သဘာဝမီးတောက်ကို သန့်စင်ခြင်း။
Vol. 13 Ch. 161
နတ်နဂါးမြို့တော်သည် ယခင်အတိုင်း ပြောင်းလဲခြင်းမရှိချေ။ ရွှေရောင်မီးပင်လယ်ကြီး သည်လည်း သူထားခဲ့သည့် အတိုင်းပေပင်။
ပြောင်းလဲခြင်းဆို၍ မီးပင်လယ်ကြီးသည် နတ်နဂါးမြို့တော် အနီးသို့တိုင် ကူးစက်လာခြင်း ဖြစ်သည်။
အချို့သော နေရာများတွင် မြို့ရိုးတစ်စိတ်တစ်ပိုင်းကိုပင် ဝါးမျိုလိုက်သဖြင့် မရေမတွက်နိုင်သော လူများစွာသည် မီးတောက်ထံ အာရုံစိုက်လာကုန်သည်။
အချို့သည် ကောင်းကင်ဘုံ၏ အခွင့်အရေးဟုယူဆကာ မီးတောက်ထံတို့ထိ ကြည့်ကြ၏။ ချက်ချင်း ပြာကျသွားသည်။
ယင်းကို မယုံကြည်သူများသည် ဆက်၍ စမ်းသပ်ကြည့်ကြရာ ပြာအဖြစ် ပြောင်းကုန်၏။ အဆုံး၌ မည်သူမျှ မစမ်းသပ်ဝံ့တော့ချေ။
လက်ရှိအချိန်၌ မြို့တော်အတွင်း ကူးစက်လာနေပြီဖြစ်ရာ တစ်မြို့လုံးထိတ်လန့် နေကြသည်မှာ သဘာဝပေပင်။
ကူချန်တစ်ယောက် လေထုအလယ်ရပ်တန့်လျက် မြေပြင်ရှိ မီးတောက်ကို ကြည့်နေသည်။
ဤသည်မှာ ဆဋ္ဌမတန်း သန့်စင်သော ဝိညာဉ်မီးတောက်ဖြစ်သည်။ ၎င်းသည် ဝိညာဉ် စွမ်းအင်များအပေါ် ဝါးမြိုကာ မကောင်းသော စွမ်းအင်များကို လောင်မြိုက်ပစ်၏။
လက်နက်သခင်များအတွက် ရှားပါးသော ရတနာတစ်ခုပေပင်။ ဆဋ္ဌမတန်းဖြစ်နေသဖြင့် ထိပ်တန်းအဆင့် မီချေ၏။
ကောင်းကင်နှင့် မြေကြီးကြားရှိ မရေမတွက်နိုင်သော မီးတောက်များရှိသည်။ အချို့သည် ရက်စက်ကြမ်းကြုတ်သော သဘာဝရှိပြီး အချို့သည် နူးညံ့၏။
မီးတောက်တိုင်းသည် အဂ္ဂိရတ်ပညာကို မကူညီနိုင်ချေ။ အချို့သော မီးတောက်များသည် ဆိုးကျိုးပင် ပေး၏။
သို့သော် ဤသန့်စင်သော ဝိညာဉ် မီးတောက်သည် ကွဲပြားလေသည်။ ၎င်းအတွင်း အလွန်မြင့်မားသော အပူချိန်ရှိသော်လည်း တည်ငြိမ်၏။ ဆေးဝါးဖော်စပ်ရန် အတွက် အသုံးဝင်သည်။
သန့်စင်သောမီးတောက်သည် ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားပေးခဲ့သော အံ့သြဖွယ် သဘာဝရတနာဖြစ်၏။ အချို့သည် ဝိညာဉ်အသိပင် ပိုင်ဆိုင်သည်။
၎င်းတို့ကို ထိန်းချုပ်ရန် မူလကို ခွဲခြားနိုင်ရန်လို၏။ ထိုမူလသည် မီးတောက်များ အတွက် အသက်သွေးကြော ဖြစ်သည်။
အကြင်သူသည် အသက်သွေးကြောကို ဆုပ်ကိုင်ခံရသော် မောက်မာဝံ့ဦးမည်လော။ ကူချန်သည် မီးသဘာဝနှင့်ပတ်သက်သည့် နည်းစနစ်များ မကျင့်ကြံဖူးချေ။
ထို့ကြောင့် မီးတောက်ကို သန့်စင်ရန် အစိမ်းသက်သက် ဖြစ်နေသည်။ မဟုတ်သော် အနည်းဆုံး (၁၀)ရာခိုင်နှုန်းခန့် သက်သာနိုင်၏။
