မိုးကြိုးဒုက္ခကိုးပါး သုတ္တန်ရရှိခြင်း။
Vol. 13 Ch. 160
ယခင် တက်ကြွနေသော သို့မဟုတ် မငြိမ်မသက်သော ဝိညာဉ်ရေးစွမ်းအင်များသည် ၎င်းတို့ကိုဝါးမျိုလျက် ပြန်ရှူထုတ်ပြီးနောက် ချက်ချင်းပင် နူးညံ့လာသည်။
“ မင်းကို ရပြီ။ ”
ရုတ်တရက် ခံစားချက်ကောင်းလာပြီး ကောင်းကင်နှင့်မြေကြီးကြား ဝိညာဉ်စွမ်းအင်ကို အရူးအမူးစုပ်ယူကာ သန့်စင်လိုက်သည်။
ဤနည်းဖြင့် အဖြူအမည်း နဂါးကြီးများသည် အော်ဟစ်စပြုလာတော့၏။ သူတို့သည် သွေးရနံ့ရသော ငါးမန်းများအလား ဝိညာဉ်စွမ်းအင်ကို ဝါးမြိုလေသည်။
“ မလုံလောက်ဘူးလား ... ။ ”
အနည်းငယ် စိတ်လှုပ်ရှားလျက် ဝိညာဉ်စွမ်းအင်စုပ်ယူမှုကို အရှိန်မြှင့်လိုက်၏။ ခရမ်းရောင် နန်းတော်ကြီး တစ်ခုလုံး တဝုန်းဝုန်း ရိုက်ခတ်နေသည်။
၎င်းအထက် ကောင်းကင်၌ ဆိုင်ကလုန်းမုန်တိုင်းရှစ်လုံး ဖြစ်ပေါ်လာ၏။ ထိုဆိုင်ကလုန်း မုန်တိုင်းများကြောင့် စုပ်ယူမှု နှုန်းသည် ယခင်ထက် အဆများစွာ ပိုမိုမြန်ဆန်လာသည်။
ချက်ချင်းပင် ခရမ်းရောင် နန်းတော် တစ်ခုလုံးနီးပါး စွမ်းအင်များဖြင့် ပြည့်နှက်သွား ချေပြီ။ အဆုံးတွင် ခရမ်းရောင်နန်းတော်သည် တဖြည်းဖြည်း မထိန်းနိုင်တော့ဘဲ လျင်မြန်စွာ ကျယ်ပြန့်လာ၏။
ဤသည်မှာ ခရမ်းရောင်နေမင်း ကောက်ကြောင်းများဖြစ်သည်။ သို့သော် အကန့်အသတ် မရောက်သေးချေ။
ဆိုင်ကလုန်း နောက်တစ်ခုဖန်တီးရန် အဖြူအမည်းနဂါးများကို ရှာဖွေလိုက်သည်။ ခရမ်းရောင် နန်းတော်အတွင်း စွမ်းအင်များဖြင့် ပြည့်လျှံနေသော်လည်း ထိုနဂါးနှစ်ကောင်ကို မည်သည့်အရပ်တွင်မှ မမြင်ချေ။
ဤနဂါးအဖြူနှင့် အမည်းသည် ယင်နှင့်ယန်ဖြစ်သည်။ ၎င်းသည် လူ့ခန္ဓာကိုယ်၌ အံ့သြဖွယ်အကောင်းဆုံး ဖြစ်တည်မှုပေပင်။
လူသားမျိုးနွယ်၏ ခန္ဓာကိုယ်သည် ပင်ကိုယ်အားဖြင့် အားနည်းသော်လည်း အလွန် လိုက်လျောညီထွေ ရှိလှသည်။
ယင်သည် ကိုးပါးရှိပြီး ယန်သည်လည်း ကိုးပါးရှိ၏။ စုစုပေါင်း တစ်ဆယ့်ရှစ်ပါးပေပင်။ ဤသည်မှာ လူသားတစ်ယောက်၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ထို့ကြောင့် ခရမ်းရောင်နေမင်း (၉)လုံးရရှိလိုသော် ယင်နှင့်ယန်(၁၈)ပါးလုံးကို ပြောင်းလဲရမည်ဖြစ်သည်။ မဟုတ်လျှင် အခြေခံအုတ်မြစ် မပြည့်စုံချေ။
