လင်းရန်တစ်ယောက် နိုးလာသည့်အချိန်တွင် 1970 ခုနှစ်တွေဆီသို့ ကူးပြောင်းရောက်ရှိနေခဲ့ပြီဖြစ်ကာ အင်ဂျင်နီယာ စုန့်ဝေ့၏ မယားပါသမီး ဖြစ်လာခဲ့သည်။ အပေါ်ယံတွင်တော့ စုန့်ဝေ့က မယားပါသမီးကို သူ့၏သမီးအရင်းထက် ပိုမိုကောင်းမွန်စွာ ဆက်ဆံပေးခဲ့လေ၏။ သူက မယားပါသမီးကို ကြာပန်းလေးကဲ့သို့ သန့်ရှင်းပြီး နူးညံ့နေစေရန် ပြုစုပျိုးထောင်ပေးထားခဲ့သည်။ သို့သော်လည်း တကယ်တမ်းတွင်တော့ သူက သူ့၏သမီးအရင်းကို ပိုပြီးထက်မြက်လာစေရန်အတွက် စိတ်တွန်းအားများပေးပြီး ပြုစုပျိုးထောင်ပေးနေခဲခြင်းသာ ဖြစ်၏။ တစ်ချိန်တည်းတွင် သူ၏ မယားပါသမီးကို အရည်အချင်းများမရှိဘဲ ညံ့ဖျင်းစေခဲ့ကာ မိသားစုပိုင်ဆိုင်မှုများကို မယှဉ်ပြိုင်နိုင်စေရန် ပညာသားပါပါဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပေသည်။ မယားပါသမီးအတွက် ကြင်ဖက်တွေ့ဖို့ ရွေးချယ်တဲ့အချိန်တွင်ပင် သူ၏သမီး အရင်းအတွက် ဆက်ဆံရေး ချောမွေ့စေရန် လမ်းခင်းပေးခဲ့ခြင်းသာ ဖြစ်နေခဲ့သည်။ လင်းရန်: "..." သူမက ခြေနင်းတုံးတစ်ခုသာဖြစ်နေခဲ့ပြီး၊ သူမကို ရောင်းချခဲ့တဲ့သူအတွက် ပြန်လည်ပြီး ပေးဆပ်နေရမှာလား? မကြာခင်ဖြစ်လာတော့မည့် ဇာတ်ကွက်များကို သိရှိထားသည့် လင်းရန်က ကြင်ဖက် တွေ့ဆုံမှုကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီး သူမရဲ့အဖေအရင်းကို ရှာဖွေရန်အတွက် ကျေးလက်ကိုသွားဖို့ လုပ်ဆောင်ခဲ့သည်။ သူမရဲ့အဖေအရင်းက မည်မျှပင် အရည်အချင်းမပြည့်မီပါစေ၊ အနည်းဆုံးတော့ သူမ၏ပထွေးကဲ့သို့ ပြုမူမှာမဟုတ်လောက်ပေ။ လင်းရန်တစ်ယောက် ကျေးလက်သို့ ပြန် ဖို့ လုပ်သည့်အချိန်တွင် သူမ၏လက်ရှိမိသားစုမှလူတိုင်းက သူမ၏ ဒေါသကြောင့် ကျေးလက်ဒေသတွင်လည်း မုန်းတီးခံရလိမ့်မည်ဟု ထင်ကြေးပေးထားခဲ့ကြသည်။ လင်းမိသားစု၏ တစ်ဦးတည်းသော မြေးမလေးကို အဘိုးအဘွားများမှစ၍ ဝမ်းကွဲများအထိ ၊ လင်းမိသားစုတစ်ခုလုံးက ကောင်းကင်ဘုံကို ရောက်သည်အထိ ပင့်မြှောက်ထားကြလိမ့်မည်ဟု မည်သူက သိရှိထင်မှတ်ခဲ့မည်နည်း။ အဖွား: ငါတို့ရန်ရန်က ဒီလောက်တောင်လှတာ၊ သူမက ဘာလို့ ကြမ်းကြမ်းတမ်းတမ်း လုပ်နေရမှာလဲ။ ဝမ်းကွဲများ: ငါတို့မိသားစုမှာ လူတွေအများကြီးရှိတယ်၊ ငါ့ညီမက ဘာလို့ အလုပ်လုပ်စရာလိုမှာလဲ၊ ငါတို့ သူမကိုထောက်ပံ့ပေးမယ်၊ မူရင်းဝတ္ထုထဲတွင် ဆင်းရဲနွမ်းပါးပြီး အရည်အချင်းမပြည့်မီသည့်အတွက် သူမ၏အမေရင်းထံမှ မနှစ်သက်ခြင်းကိုခံခဲ့ရသည့် သူမ၏ အဖေအရင်းတွင်ပင် ကြီးမားသောနောက်ခံကြီးရှိနေခဲ့သေးသည်။ သူက သူမ၏ ယခင်ဘဝတုန်းက တွေ့ခဲ့ဖူးသည့် အချမ်းသာဆုံး သူဌေးတစ်ယောက်နှင့် အမှန်တကယ်ပင် တူနေခဲ့ပေသည်။ လင်းရန် : ဒီလိုမျိုး မိသားစုကိုပိုင်ဆိုင်ထားတာကို ဘယ်သူက မြို့ကိုပြန်ပြီး ခြေနင်းတုံး လုပ်ချင်နေဦးမှာလဲ? သို့သော်လည်း သူမ မမျှော်လင့်ထားခဲ့သည်မှာ သူမကိုချစ်သည့် မိသားစုအပြင်၊ သူမ သတိမပြုမိခင်အချိန်၌ သူမကို ပစ်မှတ်ထားနေခဲ့သည့် "ကြမ်းတမ်းတဲ့ ဝံပုလွေကြီးတစ်ကောင်" လည်း ရှိနေခဲ့သေးသည်ကိုပင်။ တစ်စုံတစ်ယောက် : သူ့အနေနဲ့ နောက်ဆုံးမှာ ဇနီးကောင်းတစ်ယောက်ကို ရှာတွေ့ခဲ့ပြီ၊ ဒါကြောင့် သူမကို မရမချင်း သေတဲ့အထိ အလိုလိုက်ရမယ်၊ စာကြောင်း တစ်ကြောင်းတည်းနှင့် အကျဉ်းချုပ်: ငါက သွေးမတော်တဲ့အစ်မအတွက် ခြေနင်းတုံးအဖြစ် ဆက်ရှိနေတော့မှာ မဟုတ်ဘူး!