တော်ဝင်ဘိုးဘေးကဲ့သို့ ရေဒြပ်စင်ကို ကျင့်ကြံသော လူတစ်ယောက်သည် မီးတောက် သန့်စင်လိုသော် အခက်အခဲသည် အနည်းဆုံး (၃၀%) တိုးလာပေမည်။
သို့သော်သူသည် မည်သည့်မီးသဘာဝ နည်းပညာများကိုမျှ မကျင့်ကြံထားသော်လည်း သတ္တမတန်း အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။
ချင်းမူဖန်တီးခြင်းသုတ္တန်တွင် ဆေးပြားများဖော်စပ်ခြင်း၊ မီးတောက်အမျိုးမျိုး ထိန်းချုပ်ခြင်းနှင့် ဆေးဘက်ဝင်အပင်များ ပြုစုပျိုးထောင်ခြင်းတို့ ပါရှိသည်။
သူ လေ့ကျင့်ထားသည့် မီးတောက်ထိန်းချုပ်ခြင်း နည်းစနစ်သည်ပင် မီးနဂါးကိုးကောင် ပျော်မြူးခြင်း နည်းစနစ် ဖြစ်ချေ၏။
ဤနည်းစနစ်သည် အလွန်မြင့်မားသော ဝိညာဉ်အသိလိုအပ်သည်။ လုပ်ငန်းစဉ်များသည် နှေးကွေးပြီး ဂရုတစိုက်ချဉ်းကပ်မှုကို အလေးပေး၏။
ထိုနည်းစနစ်ကို အသုံးပြုခြင်းဖြင့် အဂ္ဂိရတ်ထိုးခြင်း၏ အောင်မြင်မှုနှုန်းကို သိသာ ထင်ရှားစွာ တိုးတက်စေသော်လည်း အချိန်ကုန်ပြီး စွမ်းအင်ကုန်ဆုံးသည်။
“ သခင်ငယ် ... ။ ”
ရုတ်တရက် နယ်မြေစောင့်ကြပ်ရေး အကြီးအကဲတစ်ဦး ချက်ချင်းရောက်ရှိလာပြီး လေးစားစွာဦးညွှတ်၏။ ကူချန်က လှည့်ကြည့်ပြီး၊
“ ငါကျင့်ကြံရာကနေ ထွက်လာပြီး ... ဒီမီးတောက်ကို သန့်စင်ဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတာကို အဖေ့ဆီသတင်းပို့ပါ ... ပြီးတော့ ဒီအနားမှာ ဘယ်သူမှ မမြင်ချင်ဘူး အနှောင့်အယှက် မဖြစ်စေနဲ့။ ”
“ နားလည်ပါပြီ ... ။ ”
ကူချန်တစ်ယောက် အမိန့်ပေးပြီးနောက် ထိုအကြီးအကဲကို လျစ်လျူရှုကာ မီးတောက်ထဲ ခုန်ဆင်းသွားတော့၏။
များမကြာခင် သူ့တစ်ကိုယ်လုံး မီးတောက်များ စွဲလောင်လျက် မီးပင်လယ်ထဲ၌ နစ်မြုပ်သွားချေပြီ။
“ သခင်ငယ် ... ။ ”
ထိုမြင်ကွင်းက အကြီးအကဲကို ထိတ်လန့်သွားစေသည်။ ဤမီးပင်လယ်သည် များစွာ ကြောက်စရာကောင်း၏။
လွန်ခဲ့သည့် ရက်အနည်းငယ်က ရှန်ရှင်းနယ်ပယ်ကျွမ်းကျင်သူပင် ပြာအဖြစ် လောင်မြိုက်သွားသည်။
သခင်ငယ်ကဲ့သို့ တစ်ကိုယ်လုံး လောင်မြိုက်ခံရသော် မတွေးဝံ့ချေ။ မီးပင်လယ် အတွင်း မီးတောက်များဖြင့် လူတစ်ယောက် တင်ပျဉ်ခွေထိုင်လိုက်သည်ကို မြင်ချိန်၌ အနည်းငယ် သက်သာရာရသွားသည်။
သူ့မျက်ဝန်းများထဲ လေးစားမှုများ တိုးလာပြီး အမိန့်ကို ခံယူကာ ကူအိမ်တော်သို့ ချက်ချင်းလှည့်ပြေးတော့၏။
တစ်ဖက်တွင် ကူချန်သည်လည်း ထုတ်ဖော်ထားသော ဝိညာဉ်စွမ်းအင်အလွှာမှာ လျင်မြန်စွာ စားသုံးမှု ခံနေရသည်။
“ အရမ်း ပြင်းတယ်။ ”
