ရိုးသားမှုသည် လူအများအတွက် ဖိအားဖြစ်စေ၏။
Vol. 13 Ch. 159
ခရမ်းရောင်နေမင်း နယ်ပယ်။ ဤနယ်ပယ်သည် ချီစုစည်းခြင်းနယ်ပယ်ဖြင့် များစွာ ကွာဟချက်ကြီးမားချေပြီ။
ရှန်ရှင်း၊ယွမ်ဖူဟူသော နယ်ပယ်ကြီး နှစ်ရပ်ခြား၏။ သူ ချီစုစည်းခြင်း နယ်ပယ်သို့ ရောက်ရှိလာချိန်၌ သူ့အစ်ကိုသည် ရှန်ရှင်း နယ်ပယ် ဖြစ်သည်။
ယွမ်ဖူနယ်ပယ်သို့ တက်ရောက်ထားသည်မှာ မကြာသေးချေ။ ခရမ်းရောင် နေမင်းနယ်ပယ်သို့ တက်ရောက် ပေတော့မည်။ အစ်ကိုနှင့် သူ့ကြား ကွာဟချက်မှာ ပို၍ကြီးမားပြီဖြစ်၏။
“ အစ်ကို၊ မင်းရဲ့ ကျင့်ကြံမှုက ဘာလို့ဒီလောက်တောင် မြန်နေရတာလဲ။ ”
ချန်ယွင်မှ နုံးချိစွာမေးသည်။
“ မြန်နေတာလား ... ။ ”
ကူချန်တစ်ယောက် ရေရွတ်လိုက်၏။ သူသည် ပြီးပြည့်စုံသော ရှန်ရှင်းကိုယ်ခန္ဓာဖြင့် မွေးဖွားလာခဲ့ပြီး ဝိညာဉ်စွမ်းအင်များကို အလွယ်တကူ သိရှိနိုင်ခဲ့သည်။
သို့သော် တစ်ဖက်တွင် ရှန်ရှင်းခန္ဓာဖြင့် မွေးဖွားသောကြောင့် ယွမ်ဖူနယ်ပယ်ရောက်ရန် (၁၇)နှစ်ကြာခဲ့ကြောင်း မည်သူမျှမသိချေ။
ဤကမ္ဘာကြီးတွင် မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများ ရှန်ရှင်းနယ်ပယ်၌ ပိတ်မိနေကြသည်။
ဥပမာအားဖြင့် တာအိုချင်းရှသည် ထိုနယ်ပယ်၌ နှစ်ပေါင်း (၄၀)ကျော်ကြာအောင် ပိတ်မိနေခဲ့၏။ သူ့ အကူအညီမပါသော် သည့်ထက် ပိုကြာနိုင်မည်။
သို့မဟုတ် သက်တမ်းလည်း ကုန်ဆုံးသွားနိုင်မည်။ လက်ရှိ ယွမ်ဖူနယ်ပယ်၌ ပြီးပြည့်စုံရန် (၈)နှစ်အချိန်ယူခဲ့ရ၏။
ဤသည်မှာ ဖြုန်းတီးမှုများသာဖြစ်သည်။ အမှန်တွင် ခရမ်းရောင်နန်းတော် ဖွင့်လှစ်ခြင်းမှာ အချိန်သိပ်မကြာချေ။
ရှန်ရှင်းနယ်ပယ်သည်လည်း အလားတူပေပင်။ အသက်(၁၅)နှစ်တိုင်အောင် ဤကမ္ဘာကြီးအပေါ် နားလည်ရန်နှင့် ယခင်ဘဝ အသိပညာများ အသုံးဝင်ခြင်း ရှိ-မရှိ သုံးသပ်ခဲ့ရသည်။
အမှန်တကယ်ကျင့်ကြံသည်မှာ ထိုနောက်ပိုင်းဖြစ်သည်။ ထို့ကြောင့် သူ့သည် ရှန်ရှင်းနယ်ပယ်တွင် (၃)နှစ်သာ ကြာပြီး ယွမ်ဖူနယ်ပယ်၌ (၈)နှစ်ကြာခဲ့၏။
ယင်းသည် ချန်ယွင်ပြောသလောက် မြန်ခြင်းမရှိချေ။တာအိုချင်းရှမှ မျက်ခုံးပင့်လျက်၊
“ ချန်ယွင် ... မင်းမေးခွန်းမှားနေတယ် မင်းအစ်ကိုကို ဘာလို့ဒီလောက် မြန်နေတာလဲ မမေးသင့်ဘူး ... မင်းမေးရမှာက ဘာလို့ ပုံမှန်ထက်လွန်ကဲနေတာလဲလို့ မေးရမှာ။ ”
-ဟု ပြောကြားလိုက်သည်။ ကူချန်မှ ပတ်ဝန်းကျင်မှ အကြည့်များကြောင့် ခေါင်းရမ်း လိုက်လေသည်။