အကျိုးဆက်အနေဖြင့် အနာဂတ်ကျင့်ကြံမှုကို ကန့်သတ်ခံရမည်ဖြစ်ပြီး အလားအလာမှာ အကန့်အသတ်ရှိပေမည်။
အဆုံး၌ ယင်နှင့်ယန်နှစ်ပါးကို ရှာဖွေကြည့်ရန် ကံကြမ္မာမျက်လုံးဖွင့်လိုက်၏။ ကံကြမ္မာမျက်လုံး၏ အောက်တွင် ၎င်းတို့ ထွက်ပေါ်လာသည်။
“ တွေ့ပြီ ... ။ ”
အတွေးတစ်ချက်ဖြင့် ပုန်းကွယ်နေသော နဂါးဖြူကိုဆွဲထုတ်၏။ ထို့နောက် နဂါးနက်ထံ ဖြစ်သည်။ ချဲ့ထွင်ခြင်းကို ရပ်တန့်ခဲ့သော ခရမ်းရောင်နန်းတော်သည် ချက်ချင်း အှရိန်အဟုန်ဖြင့် ချဲ့ကားလာ၏။
များမကြာခင် ခရမ်းရောင်နန်းတော် အတွင်းရှိကောင်းကင်၌ ဆိုင်ကလုန်းကိုးခုသည် အရှိန်အဟုန်ဖြင့် လည်ပတ်နေတော့သည်။
တော်ဝင်ဘိုးဘေး၏ ခွန်အားအရ ၎င်း၏ခရမ်းရောင်နယ်မြေထဲတွင် နေလေးစင်း ရှိချေ၏။ ၎င်းသည်သာ စစ်မှန်သောသခင် ဖြစ်ခဲ့သော် သူ ဒုက္ခရောက်ပေမည်။
ဆိုလိုသည်မှာ ခရမ်းရောင်နေမင်း အရည်အတွက်အရ တစ်စုံတစ်ဦး၏ခွန်အားကို (၃)မျိုးခွဲခြား သတ်မှတ်သည်။
နေသုံးစင်းနှင့်အောက်ကို သာမန်အဖြစ် သတ်မှတ်ကြပြီး နေလေးစင်းနှင့် ခြောက်စင်း ကြားကို အလယ်အလတ်၊ နေခုနစ်စင်းနှင့် ကိုးစင်းကို အထက်တန်းစားဟူ၍ဖြစ်၏။
( နေမင်း(၁-၃) = သာမန်ခရမ်းရောင် နေမင်းနယ်ပယ်။
နေမင်း(၄-၆)= အလယ်အလတ် ခရမ်းရောင်နေမင်းနယ်ပယ်။
နေမင်း(၆-၉) အထက်တန်းစား ခရမ်းရောင်နေမင်းနယ်ပယ်။ )
အလားတူပင် စင်ကြယ်ခြင်းနယ်ပယ်၊ မဟာတန်ခိုးရှင်နယ်ပယ်နှင့် စိတ်ဝိညာဉ်သခင် နယ်ပယ်တို့တွင်လည်း အထက်ပါအတိုင်း သာမန်၊ အလယ်အလတ်နှင့် အထက်တန်းစား ဟူ၍ ခွဲခြားထားချေ၏။
ဤသည်မှာ တစ်စုံတစ်ဦး၏ အရည်အချင်းအပေါ်မူတည်သော ခွဲခြားမှု ဖြစ်သည်။
ယင်းကြောင့် နယ်ပယ်တူအတွင်း ထူးချွန်သော ပါရမီရှင်များအဖြစ် ထင်ရှားသူများ အပေါ် ရှင်းလင်းစွာ နှိုင်းယှဉ်နိုင်မည်။
ဆိုင်ကလုန်း ကိုးလုံးသည် ကြောက်မက်ဖွယ်ကောင်းသော အဟုန်မျိုးဖြင့် အချိန်အတော်ကြာ ဝိညာဉ်စွမ်းအင်များ စုပ်ယူနေခဲ့သည်။
အရှိန်သည် မြန်လွန်းသဖြင့် ပြင်ပကမ္ဘာမှ ဝိညာဉ်စွမ်းအင်များ မလုံလောက်တော့လေရာ ကြယ်ကမ္ဘာအတွင်းရှိ ဝိညာဉ်စွမ်းအင်များကို လွှဲပြောင်းပေးခဲ့ရသည်။
