← Chapters

အခန်း (၂၁၁)

Vol. 22 Ch. 211

အခန်း (၂၁၁)

Vol. 22 Ch. 211

စုန့်ရှီးယန်တစ်ယောက် လင်းရန် အလုပ်မှ ပြန်လာရမည့် တစ်ခုတည်းသော လမ်းမတွင် ရပ်နေခဲ့ပြီး လင်းရန် ပြန်လာမည့်အချိန်ကို အရှေ့သို့ မျှော်ကြည့်ကာ စောင့်နေခဲ့သည်။

သို့သော်လည်း သူမ၏ ဘေးနားတွင် ဝမ်ရှို့ကျူ ရှိနေသေးသောကြောင့် လင်းရန်ကို တစ်ယောက်တည်း ခေါ်ထုတ်ရန်အတွက် အကြောင်းပြချက် ရှာရပေလိမ့်မည် ။

သူ အကြောင်းပြချက်ကို စဉ်းစားပြီးသည့်အချိန်တွင်ပင် လင်းရန်၏ ပုံရိပ်ကို မြင်တွေ့ခဲ့ရလေသည်။

လင်းရန်ကို မြင်လိုက်သည့်အချိန်၌ စုန့်ရှီးယန်၏ မျက်လုံးများက လင်းလက်တောက်ပသွားပြီး မသိစိတ်အရ ထိုနေရာသို့ လျှောက်သွားခဲ့မိသည်။

ဝမ်ရှို့ကျူတစ်ယောက် စုန့်ရှီးယန် ရုတ်တရက် ဤနေရာတွင် ပေါ်လာသည်ကို မြင်လျှင် အနည်းငယ်အံ့သြသွားခဲ့လေ၏။

“ရှောင်စုန့်.. မင်း ဒီမှာ ဘာလုပ်နေတာလဲ”

စုန့်ရှီးယန်က ရှင်းပြလာခဲ့သည်။

“အိုး.. ကျွန်တော် ဗိုက်အရမ်း ပြည့်နေလို့ လမ်းလျှောက်ဖို့ ခဏလောက် ထွက်လာတာပါ”

ဝမ်ရှို့ကျူ မသိစိတ်မှ အလွန်ပူပြင်းနေသည့် နေလုံးကြီးကို တစ်ချက်မော့ကြည့်လိုက်မိပြီး လင်းကွမ်ချင်းနှင့် တစ်ထပ်တည်းတူညီသည့် စိတ်ရှုပ်ထွေးနေသော မျက်နှာကို ပြသလာခဲ့သည်။

“အိုး.. ဒါဆို မင်း...”

သူမ စုန့်ရှီးယန်ကို ဆက်လက် လမ်းလျှောက်နေရန် ပြောတော့မည့်အချိန်တွင် စုန့်ရှီးယန်က လင်းရန်ဘက်ကို လှည့်ကြည့်ပြီး ပြောလာသည့်စကားကို သူမ ကြားလိုက်ရလေသည်။

“ရဲဘော်လင်းရန်၊ ကိုယ့်ဆီမှာ မင်းရဲ့ အကူအညီ လိုအပ်တဲ့ ကိစ္စတစ်ခု ရှိနေလို့ ကိုယ်နဲ့ခဏလောက် လိုက်ခဲ့ပေးလို့ရမလား”

လင်းရန်တစ်ယောက် စုန့်ရှီးယန်မှ သူမကို ဝမ်ရှို့ကျူ၏ရှေ့တွင်ပင် နှစ်ဦးတည်း အတူရှိနေရန် ခေါ်ထုတ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့သောကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူ့ဆီမှာ ကြီးမားတဲ့ပြသနာတစ်ခုခု ကြုံတွေ့နေရတာများလား။

ဤအကြောင်းကို တွေးလိုက်မိလျှင် လင်းရန်က သူမ၏ အကြီးဆုံးအဒေါ် ဝမ်ရှို့ကျူ ကြည့်လိုက်သည်။

“အကြီးဆုံးအဒေါ်၊ အဒေါ် အရင်ဆုံး ပြန်သွားလိုက်လေ၊ ကျွန်မ ရဲဘော်စုန့်ကို ကူညီပေးနိုင်မလားဆိုတာ ကြည့်လိုက်ဦးမယ်”

