← Chapters

ငါက ခရီးသည်တစ်ယောက်ပဲ ... ။

Vol. 13 Ch. 158

ငါက ခရီးသည်တစ်ယောက်ပဲ ... ။

Vol. 13 Ch. 158

“ ထွက်သွားစမ်း ... ။ ”

( ဟားဟားဟား ... ။ )

ချင်အေသည် သူ့ခန္ဓာကိုယ်ကို ထိန်းမနိုင်သိမ်းမရဖြစ်လာ၏။ အသိစိတ်အတွင်း အော်ဟစ်ရယ်မောသံများ ညံနေသည်။

( ဟားဟားဟား ... ဘိုးဘေးချင် မင်းဒါကို မမျှော်လင့်ထားဘူး မဟုတ်လား။ )

“ နတ်ဆိုးကောင် မင်းသူ့ခန္ဓာကိုယ်ကို ဘယ်တုန်းက သိမ်းပိုက်ခဲ့တာလဲ။ ”

ချင်အေ အတွေးများကို လျင်မြန်စွာ စုစည်းလျက် အရိပ်နတ်ဆိုး၏ကျူးကျော်မှုကို အစွမ်းကုန် တွန်းလှန်နေသည်။

( ဒါက အရေးကြီးလို့လား ... အခု မင်းအရမ်းအားနည်းနေတယ် ငါ့ကိုခုခံတာ ရပ်ပြီး မင်းခန္ဓာကိုယ်ကို ပေးလိုက်ပါ ...

... မင်းကို ဘယ်သူ နာကျင်အောင် လုပ်နေပါစေ မင်းအစား ငါလက်စားချေဖို့ ငါကူညီပေးမယ်။ )

“ မစဉ်းစားနဲ့ ... ။ ”

( ဟားဟားဟား ... ။ )

ချင်အေတစ်ယောက် မျက်လုံးများ နီရဲလျက်အံကြိတ်ကာ တုန့်ပြန်လိုက်တော့၏။ အရိပ်နတ်ဆိုးမှ ကျေနပ်စွာရယ်သည်။

( ငါမင်းကို အကြံပေးမယ် ... မင်းငါနဲ့ကျေကျေနပ်နပ် ပူးပေါင်းလိုက်တာက မင်းအတွက် မနာချင်စေရဘူး ... ။ )

... ပြီးတော့ မင်းရဲ့ချင်မိသားစု အုတ်မြစ်ဟာလည်း နောက်ထပ် နှစ်ပေါင်း ထောင်ဂဏန်းလောက် တည်မြဲလိမ့်မယ်။ )

“ မင်း ... ။ ”

“ ကျွီ ... ဝုန်း ... ။ ”

ရုတ်တရက် နွေးထွေးသော စွမ်းအင်စီးကြောင်းသည် ချင်ထိုက်ခန္ဓာကိုယ်ကို နေအိမ်အပြင်သို့တွန်းထုတ်ကာ အိမ်တံခါး ပိတ်စေတော့၏။ ခြံဝန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားလေသည်။

***

နတ်နဂါးမြို့တော်။

လင်းရင်တောင် တိုက်ပွဲအပြီးတွင် ကူချန်သည် အခြားသူများကို အသိပေးစာများ ပေးပို့ခဲ့သည်။

တာအိုချင်းရှ၊ ချင်းဖန်၊ မင်ယွဲ့၊ ကူဖုန်း၊ ကူချန်ယွင်နှင့် အခြားသူများသည် မီးစာငှက်များ စီးနင်းလျက် ပြန်ရောက်လာ၏။

ချန်ယွင်ထံမှ သတင်းများရသည်နှင့် ဤလူများကို နတ်နဂါးမြို့မှ ထွက်ခွာစေကာ လွတ်ကင်းသောအရပ်၌ ပုန်းအောင်း နေစေခဲ့သည်။

“ ဝှစ် ... ။ ”

တာအိုချင်းရှက ချွယ်အာ‌ပေါ်မှ ခုန်ဆင်းလျက် ရွှေရောင်မီးပင်လယ်ကို ပါးစပ် အဟောင်းသားဖြင့် ကြည့်လိုက်သည်။

“ သန့်စင်သောဝိညာဉ်မီးတောက်။ ”

“ ဝှစ် ... ။ ”

လူတိုင်း သူ့ဘေးသို့ ခုန်ဆင်းလာပြီး မီးပ်ငလယ်ကြီးထံ ကြည့်၏။ မီးပင်လယ်ကြီးမှ အပူရှိန်သည် ကြောက်စရာကောင်းချေပြီ။

အချင်းရှစ်မိုင်ခန့် ကျယ်ဝန်း၏။ ဤတောင်ကြီးသည် မီလောင်လွယ်သော ဒေသမျိုးမဟုတ်ချေ။ သို့တိုင် မီးပင်လယ်အဖြစ် ပြောင်းလဲနေ၏။ တာအိုချင်းရှမှ၊

“ သူ မင်းကို လက်ဆောင်ပေးခဲ့တာပဲ။ ”