“ ဒါကို မြန်တယ်လို့ မခေါ်ဘူး ... ငါ့ရဲ့ကျင့်ကြံရမဲ့ အချိန်အများစုအပေါ် အရင်က ဖြုန်းတီးမိခဲ့တယ် မဟုတ်ရင် မင်းပြောတဲ့ အမြန်နှုန်းကို ရောက်လာမှာ သေချာတယ်။ ”
ဤတစ်ကြိမ်၌ လူတိုင်း တိတ်ဆိတ်သွားချေပြီ။ မှတ်ကုန်ကြသည်လော။ တစ်ဖက်လူသည်သာ ဝီရိယစိုက်ထုတ်သော် ယခုထက်ပင် ပိုမြန်နိုင်မည်ဟု ဆိုနေ၏။
တာအိုချင်းရှက သက်ပြင်းချကာ၊
“ ကောင်းပြီ ... မင်း ရှင်းပြဖို့ မကြိုးစားနဲ့တော့ ရှင်းမပြတာ ပိုကောင်းတယ် မဟုတ်လို့ မင်းရှင်းပြပြီးတာနဲ့ အားလုံး စိတ်ဓါတ်ကျကုန်လိမ့်မယ် ... ။ ”
-ဟု ဟန့်တားလိုက်သည်။
ကူချန်မှ သူ့ပတ်ဝန်းကျင်ရှိ တိတ်ဆိတ်နေသော လူအုပ်ကြီးကို ကြည့်ပြီး ခေါင်းယမ်းလိုက်၏။
ဤသည်မှာ အမှန်တရားပေပင်။ သည်လူများအတွက် နားမလည်နိုင်သည်မှာ စိတ်မကောင်းစရာဖြစ်၏။ ကမ္ဘာကြီးတွင် ရိုးသားမှုမှာ အသုံးဝင်ပုံမရချေ။
“ သွားပါ ... ငါတို့ကိုယ့်ကိုကိုယ် ဂရုစိုက်လိုက်မယ် ... မင်းရဲ့ကျင်ကြံမှုတွေကို အာရုံစိုက်ပါ ငါတို့အတွက်နဲ့ မဖြုန်းတီးမိစေနဲ့။ ”
တာအိုချင်းရှမှ နာကျင်စွာ မောင်းထုတ်တော့၏။ ကူချန်၏ ရိုးသားမှုသည် သူတို့ကို ဖိအားဖြစ်စေမည်။
“ အဲဒီလောက်လည်း မဟုတ်ပါဘူး။”
ကူချန်မှ ကူကယ်ရာမဲ့ကုန်သော လူအများထဲဝေ့ကြည့်ကာ ပြုံးလျက် ပြောသည်။
“ မဟုတ်ဘူး ... ဒါက အရမ်းအရေးကြီးတယ် မင်း ခရမ်းရောင်နေမင်း နယ်ပယ်ရောက်ဖို့လိုတယ်။ ”
ကူချန်က သံသယများဖြင့် တာအိုချင်းရှထံ ကြည့်ကာ၊
“ ဒါဆို ... ငါအရင်သွားနှင့်မယ်။ ”
-ဟု နှုတ်ဆက်သည်။
“ သွားတော့ မင်းမြန်မြန်သွား ... ။ ”
စကားဆုံးသည်နှင့် ကူချန်တစ်ယောက် ခေါင်းယမ်းပြီး ဆိတ်ငြိမ်ရာအရပ်မျိုး ရှာဖွေရန် တောင်တန်းများထံ ပျံသန်းသွားတော့သည်။
ဤနည်းဖြင့် ကူချန်ပုံရိပ်သည် တရွေ့ရွေ့ကွယ်ပျောက်သွား၏။ တာအိုချင်းရှက တခြားသူများထံ ပြန်ကြည့်ကာ၊
“ အခုမှပဲ ... အသက်ရှုရတာ ပိုလွတ်လပ်သွားတယ်လို့ မင်းတို့ခံစားရတယ် မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်၏။
လူတိုင်း ခေါင်းညိတ်ပြသည်။ ကူဖုန်းသည်လည်း ချွင်းချက်မရှိချေ။ ဤသို့ ထူးချွန်ထက်မြတ်သည့် သားတစ်ယောက် ပိုင်ဆိုင်ခြင်းသည် အခြားသူများထက် ဖိအားတိုးစေ၏။
ဤကမ္ဘာကြီးတွင် မျိုးဆက်သစ် တစ်ယောက် အောင်မြင်ကျော်ကြားလာသော် သူတို့မိဘအမည်ကို ထည့်သွင်းကြပေသည်။