အဆုံးတွင် ဆိုင်ကလုန်းများအရှိန်သည် အမြင့်ဆုံးသို့ ရောက်သောအခါ တောက်ပသော ခရမ်း-ရွှေရောင် အလင်းများ ထုတ်ဖော်လာ၏။
ခဏအတွင်း ခရမ်းရောင်နန်းတော်ကြီး တစ်ခုလုံး လင်းထိန်သွားကာ ယင်နှင့်ယန်သည် လိုက်လျောညီထွေဖြစ်လျက် အစိုင်အခဲကိုးလုံး ဖြစ်ပေါ်လာခဲ့သည်။
တစ်ဆက်တည်းမှာပင် ခရမ်းရွှေရောင် အလင်းတန်းများ ပြင်ပကမ္ဘာသို့ ပေါက်ကြားကာ ဝင်းလက်နေတော့၏။
ကောင်းကင်တခွင် ခရမ်းရောင် နေမင်းကြီးကိုးလုံးနှင့် ထူးဆန်းသောပုံရိပ်တစ်ခု ဖြစ်ပေါ်လာချေပြီ။ ဤသည်မှာ ခရမ်းရောင် နေမင်းနယ်ပယ် ဖြစ်လေသည်။
ခရမ်းရောင်နေမင်းကိုးစင်းသည် ခရမ်းရောင်စံအိမ်မှထွက်ကာ ကောင်းကင်ယံ၌ ထွက်ပေါ်လာနေ၏။
ကံကောင်းထောက်မစွာဖြင့် သူသည် လူသူဆိတ်သုဉ်းနေသော တောင်တန်းများထံ ရောက်ရှိနေခြင်းပေပင်။
နတ်နဂါး မြို့တော်၌သာဆိုသော် ရုန်းရင်းဆန်ခတ်ဖြစ်နိုင်၏။ မျက်လုံးဖွင့်လိုက်ရာ ထိုထူးဆန်းသော မြင်ကွင်းများ ဤကမ္ဘာကြီး၌ လုံးဝထွက်ပေါ်လာြခင်း မရှိသကဲ့သို့ ပျောက်ကွယ်သွားလေသည်။
ဆယ်နှစ်ကြာ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက် အဆုံးတွင် စစ်မှန်သော သခင်တစ်ပါး ဖြစ်လာချေပြီ။
ယခုအချိန်၌ တော်ဝင်ဘိုးဘေးနှင့် ရင်ဆိုင်သော် ခေါင်းမထောင်နိုင်လောက်အောင် ရိုက်နှက်နိုင်ပေမည်။ စစ်မှန်သောချီသည် နန်းတော်အတွင်း လုံလောက်စွာရှိနေ၏။
( ဖူစုပြက္ခဒိန်၊ ၄၄၅ ခုနစ်၊မတ်လ။
သင်သည် မရေမတွက်နိုင်သော အခက်အခဲများနှင့် အတားအဆီးများဖြတ်ကာ ခရမ်းရောင်နေမင်းနယ်ပယ်သို့ ရောက်ရှိ၏။
ခရမ်းရောင်နေမင်းနယ်ပယ် စစ်မှန်သောသခင်ဖြစ်သည်။ နယ်ပယ်တစ်ခုစီ၏ ဂုဏ်ကျက်သရေများကို ထူးထူးခြားခြား အမည်ပေးထားသည်။
သို့သော် ကျင့်ကြံမှုလမ်းတွင် ပါရမီရှင် မည်မျှသည် အဆုံးထိအောင် လျှောက်လှမ်းနိုင် သနည်း။ လူမည်မျှ ကောင်းကင်ဘုံအရှင်များ ဖြစ်နိုင်မည်နည်း။
အချိန်အတော်ကြာ ပိတ်ဆို့နေသော ဉာဏ်ပညာတွင် အလင်းရရှိသွားကာ ကောင်းချီး မင်္ဂလာတစ်ခု ရုတ်တရက် ရောက်ရှိလာသည်။ ဤသည်မှာ စိတ်ဝိညာဉ်ကျင့်ကြံခြင်း လျှို့ဝှက် နည်းစနစ် မိုးကြိုးဒုက္ခကိုးပါးသုတ္တန် ပေပင်။ )
