← Chapters

တာအိုနှင့် နှလုံးသား။

Vol. 13 Ch. 162

တာအိုနှင့် နှလုံးသား။

Vol. 13 Ch. 162

ကူချန်တစ်ယောက် မီးလောင်ပြင်အတွင်း တင်ပျဉ်ခွေထိုင်နေသည်။ အနီးကပ်ကြည့်သော် မျက်နှာဖြူဖျော့နေပြီး သူ့နဂါး(၉)ကောင်မှာ ရုန်းကန်နေသည်ကို မြင်နိုင်၏။

နဂါးကိုးကောင်သည် ပြန်လည် ဆုတ်ခွာချင်နေ၏။ သို့သော် သဏ္ဍာန်မဲ့စွမ်းအား တစ်ခုမှ ဟန့်တားထားသည်။ ဆုတ်ခွာအောင် ဖိအားပေးနေသည်မှာ မီး‌တောက်ဖြစ်ပြီး ဟန့်တားနေသည်မှာ ကူချန်ဖြစ်သည်။

သူသည် မီးနဂါးကိုးကောင်ပျော်မြူးခြင်း နည်းစနစ်ကို အဆုံးထိကျွမ်းကျင်ထားသည်မှာ ကံကောင်းချေ၏။ မဟုတ်သော် ပြာကျသွား ပေမည်။

သို့တိုင် ကူချန်အတွက် အကန့်အသတ် ရောက်ရှိနေပြီဖြစ်သည်။ တဖြည်းဖြည်း ကျန်းချီ မလုံလောက်တော့ဘဲ နေမင်းကိုးစင်းပင် မှန်ဖျော့နေပြီဖြစ်၏။

တစ်ဖက်တွင် မီးတောက်မူလသည်လည်း အနည်းငယ် ပါးလျကာ နွမ်းနယ်နေပြီဖြစ်သည်။ မည်သူ ဦးစွာလက်လျော့မည်ကို မသိနိုင်သေးချေ။

ဤရက်များအတွင်း မီးတောက် အကြိမ်ပေါင်း(၃၀၀)ထက်မနည်း ရုန်းကန်ကာ ထွက်ခွာရန် ကြိုးစားသည်။ နဂါးကိုးကောင်မှ အရူးအမူး ချုပ်နှောင်ထားနေရ၏။

“ ဦးလေးကူ ... ဆရာတော် ... ။ ”

ရုတ်တရက် ချောမောလှပသော ပုံရိပ်တစ်ရိပ် မြို့ရိုးပေါ် တက်ရောက်လာပြီး အဝေးသို့ လှမ်းကြည့်သည်။

ကူဖုန်းနှင့် တာအိုချင်းရှမှ တစ်ချက် ခေါင်းညိတ်ပြကာ ပြုံး၏။ ဤသည်မှာ မုဝေ ဖြစ်သည်။ ကူဖုန်းက စိတ်ပြေလျော့စေရန် စကားပြောလိုက်၏။

“ ချန်အာ ... အားတဲ့တစ်နေ့ မင်းတို့နှစ်ယောက်ရက်ရွေးပြီး လက်ထပ် လိုက်ရအောင်။ ”

“ ဟုတ်ကဲ့ ... ဟမ့် ။ ”

မုဝေတစ်ယောက် ခေါင်းညိတ်ပြီးမှ ထိတ်လန့်တကြား ကူဖုန်းထံ ပြန်လှည့်ကြည့် လိုက်လေသည်။ ကူဖုန်းမှ ပြုံးပြ၏။

“ မင်းနဲ့ ... ချန်အာက တစ်ယောက်နဲ့ တစ်ယောက် သိနေတာကြာပြီမဟုတ်လား ဒါဆို မင်းတို့ကို အချိန်မပေးဖူးလို့ ... ငါ့အပေါ် အပြစ်မတင်ကြနဲ့ ...

... ယောက်ျားတိုင်း ချစ်တတ်သလို မိန်းမတိုင်းလည်း ချစ်တတ်တယ် ဘာပြောစရာ ရှိသေးလဲ။ ”

ကူဖုန်းစကားကြားပြီးနောက် မုဝေခမျာ ရှက်ရွံ့လာကာ ကြောက်လန့်နေသောအသံဖြင့်၊

“ ဦးလေးကူ၊ မင်းငါ့ကို တာအိုဘုန်းကြီးနဲ့ လက်ထပ်ပေးဖို့ ပြောနေတာလား ... ။ ”

-ဟု သေချာအောင်ပြန်မေးလိုက်၏။

“ ဟမ့် ... ။ ”

တာအိုချင်းရှမှ နှာခေါင်းရှုံ့ပြီး၊

“ ဆယ်နှစ်ဆိုတာ ကျောက်တုံး တစ်တုံးတောင် အရည်ပျော်ဖို့လုံလောက်ပြီ လူသားတစ်ယောက်ကို မပြောနဲ့ ...