-ဟု ရေရွတ်လိုက်သည်။

ကူချန်မှ မျက်ခုံးပင့်လျက် လှည့်ကြည့်၏။

“ ဆရာ ... မင်းဒီလောက် ဟာသဉာဏ် ရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ”

“ ဘာဖြစ်လို့လဲ ... ဒီမီး‌တောက်မျိုးက ကောင်းကင်နဲ့ မြေကြီးကနေမွေးဖွားတဲ့ သဘာဝ ရတနာပဲ ရှားပါးရတနာတွေ ... သူသေပြီလား။ ”

“ မသေဘူး ... သူက ဒီမီးတောက်ကို စာလိပ်တစ်ခုထဲ တံဆိပ်ပိတ်ထားပြီး ဝင်္ကပါကို ချိုးဖြတ်ထွက်ပြေးသွားတယ် ... သူ့လက်ထဲမှာ ဒီလိုဝှက်ဖဲ ရှိနေလိမ့်မယ်လို့ မမျှော်လင့်မိဘူး ငါ့အတွက် နည်းနည်းတော့ ကံဆိုးတယ်။ ”

“ ဒါဆို လုံလောက်ပြီ ... မင်းရဲ့ ရှင်းပြလိုတဲ့ ဆန္ဒတွေကို ရပ်လိုက်ပါ။ ”

တာအိုချင်းရှမှ ကူချန်ကိုဟန့်တားလျက် သူ့ရှေ့ရှိ မီးပင်လယ်ထံကြည့်ကာ သက်ပြင်းချ လိုက်လေသည်။

“ မင်း ... ဒီဘိုးဘေးကို ကျေးဇူးမကန်းနဲ့ ဒီလိုကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာမျိုးဆိုတာ ကံကြမ္မာပါမှ ရထိုက်တာ ... ပြီးတော့ မီးတောက်က အရည်အသွေးမြင့်တဲ့ပုံပဲ ...

... ဒါကို မင်းက ကံဆိုးတယ်ပြောရင် ဒီကမ္ဘာကြီးမှာ ဘယ်သူ ကံကောင်းချင်ဦးမလဲ အဲဒီဘိုးဘေးက ခရမ်းရောင် နေမင်းနယ်ပယ် ကျင့်ကြံသူပါ ...

... ဒါတောင် အခုမှ ဝင်ရောက်နိုင်တဲ့ လူမျိုးမဟုတ်ဘူး ဒီနယ်ပယ်မှာ နှစ်ပေါင်းများစွာ ရောက်ရှိနေခဲ့တဲ့ ဘီလူးတစ်ကောင်ပဲ ... မင်း ဒီရလာဒ်ကို ကျေနပ်သင့်ပြီ။ ”

တာအိုချင်းရှလေသံတွင် ကူကယ်ရာမဲ့ နေချေပြီ။ သူဆိုသော် နယ်ပယ်တူ အချင်းချင်း သတ်နိုင်ရုံဖြင့် ထခုန်နေမည်မှာ သေချာ၏။

ယွမ်ဖူနယ်ပယ်ဖြင့် ခရမ်းရောင်နေမင်း နယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို ဆိုးရွားစွာ ဒဏ်ရာပေးနိုင်သည်မှာ ကျေနပ်စရာပေပင်။

“ ဆရာ ... မင်းရဲ့ ဘုံကျောင်းတော့ ပြာဖြစ်သွားပြီ။ ”

ကူချန်မှ ငုံ့ကြည့် ပြောကြားလိုက်သည်။ တာအိုချင်းရှက ဂရုမစိုက်ဘဲ လက်ဝှေ့ရမ်းကာ၊

“ ဘာဖြစ်လဲ ... မင်းအဖေက ငါ့ကိုပြန်ဆောက်ပေးမယ်လို့ ကတိပေးထားယ်၊ ငါဆန္ဒရှိသလောက် ကြီးကြီးဆောက်နိုင်ပြီ။ ”

-ဟု တုန့်ပြန်၏။

“ ဒါပေမယ့် ... ဒါက အသစ်ပဲ မင်းရဲ့လင်းရင်ဘုံကျောင်း ဖြစ်မလာတော့ဘူး။ ”

“ ငါက အစတည်းက ဒီကမ္ဘာကြီးရဲ့ ခရီးသည်ပါ ... လင်းရင်ဘုံကျောင်းဖြစ်ဖြစ် ဒါမှမဟုတ် ကူမိသားရဲ့ ဘုံကျောင်းဖြစ်ဖြစ် ငါ့အတွက် မကွာခြားပါဘူး။ ”

“ စိတ်ချပါ ... ဆရာတော် မင်းဆန္ဒရှိတဲ့အတိုင်း လင်းရင်ဘုံကျောင်းပုံစံ လိုချင်ရင် ... ငါ့ရဲ့ကူမိသားစုက ပြန်ဆောက်ပေးမှာပါ။ ”