ဥပမာအားဖြင့် မရဏဓားဘုရင်၏သား၊ ငရဲနတ်ဘုရား၏သမီးစသည့် ဂုဏ်ပုဒ်များဖြင့် ပြောကြပေမည်။
သူ့အတွက်မူ ပြိုင်ဘက်ကင်း ချီလင်သားတော်ဖခင် ကုန်သည်ကြီးကူဖုန်းဟု သေချာပေါက် ပြောကြပေမည်။ ဆိုလိုသည်မှာ အညွှန်းကိန်း ပြောင်းသွားခြင်းပေပင်။
လူတိုင်း ထိုအတွေးကို မြင်ပြီး သက်ပြင်းချလိုက်သည်။ တာအိုချင်းရှသည် အားလုံးအပေါ် စာနာစိတ်အရှိဆုံးဖြစ်၏။
ဤနှစ်များအတွင်း ကူချန်နှင့် အနီးကပ်နေထိုင်ပြီးနောက် မည်မျှဖိအား ဖြစ် သည်ကို အသိဆုံးပေပင်။
ထိုအချိန်တွင် ကူချန်သည် မြင့်မားသော တောင်တန်းရှိ ချောက်ကမ်းပါးတစ်ခုအတွင်းမှ လှိုဏ်ဂူတစ်လုံးကို ရွေးချယ်ပြီးဖြစ်ချေသည်။
လှိုဏ်ဂူထဲ လှမ်းဝင်ပြီးနောက် သားရဲကြီးများ၊ မျောက်နှင့် ငှက်ပေါင်းများစွာ မနှောင့်ယှက်စေရန် ဂူဝတွင်အစီရင်အချို့ ခင်းကျင်းလိုက်သည်။
အားလုံးပြင်ဆင်ပြီးတောက် ဂူအလယ်သွားရောက်ကာ ဆေးပုလင်းတစ်လုံး ထုတ်ယူလျက် တရားထိုင်ဖျာထုတ်ယူပြီး ထိုင်ချလိုက်၏။
ပုလင်းထဲတွင် အစိမ်းနှင့် အနီရောင် ဆေးပြားရှိနေသည်။ သန့်စင်သော ရောင်ဝါနှင့် ဝိညာဉ်စွမ်းအင်များ ရစ်သိုင်းနေချေပြီ။
“ ပလွတ် ... ။ ”
ပုလင်းအဖုံးကို ဖွင့်လိုက်သည်နှင့် သင်းပျံ့မွှေးကြိုင်နေသောဆေးရနံ့များ ဂူအတွင်း ပြည့်လျှံလာတော့သည်။ ဤသည်မှာ ရေမီး ဆေးပြားဖြစ်ချေ၏။
ရေမီးဆေးပြားသည် သတ္တမတန်း ဝိညာည်ဆေးပြားဖြစ်သည်။ ဆန့်ကျင်ဘက် ဂုဏ်သတ္တိနှစ်မျိုးကို ပေါင်းစပ်ထား၏။
၎င်းကို သောက်ခြင်းဖြင့် အန္တရာယ် ကြုံနိုင်ပြီး အလားအလာနှိုးဆွကာ အတားအဆီး ဖြတ်ကျော်ခြင်း ဖြစ်သည်။
ယွမ်ဖူနယ်ပယ်တွင် ခန္ဓာကိုဘ်အတွင်း လျှို့ဝှက်နယ်မြေကိုဖွင့်ပြီး ခရမ်းရောင်နေမင်း နယ်ပယ်၌ ခရမ်းရောင်နေမင်း ဖန်တီးရသည်။
ခရမ်းရောင်နေမင်းနယ်ပယ်သည် ဝိညာဉ်စွမ်းအင်သိပ်သည်းဆနှင့် စုပ်ယူမှုကို ကိုးဆတိုးစေ၏။
ထို့ကြောင့် ခရမ်းရောင်နေမင်းကိုးလုံး ရှိနေခြင်းသည် အမြန်နှုန်းအပေါ်(၈၁)ဆအထိ မြှင့်တင်နိုင်၏။
ကနဦး ခရမ်းရောင်နေမင်းနယ်ပယ်နှင့် ပြီးပြည့်စုံသော ခရမ်းရောင်နေမင်းကြားတွင် ကြီးမားသောကွာဟချက်ရှိသည်။
ပြီးပြည့်စုံသော ခရမ်းရောင် နေမင်းနယ်ပယ်သည်သာ စစ်မှန်သောသခင်ဟု ခေါ်၏။ ခရမ်းရောင် နေမင်းနယ်ပယ်အဆင့်၌ စစ်မှန်သောစွမ်းအင်ကို လွတ်လွတ်လပ်လပ် အသုံးချနိုင်မည်။