... ဒီကောင်လေးက တကယ် စိတ်ထား ကောင်းပေမယ့် ... သူ့ခံစားချက်တွေကိုတော့ မျိုသိပ်ထားလွန်းတယ်။ ”

-ဟု ဝင်ရောက် ပြောကြားလိုက်သည်။

( သူ ... သူက စိတ်ခံစားချက်တွေကို မျိုသိပ်ထားတာလား ... ဒါက ဘာအဓိပ္ပါယ်လဲ။ )

တာအိုချင်းရှ စကားကြောင့် မုဝေတစ်ယောက် စိတ်ရှုပ်ထွေးစွာ ပြန်ကြည့် လိုက်သည်။ တာအိုချင်းရှမှ သက်ပြင်းချလျက် လေးနက်သောအသွင်ဖြင့်၊

“ မှန်ပါတယ် ... မိန်းကလေးမုအတွက် ကြိုတင်ပြင်ဆင်ထားရမယ့် ... စိတ်ပိုင်းဆိုင်ရာ ခံစားချက်အချို့လည်း ရှိနေတယ်။ ”

-ဟု ပြောကြားလိုက်၏။ မုဝေခမျာ ပို၍ရှုပ်ထွေးလာသည်။ ဆရာတော်သည် စကား ရှင်းအောင် ပြောတတ်ပုံမရချေ။

“ ကျင့်ကြံသူဟာ သာမန်လူနဲ့ မတူဘူး ... မင်းဒါကိုနားလည်နေရမယ် ဘာကိုဆိုလိုတာလဲ ငါမပြောတော့ဘူး။ ”

ဤတစ်ကြိမ်၌ မုဝေတစ်ယောက် တုန်လှုပ်သွားပြီး ရုတ်တရက် တစ်စုံတစ်ရာကို သတိရလာသည်။ ချက်ချင်း ခေါင်းငုံ့လျက်၊

“ နားလည်ပါတယ် ... ငါသူနဲ့အတူ ထာဝရအတူ မနေနိုင်ပေမယ့် ခဏလေးနေခွင့် ရရင်တောင် ... ။ ”

-ဟု တိုးတိုးလေး ပြောကြားလိုက်သည်။

“ မင်းနားလည်နေလို့ ဝမ်းသာပါတယ်။ ”

တာအိုချင်းရှမှ ခေါင်းညိတ်လိုက်သည်။ မုဝေတစ်ယောက် ကူချန်ထံ အချိန်အတော်ကြာ စိုက်ကြည့်ပြီး‌နောက် ပြန်သွားတော့၏။

သို့မှသာ ကူဖုန်းက စိတ်မသက်မသာဖြင့်၊

“ ဆရာတော် ငါမှားနေပြီလို့ မင်းထင်လား။ ”

-ဟု မေးမြန်းတော့သည်။

“ မင်း ... ဘာအမှားမှ မလုပ်ထားပါဘူး ခေါင်းဆောင်ကူ။ ”

တာအိုချင်းရှမှ ပြန်ဖြေ၏။

“ ငါ အရမ်း အလျင်လိုနေတာလား ... ချန်အာက သူ့လမ်းကို ချမှတ်ထားပြီးသားပါ သူ့အတွက် ဘဝတစ်လျှောက်လုံး တကယ် လိုက်ပါနိုင်မယ့် အ​ဖော်လိုမယ် ...

... ဒီကောင်မလေးက အရာရာ ပြည့်စုံပေမယ့် ကျင့်​ကြံမှုမှာ သူ့အရည်အချင်းက နည်းနည်းတော့ နိမ့်ကျတယ် မဟုတ်လား။ ”

“ ခေါင်းဆောင်ကူ ... ခေါင်းဆောင်မုနဲ့ မင်းတို့ သဘောတူညီချက်ရထားပြီ မဟုတ်လား မင်းစကားကို ပြန်​ပြင်ပြောချင်သေးလား။ ”

“ ငါချန်အာအတွက် ဆိုပေမယ့် အဲဒီကောင်မလေးအပေါ် နည်းနည်း ရက်စက် လွန်းနေတယ် မဟုတ်လား။ ”

“ မင်း ... ။ ”

တာအိုချင်းရှတစ်ယောက် ကူဖုန်းကို လက်ညှိုးထိုးပြီး စိတ်ပျက်စွာ ခေါင်းယမ်းသည်။ ထို့နောက် လက်နှစ်ဖက်နောက်ပို့ကာ အဝေးရှိ ကူချန်ထံ ကြည့်လိုက်တော့၏။

“ ထွက်ပြေးတာက ပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်မယ် မင်းထင်လား ငါ့ကိုကြည့်ပါ ခေါင်းဆောင်ကူ ...

... ငါ့မှာ အနည်းဆုံး ... သက်တမ်း နှစ်ရာကျော် ကျန်သေးတယ် ဒါပေမယ့် ငါ့မိန်းမ အတွက်တော့ ကျင့်ကြံမှုတောင်မရှိဘူး ...