“ကောင်းပြီ.. မင်းတို့ နှစ်ယောက် စောစော ပြန်လာခဲ့ကြနော်.. အပြင်မှာ နေက အရမ်း ပူတယ်”

ဝမ်ရှို့ကျူလည်း သူတို့နှစ်ယောက်ကို မှာပြီးနောက် အရင်ဆုံး ပြန်သွားခဲ့လေသည်။

သူမ ထွက်သွားပြီးနောက်တွင် လင်းရန်က ခေါင်းမော့လိုက်ပြီး စုန့်ရှီးယန်ဆီသို့ စိုးရိမ်ပူပန်သော မျက်နှာဖြင့် ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ”

စုန့်ရှီးယန်၏ နှုတ်ခမ်းများက လှုပ်ရှားသွားသော်လည်း လင်းရန်၏ စိုးရိမ်ပူပန်သော အမူအရာကို ရင်ဆိုင်ရသောအခိုက်တွင် သူ့အနေဖြင့် ရုတ်တရက် မည်သည့်စကားကိုပြောသင့်ကြောင်း မသိနိုင်တော့ပေ။

သူ အတော်ကြာသည့်အထိ စကား မပြောသေးသည်ကို မြင်လျှင် လင်းရန် စိုးရိမ်လာခဲ့သည်။

“ရှင် ဘာလုပ်နေတာလဲ.. ရှင် ကျွန်မကို ပြောစရာ တစ်ခုခု ရှိတယ်လို့ မပြောခဲ့ဘူးလား.. အခုလိုမျိုး ကျွန်မကို စိုက်ကြည့်နေဖို့အတွက်ပဲ စီစဉ်ထားတာလား”

“ကိုယ်.....”

စုန့်ရှီးယန်တစ်ယောက် သူ၏ လျှာကို အသာကိုကိုက်ပြီး နောက်ဆုံးတွင်တော့ တိုက်ရိုက်သာ ပြောရန် ဆုံးဖြတ်ခဲ့သည်။

“ကိုယ် ဒီအကြောင်းတွေကို မပြောခင် ရှင်းရှင်းလင်းလင်း ပြောပါရစေ..

ကိုယ်က တကယ်ကြီးကို အပြစ်ကင်းပါတယ်.. သူမ ဘယ်သူလဲဆိုတာတောင် ကိုယ် မမှတ်မိဘူး၊ ပြီးတော့ သူမ ဘာလို့ ကိုယ့်ဆီကို လာရတာတာလဲဆိုတာကိုလည်း မသိဘူး.. မင်း ကိုယ့်ကို ယုံကြည်ရမယ်!”

လင်းရန်တစ်ယောက် စိတ်ရှုပ်ထွေးသွားခဲ့ရသည်။

“???”

သူ ဘာတွေ ပြောနေတာလဲ။

သို့သော် လင်းရန်တစ်ယောက် သိလိုစိတ်ကြောင့် ခေါင်းညိတ်ခဲ့လေ၏။

“ကောင်းပြီ၊ ကျွန်မ ရှင့်ကို ယုံတယ်”

သူမ ထိုသို့ ပြောလာသည်ကို ကြားမှ စုန့်ရှီးယန်တစ်ယောက် သက်ပြင်းချလိုက်ပြီးနောက် ချန်ဖေးဖေး၏ ကိစ္စကို သူမဆီသို့ လျင်မြန်စွာ ရှင်းပြခဲ့လေသည်။

ရှင်းပြပြီးနောက်တွင်လည်း လင်းရန်ဆီသို့ ထပ်မံ၍ မပြောဘဲ မနေနိုင်ခဲ့ပေ။

“မင်း ကိုယ့်ကို ယုံမယ်လို့ ခုနက ကတိပေးခဲ့တယ်နော်!”

