← Chapters

အခန်း (၆၆)

Vol. 7 Ch. 66

အခန်း (၆၆)

Vol. 7 Ch. 66

အချိန်သိပ်မကြာမီ လင်းမိသားစုမှသားနှင့်အမေတို့နှစ်ဦးက လီမိသားစု၏ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။

သူတို့က လီမိသားစုထံသို့ မရောက်ခဲ့သည်မှာ ဆယ်နှစ်ကျော်ပင်ကြာခဲ့ပြီဖြစ်သည်။ ထို့အတွက် ဤမျှကြာသောအချိန်အတွင်း လီမိသားစု၏အိမ်က ယခင်ကနှင့် အနည်းငယ်ကွဲပြားနေခဲ့ပေပြီ။

အိမ်တွင် အိမ်ခန်းသစ်နှစ်ခန်းကို ထည့်သွင်းတည်ဆောက်ထားပြီး ခြံကို ပို၍ကောင်းမွန်သွားစေသည်။

သူတို့နှစ်ဦးရောက်သောအချိန်တွင် လီမိသားစု၏ အဘိုးကြီးက လက်ထဲတွင် ဆေးတံကိုကိုင်ကာ အိမ်တံခါးမှ ဖြည်းညင်းစွာ လှမ်းထွက်လာနေသည်ကို တွေ့လိုက်ရသည်။

ထိုပုံစံကိုကြည့်ခြင်းအားဖြင့် သူက အနီးအနားသို့ လမ်းလျှောက်ထွက်ရန် အစီအစဉ်ရှိသည်ကို သိမြင်နိုင်သည်။

အမှန်တကယ်တမ်းတွင် ထိုသူက သိပ်ပြီးမအိုသေးပေ။ သူနှင့် တူညီသော သက်ကြီးရွယ်အိုအများအပြားက အလုပ်ခွင်ထဲတွင် ရှိနေတုန်းဖြစ်သော်လည်း ထိုအဘိုးကြီးလီကတော့ လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက အလုပ်နားခဲ့လေသည်။

ဘာကြောင့်လဲ?

သေချာတာပေါ့၊ သူ့မှာ ပိုက်ဆံပြန်ပို့ပေးမယ့် သမီးကောင်းတစ်ယောက်ရှိတယ်!

ယခု သူ့တွင် စားနပ်ရိက္ခာနှင့် အဝတ်အစား အလုံအလောက်ရှိသောကြောင့် သူက အဘယ်ကြောင့်အလုပ်ကြိုးစားပြီး ဝင်ငွေအများကြီးရရန် လိုအပ်မည်နည်း။

“အလုပ်မရှိတဲ့ ကိစ္စလေးဘဲ မဟုတ်ဘူးလား”

ထို့အပြင် လီရှို့လီ၏ လက်ရှိခင်ပွန်းက မြို့တွင်းရှိ အင်ဂျီနီယာတစ်ဦးဖြစ်သောကြောင့် တပ်မဟာရှိ အခြားလူများ၊ နောက်ကွယ်တွင် သူနှင့် အမြဲဆန့်ကျင်ဘက်ဖြစ်နေခဲ့ကြသူများပင် သူ့ကိုမြင်လျှင် ပြုံးကာနှုတ်ဆက်လာကြလိမ့်မည် ဖြစ်သည်။

အဘိုးကြီးလီက တပ်မဟာတစ်ခုလုံးတွင် သူ၏ လက်ရှိအခြေအနေမှာ တပ်မဟာတစ်ခုလုံး၏ ဒုတိယခေါင်းဆောင် ဖြစ်သင့်သည်ဟုပင် ထင်နေခဲ့သည်။ သူဘယ်လောက်တောင် ကျေနပ်နေလဲဆိုသည်ကို မည်သူမှ မသိနိုင်ပေ။

သေချာသည်မှာ ထက်မြတ်ပြီး ဉာဏ်ရည်ကောင်းသော သမီးလေး လီရှို့လီက သူ၏သားမက်ကောင်း စုန့်ဝေ့ကို ယူနိုင်ခဲ့သည်။