ဤမီးတောက်သည် အထက်တန်းစား ခရမ်းရောင်နေမင်းသခင်တစ်ပါးကိုပင် စက္ကန့် (၃၀)အတွင်းသာ ခံနိုင်ရည်ရှိစေ၏။
ခန္ဓာကိုယ်တစ်ဝိုက်ရှိ ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံးနေသဖြင့် အေးစက်သော ခံစားချက်များ ဝင်ရောက်လာကာ ချက်ချင်း အလျင်လိုလာသည်။
များမကြာခင် မီးပင်လယ်ဗဟိုချက်၌ ပျံဝဲနေသော မီးတောက်မူလကို မြင်လိုက်ရ၏။ ပိုးချည်မျှင်ကဲ့သို့ ပါးလွှာသော စွမ်းအင်ကြိုးများ ပေ(၃၀)ခန့် ပျံ့ကားသွားသည်။
ထို့နောက် ကူချန်တစ်ယောက် မီးတောက်မူလထံသို့ ပြေးဝင်သွားတော့သည်။ မီးတောက်မူလသည် ဝိညာဉ်အသိကို ပိုင်ဆိုင်ထားချေပြီ။
ကူချန်ဝင်ရောက်လာမှန်း သိသဖြင့် အစွမ်းကုန်လောင်မြိုက်ရန် ကြိုးစားတော့၏။ သို့တိုင် ပေသုံးဆယ်အတွင်း မဝင်နိုင်သဖြင့် လောင်မြိုက်ခြင်းကို မြှင့်တင်လိုက်သည်။
အဆုံးမဲ့ မီးတောက်များက ကူချန် ခန္ဓာကိုယ်တစ်ဝိုက်ရှိ စွမ်းအင်အကာအကွယ်ကို ပို၍လျင်မြန်စွာ စားသုံးလာ၏။
ခရမ်းရောင်နေမင်းကိုးလုံးရှိနေသော ကူချန်အတွက်ပင် ကျန်းချီမလုံလောက်နိုင်ဟု ခံစားလာရ၏။ ထို့ကြောင့် ပြင်ဆင်ထားသော အစီရင်တစ်ခုကို အသက်သွင်းလိုက်ရသည်။
ဝိညာဉ် ပိတ်လှောင်ခြင်း အစီရင် အသက်ဝင်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင်များ ချက်ချင်းပျောက်ကွယ်သွား၏။
မီးတောက်သည် ဝိညာဉ်စွမ်းအင်များဖြင့် အဆက်ပြတ်သွားသောကြောင့် ကောင်းကင်၌ ရွှေရောင်များ လင်းထိန်စေသော မီးပင်လယ်မှာ ရုတ်ချည်း သေးငယ်သွားချေပြီ။
မျက်စိတစ်မှိတ်အတွင်း ပေ(၃၀) စတုရန်းမိုင်အတွင်း လောင်ကျွမ်းမှုတစ်ခုသာ ကျန်ရှိတော့၏။
မီးငြိမ်းသွားသော လောင်မြိုက်ခြင်း ခံခဲရသော မြေပြင်အနှံ့အပြားတွင် ပျက်စီးခြင်း အငွေ့အသက်များ ရစ်သိုင်းနေသည်။
တစ်ဖက်တွင် ကူချန်သည်လည်း အလျင်လိုနေဆဲဖြစ်သည်။ သူ့ဝင်္ကပါသည် စက္ကန့်အနည်းငယ်မျှသာ ဝိညာဉ်စွမ်းအင်ကို ဖြတ်တောက်နိုင်၏။
ထို့ကြောင့် ကြယ်ကမ္ဘာအတွင်းမှ ရေဒြပ်စင်သဘာဝ ဝိညာဉ်ပစ္စည်းများအားလုံး ထုတ်ယူပြီး ဝင်္ကပါကို အားဖြည့်လိုက်သည်။
ဤမီးတောက်သည် ဆဋ္ဌမတန်း သဘာဝမီးတောက်ဖြစ်၏။ နည်းလမ်းအားလုံး အသုံးပြုထားလျှင်ပင် စက္ကန့်(၃၀)မျှသာ ခံနိုင်တုန်းပေပင်။
ထို့ကြောင့် လျင်မြန်သော အဟုန်ဖြင့် လိုက်လံဖမ်းဆီးတော့၏။ အဆုံး၌ ကလေးငယ် ကဲ့သို့ တုန်ယင်နေသော ရွှေရောင်မီးတောက် တစ်စကို ဖမ်းမိလာသည်။
၎င်းသည် ဖယောင်းတိုင်မီးစာကဲ့သို့ သေးငယ်ပြီး ကြောက်မက်ဖွယ်လောင်မြိုက်ခြင်း စွမ်းအားများ ပြည့်နက်နေ၏။