လင်းရန်၏ စိတ်အာရုံက ချန်ဖေးဖေးဆီသို့သာ ရောရှိနေခဲ့လေ၏။ ထို့ကြောင့် တစ်ဖက်လူ၏စကားကို ကြားလိုက်ရချိန်တွင် သူမက ဂရုမထားစွာဖြင့် လက်ကို ဝှေ့ရမ်းလိုက်သည်။

စုန့်ရှီးယန်တစ်ယောက် သူမ၏ အမူအရာကို မြင်လျှင် အလွန်ပင် စိုးရိမ်လာခဲ့သော်လည်း ထပ်ပြီး ပြောဆိုရန် မဝံ့ရဲတော့ပေ။

သူ့ဘက်မှ အပြစ်ကင်းမဲ့ကြောင်း အလေးပေး၍ ပြောလေလေ သူ့တွင် အပြစ်ရှိသည်ဟု ထင်ရလေလေ ဖြစ်မည်ကို ကြောက်ရွံ့နေခဲ့သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် လင်းရန်က သတိပြန်ဝင်လာပြီး စုန့်ရှီးယန်ဆီသို့ အဓိပ္ပာယ်အပြည့်ရှိနေသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောဘာလေ၏။

“ရှင့်ရဲ့ မက်မွန်ပွင့်လမ်းကြောင်းက ကံအတော်လေး ကောင်းပုံရတယ်”

စုန့်ရှီးယန်: “...”

သူ့အတွက်ကတော့ အဲဒီလို မက်မွန်ပန်းလမ်းကြောင်းမရှိတာက ပိုကောင်းလိမ့်မယ်။

အဲဒီမက်မွန်ပန်းတွေက သူ မလိုချင်တဲ့ မက်မွန်ပန်းအပုတ်တွေလေ!

စုန့်ရှီးယန်တစ်ယောက် စိတ်ပူပန်သောကကြောင့် စကားပင် မပြောရဲသည်ကို မြင်လျှင် လင်းရန်လည်း အနည်းငယ်လောက် ပို၍ စိတ်ခံစားချက်ကောင်းလာသကဲ့သို့ ခံစားခဲ့ရသည်။

ဟမ့်!

သူမကို စိတ်မပျော်မရွှင်ဖြစ်အောင် ပြုလုပ်တဲ့ လူတိုင်းကို သူမကလည်း စိတ်မပျော်မရွှင်အောင် လုပ်ရမှာပဲ!

ရှင်းရှင်းလင်းလင်း ပြောရလျှင် စုန့်ရှီးယန်တွင် အပြစ်မဲ့ပြီး သူနှင့် မသက်ဆိုင်သော ဘေးအန္တရာယ်ဟု ယူဆနိုင်သော်လည်း တစ်ဖက်လူက သူ့နောက်ကို လိုက်လာခြင်းဖြစ်သောကြောင့် သူသည်လည်း သတ်မှတ်ထားသော တာဝန်ကို ဆက်လက် ယူဆောင်ရလိမ့်မည်။

လင်းရန်မှ သူ တွေးထားသလောက် လျစ်လျူရှုခြင်းမရှိကြောင်းကို မြင်လိုက်ရလျှင် စုန့်ရှီးယန်သည်လည်း နောက်ထပ် စကား မဆိုရဲတော့ဘဲ လင်းမိသားစုအိမ်သို့ အပြန်လမ်းတွင် လင်းရန်၏ နောက်မှ လက်ထပ်ပြီးကာစ ချွေးမငယ်လေးတစ်ယောက်ကဲ့သို့ နာခံစွာ လိုက်ပါခဲ့သည်။

နောက်ဆုံး လင်းမိသားစု၏ အိမ်တံခါးဝသို့ ရောက်လာချိန်တွင်တော့ လင်းရန်၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။

သူမက ခြံဝန်းအပြင်ဘက်၌ ရပ်နေသော ချန်ဖေးဖေးကို မြင်လိုက်ရပြီး ချန်ဖေးဖေးသည်လည်း သူမ၏ အရှေ့မှ လင်းရန်နှင့် စုန့်ရှီးယန်ကို မြင်လိုက်ရသည်။

ဤသည်က သူတို့နှစ်ယောက်ကြားမှ ပထမဆုံး တွေ့ဆုံမှု ဖြစ်သော်လည်း အမျိုးသမီးများ အချင်းချင်းကြားတွင်ရှိနေသော ဆဌမအာရုံက သူတို့နှစ်ယောက်အား တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်စေခဲ့ပြီး သူတို့အနေဖြင့် တစ်ဖက်လူဆီမှ အန္တရာယ်ခံစားမှုကို ခံစားခဲ့ကြရသည်။

သို့သော် အန္တရာယ်ခံစားမှု အကြီးမားဆုံးဖြစ်လာခဲ့ရသောသူမှာ ချန်ဖေးဖေးပင် ဖြစ်လိမ့်မည်။