ထို့ကြောင့် ယောက်ျားလေးများကို မိန်းကလေးများထက် ပိုနှစ်သက်သော အဘိုးအိုကြီးလီက ယခုအချိန်တွင်တော့ လီရှို့လီကို သူ့အချစ်တုံးကလေးအဖြစ် သတ်မှတ်ခဲ့သည်။

မြေးမလေး လင်းရန်အတွက်ကတော့ သူမက လင်းမိသားစုထဲမှ ဆင်းသက်လာခဲ့သည်သူသာ ဖြစ်သည်မဟုတ်ပါလား?

သူမက လင်းမိသားစုမှ ဆင်းသက်လာသူဖြစ်သည်ဟူသော အတွေးကြောင့် အဘိုးအိုကြီးလီက အလွန်စိတ်ကုန်နေသောကြောင့် လင်းရန်ကို အမြဲပင် ဂရုမစိုက်တတ်သလို နှလုံးသားထဲတွင်လည်း လုံးဝ ချစ်ခင်ကြင်နာမှုမျိုးမရှိခဲ့ပါချေ။

သူ့အမြင်အရ ပြောရမည်ဆိုလျှင် သူ့သားမက်လေးက အင်တန်ကြင်နာလွန်းသောကြောင့် ယခင်အိမ်ထောင်မှ ကလေးကို ပြုစုပျိုးထောင်ဖို့ရန် လိုလားခဲ့သည်။

ယခုရက်ပိုင်းတွင် ဤကဲ့သို့ စိတ်ကောင်းရှိသောသူများ များစွာ မရှိကြတော့ပေ။

ယနေ့တွင်မူ သူက ခါတိုင်းကဲ့သို့ ပျော်ရွှင်စွာလမ်းလျှောက်ထွက်ကာ အလုပ်ခွင်တွင် အလုပ်လုပ်နေသော လူများကို ကြည့်ရှုရန် စီစဉ်ထားပြီး၊ ယခုအချိန်ကာလတွင် သူက မည်မျှအေးဆေးချမ်းမြေ့စွာ နေရကြောင်း ကြွားဝါပြသရန်အတွက် စီစဉ်ထားသော်လည်း သူထွက်သွားသည်နှင့် ရင်းနှီးနေသော လူနှစ်ယောက်ကို တွေ့လိုက်ရချေသည်။

သူ့ရှေ့တွင်ရှိနေသော လင်းမိသားစု၏ အဘွားကြီးနှင့် လင်းကျန်းအန်းကို ကြည့်ရင်း အဘိုးကြီးလီတ၀်ယောက် ဖြစ်ပျက်နေသောအရာကို သတိမထားမိခင် ခေတ္တအံ့အားသင့်နေခဲ့သည်။

“ဟေ့… အစ်မကျိုး ခင်ဗျားကို ဘယ်လိုလေမျိုးက ဒီကိုသယ်ဆောင်လာခဲ့တာလဲ?”

မသိစိတ်တွင် သူက အဘွားအိုကြီးကို “ခမည်းခမက်” ဟု ခေါ်ချင်သော်လည်း အဘိုးကြီးလီက သူ့လေသံကို လျင်မြန်စွာ ပြောင်းလိုက်သည်။

သူတို့က ဘယ်လိုလုပ်ပြီး ခမည်းခမက်တွေဖြစ်နိုင်မှာလဲ?