သူတို့စကားဝိုင်းကို ဘေးမှ ရပ်နားထောင်နေသော ကူဖုန်းက လေးနက်စွာ ကတိပေးသည်။

“ မင်းအတိအကျတူချင်လား ဒါကို ငါ အာမမခံနိုင်ပေမယ့် (၈၀%) ကနေ (၉၀%)အထိ တူအောင်တော့ သေချာပေါက် လုပ်နိုင်ပါတယ်။ ”

“ ခေါင်းဆောင်ကူကို ငါယုံတယ် ... ကူမိသားစုက ချမ်းသာပြီးဂုဏ်သိက္ခာကြီးမားတဲ့ မိသားစုပါ ... ငါ့လို အဘိုးကြီးတစ်ယောက်ကို လှည့်စားနေမှာ မဟုတ်ဘူး။ ”

ထို့နောက် တာအိုချင်းရှက သူ့မေးစေ့ကို ပွတ်သပ်ပြီး၊

“ တကယ်တော့ အရင်ပုံစံအတိုင်း ပြန်ဆောက်ဖို့မလိုဘူး အရင်ပုံစံက လိုအပ်ချက် အများကြီးရှိတယ် ... ငါတို့ လိုအပ်တာတွေ ထည့်ဖြည့်ဆောက်ရမယ်။ ”

-ဟု ရေရွတ်လိုက်၏။ ဤနေရာအရောက်တွင် ချင်းဖန်မှ မျက်ခုံးပင့်ပြီး သိလိုစိတ်ဖြင့် မေးမြန်းလာသည်။

“ ဆရာ ... လင်းရင်ဘုံကျောင်းပုံစံက ဘာတွေများလိုအပ်နေလို့လဲ။ ”

“ အိမ်တွေ ... ။ ”

“ ဟမ် ... ။ ”

“ ဟုတ်တယ်လေ ... တောင်တန်း အနောက်ဘက်က ခြံဝင်းတွေအားလုံး အရမ်းကို သီးသန့်ဆန်နေတာ မင်းမမြင်ဘူးလား။ ”

“ ဆရာ ... ငါနားလည်ပြီ ... မင်းက မုဆိုးမချောချောလေးကို မင်းနဲ့အတူခေါ်ထားဖို့ စီစဉ်နေတာမဟုတ်လား။ ”

“ ဖြောင်း ... ။ ”

“ ဟမ့် ... မင်းဘာတွေ ပြောနေတာလဲ ... ဘယ်သူက မုဆိုးမချောချောလေးလဲ ... ငါဒီမှာ ငါတစ်ယောက်လုံး ရှိနေတာ မင်းမြင်လား။ ”

စကားမဆုံးခင်ကပင် တာအိုချင်းရှက ချင်းဖန်ဇာတ်ပိုးကို ဖြန်းခနဲအုပ်လိုက်ပြီးဖြစ်၏။ ချင်းဖန်မှ နာကျင်ဟန် ရှုံ့မဲ့ပြလေသည်။

ရုတ်တရက် လူတိုင်း တာအိုချင်းရှထံ ကြည့်လာကြသည်။ တာအိုချင်းရှတစ်ယောက် မျက်နှာနီရဲနေချေပြီ။

တစ်ဖက်တွင် ကူချန်သည် မပြုံးနိုင်ချေ။ တော်ဝင်ဘိုးဘေးသည် ဒဏ်ရာအပြင်းအထန် ရရှိသွားသဖြင့် ပြန်လာမည်မဟုတ်သော်လည်း အချိန်ကန့်သတ်ချက် ရှိသည်။

“ ငါ ခရမ်းရောင်နေမင်း နယ်ပယ်ကို ဖြတ်ကျော်ဖို့ ကြိုးစားတော့မယ် အရေးတကြီး ကိစ္စရှိလာရင် ဆက်သွယ်ရေးတံဆိပ်သုံးပါ။ ”

ဆက်သွယ်ရေးတံဆိပ်သည် အစီရင်အဆောင် အမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းကိုနှစ်ပိုင်းခွဲခြင်းဖြင့် နှစ်ဦးကြား အချက်ပြ ဆက်သွယ်နိုင်၏။

သူ့ ဆက်သွယ်ရေးတံဆိပ်သည် မိုင်တစ်သောင်းအကွာအဝေးကို ဆက်သွယ်နိုင် ပေသည်။ ယင်းသည် နဝမအဆင့် ဖြစ်၏။

“ အစ်ကို ... မင်း ခရမ်းရောင် နေမင်းနယ်ပယ်ကို တက်ရောက်နိုင်ပြီလား။ ”

ကူချန်၏ ရုတ်တရက် စကားကြောင့် ချန်ယွင်ခမျာ မျက်လုံးပြူးသွားသည်။ ကူချန်က ခေါင်းရမ်းပြလျက်၊

“ မသိသေးဘူး၊ အခွင့်အလမ်း ရှိ-မရှိကို စမ်းကြည့်ရမယ် အခွင့်အလမ်း မရှိရင်တော့ တခြားနည်းလမ်း စဉ်းစားရမှာပဲ။ ”

-ဟု တုန့်ပြန်ဖြေကြားလိုက်တော့၏။

***

All Chapters