စုန့်ရှီးယန်ရဲ့ ရှေ့ကနေ လျှောက်လာတဲ့ အမျိုးသမီးက ဘယ်သူလဲ။

ချန်ဖေးဖေးအနေဖြင့် အဘွားလင်းမှ သူမ၌ မြေးမလေး တစ်ဦး ရှိကြောင်း ပြောခဲ့သည့် စကားကို လင်းရန်နှင့် ချက်ချင်း အတူပေါင်းစပ်၍ မရနိုင်ခဲ့ချေ။

ဆိုရလျှင် ချန်ဖေးဖေး၏ နားလည်မှုအရ တခြားအရာများကို ဖယ်ထားလျှင်ပင် ပျမ်းမျှအားဖြင့် ကျေးလက်မိန်းကလေးများသည်က ဝတ်စားဆင်ယင်မှုနှင့် အသွင်အပြင် အလေ့မထများမှာ ကောင်းမွန်လိမ့်မည်မဟုတ်ပေ။

သူမက မြို့ပေါ်က မိန်းကလေးများနှင့် နှိုင်းယှဉ်၍ မရနိုင်ပါချေ။ ထို့အပြင် လှပသော သူနာပြုများထဲ၌ပင် သူမက ထိပ်ဆုံးနေရာတွင် ရှိနေသည်။ ကျေးလက်ဒေသ၌ သူမထက် ပိုမိုလှပသော ကျေးလက်မိန်းကလေးများက ရှိနိုင်လိမ့်မည်မဟုတ်ဟု သူမ ထင်မိခဲ့သည်။

ယခု သူမ၏ ရှေ့မှ သူမ တစ်ခါမှ မမြင်ဖူးသော မိန်းကလေးသည်က ကျေးလက်က မဟုတ်လောက်ပါချေ။

သူမက မြို့က လာသည့်တစ်စုံတစ်ယောက်သာ ဖြစ်နိုင်ပြီး လင်းမိသားစု၏ မြေးမလေး မဖြစ်နိုင်လောက်ပေ။

သူမသည်ကား မကြာသေးမီနှစ်များအတွင်း စုန့်ရှီးယန်နှင့် နက်နက်နဲနဲ ထိတွေ့ဆက်ဆံခြင်း မရှိသေးသော်လည်း သူမ၏ အဒေါ်ထံသို့ မကြာခဏ သွားလေ့ရှိသောကြောင့် စုန့်ရှီးယန်တွင် အမျိုးသမီးသူငယ်ချင်းများ မရှိကြောင်းကို လွန်ခဲ့သည့်အချိန်များကတည်းက ရှင်းလင်းစွာ သိရှိခဲ့သည်။

ဒါဆို ဒီတစ်ယောက်က ဘယ်သူလဲ။

ချန်ဖေးဖေးတစ်ယာက် သူမ၏ လက်များကို တင်းတင်းဆုပ်လိုက်မိပြီး တစ်ဖက်လူက စုန့်ရှီးယန်နှင့်အတူ လင်းမိသားစုအိမ်သို့ အလည်အပတ်ရောက်လာသူဖြစ်နေစေရန်အတွက် ဆက်လက် ဆုတောင်းနေခဲ့လေ၏။

ထိုအခိုက်တွင် သူမ၏ ရှေ့တွင်ရှိနေသော လင်းရန်က ရုတ်တရက် သူမကို ပြုံးပြလာခဲ့ပြီး ယဉ်ကျေးစွာ ပြောလာသည်ကို မြင်တွေ့လိုက်ရသည်။

“ဒီဘက်က ချန်ဖေးဖေးလိုခေါ်တဲ့ ရဲဘော်ချန်မလား.. ကျွန်မတို့အိမ်ကို လာရောက်လည်ပတ်တာကို ကြိုဆိုပါတယ်”

ဘာလဲ!

ချန်ဖေးဖေးတစ်ယောက် ခဏတာလောက် အံ့အားသင့်သွားခဲ့ပြီးနောက် သူမ၏ မျက်လုံးများက အံ့ဩမှုဖြင့် ပြူးကျယ်လာခဲ့သည်။

သူတို့ရဲ့အိမ်ကနေ ကြိုဆိုပါတယ်တဲ့လား....

ဆိုလိုတာက တစ်ဖက်လူက တကယ်ကြီး လင်းမိသားစုရဲ့ မြေးမလေး ဖြစ်နေတာလား။

ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ!