တော်ဝင်ဘိုးဘေးနှင့် တိုက်ခိုက်စဉ် ခရမ်းရောင်နေမင်းနယ်ပယ်၌သာ ရှိနေသော် ကောင်းကင်ဘုံဓားအစီရင်ကို အသုံးပြုကာ တိုက်ရိုက်နှိမ်နင်းနိုင်မည်။
ဤသို့ စမ်းသပ်မှုများဖြင့် တစ်ဖက်လူ မောပန်းလာအောင် နည်းလမ်းများအသုံးပြုမည် မဟုတ်ချေ။
“ သူ့လက်ထဲမှာ သန့်စင်သော ဝိညာဉ်မီးတောက်လို ဝှက်ဖဲတစ်ချပ်ရှိနေတာ စိတ်မကောင်းစရာပဲ။ ”
မဟုတ်သော် သတ်နိုင်ပေမည်။ တစ်ဖက်တွင် သန့်စင်သောမီးတောက် ကျန်ရစ် ခဲ့သဖြင့် အကျိုးမဲ့ခြင်းမရှိချေ။
ခရမ်းရောင်နေမင်း နယ်ပယ်သို့ ဖြတ်ကျော်ပြီးနောက် ၎င်းကို သန့်စင်နိုင်မည်။ ထိုမီးတောက်ကို ထိန်းချုပ်နိုင်သော် တော်ဝင် ဘိုးဘေးကို သတ်ခြင်းထက် ပိုအကျိုးရှိ၏။
အတွေးများဖြတ်ကာ ဆေးပြားကို သောက်ချလိုက်သည်။ ယင်နှင့် ယန်တို့သည် ခရမ်းရောင်နန်းတော်အတွင်း တိုက်ရိုက် ရောက်ရှိလာ၏။
အပူနှင့်အအေး ဆန့်ကျင်ဘက် သဘာဝပေပင်။ ခန္ဓာကိုယ်တစ်လုံး ပူလောင် အေးစက်လာကာ ဖော်မပြနိုင်သော သက်ရောက်မှု ခံစားခဲ့ရသည်။
ခရမ်းရောင်နန်းတော်အတွင်း နဂိုက ငြိမ်သက်နေသည့် စစ်မှန်သောစွမ်းအင်များမှာ တဟုန်ထိုး တက်လာ၏။
နံနက်ခင်းတွင် တောင်တန်းများ တစ်လျှောက် ထူထပ်စွာကျဆင်းနေသော မြူများ လေပြင်းကြောင့် ရုတ်တရက် လွင့်စင်သွားသလိုပေပင်။
စစ်မှန်သော စွမ်းအင်များသည် ချက်ချင်းစုပ်ဝဲကဲ့သို့ လှည့်ပတ်လာကြသည်။ နေရောင်ခြည်သည် ယန်စွမ်းအင်သက်သက် မဟုတ်ချေ။
ယင်နှင့်ယန်ကို သဟာဇာတဖြစ်အောင် ပေါင်းစပ်ထားလေသည်။ ယင်နှင့် ယန်တို့သည် ကောင်းကင်နှင့် မြေကြီးကြား ဝိညာဉ်စွမ်းအင် အမျိုးမျိုးတို့ကို ပေါင်းစည်းပေးနိုင်၏။
ဝိညာဉ်စွမ်းအင်ဟူသည် ယေဘူယျ အသုံးအနှုန်းဖြစ်သည်။ အတွေ့များလှသော ဝိညာဉ်စွမ်းအင်များမှာ၊ ရေ၊မီး စသည်တို့ ဖြစ်၏။
သည့်ပြင် ကျောက်စိမ်းသစ်ခွကဲ့သို့ စိတ်ဝိညာဉ်ကို အာဟာရဖြစ်စေသည့် စွမ်းအင် များလည်း ရှိချေသည်။
ဤကမ္ဘာတွင် လူသားများအတွက် အသုံးဝင်သော စွမ်းအင်များအားလုံးအပေါ် ဝိညာဉ်စွမ်းအင်ဟု ခေါ်၏။
လူသားများ အသုံးပြု၍မရသော စွမ်းအင်များကို မကောင်းဆိုးရွားစွမ်းအင်နှင့် နတ်ဆိုးစွမ်းအင်ဟုခေါ်သည်။
ကမ္ဘာကြီးတွင် အပြုသဘောနှင့် အပျက်သဘောနှစ်မျိုး ယှဉ်တွဲတည်ရှိနေပြီး ယင်နှင့်ယန်သည်လည်း အလားတူပေပင်။
ထိုအချိန်တွင် ခရမ်းရောင်နန်းတော် အတွင်း၌ အဖြူနှင့်အမည်း နဂါးကြီးများကဲ့သို့ စွမ်းအင်စီးကြောင်းများ လှည့်ပတ်လာပြီး ပြင်ပမှစွမ်းအင်များကို စုပ်ယူလာတော့၏။
***