... ဒီအတွက် ငါနောင်တရသလား ... ဒါမှမဟုတ် သူမ နောင်တရလား ... သဘာဝကို မင်းအတင်းအကြပ် လုပ်ယူလို့မရဘူး ဒါကြောင့် သဘာဝအတိုင်းပဲ ကောင်းပါတယ်။ ”

ဤနေရာအရောက်တွင် တာအိုချင်းရှက စကားခဏရပ်ကာ ကူချန်ထံ ငေးကြည့်လျက်၊

“ သူမှာ အခြားလူတွေလိုပဲ ... သူ့ဘဝကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့အရာတွေရှိတယ် ဒီကလေး ဘာတွေတွေးနေလဲ ငါသိတယ် ...

... ဒီခံစားချက်တွေကို ထိန်းထားနိုင်ရင် အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းနေနိုင် လာလိမ့်မယ်လို့ သူထင်နေတယ် ... ဒါပေမယ့် ဒီလိုတကယ်ဖြစ်နိုင်ပါ့မလား ...

... လူတစ်ယောက်ဘဝမှာ မမေ့နိုင်တဲ့ အခိုက်အတန့်တွေ အများကြီးရှိပေမယ့် အသက် (၃၀)မတိုင်ခင် အတွေ့အကြုံက ဘဝအပေါ် သက်ရောက်မှု အရှိဆုံးပါပဲ ...

... လမ်းမပေါ်မှာ ခွေးလေခွေးလွင့်တွေနဲ့ အစာအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ငါ့အတိတ်အပေါ် အခုထိ ငါအမှတ်ရနေသေးသလို ...

... တောင်တန်းတွေပေါ်မှာ ပျော်ရွှင်စွာ ကျင့်ကြံနေခဲ့ရတဲ့ နှစ်တွေကိုလဲ ငါ မမေ့နိုင်ဘူး ဒါပေမယ့် အသက်(၃၀)နောက်ပိုင်းကာလ ... ငါဂိုဏ်းကနေ ထွက်လာပြီး ...

... ဒီကနေ့ ကလေးနှစ်ယောက် ရလာတဲ့အချိန်ထိ အဖြစ်အပျက်တွေကိုတော့ ငါသတိ မရတော့တာများတယ် ...

... လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာ အသက်သုံးဆယ် မတိုင်ခင်မှာ ထွက်ပေါ်လာတတ်တယ် ...

... ဒါပေမယ့် မင်း ... ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်မလာဘူးဆိုရင် ဘယ်တော့မှ ပေါ်လာတော့မှာ မဟုတ်ဘူး ...

... ဒါဆိုမေးစရာ ရှိတယ် ကိုယ်ရည်ကိုယ်သွေးက အရေးကြီးသလား ... မှန်တယ် ဒီအဖြေအတွက် မင်းသိပါတယ် ...

... လူတစ်ယောက်ရဲ့ ကိုယ်ရည် ကိုယ်သွေးက အရမ်းအရေးကြီးတယ် အနာဂါတ် အတွက် အလားအလာပဲ ...

... ဒါဆိုချန်က ... သူ့လူငယ်ဘဝကို မေ့နိုင်မယ်လို့ထင်လား မမေ့နိုင်ဘူး မမေ့နိုင်လို့ အတိတ်ကိုပြန်သတိရတဲ့အခါ နောင်တရမလား ဒါမှမဟုတ် ပျော်ရွှင်မလား ...

... နှလုံးသားကို အမှောင်မိုက်ဆုံး နေရာမှာထားပြီး အသက်ရှင်တာထက် ခဏတာ အလင်းရောင်ထဲမှာ ပျော်ရွှင်ရတာက ထိုက်တန်ပါတယ် ...

... အရေးအကြီးဆုံးက ဒီကလေးချန်မှာ တကယ်ပဲ အခုလိုနှလုံးသားမဲ့ပြီး ခံစားချက် မရှိရင် ကောင်းပါတယ် ... ဒါပေမယ့် သူက ခံစားချက်မဲ့တဲ့ လူ မဟုတ်ဘူး ...

... အရမ်းကြင်နာတတ်လွန်းတယ် ... အခုချိန်မှာ မင်းထင်နေသလို သူ့အနာဂါတ်ကို သတ်မှတ်ထားနိုင်တာမျိုး မဟုတ်ဘူး ...

... သူ့အတွေးတွေ ရှုပ်ပွနေတာ ပြောချင်တာက ... ချန်ရဲ့ လက်ရှိကာလတွေက မြူတွေဖုံးနေတယ် ... သူ့လမ်းကြောင်းကို ပြတ်ပြတ်သားသား မမြင်နိုင်ဘူး ...

... လူတစ်ယောက်က ဘယ်ကို ဦးတည်သွားနေတယ်ဆိုတာ ဘယ်သူသိမှာလဲ တာအိုဆိုတာ ရုပ်နဲ့နာမ်ကိုကျင့်ကြံတာ ...

... ရုပ်ခန္ဓာသန်စွမ်းသလို ... စိတ်ဝိညာဉ်လည်း သန်မာနေရမယ် ဒါကြောင့် နှလုံးသားအပေါ် မင်းပစ်ထားလို့မရဘူး။ ”

***

Book-13

All Chapters