သူမက ကျေးလက်ဒေသသူနဲ့ မတူဘူးမလား။

“ရဲဘော်ချန်?”

ချန်ဖေးဖေးတစ်ယောက် အလွန် အံ့အားသင့်သွားရပြီး သူမ၏စကားကို ပြန်မဖြေနိုင်ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် လင်းရန်က သူမကို ထပ်မံ ခေါ်လိုက်ရလေသည်။

ချန်ဖေးဖေးလည်း ထိုအချိန်မှသာ ရုတ်တရက် သတိပြန်ဝင်လာပြီး လင်းရန်ကို ကြည့်လိုက်လေသည်။

“ရှင်က လင်းမိသားစုရဲ့ မြေးမလေးလား

“ဟုတ်ပါတယ်”

လင်းရန် ခေါင်းညိတ်လိုက်ပြီး သူမကို ပြုံးရွှင်သော အမူအရာဖြင့် ဆက်လက် ကြည့်နေခဲ့သည်။

“ဘာဖြစ်လို့လဲ၊ ရဲဘော်ချန်ဆီမှာ ပြဿနာ တစ်ခုခု ရှိလို့လား”

ချန်ဖေးဖေးတစ်ယောက် မသိစိတ်မှပင် ခေါင်းရမ်းခဲ့မိသည်။

“မရှိပါဘူး၊ မရှိပါဘူး”

တကယ်တော့ သူမထံတွင် ပြသနာ ရှိနေခဲ့သော်လည်း လင်းရန်၏ရှေ့တွင်တော့ သူမအနေဖြင့် လင်းရန်ကို ရုပ်ဆိုးအကျဥ်းတန်ပြီး ဝတ်စားဆင်ယင်တတ်ခြင်းမရှိသည့် ကျေးလက်ရွာသူတစ်ယောက်အဖြစ် တွေးမိထားခဲ့ကြောင်းကို ပြောပြ၍ မရနိုင်ပါချေ။

ထို့အပြင် စုန့်ရှီးယန်ကလည်း ထိုနေရာ၌ ရှိနေသေးသည်။ သူမသာ ဤသို့ ပြောလိုက်မိပါက ထိုသူမှ သူမကို အလွန် ရိုင်းစိုင်းလွန်းသည်ဟု သေချာပေါက် တွေးတောလိုက်ပေလိိမ့်မည်။

“မရှိဘူးလား.. ကျွန်မက ရဲဘော်ချန်ဆီမှာ တစ်ခုခုဖြစ်နေတယ်လို့ ထင်ခဲ့တာ.. မဟုတ်ရင် ရှင့်ရဲ့ ခုနတုန်းက မျက်နှာအမူအရာက ...”

လင်းရန် ခဏတာလောက် တုံ့ဆိုင်းနေခဲ့ပြီး စကားကို ဆက်မပြောခဲ့ပေ။

သို့သော်လည်း ချန်ဖေးဖေးကတော့ သူမ မတိုင်ခင်က အလွန် အံ့ဩသွားခဲ့သောကြောင့် သူမ၏ မျက်နှာအမူအရာကိုပင် ကောင်းစွာ မထိန်းချုပ်နိုင်ခဲ့ကြောင်းကို သိရှိသွားခဲ့သည်။

ချန်ဖေးဖေးတစ်ယောက် လင်းရန် နောက်ထပ် ဆက်ပြောလာမည်ကို ကြောက်ရွံ့သောကြောင့် လျင်မြန်စွာ ပြောလိုက်လေ၏။

“အာ.. ရှင်က အရမ်း ကြည့်ကောင်းနေလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားလို့ပါ .. ကျွန်မ ရုတ်တရက် အံ့သြမင်သက်သွားမိတာ ဟားဟား..”

လင်းရန်က သူမ၏ မျက်ခုံးများကို ပင့်မ,ကာ ချန်ဖေးဖေး၏ ချီးကျူးမှုကို အေးဆေးတည်ငြိမ်စွာ လက်ခံလိုက်သည်။

“ကျေးဇူးပါပဲ”

ချန်ဖေးဖေး၏စကားသံများက နစ်ဝင်သွားခဲ့လေ၏။

“…”

သူမက အဲဒီတစ်ယောက်ကို ချီးမွမ်းချင်နေခဲ့တာ မဟုတ်ဘူး!

All Chapters