မိသားစုနှစ်ခု၏ သားသမီးများက ဆက်ဆံရေးမရှိကြတော့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။

လင်းမိသားစုက ခမည်းခမက်အဖြစ်ရှိနေနိုင်တော့မည်မဟုတ်ပေ။

အဘွားအိုကြီးက သူ့ရှေ့ရှိ အဘိုးကြီးလီကို ကြည့်လိုက်သောပြီး ဤအဘိုးအိုကြီးက နှစ်များစွာကြာအောင် ကောင်းမွန်သောဘဝတွင် နေထိုင်လာခဲ့သည်ကို ထင်ရှားစွာ တွေ့မြင်ခဲ့ရသည်။

ထိုအချိန်တုန်းက ကလေးနှစ်ယောက်၏ အိမ်ထောင်ရေးကို ဆွေးနွေးရန် အစပြုသောအခါတွင် ထိုလူက ရိုးသားသည့် မျင်နှာထားနှင့် ရိုးသားသော သဘောထားမျိုးရှိခဲ့သည်။

ယခုတွင်မူ သူ့စိတ်ထဲရှိ အထင်သေးမှုများက သူ၏မျက်နှာပေါ်တွင် တိုက်ရိုက်ရေးထားလုနီးပါးဖြစ်နေခဲ့သည်။

ဤအရာကို မြင်သည့် အဘွားအိုကြီး၏ မျက်နှာက အနည်းငယ်အေးစက်လာခဲ့သည်။

သူက ကောင်းကောင်းနေထိုင်ခဲ့ပေမဲ့ သူမတို့မိသားစုထဲက၊ ရန်ရန်ကတော့ လီရှို့လီနဲ့ စုန့်ဝေ့တို့ရဲ့ ရောင်းစားခံလုနီးပါးဖြစ်သွားခဲ့တာ!

ဤအကြောင်းကို တွေးလိုက်ရုံဖြင့် အဘွားလင်းမှာ အလွန်ပင် ဒေါသထွက်သွားခဲ့ရသည်။

“ငါ ဒီမှာ ဘာလုပ်နေတာလဲ ဟုတ်လား? ငါက မင်းနဲ့ ကိစ္စတွေကိုရှင်းဖို့အတွက် ဒီကိုရောက်နေတာ!”

ကိစ္စတွေကိုရှင်းဖို့?

ဘာကိုဆိုလိုတာလဲ?

အဘိုးအိုကြီးလီက ခဏတာ ကြောင်သွားခဲ့ပြီး သူ့မျက်နှာက မှောင်မည်းသွားပြီး ခုခံပြောဆိုလိုက်သည်။

“မင်းစားချင်တာမှန်သမျှကို စားလို့ရတယ်၊ ဒါပေမဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေမပြောနဲ့၊ ငါတို့ မိသားစုနှစ်စုက ဒီနှစ်တွေမှာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မရှိတာကြာပြီ၊

မင်းက ငါ့ကို ဘာကိစ္စတွေကို ရှင်းခိုင်းနေတာလဲ? ငါတို့လီမိသားစုက ချမ်းသာနေပြီမလို့ မင်း အခုလိုမျိုး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ချင်နေတာမလား?”

“မင်းကို တိုက်ခိုက်မယ်…?”

အဘွားအိုကြီးက ဟာသတစ်ခုကို ကြားလိုက်ရချေသည်။

“ငါ့ရဲ့တိုက်ခိုက်ခြင်းတွေနဲ့ ထိုက်တန်တဲ့အရာ မင်းတို့မိသားစုမှာ ရှိလို့လား?”

“အိုး…ငါတို့ တကယ်ပဲ တိုက်ခိုက်ချင်တယ်ဆိုရင် ငါတို့လင်းမိသားစုကို ပြသနာတွေပို့ပေးဖို့အတွက် အစပျိုးခဲ့တာက မင်းတို့ လီမိသားစုဘဲ မဟုတ်လား?”

ပထမတွင် ထိုသူက လီရှို့လီကို ပန်းတစ်ပွင့်ကဲ့သို့ ချီးကျူးပြီး သူမကို လက်ထပ်သည်မှာ အလွန်ကောင်းမွန်မည်ဟု ပြောခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သောအရာများကို မည်သူမဆို မျက်စိနှင့်တပ်အပ်မြင်နိုင်သည်။

လင်းမိသားစုအား သူတို့၏သမီးကိုလက်ထပ်ရန် တောင်းဆိုသောအခါတွင် သူ အလွန်အမင်း နိမ့်ကျသောလေသံဖြင့်ပြောခဲ့ကြောင်း ပြန်တွေးခဲ့မိသောကြောင့် အဘိုးအိုလီက အနည်းငယ် မပျော်မရွှင်ဖြစ်သွားခဲ့သည်။

“အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေက အရမ်းကြာနေပြီ၊ မင်းအခုချိန်ထိ ဘာဖြစ်လို့ လာပြောနေရသေးတာလဲ?