ရုတ်တရက် အချိန်အတော်ကြာ မေ့လျော့နေသော အသံမှာ ထွက်ပေါ်လာသည်။ စိတ်ဝိညာဉ်ကျင့်ကြံခြင်း နည်းစနစ်။ ဤသည်မှာ တုန်လှုပ်ဖွယ် အမည်ပေပင်။
ဝိညာဉ်ဟူသည် ဆန်းကြယ်ဆုံး ဖြစ်တည်မှုဖြစ်သည်။ လူသားတစ်ယောက်တွင် ယင်နှင့်ယန် အစွန်းနှစ်ဖက် ပါရှိသည်။
ရုပ်ခန္ဓာသည် ယန်ဖြစ်ပြီး ဝိညာဉ်သည် ယင်ဖြစ်သည်။ ယင်တစ်ပါးတည်း ရှင်သန်ခြင်း မပြုနိုင်သလို ယန်တစ်ပါးတည်းသည်လည်း မကြီးထွားချေ။
ဆိုလိုသည်မှာ ဝိညာဉ်သည် ခန္ဓာမရှိဘဲ မကြီးထွားသကဲ့သို့ ရုပ်ခန္ဓာ၌ ဝိညာဉ်မရှိသော် တည်မြဲမည်မဟုတ်ချေ။
စိတ်ဝိညာဉ်သခင်နယ်ပယ်သို့ ရောက်မှသာလျှင် ဝိညာဉ်သည် အတိုင်းအတာ တစ်ခုအထိ စွန့်ခွာမှုရရှိပေမည်။
ဆိုလိုသည်မှာ ရုပ်ခန္ဓာကိုစွန့်၍ စကြာဝဠာအတွင်း လှည့်လည်နိုင်ပြီး၊ အခြား သူများခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်မည်။
ထိုအဆင့် ဝိညာဉ်သည် ရုပ်ဝတ္ထုကဲ့သို့ ကြံ့ခိုင်ကာ ကျင့်ကြံနိုင်စွမ်းရှိသည်။ ထို့ကြောင့် ၎င်းအတွက် ကျင့်ကြံမှု ပြုလုပ်ပေးနိုင်၏။
သို့သော် စိတ်ဝိညာဉ်သခင်နယ်ပယ်သို့ မရောက်ရှိမီ ဝိညာဉ်ကိုကျင့်ကြံလိုသော်အခါ နည်းစနစ်၊ သဘာဝရတနာ သို့မဟုတ် အခြား ပြင်ပအကူအညီများ လိုအပ်သည်။
ထို့ကြောင့် နည်းစနစ်များ၊ သဘာဝရတနာများနှင့် ပြင်ပအကူအညီများ တွင်လည်း ခြားနားချက်ရှိသေးသည်။
အမှန်တွင် ကျင့်ကြံခြင်းအတွက် နည်းစနစ်များမလိုချေ။ သဘာဝတရားကြီး၌ တာအိုများရှိသည်။ မည်သူမဆို ခံစားနိုင်မည်။ ခြေထောက်များ ရှိနေခဲ့သည့်နောက် လမ်းလျှောက်ခြင်းသည် မခက်ချေ။
သို့သော် သက်ရှိတစ်ကောင်၏ လုပ်နိုင်စွမ်းသည် အကန့်အသတ်ရှိချေသည်။ အရာအားလုံးကို မထိန်းချုပ်နိုင်ချေ။
ထို့ကြောင့် ကျင့်ကြံမှုနည်းစနစ်များမှာ အထောက်အကူဖြစ်စေပြီး ပိုမိုအာရုံစိုက်နိုင်စေ တော့သည်။
ဥပမာအားဖြင့် ရေနက်ဓား ကျင့်ကြံမှု နည်းစနစ်ကို ကြည့်နိုင်မည်။ တော်ဝင်ဘိုးဘေးမှ ၎င်းအကူအညီဖြင့် နက်နဲသောရေများကို ထိန်းချုပ်နိုင်ပြီး အစွမ်းထက်စေသည်။
နောက်ထပ် ဥပမာတစ်ခုသည် လေဟာနယ်ဓားသုတ္တန်ဖြစ်၏။ ထိုနည်းစနစ် အကူအညီဖြင့် ဓားတာအိုအပေါ် ပိုမို နားလည်လာစေသည်။