များမကြာခင် စစ်မှန်သောစွမ်းအင်ဖြင့် ဖန်တီးထားသော ကူချန်၏လက်ဖဝါးကြီးသည် လျင်မြန်စွာ အရည်ပျော်သွားခဲ့သည်။
ထိုမြင်ကွင်းသည် မီးကျီးခဲကိုရေခဲဖြင့် ထုပ်ပိုးရန် ကြိုးစားနေသလိုပေပင်။ ကျန်းချီများ အားလုံး လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
“ နဂါးကိုးကောင် ရွှင်မြူးခြင်း နည်းစနစ်။ ”
ကူချန်တစ်ယောက် ချက်ချင်း မီးပင်လယ်ဗဟိုသို့ ရွေ့လျားသွားတော့သည်။ နဂါးကိုးကောင်ကဲ့သို့ ဝိညာဉ်စွမ်းအင်ကိုးမျှင်က ချက်ချင်းပြေးထွက်သွား၏။
ရက်အနည်းငယ် လျင်မြန်စွာ ကုန်လွန်သွားသည်။ နတ်နဂါးမြို့တော်အနီး၌ လဝက်ကြာ လောင်မြိုက်နေခဲ့သော ရွှေရောင် မီးပင်လယ်ကြီးသည် များစွာကျုံ့ဝင်သွား၏။
နွေရာသီ ခမ်းခြောက်သွားသော ရေကန်ငယ်တစ်ခုလိုပေပင်။ ထိုမီးတောက်များ လောင်မြိုက်ခံရသည့် မြေပြင်သည်အနက်ရောင် ပြောင်းလဲလျက် မြက်ပင်များပင် ပြန်ပေါက်နိုင်ခြင်း မရှိတော့ချေ။
မီးတောက်သည် အသက်ဓါတ်များ အားလုံးကို လောင်မြိုက် စားသုံးသွားလေသည်။ မြေပြင်တစ်ပေခန့်တိုင်အောင် အုတ်ခဲများကဲ့သို့ မာကျောကုန်၏။
လေနှင့်အတူ သဲနှုန်းများကျရောက်ပြီး ဆယ်စုနှစ်များစွာ ကုန်လွန်မှသာလျှင် ပြန်လည် စိမ်းလန်းလာပေမည်။
နတ်နဂါးမြို့ရိုးတစ်လျှောက်တွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများနှင့် ပြည့်နှက်နေ၏။ လက်သမားများသည် ရွှံ့၊ သဲ၊ ကျောက်တုံးများ သယ်ဆောင်ကာ အလုပ်ရှုပ်ကုန်သည်။
ကူဖုန်းနှင့် တာအိုချင်းရှတို့သည် ထိုမြင်ကွင်းကို ကျော်လွန်လျက် အဝေးမြေပြင်ရှိ မီးလောင်ပြင်ထံ ကြည့်နေ၏။
“ ဆရာတော် ... သူ အဆင်ပြေမယ် မဟုတ်လား။ ”
မီးလောင်ပြင်သည် ကျယ်ပြောပြီး ပျက်စီးခြင်းလှိုင်းများကြောင့် လူတစ်ယောက် အသွင်အပြင်ကို ပြတ်သားစွာ မြင်နိုင်ရန် ခက်ခဲနေသေးသည်။
သို့သော် အပြာရောင်တာအိုဝတ်စုံသည် အနက်ရောင်မြေပြင်ပေါ်၌ ကြယ်တစ်ပွင့်ကဲ့သို့ ထင်ရှားစေ၏။
“ အဆင်ပြေမှာပါ ... ။ ”
ထို့နောက် တာအိုချင်းရှမှ အသက်ပြင်းပြင်းရှူကာ အဝေးရှိ ကူချန်ထံ ပြန်ကြည့်၏။
“ ကျင့်ကြံသူတွေအတွက် လဝက်ဆိုတာ ဘာမှမဟုတ်ဘူး .... တချို့ဆို နှစ်ပေါင်းရာနဲ့ချီ ကုန်ဆုံးကြတယ် ... ဒါက သဘာဝမီးတောက်ပဲ ကောင်းကင်နဲ့ မြေကြီးကြား ရှားပါးရတနာပါ။ ”
သူသည်လည်း ချန်ကို အနည်းငယ် စိုးရိမ်နေသေးသော်လည်း ဤအခိုက်အတန့်၌ တည်ငြိမ်စွာ နှစ်သိမ့်ပေးနိုင်ခဲ့သည်။
***