နောက်ပြီး ငါ့မိသားစုရဲ့ ရှို့လီက ဟိုတုန်းက ဘာဖြစ်လို့ လင်းကျန်းအန်းကို ကွာရှင်းခဲ့တာလဲ?

အဲဒါက မင်းရဲ့သားက အရည်အချင်းမပြည့်မီလို့ဘဲ မဟုတ်ဘူးလား? ထူးဆန်းချက်ပဲ၊ သူ့လိာလူမျိုးကိာ ဘယ်သူက ပေါင်းသင်းနိုင်မှာလဲ?”

ဤစကားကိုကြားသောအခါ အဘွားကြီးက ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

သူကို ကြိမ်းမောင်းလို့ရတယ် ဒါပေမဲ့ သူ့သားကိုတော့ မရဘူး!

“ငါမင်းကို ဆွဲဖြတ်ပစ်မယ်! ငါ့ရဲ့ ဒုတိယသားက အဲဒီချိန်တုန်းက တပ်မဟာမှာ နာမည်ကြီးတဲ့ လူငယ်တစ်ယောက်ပဲ၊

မင်းရဲ့ လီရှို့လီက ကြီးမားတဲ့ရည်မှန်းချက် မရှိရုံသာမက အရသာရှိတဲ့ အစားအစာကို ချက်ပြုတဖို့တောင် အရမ်းပျင်းတဲ့သူပဲ၊ မင်းကသာ ငါ့ရဲ့သားကိုနှောင့်နှေးအောင်လုပ်ခဲ့တာ! မင်းတို့ကပဲ တကယ်ဆိုးရွားတဲ့အရာတွေကို လုပ်ခဲ့တာပဲ”

အဘွားအိုက အလုပ်အမှတ်များကို ရရှိရန်အတွက် အလုပ်ခွင်တွင် မလုပ်တော့သော်လည်း အိမ်အလုပ်လုပ်ရန်တွင် အလွန်သွက်လက်နေသေးသည်။

သူက ရှေ့သို့တိုးကာ လီအဘိုးအိုကြီး၏ ကော်လံကိုဆွဲလိုက်ကာ သူနှင့် တိုက်ခိုက်ရန် ကြံရွယ်ခဲ့သည်။

လင်းကျန်းအန်းတစ်ယောက် အမေဖြစ်သူ၏အမူအရာကိုမြင်သောအခါ အမြန်ပင်ဖမ်းဆွဲလိုက်သည်။

သူက သူ့အမေ ဒဏ်ရာရမည်ကို စိုးရိမ်နေခြင်း မဟုတ်ပေ။ အဆုံးတွင် အဘွားအိုကြီးက တိုက်ခိုက်ရန်တွင် မည်မျှ အစွမ်းထက်မှန်း သူသိသည်။

အဟမ်း…သူမက အဘိုးအိုကို ဒဏ်ရာရအောင်လုပ်မိပြီး တစ်စုံတစ်ယောက်က သူမအား ပြသနာရှာကာတိုက်ခိုက်လာမည်ကို စိုးရိမ်၍သာဖြစ်သည်။

“အမေ ရပြီ၊ ရပြီ စိတ်အေးအေးထားပါ၊ ကျွန်တော်တို့ ဒီရက်လာတာ ရန်ဖြစ်ဖို့အတွက် မဟုတ်ဘူး”