သို့သော် ဆိုးကျိုးများလည်း ရှိသည်။ တော်ဝင်ဘိုးဘေးသည် ရေနက်ဓားကျင့်ကြံမှု နည်းစနစ်အပေါ် လေ့ကျင့်ခြင်းဖြင့် မီးကို နားမလည်တော့ချေ။
လျှို့ဝှက်နည်းစနစ်များဟူသည် အမျိုးမျိုးသော တိုက်ခိုက်ရေး လှုပ်ရှားမှုများ ဖြစ်သည်။ ပြိုင်ဘက်များကို အဓိက သတ်ရန် ရွည်ရွယ်၏။
၎င်းတို့အတွင်းမှ အချို့နည်းစနစ်သည် လိုက်ဖက်သော စွမ်းအင်ကျင့်ကြံမှု နည်းစနစ် လိုအပ်ကာ အချို့သည် မလိုအပ်ချေ။
ဥပမာ ငွေ-ပြာဝိညာဉ်ကွန်ယက် နည်းစနစ်နှင့် ဖားပြုတ်ခန္ဓာသည် သဘာဝလွန် စွမ်းအား ဖြစ်သည်။
‘သဘာဝ လွန်စွမ်အားများ’ ဆိုသည်မှာ အချို့သောလူများအတွက် မွေးဖွားချိန်မှစပြီး ပါရှိလာသော စွမ်းရည်များပေပင်။
နတ်ဆိုးများဟူသည် မွေးရာပါ သွေးဆာသော သဘာဝပိုင်ဆိုင်ထား၏။ လူသား ပါရမီရှင်များသည်လည်း အလားတူပင်။ ကူချန်သည် ထိုအထဲမှ တစ်ဦးဖြစ်၏။
သူ့တွင် ကံကြမ္မာမျက်လုံးပါရှိကာ ရှန်ရှင်းကျင့်ကြံမှု အပြစ်ကင်းစင်သောခန္ဓာဖြင့် ပြီးပြည့်စုံစွာ မွေးဖွားလာသူ ဖြစ်သည်။
‘အပြစ်ကင်းသော’ဟူသည် ရုပ်ပိုင်ဆိုင်ရာ သဘာဝစွမ်းအားဖြစ်၏။ ကျင့်ကြံခြင်းလမ်းတွင် အခြားသူများထက် ထိရောက်မှု(၈၀)ရာခိုင်နှုန်း သာလွန်သည်။ အရည်အချင်းဖြင့် ပေါင်းသော် (၉၉)ရာခိုင်နှုန်းဖြစ်၏။
မိုးကြိုးဒုက္ခကိုးပါးသုတ္တန်သည် ဝိညာဉ်ကိုလေ့ကျင့်ခြင်းဖြစ်သည်။ ဝိညာဉ်သည် ဝိညာဉ်အသိကို ထုတ်ဖော်ပေးမည်။
ထို့ကြောင့် ဝိညာဉ်အားကောင်းသော် ဝိညာဉ်အသိအားကောင်းပေမည်။ သန်မာသော ဝိညာဉ်အသိသည် ကျင့်ကြံသူ၏ မျက်လုံး၊ နှာခေါင်း၊ နားတို့နှင့် ညီမျှသည်။
ဝိညာဉ်အသိအားကောင်းလေ၊ အန္တရာယ်များကို ရှောင်ရှားရာ၌ ပိုထိရောက် နိုင်လေဖြစ်သည်။
ထို့နောက် မိုးကြိုးဒုက္ခကိုးပါးသုတ္တန်၏ အချက်အလက်များကို ချေဖျက်ရန် နာရီများစွာ ကုန်လွန်သွား၏။
ယင်းသည် မိုးကြိုးဒုက္ခကိုးပါးသုတ္တန် ဆိုသည့်အတိုင်း မိုးကြိုးကိုးကြိမ် အပစ်ခံခြင်း ပေပင်။ လက်ရှိခန္ဓာဖြင့် မိုးကြိုးပစ်ခံသော် ချက်ခြင်းသေပေလိမ့်မည်။
စင်ကြယ်သောနယ်ပယ်အဆင့်ရှိ ကျင့်ကြံသူ၏ ရုပ်ခန္ဓာသာလျှင် ထိုအဆင့်ကို ခံနိုင်ချေမည်။ သို့သော် စင်ကြယ်သောနယ်ပယ် သည်ပင် သာမန်မိုးကြိုးသာ ခံနိုင်ရည်ရှိ၏။
