေမည်။
သူသည် အဂ္ဂိရတ်ပညာရှင် သို့မဟုတ် ဝိညာဉ်လက်နက် သန့်စင်သူ တစ်ဦးဦးဖြစ်လျှင် ပိုကောင်းနိုင်မည်။ ၎င်းတို့သည် သဘာဝအတိုင်း မီးတောက်ကို ကောင်းစွာထိန်းချုပ်နိုင်၏။
ချင်မိသားစု၏ ကျင့်ကြံမှုနည်းစနစ်သည် ရေဒြပ်စင်နှင့် ဆက်နွယ်နေပုံပင်။ ကမ္ဘာကြီး၌ စွမမ်းအင်ငါးမျိုးရှိ၏။
ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေကြီးဖြစ်သည်။ ဤစွမ်းအင်ငါးမျိုးသည် အတွင်းအင်္ဂါငါးပါးတွင် စုစည်းလျက် အချင်းချင်းအားဖြည့်နေသည်။
တစ်စုံတစ်ဦးသည် ထိုစွမ်းအင်များအနက် တစ်မျိုးကို အထူးပြုကျင့်ကြံကာ ထူးခြားမှုများ ပြသနိုင်ခြင်းဖြစ်သည်။ ရေနှင့် မီးသည် အမြဲတမ်းပဋိပက္ခပေပင်။
***
ဝိညာဉ်မီးတောက်များကို သန့်စင်ရာ၌ မူလမျိုးစေ့ကို မြင်နိုင်ရန်လို၏။ အခြားသူများ အတွက် ထိုအရာသည် ခက်ခဲနိုင်မည်။
ကူချန် အတွက်မူ ဆန့်ကျင်ဘက်ပေပင်။ တောက်ပစွာ လောင်ကျွမ်းနေသော ရွှေရောင် အလင်းတန်းများကို အသေးစိတ်မြင်နိုင်၏။
“ ကံကြမ္မာမျက်ဝန်း ... ။ ”
သန့်စင်သောမီးတောက်သည် မီးပင်လယ်အတွင်း သက်ရှိကဲ့သို့ လှုပ်ရှား နေသည်။ ၎င်းမှ လှည့်ပတ်လိုက်စဉ် မီးပင်လယ် ဧရိယာသည် ပို၍ကျယ်လာ၏။
လက်ရှိ ကျင့်ကြံမှုအဆင့်သည် ယွမ်ဖူ၌သာရှိသဖြင့် မီးတောက်ကိုသန့်စင်နေစဉ် စွမ်းအင် မလုံလောက်မည်ကို စိုးမိသည်။
ခရမ်းရောင်နေမင်းနယ်ပယ်ကို ဦးစွာ ဖြတ်ကျော်ပြီးမှသာလျှင် သန့်စင်သင့်ချေပြီ။ တော်ဝင်ဘိုးဘေးဆိုသူသည် ပြင်းစွာ ဒဏ်ရာ ရရှိသွားသည်။ အချိန်တိုအတွင်းမှာ လာဝံ့တော့မည် မဟုတ်ချေ။
စင်ကြယ်ခြင်းနယ်ပယ်သို့ ရောက်သော် ပြတ်တောက်နေသော ခြေလက်အင်္ဂါများကိုပင် ပြန်လည်မွေးဖွားနိုင်သည်။
သို့သော် ခရမ်းရောင်နေမင်း နယ်ပယ်နှင့် ယွမ်ဖူနယ်ပယ်သည် ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်သည် ကွာခြားချက် ကြီးကြီးမားမားမရှိချေ။
ဆိုလိုသည်မှာ တော်ဝင်ဘိုးဘေးသည် ပြန်လည်ကောင်းမွန်လာစေရန် လပေါင်းများစွာ ကြာနိုင်မည်။
ထိုအချိန်တွင် သူသည် ခရမ်းရောင် နေမင်းနယ်ပယ်သို့ ဖြတ်ကျော်သွားနိုင်ပေမည်။ အတွေးများဖြင့် လင်းရင်တောင်ကို ငုံ့ကြည့်၏။
စိတ်မကောင်းစရာပေပင်။ ဦးစွာ ရေနက်စီးကြောင်းများကြောင့် ချိုင်းဝှမ်းများစွာ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် သန့်စင်သော မီးတောက်မှ လောင်ကျွမ်းပြန်၏။
ချွင်းချက်မရှိ ပျက်စီးခြင်းပေပင်။
***
ထိုအချိန်တွင် တောအတွင်း တစ်နေရာ၌ ချင်အေတစ်ယောက် စက္ကူရွက်ကဲ့သို့ မျက်နှာ ဖြူဖျော့နေသည်။
ရင်ဘတ်ကို ဘယ်လက်ဖြင့် အုပ်ကိုင်ကာ ညာလက်သည် သစ်ပင်ထံ ထောက်ထား၏။
“ အဟွတ် ... အဟွတ် ... ။ ”
“ ဝေါ့ ... ။ ”
သွေးချောင်း (၂)ကြိမ်ဆိုးပြီးနောက် လည်ချောင်းထဲတွင် ချိုမြိန်သော အရသာများ ခံစားခဲ့ရပြီး သွေးများထွေးထုတ်လိုက်၏။
ရန်သူသည် လိုက်မလာတော့သဖြင့် သက်ပြင်းတစ်ချက်ချကာ ထိုင်စရာနေရာကို အမြန်ရှာလိုက်ပြီး သိုလှောင်လက်စွပ်အတွင်းမှ ဆေးပြားများ ထုတ်ယူလိုက်သည်။
တုန့်ဆိုင်းခြင်းမရှိ မော့သောက်လျက် တင်ပျဉ်ခွေထိုင်ကာ ချက်ချင်းသန့်စင်တော့၏။ ဆေးအာနိသင်သည် ခြေလက်များ အရိုးများထံ ဖြတ်စီးလျက် စီဆင်းလာချေပြီ။
အချိန်မည်မျှ ကုန်လွန်သွားမှန်းမသိချေ။ လရောင်များထွန်းလင်းလျက် ကြယ်တာရာများ ထွက်ပေါ်လာသည်။ ပြတ်ရှရာများသည် လျင်မြန်စွာ ကောင်းမွန်လာ၏။
သို့သော် အတွင်းရှိဒဏ်ရာများသည် ကျန်ရှိနေဆဲပေပင်။ ကြောက်ရွံ့မှုနှင့် စိုးရိမ်မှု အရိပ်အမြွက်များ ပေါ်လာပြီး အံကြိတ်ကာ မျက်ဝန်းများ ပြန်ဖွင့်လိုက်တော့သည်။
ဤတစ်ကြိမ်၌ သူ စိတ်ကူးများသည် မှားယွင်းသွားပေသည်။ ထိုကူချန်သည် နတ်ဆိုး ဝိညာဉ်မဟုတ်ချေ။ ထူးဆန်းနေချေပြီ။
ထိုမျှငယ်ရွယ်သော တစ်စုံတစ်ယောက် အနေဖြင့် အထောက်အပံ့မရှိဘဲ အစွမ်းထက် နိုင်သည်လော။ မည်သို့သော် ဘီလူးမျိုးနည်း။ မယုံနိုင်စရာပေပင်။
***