လင်းကျန်းအန်းက အဘွားအိုကို လျင်မြန်စွာဆွဲထုတ်လိုက်သည်။

အဘိုးကြီးလီကတော့ အဘွားကြီး၏ ဟန်ပြင်လာသော အနေအထားကြောင့် ထိတ်လန့်နေဆဲဖြစ်ပြီး ခြေနှစ်လှမ်းကို လျင်မြန်စွာ ပြန်ဆုတ်လိုက်ကာ ခြေထောက်ပင် လှိမ်လုနီးပါးဖြစ်သွားခဲ့သည်။

“မင်း ကြွက်စုတ်လိုမိသားစုတွေ! မင်းက ရူးသွပ်မှုတဲ့အရာတွေကို လုပ်ဖို့အတွက် လီမိသားဆီ လာခဲ့တာမလား၊ မင်း ငါတို့ လီမိသားစုကို တကယ်အလေးအနက်မထားဘူး ဟုတ်တယ်မလား? မင်းဒီလို ထပ်လုပ်မယ်ဆိုရင် ငါ့သားမက်ကို ပြောပြီး မင်းတို့ လင်းမိသားစုကို ဖြေရှင်းခိုင်းဖို့ ပြောလိုက်မယ်။”

လင်းကျန်းအန်းမှာ ထိုစကားကို ကြားသောအခါ အဘိုးကြီးလီအား အမူအရာကင်းမဲ့နေသော မျက်နှာဖြင့်ကြည့်ကာ နက်နဲလှသည့်အသံဖြင့် ပြောလိုက်သည်။

“ကောင်းပြီလေ၊ ကျုပ် သူလာတာကို စောင့်နေမယ်!”

အဘိုးကြီးလီ၏ မျက်လုံးများက ပြူးကျယ်လာခဲ့သည်။

စုန့်ဝေ့၏ နာမည်ကိုကြားသောအခါတွင်ပင် လင်းကျန်းအန်းက မကြောက်ဘဲနေလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။

ဒီကောင်က ရူးနေတာလား?

သူ၏အထောက်အထား သို့မဟုတ် သူ့သမက်၏ အထောက်အထား မည်သို့ပင်ဖြစ်စေ သူအမှန်ပင် စိန်ခေါ်ဝံ့သည်။

“ဟမ်း…မင်း သူ့ကို မပြောဘူးဆိုရင်တောင် ငါ သူနဲ့ မင်းရဲ့သမီးကောင်းလေး လီရှို့လီကို သွားရှာမယ်!

သူတို့တွေက ငါတို့ ရန်ရန်ကို ဘာဖြစ်လို့ အလျင်စလိုလက်ထပ်ပေးချင်ရတာလဲ၊

ဒါမှမဟုတ် သူမက လူတွေကို ချိန်းတွေ့ဖို့အတွက် ခေါ်သွားပြီး ရောင်းစားဖို့လုပ်ခဲ့တဲ့ အကြောင်းကို ငါတို့က လျှို့ဝှက်ထားသင့်လား!”

“ဘာလဲ? နှစ်ပေါင်းများစွာ ဟန်ဆောင်ပြီးနေခဲ့တော့ မင်းထပ်ပြီး ဟန်မဆောင်နိုင်တော့ဘူးမလား?”

ဘာလဲ?

အဘွားအိုကြီး ထိုစာကြောင်းနှစ်ကြောင်းကို ပြောပြီးနောက် အဘိုးအိုလီမှာ အလွန်တုန်လှုပ်သွားပြီး မူးဝေနေကာ စက္ကန့်အတော်ကြာသည်အထိ နားမလည်နိုင်ခဲ့ပေ။

ဆိုလိုတာက သူ့တို့သမီးနဲ့ သားမက်က အဲဒီစျေးပေါတဲ့ မြေးမလေးအတွက် ခင်ပွန်းရှာနေတာလား?

သို့သော်လည်း ဤသည်ကိုသိသွားပြီးနောက် အဘိုးအိုလီက ဤလူနှစ်ယောက်မှာ အဘယ်ကြောင့် ယုတ္တမရှိတဲ့ကိစ္စအတွက် ပြဿနာရှာနေကြသည်လဲဟုသာ ခံစားလိုက်ရသည်။

**

All Chapters