ဤမိုးကြိုးဒုက္ခကိုးပါးရှိ မိုးကြိုးသည် သန့်စင်သောမီးတောက်ကဲ့သို့ သဘာဝအတိုင်း ထူးဆန်းသော မိုးကြိုးများခံယူခြင်းဖြစ်သည်။
အထက်ပါ အချက်အလက်များကြောင့် ဤနည်းစနစ်သည် ရုပ်ခန္ဓာအတွက်သည်လော ဝိညာဉ်အတွက်လော ဝေခွဲမရဖြစ်လာ၏။
ဝိညာဉ်အတွက် ကွဲပြားသော နယ်ပယ်များရှိသည်။ သေမျိုးဝိညာဉ်နယ်ပယ်၊ စစ်မှန်သောဝိညာဉ်နယ်ပယ်၊ သဘာဝဝိညာဉ် နယ်ပယ်၊ ကောင်းကင်ဝိညာဉ်နယ်ပယ် အစရှိသည်တို့ဖြစ်၏။
အောင်မြင်မှုတိုင်းသည် ဝိညာဉ်၌ အသွင်ကူးပြောင်းမှုတစ်ခု ဖြစ်သည်။ ဝိညာဉ်ကို မြင့်မားသော အဆင့်အထိ ကျင့်ကြံနိုင်သောအခါ သန်းပေါင်းများစွာ ခွဲခြားနိုင်မည်။ အထင်ကြီး စရာပေပင်။
နတ်ဝိညာဉ် နန်းတော်သခင်နယ်ပယ်သည် အနိမ့်ဆုံးသဘာဝဝိညာဉ်နယ်ပယ် ဖြစ်နိုင်မည်။ လက်ရှိ သူ့ဝိညာဉ်သည် မည်သည့်နယ်ပယ်၌ ရှိနေမည်ကို မသိနိုင်ချေ။
“ ဝှစ် ... ။ ”
အတွေးများရပ်ကာ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ခန္ဓာကိုယ်ရှိ ဖုန်မှုန့်များစွာကို သုတ်ဖယ်လိုက်သည်။
“ လဝက်ကုန်ပြီလား ... ။ ”
နောက်ဆုံးသော ပင့်ကူမျှင်တစ်မျှင်ကို ဖယ်ရှားလျက် လက်ချောင်းများရေတွက်မိရာ မျက်ခုံးပင့်သွားသည်။ အချိန်ကုန်သည်မှာ မြန်လွန်းချေပြီ။
“ တကယ်ပဲ ... ကျင့်ကြံခြင်းက အချိန်ကိုစားသုံးစေတာပဲ သက်တမ်းအရှည်ကြီး ပိုင်ဆိုင်ကြတာ အံ့ဩစရာ မရှိတော့ပါဘူး။ ”
ရုတ်တရက် တစ်စုံတစ်ရာကို ထိမိသွားသဖြင့် ကျောက်စိမ်းပြားတစ်ချပ် ချက်ချင်း ထုတ်ယူလိုက်ကာ စကားလုံးအချို့ ရေးသားလိုက်သည်။
ထို့နောက် ကျောက်စိမ်းပြားနှင့် ဆေးပုလင်းကို မြေပြင်ပေါ်တွင် ချထားလိုက်၏။ အပြုံးဖြင့် ၎င်းတို့ထံ ပြန်ကြည့်ပြီး၊
“ ဒီနေ့ ကျင့်ကြံမှုလမ်းကို ငါစလှမ်းနိုင်ပြီ ဒါကြောင့် နောင်လာနောင်သား ကျင့်ကြံသူတွေ အတွက် ကံကြမ္မာလို့ခေါ်တဲ့ အခွင့်အရေးတစ်ခု ငါပေးခဲ့မယ်။ ”
-ဟု ပြောကြားလိုက်သည်။
စကားဆုံးသည်နှင့် လှိုဏ်ဂူအတွင်းမှ ထွက်ခွာလာခဲ့သည်။ သို့သော် ဂူဝရှိအစီရင်ကို မဖယ်ရှားချေ။ ဤသည်မှာ အခွင့်အရေးတစ်ခု ဖြစ်ပြီး သဘာဝအတိုင်း စမ်းသပ်မှုရှိချေမည်။
***